×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 11 January 2018

ထိုင္းနိုင္ငံမွာ ေက်ာင္းသြားတက္မယ္ဆိုရင္

ထိုင္းနိုင္ငံမွာ ေက်ာင္းသြားတက္မယ္ဆိုရင္ crown education

ထိုင္းနိုင္ငံတြင္ ပညာသြားေရာက္သင္ၾကားဖို႔ စိတ္ပါဝင္စားတဲ့ ေက်ာင္းသား ေက်ာင္းသူေလးမ်ား နဲ႕ မိဘမ်ား အတြက္ ထိုင္းနိုင္ငံပညာေရးစနစ္ အေၾကာင္းကို crown education မွရွင္းလင္းခ်က္အား မ်ွေဝေဖာ္ျပ ေပးလိုက္ပါတယ္။

ျမန္မာနိုင္ငံႏွင့္ အစားအေသာက္၊ ယဥ္ေက်းမွုမ်ားစြာတူညီၿပီး ေလယဥ္ျဖင့္ (၁)နာရီခန႔္သာသြားလာရသည့္ ထိုင္းနိုင္ငံသည္ ျမန္မာနိုင္ငံမွေက်ာင္းသူေက်ာင္းသားမ်ား အတြက္ အဆင့္ျမင့္ပညာကိုသင္ယူဖို႔ေရြးခ်ယ္ သင့္သည့္ နိုင္ငံတစ္နိုင္ငံျဖစ္ပါသည္။

ျမန္မာနိုင္ငံႏွင့္ ခရီးသြားရန္ အခ်ိန္အားျဖင့္ မ်ားစြာမကြာေဝးသည္ သာမက၊ ထိုင္းနိုင္ငံတြင္ပညာသင္ယူ ရာတြင္ ပညာေရးတြင္ အဆင့္ျမင့္မားသည့္အေလ်ာက္ ကုန္က်စရိတ္ မွာလည္းအံ့ၾသဘြယ္ေကာင္း ေလာက္ေအာင္ သက္သာသည္။ ၂+၂ ပရိုဂရမ္ျဖစ္ေသာ ထိုင္းနိုင္ငံတြင္ (၂)ႏွစ္ ၾသစေၾတလ်နိုင္ငံတြင္ (၂) ႏွစ္ျဖင့္ သင္ယူနိင္သည့္ အစီအစဥ္မ်ားလည္းရွိသည္။

Recommended for you - သင္ဘယ္ႏွစ္ႀကိမ္ ျငင္းပယ္ခံခဲ႔ရဘူးပါသလဲ?

ထိုင္းနိုင္ငံတြင္ပညာသင္ၾကားရာတြင္ တစ္ႏွစ္လ်င္ စာသင္စရိတ္ အနည္းဆုံး US$ 4000 ခန႔္မွ စ၍ ပညာသင္ၾကားနိုင္သည္။ ထို႔အျပင္ အေမရိကန္မွ တိုက္ရိုက္ ခ်ီးျမင့္ေပးအပ္သည့္ဘြဲ႕ကို ထိုင္းနိုင္ငံတြင္ သင္ယူနိုင္ သကဲ့သို႔ ထိုင္းနိုင္ငံတြင္ (၂)ႏွစ္ အေမရိကန္နိုင္ငံတြင္ (၂) ႏွစ္ဆက္လက္ပညာသင္ယူနိုင္သည့္ တကၠသိုလ္မ်ားလည္းရွိသည္။ ျမန္မာနိုင္ငံတြင္သင္ၾကားသည့္ ကုန္က်စရိတ္ခန႔္ျဖင့္ပင္ ထိုင္းနိုင္ငံရွိ နိုင္ငံတကာအဆင့္ တကၠသိုလ္ႀကီးမ်ားတြင္ နိုင္ငံတကာအဆင့္ပညာေရးကို ေလ့လာသင္ၾကား နိုင္သည္။

ထိုင္းနိုင္ငံတြင္ေက်ာင္းမ်ားကို City Campus ႏွင့္ Main Campus ဟုေတြ႕ရွိနိုင္ၿပီး၊ City Campus ကို သြားေရးလာေရးလြယ္ကူသည့္ ဘန္ေကာက္ၿမိဳ႕ေပၚတြင္ ဖြင့္လွစ္ ထားရွိသည္။ ထိုင္းနိုင္ငံရွိ တကၠသိုလ္ အမ်ားစု၏ Main Campus မ်ားသည္ အလြန္ က်ယ္ဝန္းၿပီး၊ တကၠသိုလ္အဂၤါရပ္ႏွင့္ ေလ်ာ္ညီစြာ ပစၥည္း ကရိယာမ်ား၊ တကၠသိုလ္ ပရဝုဏ္မ်ားျဖင့္ ဖြဲ႕စည္းတည္ေဆက္ထားသည္။ အခ်ိဳ႕ တကၠသိုလ္မ်ားတြင္ ေက်ာင္းဝန္းအတြင္း ေက်ာင္းသူေက်ာင္းမ်ားလုံျခဳံစိတ္ခ်စြာ ေနထိုင္စားေသာက္နိုင္ရန္အေဆာင္ မ်ားပါ စီစဥ္ထားေပးသည္။

