×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 26 July 2018

ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သော လူရိုင်း (သို့ ) မင်းသားတစ်ယောက်

ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သော လူရိုင်း (သို့ ) မင်းသားတစ်ယောက် google.com

” ပီတာက ဆိတ်၇ကောင်ပေးမယ်ဆိုလို့ ကျတော်လိုက်လာတာရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကိုဆိတ် ၇ကောင်ယူပြီးပြန်မယ်။

” N!xau Tom တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတစ်နေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတစ်ရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲက ကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိကလူရိုင်းမျိုးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိုးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိုးနွယ်စုရဲ့ရွာလေးပါ။


အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိုးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာ လူ ၁သောင်းတောင်မသိတဲ့ဘာသာစကားတစ်ခုကို ပြောကြတဲ့လူရိုင်းမျိုးနွယ်ပါ။၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ပဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိုးတွေပါ။


မှတ်တမ်းများအရ ဒီလူမျိုးစုစစ်စစ်ဟာ ၂၀၀ကျော်သာကျန်တော့ပြီး သစ်တောပြူန်းတီးမှု ၊ တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိုးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ ၃၀ကိုတစ်ရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိုးနွယ်ဟာ ကမ္ဘာ့လူမျိုးထိန်းသိမ်းရေးအဖွဲ့တွေနဲ့ အလှမ်းဝေးလွန်းခဲ့ပါတယ်။


အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Toma ဆိုတဲ့လူရိုင်းလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တစ်မိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်းအသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်မွေးစားခဲ့ပါတယ်။

 

Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Toma တစ်ယာက်ထဲ မိမဲ့ဖမဲ့မိသားစုမဲ့နဲ့ ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။


Toma ကလူရိုင်းပေမယ့်ဥာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲ အမဲလိုက်အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တစ်ခုကို သူလုပ်ခဲ့ပါပြီ။ ဒါကသာမာန်လူတွေအဖို့ ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့ နည်းပညာသစ်တခုပါပဲ။


အဆိပ်မှုတ်ပြောင်းကိုပေ ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင် ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။ သူများတွေတစ်လလောက်လိုက်ရတဲ့အမဲအုပ်ကို သူ ၁၀ရက်နဲ့လိုက်နိုင်သလို တောလဲကျွမ်းကျင်သူပေါ့။ဒါကြောင့်လဲရွာမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popular လဲဖြစ်လွန်းသူပါ။


ဒါပေမယ့် သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တစ်ရက်တာအချိန်ကိုလဲ နေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတစ်ခါရွာရင် တစ်နှစ်လို့သိတဲ့လူမျိုးစုဖြစ်သလို သမင်အုပ်တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိုးစုပါ။


နှစ်၊ လ၊ ရက်၊ နာရီတွေကိုမသိသလို ဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာ သူဌေးစာရင်းဝင်ဖြစ်ပြီး ကျွဲ ၁၀ကောင်အမဲလိုက်နိုင်ရင် Hero ပါပဲ။ ဒီလိုနဲ့သူ့အသက် ၂၅လို့ထင်ရတဲ့အချိန်မှာ တခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါတယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။


ပီတာက Hollywood ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုယ်တိုင်လဲ Setting သမားတစ်ယောက်ဖြစ်သလို အငယ်တန်းဒါရိုက်တာတစ်ယောက်ပါ။ သူဌေးသားဖြစ်ပေမယ့် အမဲလိုက်ရတာကိုဝါသနာပါသူတစ်ယောက်။ ၁၉၇၉ ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း ၃ယောက် တောင်အာဖရိကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်တစီးနဲ့ သူငယ်ချင်းတွေအပျော်တမ်းအမဲလိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီး လေယာဉ်ပျက်ကျမူကြောင့် သူတို့သူငယ်ချင်းတစ်သိုက်ဟာ ကံဆိုးခဲ့ရပါတယ်။ မြို့ပြနဲ့ဆက်သွယ်မှုပြတ်သွားသလို သူတို့လေယာဉ်ပျောက်ဆုံးမူဟာလဲ သတင်းမှာပါခဲ့ပြီး တစ်စီးလုံးသေဆုံးသွားကြောင်းကြေငြာခဲ့ပါတော့တယ်။


ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာက ဒီသူဌေးသားပီတာရဲ့အလောင်းကိုပါပဲ။ သေချာကြည့်မှ မသေသေးပဲအသက်ရှင်နေသေးတာကိုသိခဲ့လို့ ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ပါတယ်။ ကံကောင်းတယ်လို့ပဲပြောရမယ် ပီတာဟာ အသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တစ်ဖက်ကတော့ ဆုံးရှူံးခဲ့ရပါတယ်။ ပီတာဟာဒီလူရိုင်းရွာမှာ ၅ လအထိသောင်တင်ခဲ့ပြီး Toma နဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ ပီတာက Toma ကို မြို့ပြရဲ့ဓလေ့တွေ နေထိုင်မှုတွေကိုသင်ပေးတယ်။

