×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 28 November 2019

"အခ်ိန္စီမံခန္႔ခြဲနည္းကို ေက်ာင္းသားဘဝတည္းက ေလ့က်င့္လာပါ"

"အခ်ိန္စီမံခန္႔ခြဲနည္းကို ေက်ာင္းသားဘဝတည္းက ေလ့က်င့္လာပါ" freepick

အခုေခတ္ကေလးေတြက ကုိယ့္အားကိုယ္ကိုးျပီး ကုိယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္လာနိုင္တဲ့ လူေတာ္ေတြ မ်ားလာပါတယ္။

မိဘေတြကလည္း စီးပြားေရးအလုပ္ေတြနဲ႔ ရွဳပ္ေနတဲ့အခါ ကိုယ့္သားသမီးေတြကို အနီးကပ္ အခ်ိန္ေတြအမ်ားၾကီးေပးျပီး ဂရုမစိုက္ေပးနိုင္ပါဘူး။ ဒါေၾကာင့္… အခ်ိန္ေတြကို စနစ္တက်စီမံခန္႔ခြဲနိုင္ဖို႔ အေထာက္အကူျပဳနိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပး လိုက္ပါတယ္။

 

၁. Schedule ဆြဲတတ္ေအာင္ ေလ့က်င့္ပါ

ကိုယ္လုပ္ရမယ့္ အလုပ္ေတြအေပၚမွာ အခ်ိန္ဘယ္ေလာက္သံုးရမလဲ၊ ဘယ္အခ်ိန္မွာ လုပ္ရင္ေတာ့ စာက်က္ရတာ ပိုထိေရာက္တယ္၊ ဘယ္ဘာသာရပ္ကို ဘယ္အခ်ိန္မွာ လုပ္ရမလဲ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဖို႔ အခ်ိန္ဘယ္လိုသတ္မွတ္မလဲ၊ နားခ်ိန္က ဘယ္ေလာက္ယူမလဲ စသျဖင့္ ကိုယ့္အခ်ိန္ေတြကို ေသခ်ာစီမံ ခန္႔ခြဲျပီး schedule ေလးဆြဲထားသင့္ပါတယ္။ schedule ဆြဲတဲ့အခ်ိန္က အလြန္ဆံုး ဆယ့္ငါးမိနစ္ေပါ့ ဒါေပမယ့္ တစ္ေန႔စာ တစ္ပတ္စာ ျပန္ႏွုိုင္းယွဥ္ၾကည့္ရင္ ကိုယ္မသိလိုက္ေပမယ့္ ျပဳန္းတီးသြားတဲ့အခ်ိန္ေတြ ေတာ္ေတာ္မ်ားမ်ားကို အက်ိဳးရွိတာတစ္ခုခု လုပ္ျဖစ္ေနတယ္ဆိုတာကို သတိထားမိလာမွာပါ။ အိပ္ခ်ိန္ကိုလည္း မေလ်ာ့ေအာင္ သတိထားျပီး အခ်ိန္ဇယားဆြဲအံုးေနာ္။

 


၂. ဘာေတြကို အရင္ေလ့လာမလဲ

အခ်ိန္ေတြကို စီမံခန္႔ခြဲတတ္တဲ့ အရည္အခ်င္းမွာ ကိုယ္အရင္ဆံုးလုပ္သင့္တာ ဘာလဲဆိုတာကို ေသခ်ာ သိဖို႕ လိုအပ္တာပါ။ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက ကိုယ္မရေသးတဲ့ဘာသာရပ္ အေရးၾကီးတဲ့ အလုပ္ေတြကို ေနာက္ဆံုးမွ လုပ္မယ္ဆိုျပီး ခ်ိန္ထားတတ္ပါတယ္။ ကိုယ္ရျပီးသား ရင္းႏွီးျပီးသားအရာေတြ ကို ဦးစားေပးလုပ္ေဆာင္တတ္တာေၾကာင့္ မလိုအပ္ပဲ အမွတ္ေတြေလ်ာ႔ ေစပါတယ္။ ကိုယ္လုပ္ရမယ့္အလုပ္ေတြကို ဦးစားေပးစနစ္နဲ႕ စီထားပါ။

