×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 15 November 2019

"တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနနဲ႕ ျပင္ဆင္သင့္တဲ့အခ်က္ (၈) ခ်က္"

"တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနနဲ႕ ျပင္ဆင္သင့္တဲ့အခ်က္ (၈) ခ်က္" freepick

၂၀၂၀ခုနစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲႀကီးကို လာမည့္ ၂၀၂၀ ခုနွစ္၊ မတ္လ မွာ စတင္ေျဖဆိုရမည္ ျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ အရမ္းကိုအေရးႀကီးေသာ အခ်ိန္တစ္ခုျဖစ္ပါတယ္။

 ေက်ာင္းသားတိုင္းရဲ ့ဘဝတစ္ဆစ္ခ်ိဳးလို႕လဲေျပာလို ့ရပါတယ္။ ကိုယ္ၾကိဳးစားရင္ၾကိဳးစားသေလာက္ အနာဂါတ္အတြက္ ပိုျပီးအေထာက္အကူျဖစ္ေစမွာပါျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႕ ဘာေတြျပင္ဆင္ဖို ့လိုအပ္လဲဆိုတာ ဗဟုသုတအေနနဲ ့ ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) စာၾကည့္ဖို႔ အခ်ိန္ဇယားဆြဲပါ

စာေမးပြဲ ေျဖဆို ဖို ့ အခ်ိန္ ရက္ေပါင္း ဘယ္ေလာက္လိုေသးတယ္ အေပၚမူတည္ျပီး အခ်ိ္န္ဇယားသတ္မွတ္ပါ။ အခ်ိန္ဇယားတစ္ခုမွာ ဘယ္ဘာသာကို ဘယ္ႏွစ္ရက္ေလ႔လာမယ္ဆိုတာကို ေသေသခ်ာခ်ာ ဆြဲထားၿပီး က်က္မွတ္ပါ။ မွတ္ဥာဏ္ေကာင္းသူေတြက ကိုယ္မပိုင္ႏိုင္ဆံုး ဘာသာကို စေလ႔လာသင္႔ပါတယ္။ Short Term Memory သမားေတြနဲ႔ ေျဖခါနီးမွ စာဖတ္ရင္ ပိုရလြယ္သူေတြကေတာ႔ အခ်ိန္ဇယားအတိုင္း စာေတြႏွ႔ံစပ္ေအာင္ဖတ္ထားၿပီး မွတ္စုတိုေလးေတြ မ်ားမ်ား ထုတ္ထားသင္႔ပါတယ္။ တစ္ရက္ကို ဘယ္နနာရီစာၾကည့္မယ္၊ ဘယ္အခ်ိန္မွာ ျပန္ေနြးမယ္ဆိုတာမ်ိဳးကို ဆရာသမား၊ လူၾကီးမိဘေတြနဲ ့ေသခ်ာ တိုင္ပင္ျပီး အခ်ိန္ဇယားျပဳလုပ္ပါ။

 

(၂) အာ႐ုံစိုက္ပါ
စာလုပ္ၿပီေဟ့ဆိုရင္ စာကိုပဲ အာ႐ုံစိုက္ၿပီး ေသခ်ာက်က္မွတ္ ေလ့လာပါ။ ဥပမာ ကိုယ့္ရဲ႕ အခန္းထဲမွာျဖစ္ျဖစ္ တိတ္ဆိတ္ၿငိမ္သက္တဲ့ ေနရာတစ္ခုခုမွာ ျဖစ္ျဖစ္ ကိုယ့္ကို အာ႐ုံမေထြျပားေစပဲ အေႏွာင္အယွက္ ကင္းကင္းနဲ႔ စာလုပ္လို႔ရမယ့္ ေနရာကိုရွာပါ။ ၿပီးရင္ အခုလိုအခ်ိန္မွာ တီဗီၾကည့္တာ၊ ႐ုပ္ရွင္ၾကည့္တာ၊ ဖုန္းသုံးတာေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ဖို႔လိုပါတယ္။ စာကိုပဲ အခ်ိန္ျပည့္ အာ႐ုံစိုက္ႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။ ဒါေပမယ့္ ခဏတာ အနားယူခ်ိန္မွာ ဖုန္းသုံးမယ္ဆိုရင္လည္း ကိုယ့္ကိုယ္ကို စည္းကမ္းသတ္မွတ္ၿပီး သုံးသင့္ပါတယ္။

 

