×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 01 February 2018

Australia Awards 2019 ပညာသင္ဆုကို စတင္ေလွ်ာက္ထားနိုင္ပါျပီ

Australia Awards 2019 ပညာသင္ဆုကို စတင္ေလွ်ာက္ထားနိုင္ပါျပီ google.com

Australia Awards ပညာသင္ဆုကို ေဖေဖာ္ဝါရီလမွ စတင္ေလွ်ာက္ထားနိုင္မွာျဖစ္ပါတယ္။ ၂၀၁၈ ခုနွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ စတင္ကာ ေလွ်ာက္ထားနိုင္မွာျဖစ္ျပီး ဧျပီလ ၃၀ ရက္ ေနာက္ဆံုးထား ေလွ်ာက္ ထားရမွာ ျဖစ္ပါတယ္။

 

ပညာသင္ဆုေလွ်ာက္ထားခ်င္သူေတြအေနနဲ႕ ပညာေရးအေျချပဳလူသားရင္းျမစ္ဖြံ႕ျဖိဳးေရးအတြက္ ပညာေရးနွင့္ သင္ၾကားေရး (Education and Traning)၊

ပညာေရးစီမံခန္႔ခြဲမွဳ (Education Management)၊

လူသားရင္းျမစ္ဖြ႕ံျဖိဳးတိုးတက္ေရး (Human Resource Development)

နယ္ပယ္မ်ား၊ ျငိမ္းခ်မ္းေရး၊ အစိုးရ ႏွင့္ လူသားအရင္းအျမစ္ ေထာက္ပံ့ေရး နယ္ပယ္မ်ားျဖစ္တဲ့ Humanitarian Support, Disaster Management, Development Studies, Public Policy ႏွင့္ နိုင္ငံတကာ ဆက္ဆံေရးနယ္ပယ္မ်ား၊

စီးပြါးေရး ဖြံ႕ျဖိဳးမွဳ၊ အမ်ားျပည္သူဆိုင္ရာနယ္ပယ္ ဖြံ႕ျဖိဳးမွဳႏွင့္ အစိုးရပိုင္းဆိုင္ရာ စီမံခန္႔ခြဲေရးနယ္ပယ္မ်ား ျဖစ္တဲ့ Economics, Business, Agriculture, Governanceand Natural Resource Management နဲ႕ Mining တို႔လို နယ္ပယ္ေတြအတြက္ ေလွ်ာက္ထားသင့္ေၾကာင္း အၾကံျပဳထားပါတယ္။

Recommended for you - စကၤာပူပညာေရးအေၾကာင္း စိတ္ဝင္စားတဲ့ ေက်ာင္းသားမ်ားနဲ႕ မိဘမ်ားအတြက္

ေလွ်ာက္ထားမယ့္သူေတြက အဂၤလိပ္စာ လိုအပ္ခ်က္အေနနဲ႕ IELTS သုိ႔မဟုတ္ TOFEL တို႔ကို မလို အပ္ပါဘူး။ ဒါေပမဲ့ အင္တာဗ်ဴးအတြက္ Shortlist တြင္ ေရြးခ်ယ္ျခင္းခံရပါက အဂၤလိပ္စာကြ်မ္းက်င္မွဳ အတြက္ Score မရွိေသးသူမ်ားကို IELTS ေျဖဆိုရန္ DFAT ရန္ပံုေငြမွ ေထာက္ပံ့ေပးသြားမွာပါ။

ေရြးခ်ယ္ခံ ရသူမွာ လိုအပ္ပါက အဂၤလိပ္စာသင္တန္းကို ၁၂ လ တက္ေရာက္ရမွာျဖစ္ပါတယ္။ ပညာသင္ဆုမွာ ခရီးစရိတ္၊ က်ဴရွင္စရိတ္၊ ေနထိုင္စရိတ္၊ ပညာသင္ကာလအတြင္း က်န္းမာေရးအတြက္ ကုန္က်စရိတ္၊ ပညာေရးေထာက္ပံ့ေပးသြား မွာပါ။