Recommended For You >>> ေလယာဥ္ေမာင္/ေလယာဥ္မယ္ ျဖစ္ခ်င္သူေတြ သိထားသင့္တဲ့ အေျခခံလိုအပ္ခ်က္(၉)ခ်က္

 

၃. ထပ္ခါထပ္ခါ မလုပ္မိေအာင္ သတိထားပါ

ကိုယ္ဘာေတြလုပ္စရာရွိလဲ ဘာေတြ လုပ္ထားျပီးျပီလဲ ျပန္ဆန္းစစ္ဖို႔ လိုပါတယ္။ ဒါမွ ကိုယ္လုပ္ျပီးသား အရာေတြကို ထပ္ခါထပ္ခါ လုပ္မိျပီး အခ်ိန္ကုန္ျခင္းက ကင္းေဝးမွာပါ။ ကိုယ္လုပ္ျပီးသားအလုပ္နဲ႕ မလုပ္ရေသးတဲ့အလုပ္ေလးေတြကို tips ေလးေတြနဲ႔ မွတ္ထားတာမ်ိဳး လုပ္ထားသင့္ပါတယ္။

 

၄. ကုိယ့္အတြက္ ေႏွာင့္ေႏွးေစတာေတြ၊ စိတ္ရႈပ္ေစတာေတြကို ေရွာင္ၾကဥ္ပါ

ကိုယ့္အတြက္ဘယ္ေနရာမွာ စာေလ့လာတာအဆင္ေျပလဲ ၊ ဘယ္လိုေလ့လာတာ အာရံုစူးစိုက္မႈရေစလဲ ၊ ဒါေတြကိုေမးခြန္းထုတ္ပါ။ ဥပမာ တစ္ခ်ိဳ႔ေက်ာင္းသားမ်ားဟာ တစ္ဦးတည္းေလ့လာရတာက အဆင္ေျပေစၿပီး ၊ တစ္ခ်ိဳ႕ေက်ာင္းသားမ်ားအတြက္ အဖြဲ႕အစည္းနဲ႔ေလ့လာတာကို ပိုအဆင္ေျပေစပါတယ္။

ေက်ာင္းသား၊ ေကာ်င္းသူမ်ားအေနနဲ ့ ဘာသာစကားမ်ားနွင့္ အျခားစီးပြားေရးနယ္ပယ္မွ ဘာသာရပ္မ်ားကို သင္ၾကားေပးေသာ ကိုယ္ပိုင္ study guide မ်ားကိုရွာေဖြလိုပါက sayar.com.mm တြင္ အခမဲ့ ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

UNICODE

"အချိန်စီမံခန့်ခွဲနည်းကို ကျောင်းသားဘဝတည်းက လေ့ကျင့်လာပါ"
အခုခေတ်ကလေးတွေက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာနိုင်တဲ့ လူတော်တွေ များလာပါတယ်။ မိဘတွေကလည်း စီးပွားရေးအလုပ်တွေနဲ့ ရှုပ်နေတဲ့အခါ ကိုယ့်သားသမီးတွေကို အနီးကပ် အချိန်တွေအများကြီးပေးပြီး ဂရုမစိုက်ပေးနိုင်ပါဘူး။ ဒါကြောင့်… အချိန်တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ အထောက်အကူပြုနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

 