(၃) ေမးခြန္းေဟာင္းမ်ားမ်ား ေလ႔က်င္႔ေပးပါ

ေမးခြန္းစာရြက္ျမင္ရင္ လန္႔မေနေအာင္ ေမးတတ္တဲ႔ပံုစံေတြ သိေနေအာင္ ေမးခြန္းေဟာင္းေတြ ထပ္ခါထပ္ခါ ျပန္ေလ႔က်င္႔သင္႔ပါတယ္။ ေမးခြန္းေဟာင္းနဲ႔ အေျဖေတြကို ယွဥ္တြဲေလ႔လာတာက တကယ္႔စာေမးပြဲႀကီးမွာ ျမန္ျမန္ဆန္ဆန္နဲ႔ အေကာင္းဆံုးေျဖႏိုင္မယ္႔အခ်က္တစ္ခု ျဖစ္ပါတယ္။ ေလ့က်င္ရာတြင္လည္း စာေမးပြဲ တကယ္ေျဖဆိုေနရတဲ့ အတိုင္း ေျဖဆိုခ်ိန္ (၃) နာရီနဲ ့ အေလ့အအက်င့္ျဖစ္ေအာင္ ေမးခြန္းေဟာင္းမ်ားကိုေလ့က်င့္ပါ။

 


(၄) Spot ေတြကို မေမွ်ာ္ပါနဲ႔

ဘယ္က်ဴရွင္ကေတာ႔ ဘယ္ Spot ေပးမယ္၊ ဘယ္ကေန Spot ေမးခြန္းေတြ ဘယ္လိုရမယ္ဆိုတာမ်ိဳးကို ေခါင္းထဲက ခဏထုတ္ထားပါ။ အခန္းတိုင္းကို ေလ႔လာက်က္မွတ္ဖို႔ အဓိကထားပါ။

Recommended For You >>>> " ျမန္မာ လူငယ္မ်ားသို႔ ဖတ္ေစခ်င္တဲ့စာ"

 


(၅) စာခ်ည္းပဲမလုပ္ပါနဲ႔

အဓိကကေတာ့ က်န္းမာေရးကို အရင္ကထက္ပိုျပီး ဂရုစိုက္ပါ။ စာခ်ည္းပဲ ထိုင္မွတ္ေနတာမ်ိဳးမဟုတ္ပဲ တစ္ေန႔မွာ နာရီဝက္ေလာက္ ကိုယ္လက္လႈပ္ရွားမႈအတြက္ အခ်ိန္ေပးပါက ခြန္အားျဖည့္ေစၿပီး မွတ္ဥာဏ္အတြက္ ေကာင္းမြန္ေစပါတယ္။ တစ္ညလံုးနီးပါး စာၾကည့္ျခင္းကိုအထူးေရွာင္က်ဥ္ပါ။ စာေတြအကုန္ ပိုင္ႏိုင္ေနပါလ်က္နဲ႔ က်န္းမာေရး ျပႆနာေၾကာင့္ တစ္ႏွစ္ပတ္လုံး ကိုယ္ႀကိဳးစားထားခဲ့ရသမွ်ေတြ သဲထဲ ေရသြန္ျဖစ္သြားတာမ်ိဳးေတြ ရွိတတ္တာေၾကာင့္ က်န္းမာေရးကို ေသခ်ာဂ႐ုစိုက္သင့္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။ ေလ႔က်င္႔ခန္းလုပ္ေပးရင္ စိုးရိမ္စိတ္ ပူပန္စိတ္ေတြလည္းေပ်ာက္ၿပီး စာပိုရေစပါတယ္။ တရားထိုင္ေလ႔ရွိသူေတြအေနနဲ႔ စာမက်က္ခင္ခဏ တရားမွတ္သင္႔ပါတယ္။

 

(၆) ေနရာသီးသန္႔ျပင္ဆင္ပါ

စာက်က္မယ္ဆုိရင္ ကိုယ္ေလ႔လာမယ္႔ေနရာကို သီးသီးသန္႔သန္႔ ေရြးခ်ယ္ေပးပါ။ အဲဒီေနရာမွာ စာေလ႔လာမယ္႔ အသံုးအေဆာင္ေတြ စာအုပ္ေတြကလြဲၿပီး ဘာမွရွိမေနသင္႔ပါဘူး။ အလင္းေရာင္ေကာင္းေကာင္းရတဲ႔ ေနရာလိုမ်ိဳး ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာမ်ိဳးနဲ႔ တိတ္ဆိတ္တဲ့ အခန္းမ်ိဳးဆိုလည္း အဆင္ေျပပါတယ္။

 

