ကျွန်တော်တို့ ကျောင်းတက်ကြတယ်။ မူလတန်း အလယ်တန်း အထက်တန်း ထိုမှတဆင့် တက္ကသိုလ်မြေသို့။ အသိပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အသိပညာကြွယ်ဝဖို့အတွက် ပညာတွေသင်ယူကြရတယ်။ သိပ္ပံဘာသာရပ် တွေ သင်္ချာဘာသာရပ်တွေက ကျောင်းသား/သူတိုင်းအတွက် မဖြစ်မနေသင်ယူကြရတယ်။
လက်တွေ့ အပြင် လောကထဲဝင်ရောက်တဲ့အခါ ဒီပညာတွေက မလုံလောက်ပါဘူး။ ကျောင်းပညာလည်း သင်ကြားရင်း လက်တွေ့ လောကကြီးကို ရင်ဆိုင်တဲ့အခါလိုအပ်တဲ့ ပညာတွေကိုလည်း သင်ယူရမှာပါ။ အဲ့ဒါတွေက
1 – Social Exposure
ခေါင်းဆောင်ကောင်းဆိုတဲ့ အရည်အချင်းက မွေးကတည်းက ပါလာတာမဟုတ်ပါဘူး။ ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ အသိပညာအရည်အချင်းတွေကသာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာစေမှာပါ။ ကျောင်းတက်စဉ် ကတည်းက ဆရာ/မတွေ အတန်းထဲက ကျောင်းသားတွေကို ဘယ်လိုအုပ်ချုပ်လဲ ဘယ်လိုစီမံခန့်ခွဲလည်း သူတို့ကို ယုံကြည်အောင်ဘယ်လိုလုပ်သလဲ ဒါတွေကို လေ့လာပါ။ သင့်ကို ဘယ်သူမှတော့ တကူးတက သင်ပေးမှာ မဟုတ်ပါဘူး သင်ကိုယ်တိုင် လေ့လာသင်ယူရမှာပါ။
Recommended for you - နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ ???
2 – Physical Education
ကျောင်းစာပဲလေ့လာနေတဲ့အခါ ကိုယ်ကာယပိုင်းလေ့ကျင့်မှု လျော့နည်းလာတတ်ပါတယ်။ ကျောင်းတွေမှာ လည်း ကာယချိန်ထည့်ထားပေမယ့် စာတွေ အချိန်မှီပြီးပြတ်အောင် ကျောင်းသားတွေ စာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုနိုင်ဖို့ အဓိက အာရုံစိုက်နေရတာဖြစ်တဲ့အတွက် ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါတယ်။ ကိုယ်ခန္ဓာကျန်းမာမှ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာပါ။
3 – Finance
ငွေကြေးစီမံခန့်ခွဲနိုင်မှုဆိုတဲ့ အရည်အချင်းကလည်း အရမ်းကို အရေးကြီးပါတယ်။ ကျောင်းတက်နေစဉ်က သိပ်မသိသာပေမယ့် တက္ကသိုလ်တက်တဲ့အခါ ရတဲ့မုန်ဖိုးကလည်း ကျောင်းတက်နေစဉ်ကထက်များပါတယ် ဒါဆို ကိုယ့်အတွက် အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ။ တချို့ဆို ကျောင်းတက်ရင်း အလုပ်လုပ်ကြတယ် ဒီအခါ ကိုယ့်ဝင်ငွေကို အလဟဿမဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲမလဲ။ နောင်လုပ်ငန်းခွင်ဝင်တဲ့အခါ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ ဒီအရည်အချင်းတွေက အရေးကြီးပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Source; youngisthan
Recommended for you - မြေပေါ်ကျတဲ့ ပိုက်ဆံလို