 

ဒါပေမယ့် Toma ကမှတ်နိုင်စွမ်းမရှိသလို အလွဲလွဲအချော်ချော်လုပ်လို့ ဟာသတွေဖြစ်ခဲ့ရတာပေါ့။ ပီတာက idea တစ်ခုရသွားတယ်။ ဟာသကားတွေရိုက်တဲ့ Hollywood ကသူ့သူငယ်ချင်း Nic Dc နဲ့ဒီလူရိုင်းရဲ့အလွဲတွေကို ရုပ်ရှင်ရိုက်ရင်တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ် ဒီဇင်ဘာလမှာ ကံကောင်း ထောက်မစွာနဲ့ပဲ အာဖရိကသစ်တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့ အခွင့်အရေးရခဲ့ပါတော့တယ်။ ဒါပေမယ့်သူတစ်ယောက်ထဲမပြန်ဘူး။ Toma ကိုပါခေါ်သွားချင်တယ်။ Toma ကလဲမလိုက်ရဲဘူး။ ဒီလိုနဲ့ Toma ကို ဆိတ် ၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ ဆိတ် ၇ကောင်ဆိုတဲ့ပမာဏက Toma အဖို့ ရွာမှာသူဌေးဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

 

Recommended for you - ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားများစာရင်းကို သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်မည်

 

The_Gods_Must_Be_Crazy ဘုရားတွေရူးမလား လူတွေရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတစ်ကာင်ကို မြို့ပေါ်ခေါ်လာပြီး ရုပ်ရှင်ရိုက်ချင်တဲ့ပီတာရဲ့ idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uys ကိုပြောတယ် ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ်မရှိခဲ့ပဲ လေနေတဲ့သားကပြောလာတော့ အဖေဖြစ်သူက လက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင် Producer လုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့် ဘယ်သူမှလက်မခံတဲ့အပြင် အဟားပါခံခဲ့ရတယ်။ နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။


The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက၊ အမေရိကနဲ့ ဥရောပမှာရုံတင်ခဲ့ပါတယ်။ ၅သန်းပဲ အကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲ ဒီလူရိုင်းကတစ်လအတွင်း ရုပ်သံသတင်းတွေ intervie တွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့ အခက်အခဲများစွာရှိခဲ့သလို Camera နဲ့ချိတ်ထားရင်သေနတ်ထင်လို့လန့်ပြီး ဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Camer တွေကိုအဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကို အလုံး ၁၀ ထက်ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။ ထူးခြားမှုကတော့ ဒီကားထဲကရိုက်ကွက်တွေဟာ Toma သရုပ်ဆောင်နေတာမဟုတ်ပဲ တကယ်ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။


ဒီကားဟာဒေါ်လာအမြတ်ငွေ သန်း ၁၁၀ကျော်အထိ တစ်နှစ်အတွင်းရခဲ့သလို Toma ဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက် Toma ဟာဒေါ်လာ ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့် ဒီဒေါ်လာတွေကိုသူဘာမှန်းမသိလို့  လက်မခံခဲ့ပဲ ပီတာကိုပဲ
ဆိတ် ၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ ပီတာဟာ ဒါကြောင့် Toma ကိုဆိတ်အကောင် ၃၀နဲ့အတူ သူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ ၃၀၀ကိုလဲသူမလိုချင်တောင် အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။


ဒါပေမယ့် ဒီမှာတင်မပြီးသွားဘူး။ The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2ကို ထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့က Toma Fan တွေကတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါမှာတော့ The Gods Must Be Crazy 2 ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး 20th Century Fox ကထုတ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို ၁၉၉၀ ခုနှစ် ဧပြီလ ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က 1လိုပဲ အောင်မြင်မူများစွာရခဲ့ပြီးဒေါ်လာသန်း၁၅၀ကျော်အထိ အမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာတော့ Toma ရဲ့မိသားစုတစ်စုလုံးကပါဝင်ရိုက်ကူးခဲ့ပြီး သားဖြစ်သူတွေ ရေကားနောက်ပါသွားမှုကို စိုးရိမ်တကြီးနဲ့နောက်ကလိုက်တဲ့ ဖခင်တစ်ယာက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကားပေါ့။

 

ဒီကားမှာ သားဖြစ်သူတွေရဲ့ဟာသအလွဲတွေလဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင်ဓလေ့စရိုက်တွေလဲ ပါလာခဲ့ပါတယ်။ ကလေးတွေဖြစ်ပေမယ့် တောတောင်ထဲအန္တရယ်ကြုံလာရင် ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကို ဒီကားမှာမြင်ရသလို ဟာသရောကြေကွဲစရာလေးတွေကိုပါ မြင်ရစေတဲ့ကားတစ်ကားပါ။ ဒီကားအပြီးမှာတော့Toma ရဲ့လုပ်ဆောင်ချက်က အရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကို တစ်ကမ္ဘာလုံးသိအောင်ပြသခဲ့သလို Toma ဟာလဲ ကမ္ဘာ့လူရိုင်းမျိုးနွယ်စုတွေကို ကမ္ဘာကပစ်ထားမှုကိုချပြလိုက်တဲ့ ဇာတ်ကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါတင်မကပါဘူး Toma ဟာ ကမ္ဘာ့လူရိုင်းမျိုးနွယ်စုတွေကို ထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရော တောင်အာဖရိကလူမည်းတွေရဲ့ စားဝတ်နေရေးသံတမန်အဖြစ်ပါ ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမယ့်သူဘာမှမသိဘူး interview တိုင်း talkshow တိုင်းရယ်ပြတာကလွဲရင် သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။