Recommended for you - အသက္ ၂၅ ႏွစ္မတိုင္ခင္မွာ လူတိုင္းၾကံဳကို ၾကံဳရမယ့္ ဒုကၡ (၅) မ်ိဳး

ေလ့လာသင္ယူနိုင္သည့္ ပညာရပ္မ်ားမွာလည္း Business, IT, Engineering, Aeronautic Engineering, Civil, Archi, Interior Design, Fashion Design စသည့္ဘာသာရပ္မ်ားမွသည္ ဆရာဝန္မ်ားအတြက္ Health Care Management ဘာသာရပ္မ်ား၊ Teaching ႏွင့္ ဆက္စပ္ပတ္သက္သည့္ဘာသာရပ္မ်ား၊ MBA, MSc စသည့္ျဖင့္ အမ်ိဳးအစားစုံလင္စြာျဖင့္ ေလာ့လာသင္ၾကားနိုင္သည္။ ခရီးသြားလုပ္ငန္းႏွင့္ ေဟာ္တယ္စီမံခန႔္ခြဲမွု ဘာသာရပ္မ်ားကိုလည္း အလုပ္ အေတြ႕အၾကဳံျဖင့္ ထိုင္းနိုင္ငံတြင္ ေလ့လာ သင္ၾကားနိုင္သည္။

ေရြးခ်ယ္နိုင္သည့္ ဘာသာရပ္လည္း မ်ားသည့္အျပင္ အစားအေသာက္ေနထိုင္မွဳပံုစံ ယဥ္ေက်းမွဳကလည္း ျမန္မာနိုင္ငံနွင့္ သိပ္ျပီးမကြာျခားသည့္အခ်က္ နိုင္ငံတကာေက်ာင္းမ်ားနွင့္လည္း ခ်ိတ္ဆက္ထားသည့္ အခ်က္ မိဘမ်ား သြားေရာက္လွ်င္လည္း နာရီပိုင္းသာ ၾကာျမင့္သည့္ အခ်က္ေတြက ေက်ာင္းသားေတြ အတြက္ေရာ မိဘမ်ားအတြက္ပါ အဆင္ေျပေစနိုင္ပါတယ္။ ဒါေၾကာင့္ နိုင္ငံတကာ ပညာေရးကို စိတ္ဝင္စား သည့္ ေက်ာင္းသားမ်ားအတြက္ ထိုင္းနိုင္ငံက ပညာသြားေရာက္သင္ယူဖို႔အတြက္ အေကာင္းဆံုးထဲက တစ္နိုင္ငံျဖစ္ေၾကာင္း ညႊန္းခ်င္ပါတယ္။

ထိုင္းနိုင္ငံမွာ ပညာသြားေရာက္ဖို႔စိတ္ဝင္စားျပီး ထိုင္းဘာသာစကားကိုပါ သင္ယူထားခ်င္သူမ်ား sayar.com.mm တြင္ ရွိေသာ ထိုင္းဘာသာသင္ၾကားေပးေသာ ဆရာ ဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။

သင္က ဆရာတစ္ေယာက္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔နဲ႕ လက္တြဲလိုက္ပါ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Credit: crown education

[Unicode Version]

ထိုင်းနိုင်ငံတွင် ပညာသွားရောက်သင်ကြားဖို့ စိတ်ပါဝင်စားတဲ့ ကျောင်းသား ကျောင်းသူလေးများ နဲ့ မိဘများ အတွက် ထိုင်းနိုင်ငံပညာရေးစနစ် အကြောင်းကို crown education မှရှင်းလင်းချက်အား မျှဝေဖော်ပြ ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံနှင့် အစားအသောက်၊ ယဉ်ကျေးမှုများစွာတူညီပြီး လေယဉ်ဖြင့် (၁)နာရီခန့်သာသွားလာရသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများ အတွက် အဆင့်မြင့်ပညာကိုသင်ယူဖို့ရွေးချယ် သင့်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ခရီးသွားရန် အချိန်အားဖြင့် များစွာမကွာဝေးသည် သာမက၊ ထိုင်းနိုင်ငံတွင်ပညာသင်ယူ ရာတွင် ပညာရေးတွင် အဆင့်မြင့်မားသည့်အလျောက် ကုန်ကျစရိတ် မှာလည်းအံ့သြဘွယ်ကောင်း လောက်အောင် သက်သာသည်။ ၂+၂ ပရိုဂရမ်ဖြစ်သော ထိုင်းနိုင်ငံတွင် (၂)နှစ် သြစတြေလျနိုင်ငံတွင် (၂) နှစ်ဖြင့် သင်ယူနိင်သည့် အစီအစဉ်များလည်းရှိသည်။

Recommended for you - သင်ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ?