(၇) Note ထုတ္ပါ
Defination၊ Equation၊ က်က္စာေတြဆို စာပိုဒ္တစ္ပိုဒ္ရဲ ့ အဓိက အေၾကာင္းအရာေတြကို Note ထုတ္ျပီး က်က္မွတ္ပါ။ စာေတြေတာ့ က်က္ေနတာပဲ၊ မွတ္ေနတာပဲ၊ ဒါေပမယ့္ ဘာမွလည္း ေခါင္းထဲမဝင္ဘူးဆိုတာမ်ိဳး ေက်ာင္းသူေက်ာင္းသားေတြမွာ ျဖစ္ေနၾကပါ။ အထူးသျဖင့္ စာေမးပြဲရက္ကပ္လာလို႔ စိတ္ပူပင္လာၿပီဆို ပိုေတာင္ျဖစ္တတ္ပါတယ္။ ကိုယ္မၾကာခဏ ေမ့တတ္တဲ့ Definition မ်ိဳးေတြ၊ မွားတတ္တဲ့ Equation မ်ိဳးေတြကို ခ်ေရးၿပီး Notes ထုတ္၊ Highlight လုပ္ရမယ့္ အေရးႀကီးတဲ့အပိုင္းေတြကို လုပ္၊ ဒါဆိုရင္ စာလုပ္ရတာ လြယ္ကူႏိုင္ပါတယ္။

 


(၈) မိမိကိုယ္ကို ယုံၾကည္မႈရွိပါ
ငါလုပ္ႏိုင္တယ္ဆိုတဲ့ စိတ္ေမြးပါ။ မိမိကိုယ္ကို ယုံၾကည္မႈကို လက္ေတြ႕ႀကိဳးစားျခင္းျဖင့္ တည္ေဆာက္ပါ။ ကိုယ္သင္ၾကားခဲ့ရတဲ့ အေၾကာင္းအရာေတြကိုပဲ ေျဖဆိုရမွာ ျဖစ္တဲ့အတြက္ ငါေျဖႏိုင္ပါ့မလားဆိုတဲ့အေတြးကို လုံးဝမေတြးပါနဲ႔။ ကိုယ့္ဘက္က အေကာင္းဆုံး ႀကိဳးစားဖို႔သာ လိုပါတယ္။ ႀကိဳးစားမႈတိုင္းအတြက္ ထိုက္တန္တဲ့ ရလဒ္ဆိုတာ ရွိစၿမဲပါ။

ဘာသာရပ္ေပါင္းစံုသင္ၾကားေပးေသာ မွ ဆရာ၊ ဆရာမမ်ား ??

ျမန္မာစာ >>>  https://www.sayar.com.mm/subjects/all-teachers/subject-501.html

အဂၤလိပ္စာ >>>  https://www.sayar.com.mm/subjects/all-teachers/subject-497.html

သခၤ်ာ >>> https://www.sayar.com.mm/subjects/all-teachers/subject-211.html

ရူပေဗဒ >>>  https://www.sayar.com.mm/subjects/all-teachers/subject-210.html

ဓာတုေဗဒ >>>  https://www.sayar.com.mm/subjects/all-teachers/subject-209.html

ဇီဝေဗဒ >>> https://www.sayar.com.mm/subjects/all-teachers/subject-208.html

ေဘာဂေဗဒ >>> https://www.sayar.com.mm/subjects/all-teachers/subject-242.html

 

 

UNICODE

"တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ပြင်ဆင်သင့်တဲ့အချက် (၈) ချက်"
2020ခုနစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မတ်လ မှာ စတင်ဖြေဆိုရမည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် အရမ်းကိုအရေးကြီးသော အချိန်တစ်ခုဖြစ်ပါတယ်။ ကျောင်းသားတိုင်းရဲ့ဘဝတစ်ဆစ်ချိုးလို့လဲပြောလို့ရပါတယ်။ ကိုယ်ကြိုးစားရင်ကြိုးစားသလောက် အနာဂါတ်အတွက် ပိုပြီးအထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာတွေပြင်ဆင်ဖို့လိုအပ်လဲဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

