×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 06 March 2018

စာမေးပွဲကြီးဖြေတဲ့နေ့မှာ

စာမေးပွဲကြီးဖြေတဲ့နေ့မှာ google.com

ဖြေဆိုမယ့်ညမှာ ပထမဦးစားပေးရွေးချယ်ပေးထားတဲ့ သင်ခန်းစာတွေကို ရအောင်ပြန်နွှေးရပါ့မယ်။

အချိန်ရသေးရင် ဒုတိယဦးစားပေးတွေကို ထပ်ပြီး နွှေးပါ။ ကျန်တဲ့သင်ခန်းစာကို များများဖတ်ထား မှတ်ထားလိုက်ပါ။

 

သင်ခန်းစာအသစ်တွေကို တိုးပြီး မကျက်မှတ်သင့်တော့ပါဘူး။ အချိန်တွေကုန်တဲ့အပြင် ရထားတဲ့စာတွေပါ ရောသွားစေနိုင်ပါတယ်။

 

အိပ်ချိန်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ညနက်တဲ့ထိ စာကြည့်တာမျိုးကို မလုပ်ပါနဲ့။ အိပ်ရေးပျက်တာက ဦးနှောက်ကို မကြည်မလင်ဖြစ်စေတဲ့အတွက် စာမေးပွဲခန်းထဲမှာ မူးဝေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

စာကြည့်တဲ့အခါမှာလည်း အားလုံးကို ပြန်ကြည့်လို့မှီပါ့မလား။ ငါမကြည့်လိုက်တာ မေးရင်ဘယ်လိုလုပ်မလဲ။ ဟိုဟာလေးလဲ ကြည့်ချင်သေးတယ် ဒါလည်း ကြည့်ချင်သေးတယ် ဒီလိုမျိုး စိတ်တွေဒွိဟဖြစ် တတ်ပါတယ်။ စိတ်အေးအေးထားပါ။ အစကတည်းက မကြည့်ဘူးလို့ ဆုံးဖြတ်ထားတဲ့စာတွေဆိုရင် ပြတ်ပြတ်သားသား ပယ်လိုက်ပါ။ 

 

Recommended for you - စာမေးပွဲရဲ့ အနှစ်သာရ

 

စာမေးပွဲဖြေဆိုချိန်ဟာ နံနက် ၉ နာရီကနေ ၁၂ နာရီအထိ ၃ နာရီတိတိ ကြာမြင့်မှာ ဖြစ်တဲ့အတွက်စာတွေကို ပြန်ကြည့်ချိန်ဟာနံနက် ၆ နာရီဆိုရင် ရပ်နားသင့်ပါတယ်။ ၆ နာရီထိုးတာနဲ့ ရေချိုး၊ သန့်စင်ခန်းဝင်ပြီးတာနဲ့ နံနက်စာကို ၀၀လင်လင် စားသုံးပေးဖို့ လိုအပ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတိုင်း လွဲမှားစွာ လုပ်နေတဲ့ အချက်တစ်ချက်မှာ နံနက်ကျောင်းသွားချိန် ၇ နာရီကနေ ၈ နာရီခွဲလောက်အတွင်းကို စာတွေ အပြန်ပြန် အလှန်လှန် ကြည့်နေကြခြင်း ဖြစ်ပါတယ်။

 

တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင် အဲလို ပြုလုပ်ခြင်းဟာ ဘာစာမှမရပါဘူး၊ မှတ်လည်းမမှတ်မိနိုင်ပါဘူး။ ကိုယ်လုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။

 

 Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုနိုင်ဖို့ လမ်းညွှန်ချက်တချို့

 

ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလို ပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Read times Last modified on Friday, 03 January 2020 14:34
Rate this articles
(1 Vote)