ဒီ ၂ ကားအပြီးမှာတော့ Toma ဟာ Hollywood အာဖရိကတင်မကပဲ ဟောင်ကောင်ရုပ်ရှင်လောကကပါ ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safari ဒီကားကလဲ ရှေ့က TGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာသိန်း ၁၀၀ကျော်ရခဲ့သလို Toma ရဲ့ဘရုစလီလိုလုပ်ကွက်တွေကလဲ ဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတစ်ကောင်နဲ့တိုင်ပတ်နေတဲ့ လူရိုင်းကားပေါ့။ ဒီကားအပြီး Toma ဟာ Crazy Hong Kong(1993) / The Gods Must Be Funny in China (1994) / Sekai UrurunTaizaiki ( 1996 ) ကားတွေကိုထွက်ခဲ့ပြီး လူရိုင်းတွေထဲအောင်မြင်မှုအကြီးမားဆုံးလူသားအဖြစ် 1996 ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီး ရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ် တစ်သက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။


Toma ဟာ Sakei Ururun Taizaiki ဇာတ်ကားအပြီးမှာတော့ သူ့ရွာကိုပဲပြန်ချင်ကြောင်းပြောလာခဲ့လို့  ပီတာကပို့ပေးခဲ့ပြီး ရုပ်ရှင်ဘယ်တော့မှထပ်မရိုက်တော့ပဲ မိသားစုနဲ့အတူ ရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။ သူဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း ၇၀ကျော်ရရှိခဲ့ပေမယ့် ဒီစက္ကူတွေက သူ့မိသားစုအတွက်အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေးသူငယ်များအစာအဟာရချို့တဲ့မှု Foundation ကိုအကုန်လှူတန်းခဲ့ပါတယ်။ Toma ဟာကမ္ဘာပေါ်ကလူရိုင်းတွေရဲ့နေထိုင်မှု၊ ရိုးသားမှု၊ တောင်အာဖရိကလူမည်းတွေရဲ့ ဒုက္ခရောက်နေမှုကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီး ရုပ်ရှင်လောကမှာ ပထမဆုံးလူရိုင်းမင်းသားတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျားရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့အနုပညာလောကမှာ ဒီလူရိုင်းကဘာမှသေချာမပြောတတ်ပဲ ဂဏာန်းအလုံး ၂၀ထိ ပိုမမှတ်တတ်ပဲ ငွေတွေ၊ နာမည်ကြီးမှုတွေ၊ အောင်မြင်မှုတွေကိုမသိပဲ ဝင်ရောက်လာခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်လောကမှာ နာမည်တစ်ခုထားသွားခဲ့ပါတယ်။


အာဖရိက မော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့ Toma ဟာ ဂျစ်ကားပြောင်းပြန်မောင်းတာတွေ ခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတစ်လုံးနဲ့ တစ်ရွာလုံးပြဿနာတက်တာတွေ မြို့ပြကိုသားဖြစ်သူတွေနောက်လိုက်ရင်း ဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့ အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့ သူ့အရိုးသားဖြူစင်တဲ့အပြူံးဘဝမှာ မိသားစုကလွဲပြီးဘာမှမသိတဲ့လူတစ်ယောက်အဖြစ်ငွေကြေးအောင်မြင်မှုတွေမရှိပဲ ပျော်ရွှင်တဲ့လူတစ်ယာက်အဖြစ်နေနိုင်ကြောင်း လူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်မှာ မမေ့နိုင်စရာလူတစ်ယောက်ပါ။ သူဒေါ်လာသန်းချီပိုင်ဆိုင်ခဲ့တယ်။


ဒါပေမယ့် ဒီချမ်းသာမူတွေနဲ့မိသားစုဘဝကိုမလဲခဲ့ဘူး။ သူအောင်မြင်မှု Star Idol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ ဒီလိုလူ ရုပ်ရှင်လောကမှာရော အနုပညာလောကမှာပါ တစ်ယာက်မှမရှိပါဘူး။

 

Recommended for you - စိတ်ကျရောဂါဝင်နေပြီဆိုတာ သိနိုင်တဲ့အချက် ၁၀ ချက်

 

Recommended for you - အခမဲ့သင်ကြားပေးမယ့် အခြေခံအတတ်ပညာကာလတို သင်တန်းများ

 

Credit; Chan Maye Aung

Read times Last modified on Friday, 10 January 2020 11:13
Rate this articles
(2 votes)