×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 02 April 2018

ထိုင်းနိုင်ငံထိပ်တန်းတက္ကသိုလ်များပါဝင်ပြသမည့် Thai Education Fair 2018

ထိုင်းနိုင်ငံထိပ်တန်းတက္ကသိုလ်များပါဝင်ပြသမည့် Thai Education Fair 2018 google.com

မြန်မာနိုင်ငံနှင့် အစားအသောက် ယဉ်ကျေးမှုများစွာ တူညီပြီး နိုင်ငံတကာကျောင်းများနှင့်လည်း ချိတ်ဆက် ထားသည့် ထိုင်းနိုင်ငံသည် လေယာဉ်ဖြင့် ၁ နာရီခန့်သာသွားလာရသည့်အတွက် မြန်မာကျောင်းသားများ သွားရောက်ပညာသင်ကြားရန် စိတ်ဝင်စားကြပါသည်။

ယခုလည်း ထိုင်းနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များ ပါဝင်ပြသမည့် Thailand Education Fair (Myanmar) 2018 ကျင်းပပြုလုပ်မည့်အကြောင်း သတင်းပေးချင်ပါတယ်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ လက်ရှိတက္ကသိုလ်တက်ရောက်နေသူများ၊ မဟာဘွဲ့ တက်ရောက်လိုသူများ၊ ပါရဂူဘွဲ့ရယူမည့်သူများအတွက် ပညာသင်ထောက်ပံ့ကြေး Scholarship ပုံစံအမျိုး မျိုးဖြင့် ပညာသင်ယူရန် စိတ်ဝင်စားသူများအား အခမဲ့ သွားရောက်လေ့လာနိုင်ပါတယ်။

ပါဝင်ပြသမည့် တက္ကသိုလ်များက - 

thai education fair

ထို့အပြင် ထိုင်းမှာ ပညာသွားသင်မယ့် မြန်မာကျောင်းသားများအတွက် Thai Language Preparation Course များကိုလဲ စီစဉ်ပေးမည်ဟု သိရပါတယ်။ စာရင်းပေးသွင်းရန်လိုအပ်ပြီး အရင်ဆုံးစာရင်းပေးသွင်းသူ (သတ်မှတ်အရေအတွက်)ကို အခမဲ့ တက်ရောက်ခွင့်ပေးမှာဖြစ်ပါတယ်။

ပညာရေးပြပွဲကို ၂၀၁၈ ဧပြီလ ၇ ရက် စနေနေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ Sule Shangri-La Hotel (Ball Room 2) တွင် ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းက ကြီးမှူး ကျင်းပပြု လုပ်သွားမည် ဖြစ်ပါသည်။

တက်ရောက်လိုသူများအနေဖြင့်

ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း (AMAUT)

Email – This email address is being protected from spambots. You need JavaScript enabled to view it.

Ph – 09 441320909 သို့ ဆက်သွယ်အကြောင်းကြားပြီး ကြိုတင်စားရင်းပေးသွင်းလို့ ရပါတယ်။

Source: AMAUT

Recommended for you - 

Read times Last modified on Tuesday, 07 January 2020 17:33
Rate this articles
(1 Vote)