×
Warning
JUser: :_load: Unable to load user with ID: 723
Student
Wednesday, 31 January 2018
ဂျပန်တွင် ဘွဲ့လွန်တက်ရောက်ချင်သူများအတွက် ပညာသင်ဆုနှင့် ပက်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ပေးမည်
ဂျပန်တွင် ဘွဲ့လွန်တက်ရောက်ချင်သူများအတွက် ပညာသင်ဆုနှင့် ပက်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ပေးမည် google.com
[Unicode Version]
လက်ရှိချိန်တွင် ဂျပန်ဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယအများဆုံး သင်ယူသည့် ဘာသာစကားတစ်ခု ဖြစ်လာပြီး လူငယ်အများစုသည် ဂျပန်နိုင်ငံသို့ ကျောင်းသွားတက်ခြင်းဖြင့်သော် လည်းကောင်း အလုပ်သွားရောက်လုပ်ကိုင်ခြင်းဖြင့်သော်လည်းကောင်း သွားရောက်ဖို့ ဆန္ဒရှိကြသည်။
ဂျပန်နိုင်ငံတွင် ဘွဲ့လွန်တက်ရောက်ဖို့ စိတ်ဝင်စားသူများအတွက် Himawari Japanese Language School မှ Academic Seminar 2018 ကို ဖေဖော်ဝါရီလ ၄ ရက်တွင် ကျင်းပပြုလုပ်ပေးသွားမည်။
ဂျပန်နိုင်ငံတွင် ဘွဲ့လွန်တက်ရောက်လိုသူတွေအတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်မှ ဆရာများက တက္ကသိုလ်တွေနဲ့ ့ ပညာတော်သင်ဆုများအကြောင်းကို ရှင်းလင်းပြောကြား ပေးသွားမှာဖြစ်ပါတယ်။ ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်တန်း ပညာတော်သင် နည်းလမ်းများ၊ စတဲ့ အထူးပြုဘာသာရပ် နယ်ပယ်အသီးသီး အတွက် တိုက်ရိုက်ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
Recommended for you - ဂျပန်၊ ကိုရီးယား ဘာသာစကားလေ့လာနေသူများအတွက် android app များ
၃ ရက်နေ့မှာ OJEIC တွင် ဘွဲ့လွန်တက် ရောက်ရန် ရည်ရွယ်ထားသူတွေအတွက် ဆရာများနှင့် တိုက်ရိုက်တစ်ဦးချင်း ပညာတော်သင် ဆွေးနွေးမူ များ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိပညာ အရည်အချင်းနှင့် သုတေသနပြုလုပ်လိုသည့် အကြောင်းအရာ များ နှင့်တကွ အမည်စာရင်း ပေးသွင်းနိုင်ပါတယ်။
ဘွဲ့လွန်တန်း အထူးပြုဘာသာရပ်များ၊ ပညာတော်သင်ဆုများနှင့် ပတ်သက်သော ဆွေးနွေးမူ ပြုလုပ်လို သူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ နံနက် ၁၀ နာရီ မှ နေ့လယ် ၁ နာရီအထိ ပုလဲကွန်ဒို အဆောင်(B) ရှိ Himawari Japanese Language School မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အသေးစိတ် သိရှိလိုပါက OJEIC(Okayama University Japan Educational Information Center) ဖုန်း ၀၉- ၂၆၁၈၄၁၀၅၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
သင့်ရဲ့ သားသားမီးမီးလေးတွေ အတွက် ဒါမှမဟုတ် ညီလေး ညီမလေးတွေအတွက် အနီးကပ် လမ်းညွှန်မှုတွေနဲ့ စာသင်ပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို ရှာဖွေနေပါသလား။ sayar.com.mm ရှိပါတယ်။ Academic year အတွက် သင်ကြားပေးနေသော ဆရာ ဆရာမများကို ဒီ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုလျှင် ကျွန်တော်တို့နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ Register လုပ်လိုက်ပါ။
Source: Internetjournal
Read times Last modified on Monday, 30 December 2019 16:32
Rate this articles
(0 votes)