ပညာသင္ဆုနဲ႕ ပက္သက္ျပီး အေသးစိတ္ အခ်က္အလက္ေတြကို ၾသစေၾတးလ် သံရံုးရဲ႕ ပညာသင္ဆု အဖြဲ႕မွ ဇာနည္နဲ႕ Anna တို႔နဲ႕ ေတြ႔ဆံုေဆြးေႏြးနိုင္ပါတယ္။ online မွ ေလွ်ာက္ထားလိုသူေတြ အေနနဲ႕ ဒီ link မွတဆင့္ ေလ််ာက္ထားနိုင္ပါတယ္။

ႏွစ္စဥ္ ျမန္မာနိုင္ငံသား ၅၀ ခန္႔ကို ၾသစေၾတးလ်ကို သြားေရာက္ပညာသင္ၾကားနိုင္ဖို႔ ကူညီေရြးခ်ယ္ေပး လ်က္ရွိပါတယ္။

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါသလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပးပါတယ္။ ဆရာေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Source: Internetjournal

[Unicode Version]

Australia Awards ပညာသင်ဆုကို ဖေဖော်ဝါရီလမှ စတင်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ လျှောက်ထားနိုင်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက် နောက်ဆုံးထား လျှောက် ထားရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားချင်သူတွေအနေနဲ့ ပညာရေးအခြေပြုလူသားရင်းမြစ်ဖွံ့ဖြိုးရေးအတွက် ပညာရေးနှင့် သင်ကြားရေး (Education and Traning)၊

ပညာရေးစီမံခန့်ခွဲမှု (Education Management)၊

လူသားရင်းမြစ်ဖွ့ံဖြိုးတိုးတက်ရေး (Human Resource Development)

နယ်ပယ်များ၊ ငြိမ်းချမ်းရေး၊ အစိုးရ နှင့် လူသားအရင်းအမြစ် ထောက်ပံ့ရေး နယ်ပယ်များဖြစ်တဲ့ Humanitarian Support, Disaster Management, Development Studies, Public Policy နှင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်များ၊

စီးပွါးရေး ဖွံ့ဖြိုးမှု၊ အများပြည်သူဆိုင်ရာနယ်ပယ် ဖွံ့ဖြိုးမှုနှင့် အစိုးရပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးနယ်ပယ်များ ဖြစ်တဲ့ Economics, Business, Agriculture, Governanceand Natural Resource Management နဲ့ Mining တို့လို နယ်ပယ်တွေအတွက် လျှောက်ထားသင့်ကြောင်း အကြံပြုထားပါတယ်။

Recommended for you - စင်္ကာပူပညာရေးအကြောင်း စိတ်ဝင်စားတဲ့ ကျောင်းသားများနဲ့ မိဘများအတွက်

လျှောက်ထားမယ့်သူတွေက အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS သို့မဟုတ် TOFEL တို့ကို မလို အပ်ပါဘူး။ ဒါပေမဲ့ အင်တာဗျူးအတွက် Shortlist တွင် ရွေးချယ်ခြင်းခံရပါက အင်္ဂလိပ်စာကျွမ်းကျင်မှု အတွက် Score မရှိသေးသူများကို IELTS ဖြေဆိုရန် DFAT ရန်ပုံငွေမှ ထောက်ပံ့ပေးသွားမှာပါ။

ရွေးချယ်ခံ ရသူမှာ လိုအပ်ပါက အင်္ဂလိပ်စာသင်တန်းကို ၁၂ လ တက်ရောက်ရမှာဖြစ်ပါတယ်။ ပညာသင်ဆုမှာ ခရီးစရိတ်၊ ကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလအတွင်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်၊ ပညာရေးထောက်ပံ့ပေးသွား မှာပါ။

ပညာသင်ဆုနဲ့ ပက်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သြစတြေးလျ သံရုံးရဲ့ ပညာသင်ဆု အဖွဲ့မှ ဇာနည်နဲ့ Anna တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။ online မှ လျှောက်ထားလိုသူတွေ အနေနဲ့ ဒီ link မှတဆင့် လျျောက်ထားနိုင်ပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံသား ၅၀ ခန့်ကို သြစတြေးလျကို သွားရောက်ပညာသင်ကြားနိုင်ဖို့ ကူညီရွေးချယ်ပေး လျက်ရှိပါတယ်။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါသလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာတွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source: Internetjournal

 

Read times Last modified on Monday, 30 December 2019 16:29
Rate this articles
(8 votes)