×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Saturday, 13 October 2018

၂၃ နှစ်ရောက်တဲ့သူတိုင်းဖတ်ဖို့

၂၃ နှစ်ရောက်တဲ့သူတိုင်းဖတ်ဖို့ google.com

စိတ်ကူးထားတဲ့ အလုပ်ကို မလုပ်ရသေးလည်း အဆင်ပြေပါတယ်။

ကျောင်းပြီးကာစ အလုပ်ဝင်ရတဲ့အခါမျိုးမှာ သင့်ရဲ့စိတ်ကူးနဲ့ ထပ်တူညီတဲ့အလုပ်မျိုးလုပ်ရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ကိုယ့်ရဲ့ဝါသနာနဲ့ အတိုင်းအတာတစ်ခုအထိ ကိုက်ညီတဲ့အလုပ်မျိုးကိုသာ အရင်ရွေးချယ်လိုက်ပါ။ နောက်ပိုင်းမှာ ကိုယ့်ရဲ့ Dream Job ဆီကိုတစ်ဆင့်ချင်းစီလှမ်းသွားလို့ရပါတယ်။


တချို့ဆို လက်ရှိမှာ အလုပ်ရှာမရသေးတာလည်းဖြစ်နိုင်ပါတယ်။ အားမငယ်ပါနဲ့။ အလုပ်ရှာတယ်ဆိုတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ပါတယ်။ အခြားရွယ်တူသူငယ်ချင်းတွေ အလုပ်နဲ့ အခြေတကျဖြစ်နေတာတွေ့တိုင်းလည်း စိတ်ဓာတ်မကျပါနဲ့။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်တွေရှိတာမို့ ဖြေးဖြေးမှန်မှန်သာကြိုးစားသွားပါ။


လူတိုင်း လမ်းပျောက်သလိုခံစားရဖူးပါတယ်။

လက်ရှိမှာ သင်တစ်ယောက်ထဲလမ်းပျောက်နေသလို ခံစားနေရတာမဟုတ်ပါဘူး။ ဘဝမှာ လူတိုင်း ဘာလုပ်ရမှန်းမသိအောင် စိတ်ဓာတ်ကျနေတာမျိုး၊ ရှေ့ဆက်ရမယ့်ခရီးလမ်းက မှောင်မိုက်နေတာမျိုး ကြုံရတတ်ကြပါတယ်။ ဒါဟာမထူးဆန်းပါဘူး။ အနာဂတ်ကိုကြိုမသိနိုင်တဲ့အချိန်မျိုးမှာ လက်ရှိကိုသာ အာရုံစူးစိုက်လိုက်ပါ။ လက်ရှိကိုယ်ပြင်ဆင်ပြောင်းလဲနိုင်တဲ့အရာတွေကို အရင်ဆုံးပြောင်းလဲလုပ်ဆောင်ကြည့်လိုက်ပါ။ မုန်တိုင်းဘယ်လောက်ထန်ထန် နောက်ဆုံးမှာတော့ နေသာတဲ့နေ့ကို ရောက်လာမှာပါ။ သင့်ဘက်က ကြံ့ကြံ့ခံပြီး တောင့်ခံနေဖို့ပဲလိုပါတယ်။


ဒီအတိုင်းပဲ တစ်သက်လုံးအထီးကျန်နေမှာမဟုတ်ပါဘူး။

သင်ဟာ လက်ရှိတက္ကသိုလ်က ဘွဲ့ရကာစ (သို့) ကျောင်းပြီးခါနီးအချိန်မျိုးဖြစ်ပြီး လုပ်ငန်းခွင်ထဲကိုဝင်ဖို့ အစပျိုးနေတဲ့အချိန်မျိုးရောက်နေတယ်ဆိုရင် ကျောင်းသားဘဝလို ပျော်စရာတွေမရှိတော့တဲ့အပြင် လုပ်ငန်းခွင်ထဲကို စဝင်ဖို့အတွက် ကြိုးစားနေတဲ့အချိန်မို့ ဖိအားတွေများမှာအမှန်ပါပဲ။


