ဒီအရှုပ်ထုပ်ထဲက မထွက်နိုင်တော့ဘူး ထင်နေသလား? သင့်ဘဝကြီးက အဲ့လောက်တောင် ဖိအားတွေနဲ့ တင်းကြပ်နေပြီး အသက်ရှုတောင် မဝတော့ဘူးလား? ကျွန်တော် အချက်ကလေး ၆ ချက်လောက်ပြောပြပေးမယ်။ တချက်ဖတ်ကြည့်နော်…
၁။ ပထမဆုံးအနေနဲ့ တကယ်ကော ပြဿနာက ကြီးကျယ်သလားလို့ အရင်မေးပါ
တခါတလေမှာ ကျွန်တော်တို့တွေဟာ အတွေးလွန်ပြီးတော့ မရှိတဲ့ပြဿနာတွေကို ဖန်တီးတတ်ကြပါတယ်။ ကိစ္စအများစုဟာ ကျွန်တော်တို့ တွေးထင်တာတွေထက် များစွာပိုပြီးရိုးစင်းနေတတ်ပါတယ်။ ဒီ့အတွက်ကြောင့် ထိုင်ခုံပေါ်ထိုင်၊ ခေါင်းကိုမှီလိုက်ပြီး ခဏလောက် စိတ်ကိုလျှော့ချလိုက်ပါ။
နောက်ပြန်တွေးကြည့်ပါ။ ဒီပြဿနာဟာ နောင် ၅ နှစ်လောက်ထိ ကြီးကျယ်စွာ ပါဝင်နေဦးမှာလား? မဟုတ်ရင်တောင် အနည်းဆုံး နောင် ၅ ရက်လောက်ထိ ဂျိုမွှေနေဦးမှာလား? ဒီလိုသာ မဟုတ်ခဲ့ရင် ခေါင်းခြောက်ခံပြီး တွေးမနေပါနဲ့။
၂။ လက်ခံလိုက်
ပြဿနာဆိုတာတွေဟာ တကယ်ရှိပါတယ်။ ဒါကို လက်ခံမှရပါမယ်။ ပြဿနာတခုကို ဖြေရှင်းချင်ရင် ပြဿနာဆိုတာရှိကြောင်း အရင်လက်ခံရမယ်။ ယခုလက်ရှိပြဿနာကို သေးရာကနေ ကြီးလာအောင် ဖန်တီးလိုက်တဲ့ စိတ်ခွန်အားတွေကို တန်ပြန်အသုံးချပြီး ပြောင်မြောက်တဲ့ ဖြေရှင်းချက်တွေ ထုတ်ဖို့အတွက် ကြိုးစားလိုက်ပါ။
၃။ အကူညီတောင်းပါ
ကြုံတွေ့နေရတဲ့ ပြဿနာတွေ အားလုံးကို သင်တစ်ယောက်တည်း ပခုံးပေါ်တင်ထမ်းထားစရာ မလိုပါဘူး။ တခြားတစ်ယောက်ကို အကူညီတောင်းပြီး အကြံဥာဏ်တောင်းခံခြင်းအားဖြင့် လက်တွေ့ကျတဲ့ ဖြေရှင်းချက်တချို့ကို ရရှိလာနိုင်ပါတယ်။
တခါတလေမှာ တစ်ယောက်ထဲ တင်းခံရတာများလာတဲ့အတွက် ဘေးနားမှာ တစ်ယောက်တစ်လေလောက် ကိုယ့်ဘက်မှာ ရပ်တည်ပေးနေရင် အကောင်းဆုံးပါပဲ။ စိတ်ခွန်အားလောက်ပဲပေးရင်တောင် တော်တော်လေးကို ခံသာနေပါပြီ။
Recommended for you - ၂၀၁၈-၁၉ ခုနှစ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ရရှိသူများ
၎။ သင့်အချိန်ရဲ့ 80% ကို ပြဿနာဖြေရှင်းရန် သုံးပါ
ကျန်တဲ့ ၂၀ % ကိုသာ အထွန့်တက်ဖို့နဲ့ ငြီးညူဖို့အတွက်သုံးပါ။ အမြဲတမ်းလိုလိုတော့ လွယ်မှာမဟုတ်ပေမယ့် သင့်ရဲ့အချိန်အများစုကို ပြဿနာဖြေရှင်းဖို့အတွက်ပဲ သုံးပါ။
၅။ ခွဲခြမ်းစိတ်ဖြာပြီးဖြေရှင်းပါ
အဓိကပြဿနာထဲမှာ ပါဝင်နေတဲ့ အချက်အလက် တစ်ခုချင်းစီကို သေချာစဉ်းစားပါ။ အကန့်ခွဲပြီးတော့ ဖြေးဖြေးချင်း ရှင်းလို့ရသလောက်ပဲ ရှင်းသွားပါ။ ပြဿနာကြီးတခုလုံး ဗြုံးကနဲ ပြေလည်သွားမှာတော့ မဟုတ်ပေမယ့် သင်ကိုယ်တိုင် စပြီး ဖြေရှင်းမိလာတဲ့အတွက် တစ်ဝက်လောက်တော့ ပြေလည်သွားမှာပါ။
၆။ ပြဿနာထဲက အခွင့်အလမ်းကိုရှာပါ
စစ်ပွဲထဲမှာ စီးပွားရှာသလို၊ ပြဿနာထဲမှာ သင်ခန်းစာကိုရှာပါ။ ပြဿနာမှန်သမျှမှာ သင့်အတွက် သင်ယူစရာတစ်ခုမဟုတ် တစ်ခုတော့ ပါနေတတ်ပါတယ်။ အဲ့လို အဆိုးထဲက အကောင်းကိုရှာလိုက်တဲ့အတွက် ညစ်နွမ်းတဲ့ စိတ်ခံစားချက်တွေဟာ လျော့ပါးလာပါလိမ့်မယ်။
ဒီလိုတွေးလိုက်ပါ။
- ငါဒီပြဿနာထဲက ဘာသင်ယူရမလဲ?
- ငါမမြင်သေးတဲ့ အခွင့်အလမ်းတွေများ ဒီပြဿနာထဲမှာ ရှိနေနိုင်မလား?
- ဒီထဲမှာ ကောင်းတဲ့အရာတွေက ဘာတွေဖြစ်မလဲ?
စသည်ဖြင့်ပေါ့....
မိတ်ဆွေတို့လည်း ညစ်နေတဲ့ ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် လိုအပ်တဲ့ ပညာအရည်အချင်းတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ sayar.com.mm မှ business နဲ့ပက်သက်တဲ့ဘာသာရပ် ဘာသာစကား ဂီတအနုပညာ စတဲ့ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးလျက်ရှိသော ဆရာ ဆရာမများနှင့် မိတ်ဆက်ပေးလိုပါတယ်။
သင်ကိုယ်တိုင် ဆရာတစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့ နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Recommended for you - တက္ကသိုလ်ကျောင်းသားများ စာလုပ်ဖို့ အပျင်းထူတဲ့ရောဂါကို ဒီနည်းသုံးပြီး ဖြေရှင်းကြည့်ပါ
Credit : RayDaniel_IV