James Cook University မှ မြန်မာနိုင်ငံမှထူးချွန်ကျောင်းသူ၊ ကျောင်းသားများ၏ပညာအရည်အချင်း ပေါ်မူတည်ကာ ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုများကို စာသင်နှစ်တစ်နှစ်စာ အတွက်ပေးအပ်သွားမည်။
အဆိုပါ ပညာသင်ဆုများအတွက် စာမေးပွဲတွေကို မေလ ၂၆ ရက်မှာ ရန်ကုန်မြို့ရှိ (Novotel Hotel)နဲ့ မေလ ၂၇ ရက်မှာ မန္တလေးမြို့ရှိ (Hotel Mandalay) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
James Cook University Singapore မှာ သြစတြေးလျနိုင်ငံရှိ Jame Cook University ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံရှိ Private University တွေမှာ (Edu Trust Star) ရရှိထားတဲ့ ကျောင်းနှစ် ကျောင်းထဲက တစ်ကျောင်းဖြစ်ပါတယ်။ James Cook University Singapore မှာ အချိန်တိုအတွင်း တက်ရောက်ပြီး ဘွဲ့ရရှိနိုင်တဲ့အပြင် ဘာသာရပ်နှစ်ခုကို တစ်ပြိုင်နက်တည်းတက်ရောက်သင်ကြား နိုင်မှာ ဖြစ်ပါတယ်။
Recommended for you - အခမဲ့ ပညာရေးဖြင့် ကမ္ဘာကို ပြောင်းလဲသူ
James Cook University Singapore မှ ပေးအပ်ချီးမြှင့်မည့် ရာနှုန်းပြည့်ပညာသင်ဆုတွေကတော့ Bachelor Degree နဲ့ Master Degree တိုင်းအတွက်ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဘွဲ့ရရှိထားပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဘာသာရပ်တွေကို လေ့လာလိုသူတွေအတွက် Master of Business Administration (MBA) ဘွဲ့များနဲ့ နည်းပညာပိုင်းများကို သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် Master of Information Technology (MIT)စတဲ့ ဘွဲ့များအပြင် Joint Master များလည်း သင်ယူနိုင်ပါတယ်။
ပညာသင်ဆုများ လျှောက်လွှာထားရန် ဝင်ခွင့်လိုအပ်ချက်တွေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို သိရှိစေရန် တစ်ဦးချင်းအသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်တဲ့အတွက် ဖြေဆိုလိုသူတွေအနေနဲ့ Study Abroad Information Centre ဖုန်း - ၀၉ ၅၁၅၁၀၀၈၊ ၀၉ ၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံး ဖုန်း - ၀၉ ၄၂၀၀၉၉၉၉၇ သို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
ဘာသာစကားအသစ်တစ်မျိုးကို သင်ယူဖို့ စိတ်ကူးနေပါသလား။ အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်ယူချင်ပါသလား။ ဘယ်ဆရာတွေနဲ့ သင်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ sayar.com.mm တွင် ဘာသာစကားပေါင်းများစွာကို သင်ကြားပေးနေသော ဆရာ ဆရာမတွေ ရှိပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source: Internet Journal
Recommended for you - ဂျပန်နိုင်ငံ MEXT မှ ပေးအပ်မည့်မြန်မာကျောင်းသားများအတွက် Scholarship Program