သူငယ်ချင်းတွေနဲ့ အရင်လို မတွေ့ဖြစ်တော့သလို၊ လုပ်ငန်းခွင်ထဲဝင်နေသူတွေဆိုရင်လည်း တစိမ်းတွေနဲ့ စတင်ပြောဆိုဆက်ဆံရချိန်မှာ ပတ်ဝန်းကျင်အသစ်နဲ့ အသားမကျသေးဘဲ အနားမှာ ရင်ဖွင့်ဖို့လူလည်း မရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ဘဝကြီးက အထီးကျန်သွားတယ်လို့ ခံစားနေရတတ်ပါတယ်။ ဒါဟာခဏတာဖြစ်ပြီး လူတိုင်းတွေ့ကြုံနေရတာပါပဲ….။ လက်ရှိခက်ခဲခဲ့တဲ့ အချိန်တွေကို ရယ်မောပြီးပြန်ပြောနိုင်တဲ့တစ်နေ့ ရောက်လာဦးမှာပါ။


ကျရှုံးဖို့ အချိန်တွေရှိနေပါသေးတယ်။

ဘဝမှာ လူတိုင်းကျရှုံးဖူးပါတယ်။ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတတ်တာတွေက အခုလိုပဲ နောက်လည်း အမြဲကြုံတွေ့နေရဦးမှာပါ။ လက်ရှိဒီအရွယ်မှာ ကျရှုံးမှုတွေထဲကနေ ပြန်လည်ရပ်တည်ဖို့ အချိန်တွေအများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် မင်းရဲ့အိပ်မက်တွေ၊ ဆန္ဒတွေကို ရဲရဲဝံ့ဝံ့နဲ့ အကောင်အထည်ဖော်လိုက်ပါ။ ကျရှုံးမှာကို လုံးဝ မကြောက်ပါနဲ့။ မင်းမှာပြင်ဆင်ဖို့ အချိန်တွေအများကြီးရှိပါသေးတယ်။ လက်ရှိကြုံတွေ့နေရတဲ့ ကျရှုံးမှုတွေဟာ ရှေ့ဆက်ဖို့အားအင်တွေပဲဖြစ်ပါတယ်။


မင်းကိုချစ်တဲ့ တစ်စုံတစ်ယောက်ကိုထပ်တွေ့ဦးမှာပါ။

လက်ရှိမှာ သင်ဟာတစ်ယောက်ထဲ အထီးကျန်နေသလို ခံစားနေရနိုင်တယ်။ ချစ်သူ၊ မိတ်ဆွေတွေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာနေနိုင်ပါတယ်။ ဒါဟာ ခဏတာ ယာယီပဲဖြစ်ပါတယ်။ ဘဝကြီးက အမြဲပြောင်းလဲနေတာပါ။


မင်းရဲ့ဘဝထဲက ထွက်ခွာသွားသူတွေရှိသလို နောက်ထပ်တွေ့ဆုံရမယ့်သူတွေလည်း ရှိလာဦးမှာပါ။ အားမငယ်ပါနဲ့။ မင်းကိုတန်ဖိုးထားချစ်ခင်သူတွေကို ဘဝမှာထပ်တွေ့ရဦးမှာပါ။


မင်းရဲ့ဘဝကို တခြားသူတွေရဲ့ အိပ်မက်အတွက် ရှင်သန်ပေးဖို့မလိုအပ်ပါဘူး။

မင်းရဲ့ဘဝဟာ မင်းကိုယ်တိုင်လျှောက်လှမ်းရမှာပါ။ ဘယ်သူမှ မင်းနေရာမှာအစား ရှင်သန်ပေးလို့မရနိုင်ပါဘူး။ မင်းရဲ့ကိုယ်ပိုင်ခံယူချက်၊ ဖြတ်သန်းလာရတဲ့ဘဝ၊ အိမ်မက်တွေကို မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှပိုမသိနိုင်ပါဘူး။ ဒါကြောင့် အခြားဘယ်သူ့အတွက်ကြောင့်မှ မင်းရဲ့အိပ်မက်တွေကို စတေးလိုက်ဖို့မလိုအပ်ပါဘူး။ မင်းရဲ့ဘဝကိုမင်းပိုင်ပါတယ်။