(၁) စာကြည့်ဖို့ အချိန်ဇယားဆွဲပါ

စာမေးပွဲ ဖြေဆို ဖို့ အချိန် ရက်ပေါင်း ဘယ်လောက်လိုသေးတယ် အပေါ်မူတည်ပြီး အချိန်ဇယားသတ်မှတ်ပါ။ အချိန်ဇယားတစ်ခုမှာ ဘယ်ဘာသာကို ဘယ်နှစ်ရက်လေ့လာမယ်ဆိုတာကို သေသေချာချာ ဆွဲထားပြီး ကျက်မှတ်ပါ။ မှတ်ဉာဏ်ကောင်းသူတွေက ကိုယ်မပိုင်နိုင်ဆုံး ဘာသာကို စလေ့လာသင့်ပါတယ်။ Short Term Memory သမားတွေနဲ့ ဖြေခါနီးမှ စာဖတ်ရင် ပိုရလွယ်သူတွေကတော့ အချိန်ဇယားအတိုင်း စာတွေနှံ့စပ်အောင်ဖတ်ထားပြီး မှတ်စုတိုလေးတွေ များများ ထုတ်ထားသင့်ပါတယ်။ တစ်ရက်ကို ဘယ်နနာရီစာကြည့်မယ်၊ ဘယ်အချိန်မှာ ပြန်နွေးမယ်ဆိုတာမျိုးကို ဆရာသမား၊ လူကြီးမိဘတွေနဲ့သေချာ တိုင်ပင်ပြီး အချိန်ဇယားပြုလုပ်ပါ။

 

(၂) အာရုံစိုက်ပါ
စာလုပ်ပြီဟေ့ဆိုရင် စာကိုပဲ အာရုံစိုက်ပြီး သေချာကျက်မှတ် လေ့လာပါ။ ဥပမာ ကိုယ့်ရဲ့ အခန်းထဲမှာဖြစ်ဖြစ် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာ ဖြစ်ဖြစ် ကိုယ့်ကို အာရုံမထွေပြားစေပဲ အနှောင်အယှက် ကင်းကင်းနဲ့ စာလုပ်လို့ရမယ့် နေရာကိုရှာပါ။ ပြီးရင် အခုလိုအချိန်မှာ တီဗီကြည့်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းသုံးတာတွေကို တတ်နိုင်သမျှ လျှော့ချဖို့လိုပါတယ်။ စာကိုပဲ အချိန်ပြည့် အာရုံစိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ခဏတာ အနားယူချိန်မှာ ဖုန်းသုံးမယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်ပြီး သုံးသင့်ပါတယ်။

 

(၃) မေးခွန်းဟောင်းများများ လေ့ကျင့်ပေးပါ

မေးခွန်းစာရွက်မြင်ရင် လန့်မနေအောင် မေးတတ်တဲ့ပုံစံတွေ သိနေအောင် မေးခွန်းဟောင်းတွေ ထပ်ခါထပ်ခါ ပြန်လေ့ကျင့်သင့်ပါတယ်။ မေးခွန်းဟောင်းနဲ့ အဖြေတွေကို ယှဉ်တွဲလေ့လာတာက တကယ့်စာမေးပွဲကြီးမှာ မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံးဖြေနိုင်မယ့်အချက်တစ်ခု ဖြစ်ပါတယ်။ လေ့ကျင်ရာတွင်လည်း စာမေးပွဲ တကယ်ဖြေဆိုနေရတဲ့ အတိုင်း ဖြေဆိုချိန် (၃) နာရီနဲ့ အလေ့အအကျင့်ဖြစ်အောင် မေးခွန်းဟောင်းများကိုလေ့ကျင့်ပါ။

 


(၄) Spot တွေကို မမျှော်ပါနဲ့

ဘယ်ကျူရှင်ကတော့ ဘယ် Spot ပေးမယ်၊ ဘယ်ကနေ Spot မေးခွန်းတွေ ဘယ်လိုရမယ်ဆိုတာမျိုးကို ခေါင်းထဲက ခဏထုတ်ထားပါ။ အခန်းတိုင်းကို လေ့လာကျက်မှတ်ဖို့ အဓိကထားပါ။

Recommended For You >>>> " မြန်မာ လူငယ်များသို့ ဖတ်စေချင်တဲ့စာ"

 


(၅) စာချည်းပဲမလုပ်ပါနဲ့

အဓိကကတော့ ကျန်းမာရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်ပါ။ စာချည်းပဲ ထိုင်မှတ်နေတာမျိုးမဟုတ်ပဲ တစ်နေ့မှာ နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးပါက ခွန်အားဖြည့်စေပြီး မှတ်ဉာဏ်အတွက် ကောင်းမွန်စေပါတယ်။ တစ်ညလုံးနီးပါး စာကြည့်ခြင်းကိုအထူးရှောင်ကျဉ်ပါ။ စာတွေအကုန် ပိုင်နိုင်နေပါလျက်နဲ့ ကျန်းမာရေး ပြဿနာကြောင့် တစ်နှစ်ပတ်လုံး ကိုယ်ကြိုးစားထားခဲ့ရသမျှတွေ သဲထဲ ရေသွန်ဖြစ်သွားတာမျိုးတွေ ရှိတတ်တာကြောင့် ကျန်းမာရေးကို သေချာဂရုစိုက်သင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပေးရင် စိုးရိမ်စိတ် ပူပန်စိတ်တွေလည်းပျောက်ပြီး စာပိုရစေပါတယ်။ တရားထိုင်လေ့ရှိသူတွေအနေနဲ့ စာမကျက်ခင်ခဏ တရားမှတ်သင့်ပါတယ်။