ထိုင်းနိုင်ငံတွင်ပညာသင်ကြားရာတွင် တစ်နှစ်လျင် စာသင်စရိတ် အနည်းဆုံး US$ 4000 ခန့်မှ စ၍ ပညာသင်ကြားနိုင်သည်။ ထို့အပြင် အမေရိကန်မှ တိုက်ရိုက် ချီးမြင့်ပေးအပ်သည့်ဘွဲ့ကို ထိုင်းနိုင်ငံတွင် သင်ယူနိုင် သကဲ့သို့ ထိုင်းနိုင်ငံတွင် (၂)နှစ် အမေရိကန်နိုင်ငံတွင် (၂) နှစ်ဆက်လက်ပညာသင်ယူနိုင်သည့် တက္ကသိုလ်များလည်းရှိသည်။ မြန်မာနိုင်ငံတွင်သင်ကြားသည့် ကုန်ကျစရိတ်ခန့်ဖြင့်ပင် ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့် တက္ကသိုလ်ကြီးများတွင် နိုင်ငံတကာအဆင့်ပညာရေးကို လေ့လာသင်ကြား နိုင်သည်။
ထိုင်းနိုင်ငံတွင်ကျောင်းများကို City Campus နှင့် Main Campus ဟုတွေ့ရှိနိုင်ပြီး၊ City Campus ကို သွားရေးလာရေးလွယ်ကူသည့် ဘန်ကောက်မြို့ပေါ်တွင် ဖွင့်လှစ် ထားရှိသည်။ ထိုင်းနိုင်ငံရှိ တက္ကသိုလ် အများစု၏ Main Campus များသည် အလွန် ကျယ်ဝန်းပြီး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် လျော်ညီစွာ ပစ္စည်း ကရိယာများ၊ တက္ကသိုလ် ပရဝုဏ်များဖြင့် ဖွဲ့စည်းတည်ဆေက်ထားသည်။ အချို့ တက္ကသိုလ်များတွင် ကျောင်းဝန်းအတွင်း ကျောင်းသူကျောင်းများလုံခြုံစိတ်ချစွာ နေထိုင်စားသောက်နိုင်ရန်အဆောင် များပါ စီစဉ်ထားပေးသည်။

Recommended for you - အသက် ၂၅ နှစ်မတိုင်ခင်မှာ လူတိုင်းကြုံကို ကြံုရမယ့် ဒုက္ခ (၅) မျိုး
လေ့လာသင်ယူနိုင်သည့် ပညာရပ်များမှာလည်း Business, IT, Engineering, Aeronautic Engineering, Civil, Archi, Interior Design, Fashion Design စသည့်ဘာသာရပ်များမှသည် ဆရာဝန်များအတွက် Health Care Management ဘာသာရပ်များ၊ Teaching နှင့် ဆက်စပ်ပတ်သက်သည့်ဘာသာရပ်များ၊ MBA, MSc စသည့်ဖြင့် အမျိုးအစားစုံလင်စွာဖြင့် လော့လာသင်ကြားနိုင်သည်။ ခရီးသွားလုပ်ငန်းနှင့် ဟော်တယ်စီမံခန့်ခွဲမှု ဘာသာရပ်များကိုလည်း အလုပ် အတွေ့အကြုံဖြင့် ထိုင်းနိုင်ငံတွင် လေ့လာ သင်ကြားနိုင်သည်။
ရွေးချယ်နိုင်သည့် ဘာသာရပ်လည်း များသည့်အပြင် အစားအသောက်နေထိုင်မှုပုံစံ ယဉ်ကျေးမှုကလည်း မြန်မာနိုင်ငံနှင့် သိပ်ပြီးမကွာခြားသည့်အချက် နိုင်ငံတကာကျောင်းများနှင့်လည်း ချိတ်ဆက်ထားသည့် အချက် မိဘများ သွားရောက်လျှင်လည်း နာရီပိုင်းသာ ကြာမြင့်သည့် အချက်တွေက ကျောင်းသားတွေ အတွက်ရော မိဘများအတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးကို စိတ်ဝင်စား သည့် ကျောင်းသားများအတွက် ထိုင်းနိုင်ငံက ပညာသွားရောက်သင်ယူဖို့အတွက် အကောင်းဆုံးထဲက တစ်နိုင်ငံဖြစ်ကြောင်း ညွှန်းချင်ပါတယ်။
ထိုင်းနိုင်ငံမှာ ပညာသွားရောက်ဖို့စိတ်ဝင်စားပြီး ထိုင်းဘာသာစကားကိုပါ သင်ယူထားချင်သူများ sayar.com.mm တွင် ရှိသော ထိုင်းဘာသာသင်ကြားပေးသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
သင်က ဆရာတစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့နဲ့ လက်တွဲလိုက်ပါ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit: crown education

 

Read times Last modified on Friday, 03 January 2020 10:42
Rate this articles
(1 Vote)