×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Thursday, 05 April 2018

ကလေးများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည့် Myanmar STEAM Fair

ကလေးများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည့် Myanmar STEAM Fair google.com

အင်တာနက်ဂျာနယ်မှကြီးမှူးပြီး Fun and Learn Education Center/ Youth Society for Education တို့ပူးပေါင်းပြီး ကလေးငယ်များ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်ကာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Myanmar STEAM Fair 2018 ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Myanmar STEAM Fair 2018 ကို ဧပြီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ အထိ Junction City Shopping Center မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးငယ်တွေအနေနဲ့ အခမဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ပွဲအတွင်းမှာ Science, Technology, Engineering, Arts နဲ့ Mathematics စတဲ့အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ ဥာဏ်စမ်းမေးခွန်းဖြေဆိုခြင်း၊ ဂိမ်းကစားခြင်း အစီအစဉ်အပြင် အခြားအကြောင်းအရာတွေနဲ့ ပက်သက်တဲ့ ပြိုင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို အသက် ၆ နှစ်မှ ၈ နှစ်အရွယ်တွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် LEGO Design Challenge နှင့် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ အသက်အရွယ်တွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် Internet Journal STEAM Challenge အပြင် ပြပွဲချိန်အတွင် Booth များထားရှိကာ ပြုလုပ်ပေးနေမယ့် ပြိုင်ပွဲငယ် ၈ မျိုးပါဝင်မှာ ဖြစ်ပါတယ်။

အသက် ၆ နှစ်မှ ၈ နှစ်အရွယ်ကလေးများ ယှဉ်ပြိင်ရမည့် LEGO Design Challenge မှာတော့ LEGO ရုပ် များအသုံးပြုကာ မိမိနှစ်သက်ရာ ပုံစံဒီဇိုင်းတစ်ခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပေးထားမှာဖြစ်ပြီး သတ်မှတ်ချိန်အတွင်း တည်ဆောက်ထားသော ဒီဇိုင်းပုံစံများကို ဓာတ်ပုံ ရိုက်ကူးထားကာ ဒိုင်များမှ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ LEGO Design Challenge မှာတော့ ပြိုင်ပွဲဝင် တစ်ဦးချင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ်ကလေးများ ယှဉ်ပြိုင်ရမည့် Internet Journal STEAM Challenge တွင် သိပ္ပံပညာရှင်များအကြောင်းကို ပိုစတာဖွက်ထားခြင်းမှ ရှာဖွေ (သို့) မဲနှိုက်ကာ ကျသည့် သိပ္ပံပညာရှင်များ အကြောင်းအရာကို စင်ပေါ်တွင် Presentation ပြုလုပ်ခြင်း၊ LEGO ပြိုင်ပွဲ (ကိုယ်ပိုင်အကြံဥာဏ်ဖြင့် ဖန်တီးတည်ဆောက်ခြင်း) ယှဉ်ပြိုင်ခြင်း၊ Laptop ဖြင့် Science Quiz များဖြေဆိုခြင်း၊ EV3 ပြိုင်ခြင်းဆိုပြီး အဆင့်လေးဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အမှတ်အများဆုံးအသင်းအနေနဲ့ Internet Journal STEAM Challenge Winner ဆုကို ရရှိမှာ ဖြစ်ပါတယ်။ အသင်းတစ်သင်းကို နှစ်ဦးမှ ငါးဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ပထမရက်တွင် ပြိုင်ပွဲအမျိုးအစားနှစ်ခုစလုံးမှ အမှတ်အများအသင်းများကို ရွေးချယ်သွားမှာဖြစ်ပြီး ဒုတိယ မြောက်ရက်တွင် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြပွဲချိန်အတွင်း Booth များထားရှိကာ ပြုလုပ်ပေးနေမယ့်ပြိုင်ပွဲငယ် ၈ မျိုးကတော့ Melt and Pour SOAP Art Challenge (သဘာဝဆပ်ပြာဖြင့် ဒီဇိုင်းပုံဖော်ခြင်း)၊ Bead (ပုတီးပုံစံပြုလုပ်ခြင်း)၊ Density (သိပ်သည်းဆ ကိုခန့်မှန်းခြင်း)၊ K’nex Challenge (K’nex ပစ္စည်းများအသုံးပြုကာ တံတားတည်ဆောက် ပြီး အလေးချိန်ခံနိုင်ရည်အားကို အလေးတုန်းချိတ်ကာ ခံနိုင်ရည်ရှိ မရှိကို စမ်းသပ်ခြင်း)၊ LEGOLandmark (မြန်မာပြည်ရဲ့ အထင်ကရ နေရာများကို Lego ရုပ်များဖြင့်တည်ဆောက်ကာ ပြိုင်ဆိုင်ခြင်း)၊ LEGOSmartSnippingWheel(Lego ရုပ်များဖြင့် Spinning Wheel တည်ဆောက်ကာ အလည်ဆုံးနှင့် အလှဆုံးအတွက် ပြိုင်ဆိုင်ခြင်း)၊ Electricity and Electronic Challenge (ဆားကစ်ဘုတ်များအသုံးပြု ကာ ပြိုင်ပွဲဝင်ခြင်း)၊ Origami (စာရွက်များအသုံးပြုကာ အရုပ်ခေါက်ကစားခြင်း)စတဲ့ ပြိုင်ပွဲတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေက ပွဲကိုလာရောက်သူတိုင်း တစ်ဦးချင်းဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး လက်ဆောင်ပစ္စည်းလေးတွေကို တိုက်ရိုက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်း အရောင်းပြခန်းတွေ လည်းပါဝင်ပြသမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို ဖုန်း - ၀၉ ၄၄၃၀၃၂၉၂၈ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

Source: InternetJournal

Read times Last modified on Tuesday, 07 January 2020 17:34
Rate this articles
(2 votes)