 

(၆) နေရာသီးသန့်ပြင်ဆင်ပါ

စာကျက်မယ်ဆိုရင် ကိုယ်လေ့လာမယ့်နေရာကို သီးသီးသန့်သန့် ရွေးချယ်ပေးပါ။ အဲဒီနေရာမှာ စာလေ့လာမယ့် အသုံးအဆောင်တွေ စာအုပ်တွေကလွဲပြီး ဘာမှရှိမနေသင့်ပါဘူး။ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးနဲ့ တိတ်ဆိတ်တဲ့ အခန်းမျိုးဆိုလည်း အဆင်ပြေပါတယ်။

 

(၇) Note ထုတ်ပါ
Defination၊ Equation၊ ကျက်စာတွေဆို စာပိုဒ်တစ်ပိုဒ်ရဲ့ အဓိက အကြောင်းအရာတွေကို Note ထုတ်ပြီး ကျက်မှတ်ပါ။ စာတွေတော့ ကျက်နေတာပဲ၊ မှတ်နေတာပဲ၊ ဒါပေမယ့် ဘာမှလည်း ခေါင်းထဲမဝင်ဘူးဆိုတာမျိုး ကျောင်းသူကျောင်းသားတွေမှာ ဖြစ်နေကြပါ။ အထူးသဖြင့် စာမေးပွဲရက်ကပ်လာလို့ စိတ်ပူပင်လာပြီဆို ပိုတောင်ဖြစ်တတ်ပါတယ်။ ကိုယ်မကြာခဏ မေ့တတ်တဲ့ Definition မျိုးတွေ၊ မှားတတ်တဲ့ Equation မျိုးတွေကို ချရေးပြီး Notes ထုတ်၊ Highlight လုပ်ရမယ့် အရေးကြီးတဲ့အပိုင်းတွေကို လုပ်၊ ဒါဆိုရင် စာလုပ်ရတာ လွယ်ကူနိုင်ပါတယ်။

 


(၈) မိမိကိုယ်ကို ယုံကြည်မှုရှိပါ
ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်မွေးပါ။ မိမိကိုယ်ကို ယုံကြည်မှုကို လက်တွေ့ကြိုးစားခြင်းဖြင့် တည်ဆောက်ပါ။ ကိုယ်သင်ကြားခဲ့ရတဲ့ အကြောင်းအရာတွေကိုပဲ ဖြေဆိုရမှာ ဖြစ်တဲ့အတွက် ငါဖြေနိုင်ပါ့မလားဆိုတဲ့အတွေးကို လုံးဝမတွေးပါနဲ့။ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားဖို့သာ လိုပါတယ်။ ကြိုးစားမှုတိုင်းအတွက် ထိုက်တန်တဲ့ ရလဒ်ဆိုတာ ရှိစမြဲပါ။

ဘာသာရပ်ပေါင်းစုံသင်ကြားပေးသော sayar.com.mm မှ ဆရာ၊ ဆရာမများ ??

မြန်မာစာ >>>  https://www.sayar.com.mm/subjects/all-teachers/subject-501.html
အင်္ဂလိပ်စာ >>>  https://www.sayar.com.mm/subjects/all-teachers/subject-497.html
သင်္ချာ  >>> https://www.sayar.com.mm/subjects/all-teachers/subject-211.html
ရူပဗေဒ >>>  https://www.sayar.com.mm/subjects/all-teachers/subject-210.html
ဓာတုဗေဒ >>> https://www.sayar.com.mm/subjects/all-teachers/subject-209.html
ဇီဝဗေဒ >>> https://www.sayar.com.mm/subjects/all-teachers/subject-208.html
ဘောဂဗေဒ >>> https://www.sayar.com.mm/subjects/all-teachers/subject-242.html

 

Ref : Akhayar

Read times Last modified on Wednesday, 08 January 2020 17:40
Rate this articles
(3 votes)