“ No ” လို့ပြောနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

“ No ” ဆိုတာ အလွန်အဓိပ္ပါယ်ရှိတဲ့ စကားလုံးပဲဖြစ်ပါတယ်။ ဒီစကားလုံးကို အသုံးပြုပိုင်ခွင့်လည်း မင်းမှာအပြည့်ရှိပါတယ်။ မင်းအပေါ်မကောင်းတဲ့သူတွေကို “ No ” လို့ပြောပါ။ မင်းရဲ့အခွင့်အရေး၊ အိပ်မက်၊ အနာဂတ်တွေကို ပိတ်ပင်ထားတဲ့အရာတွေကို “ No ” လို့ပြောပါ။ ဘယ်အရာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် မင်းအတွက် အကျိုးမရှိဘူးလို့ယုံကြည်တယ်ဆိုရင် ယုံကြည်မှုရှိရှိနဲ့သာငြင်းပယ်လိုက်ပါ။ ဒါမင်းရဲ့လုပ်ပိုင်ခွင့်၊ အခွင့်အရေးပဲဖြစ်ပါတယ်။


မင်းတစ်ကယ်လိုချင်တဲ့အရာတွေကို ကိုယ်တိုင်ရှာဖွေပါ။

ဘဝမှာဖြစ်ချင်တဲ့ဆန္ဒတွေကို ကိုယ်ကိုယ်တိုင်ရှာဖွေပါ။ လက်ရှိမတွေ့သေးလို့လည်း အားငယ်ဖို့မလိုပါဘူး။ လူတိုင်းမှာ ကိုယ်တစ်ကယ်အကောင်းဆုံးလုပ်နိုင်တဲ့အရာ၊ အဖြစ်ချင်ဆုံးဆန္ဒတွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေကို မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှရှာဖွေမပေးနိုင်ပါဘူး။


မင်းမှာစိတ်အားထက်သန်မှုသာရှိမယ်ဆိုရင် ဘဝမှာဘာမဆိုဖြစ်နိုင်ပါတယ်။ လက်တွေ့မှာအကောင်အထည်ပေါ်လာဖို့ အချိန်အတိုင်းအတာတစ်ခုနဲ့ ကြိုးစားမှုပဲလိုအပ်တာပါ။ ဒါကြောင့် မင်းရဲ့အိပ်မက်တွေကို မင်းကိုယ်တိုင်ရှာဖွေလိုက်ပါ။


ကိုယ့်ကိုယ်ကို စိတ်ပျက်၊သိမ်ငယ်နေဖို့မလိုပါဘူး။

ဘဝမှာ အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်လာဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် လက်ရှိမင်းရဲ့အခြေအနေကို စိတ်ပျက်အားငယ်နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ်ဆိုတာ မင်းကိုယ်တိုင်ရွေးချယ်ထားတဲ့အရာတစ်ခုပါ။ အခြားဘယ်သူကမှ မင်းကိုအထင်သေးနေတာမဟုတ်ပါဘူး။ ဒါကြောင့် မင်းကိုယ်မင်းစိတ်ပျက်မနေပါနဲ့။ မင်းဟာ ဒီထက်ပိုကောင်းတဲ့အရာတွေကို စွမ်းဆောင်နိုင်ပါတယ်။ ရယူနိုင်ပါတယ်။


မိတ်ဆွေအချို့ကိုဆုံးရှုံးရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။

မင်းရဲ့ အတန်းဖော်၊ ငယ်သူငယ်ချင်း၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ အရင်လိုအတူရှိမနေနိုင်တော့တဲ့အခါ တဖြည်းဖြည်းနဲ့ အနေဝေးလာကြပြီး မိတ်ဆွေ၊ သူငယ်ချင်းအချို့ကို လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။ သူတို့မှာလည်း ကိုယ်ပိုင်ရှင်သန်ရမယ့်ဘဝရှိတာမို့ မင်းအတွက်အချိန်မပေးနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။


ဒီလိုပဲ မင်းဘက်က အဆင်မပြေတဲ့အခါလည်း တချို့သောသူတွေကို ဘဝထဲကနေ ထုတ်ပယ်ခွင့်ရှိပါတယ်။ မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို ကျောခိုင်းခဲ့တာဟာ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ တချို့သောခင်မင်ရင်းနှီးမှုတွေဟာ တစ်သက်တာအတွက်မဖြစ်နိုင်ဘူးဆိုတာ အမြဲသတိရပါ။

 

Recommended for you - အနှိမ်ခံဘဝကနေ ကမ္ဘာကျော်မင်းသားဖြစ်လာသူ

 

Recommended for you - 2018-19 နည်းပညာတက္ကသိုလ်များ၏ ၀င်ခွင့်ရ အမြင့်ဆုံး + အနိမ့်ဆုံး အမှတ်များ

 

Credit; JOBseekersmm.com

Read times Last modified on Wednesday, 29 January 2020 11:46
Rate this articles
(1 Vote)