၁. Schedule ဆွဲတတ်အောင် လေ့ကျင့်ပါ

ကိုယ်လုပ်ရမယ့် အလုပ်တွေအပေါ်မှာ အချိန်ဘယ်လောက်သုံးရမလဲ၊ ဘယ်အချိန်မှာ လုပ်ရင်တော့ စာကျက်ရတာ ပိုထိရောက်တယ်၊ ဘယ်ဘာသာရပ်ကို ဘယ်အချိန်မှာ လုပ်ရမလဲ၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်ဘယ်လိုသတ်မှတ်မလဲ၊ နားချိန်က ဘယ်လောက်ယူမလဲ စသဖြင့် ကိုယ့်အချိန်တွေကို သေချာစီမံ ခန့်ခွဲပြီး schedule လေးဆွဲထားသင့်ပါတယ်။ schedule ဆွဲတဲ့အချိန်က အလွန်ဆုံး ဆယ့်ငါးမိနစ်ပေါ့ ဒါပေမယ့် တစ်နေ့စာ တစ်ပတ်စာ ပြန်နှိုင်းယှဉ်ကြည့်ရင် ကိုယ်မသိလိုက်ပေမယ့် ပြုန်းတီးသွားတဲ့အချိန်တွေ တော်တော်များများကို အကျိုးရှိတာတစ်ခုခု လုပ်ဖြစ်နေတယ်ဆိုတာကို သတိထားမိလာမှာပါ။ အိပ်ချိန်ကိုလည်း မလျော့အောင် သတိထားပြီး အချိန်ဇယားဆွဲအုံးနော်။


၂. ဘာတွေကို အရင်လေ့လာမလဲ

အချိန်တွေကို စီမံခန့်ခွဲတတ်တဲ့ အရည်အချင်းမှာ ကိုယ်အရင်ဆုံးလုပ်သင့်တာ ဘာလဲဆိုတာကို သေချာ သိဖို့ လိုအပ်တာပါ။ ကျောင်းသားတော်တော်များများက ကိုယ်မရသေးတဲ့ဘာသာရပ် အရေးကြီးတဲ့ အလုပ်တွေကို နောက်ဆုံးမှ လုပ်မယ်ဆိုပြီး ချိန်ထားတတ်ပါတယ်။ ကိုယ်ရပြီးသား ရင်းနှီးပြီးသားအရာတွေ ကို ဦးစားပေးလုပ်ဆောင်တတ်တာကြောင့် မလိုအပ်ပဲ အမှတ်တွေလျော့ စေပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ဦးစားပေးစနစ်နဲ့ စီထားပါ။

Recommended For You >>> လေယာဉ်မောင်/လေယာဉ်မယ် ဖြစ်ချင်သူတွေ သိထားသင့်တဲ့ အခြေခံလိုအပ်ချက်(၉)ချက်

 

၃. ထပ်ခါထပ်ခါ မလုပ်မိအောင် သတိထားပါ

ကိုယ်ဘာတွေလုပ်စရာရှိလဲ ဘာတွေ လုပ်ထားပြီးပြီလဲ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဒါမှ ကိုယ်လုပ်ပြီးသား အရာတွေကို ထပ်ခါထပ်ခါ လုပ်မိပြီး အချိန်ကုန်ခြင်းက ကင်းဝေးမှာပါ။ ကိုယ်လုပ်ပြီးသားအလုပ်နဲ့ မလုပ်ရသေးတဲ့အလုပ်လေးတွေကို tips လေးတွေနဲ့ မှတ်ထားတာမျိုး လုပ်ထားသင့်ပါတယ်။

 

၄. ကိုယ့်အတွက် နှောင့်နှေးစေတာတွေ၊ စိတ်ရှုပ်စေတာတွေကို ရှောင်ကြဉ်ပါ

ကိုယ့်အတွက်ဘယ်နေရာမှာ စာလေ့လာတာအဆင်ပြေလဲ ၊ ဘယ်လိုလေ့လာတာ အာရုံစူးစိုက်မှုရစေလဲ ၊ ဒါတွေကိုမေးခွန်းထုတ်ပါ။ ဥပမာ တစ်ချို့ကျောင်းသားများဟာ တစ်ဦးတည်းလေ့လာရတာက အဆင်ပြေစေပြီး ၊ တစ်ချို့ကျောင်းသားများအတွက် အဖွဲ့အစည်းနဲ့လေ့လာတာကို ပိုအဆင်ပြေစေပါတယ်။

ကျောင်းသား၊ ကောျင်းသူများအနေနဲ့ ဘာသာစကားများနှင့် အခြားစီးပွားရေးနယ်ပယ်မှ ဘာသာရပ်များကို သင်ကြားပေးသော ကိုယ်ပိုင် study guide များကိုရှာဖွေလိုပါက တွင် sayar.com.mm အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

sayar.com.mm

Minsayar

Read times Last modified on Monday, 30 December 2019 17:17
Rate this articles
(0 votes)