×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 08 May 2018

ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းတက်ရောက်ရန် Full Scholarship လျှောက်လွှာခေါ်ယူ

ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းတက်ရောက်ရန် Full Scholarship လျှောက်လွှာခေါ်ယူ google.com

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ဂျပန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်အထိ အထက်တန်းကျောင်း တက်ရောက်လိုတဲ့ ကျောင်းသားလူငယ် များကို ရွေးချယ်စေလွှတ်ရန် Full Scholarship လျှောက်လွှာခေါ်ယူနေတယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်းရှိသူ၊ ၂၀၀၃ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၀၀၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်အကြား မွေးဖွားသူ၊ ကျောင်းမှာ အဆင့်စံနှုန်းအတိုင်း ကျရှုံးတန်းမပါဘဲ လက်ရှိ GPA ဟာ 3.00 ထက်မနည်းရှိသူ၊ ဂျပန် (သို့မဟုတ်) Program တစ်ခုမတိုင်မီ ဂျပန်စာသင်ယူဖို့ဆန္ဒရှိသူ ဖြစ်ရမယ်လို့ သိရပါတယ်။

Recommended for you - Code ရေးသားခြင်းဆိုင်ရာ ဘာသာရပ်များကို သင်ယူနိုင်မည့် Website များ

ရွေးချယ်ခံရပါက (MAJA) အသင်းမှလိုအပ်တဲ့ သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ပေးမှာဖြစ်သလို အဆိုပါ ကာလအတွင်း စည်းကမ်းလိုက်နာရန် ပျက်ကွက်ပါက ရွေးချယ်စေလွှတ်မှု ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ Application Form (MAJA) ရုံးခန်းသို့ လာရောက်ထုတ်ယူရန်၊ ပညာ အရည်အချင်း အထောက်အထားနဲ့တကွ အမှတ်စာရင်း၊ MAJA အသင်းသားတစ်ဦးရဲ့ ထောက်ခံစာနဲ့ ဓာတ်ပုံ ၁ ပုံ ( 3cm x 4cm)၊ Passport Copy (လျှောက်လွှာနှင့်အတူ (သို့) လူတွေ့စစ်ဆေးသော နေ့မှာ ယူဆောင်လာရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ မေလ ၂ ရက်မှ ၉ ရက်အတွင်း နောက်ဆုံးထားလျှောက်ထား ရမှာဖြစ် ပါတယ်။ အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း ဖုန်း ၀၉-၂၆၂၆၀၂၁၂၁၊ ၀၉-၄၂၈၆၁၂၁၅၁ ကို ဆက်သွယ် မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

ဘာသာစကားအသစ်တစ်မျိုးကို သင်ယူဖို့ စိတ်ကူးနေပါသလား။ အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်ယူချင်ပါသလား။ ဘယ်ဆရာတွေနဲ့ သင်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ sayar.com.mm တွင် ဘာသာစကားပေါင်းများစွာကို သင်ကြားပေးနေသော ဆရာ ဆရာမတွေ ရှိပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit; Internet Journal

Recommended for you - စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာ ၅ မျိုး

Read times Last modified on Wednesday, 08 January 2020 13:30
Rate this articles
(2 votes)