×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 14 May 2018

စာကြိုးစားစမ်းပါ။

စာကြိုးစားစမ်းပါ။ google.com

ဖေဖေရေ...

ဘာလို့ သားကို ခဏခဏ စာကြိုးစားခိုင်းတာလဲ

ပညာတတ်ဖြစ်တော့ကော သားသူဋ္ဌေးကြီးဖြစ်မှာလားတဲ့။

ကလေးရေ...
ဖေဖေပြောပြမယ်။
သားအခု စာကြိုးစားပေမဲ့လည်း
နောင်ပိုက်ဆံအများကြီးရှာဖွေလို့ ရချင်မှရမယ်။
ဒါပေမဲ့ သားစာကြိုးစားရင်..
သားပိုမို ကြီးမားကျယ်ပြောတဲ့ လောကကြီးကို 
ပိုင်ဆိုင်ပါလိမ့်မယ်။

ကလေးရေ..
စာကြိုးစားစမ်းပါ။
အထက်တန်းလွှာတွေ၊ လူပေါ်ကလူတွေ ဖြစ်ဖို့မဟုတ်ပါဘူး၊
ဘ၀အတွက် ရွေးချယ်စရာ ပိုမိုများပြားဖို့အတွက် ဖြစ်တယ်။

ကလေးရေ..
စာကြိုးစားစမ်းပါ။ 
သူငယ်ချင်း အပေါင်းအသင်းတွေ ပိုမိုများပြားဖို့ အတွက် မဟုတ်ပါဘူး။
ပိုမိုပြည့်ဝတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်သွားဖို့ အတွက် ဖြစ်တယ်။

ကလေးရေ...
စာကြိုးစားစမ်းပါ။ စာကြိုးစားတာ.
သားကို IQ ပိုမိုကောင်းမွန်စေမှာ မဟုတ်ပေမဲ့..
သားရဲ့ ဘ၀နေထိုင်မူ ပိုမို ကောင်းမွန်သွားစေမှာ ဖြစ်တယ်။

Recommended for you - သင့်ဘဝကို ပြောင်းလဲနိုင်တာ သင်ကိုယ်တိုင်ပဲ

ကလေးရေ...
စာကြိုးစားစမ်းပါ။ စာကြိုးစားခြင်းကြောင့်
သားရဲ့ ရုပ်ရည်ကို ပိုမို ခန့်ညားလှပစေမှာမဟုတ်ပေမဲ့..
သားရဲ့ ဘ၀ကို ပိုမို လှပသွားစေမှာ ဖြစ်တယ်။

ကလေးရေ...
စာကြိုးစားတာဟာ...
သားရဲ့ ဘ၀အရှည်ကို ဆွဲဆန့်နိုင်တာ မဟုတ်ပါဘူး၊
သားဘ၀ရဲ့ အကျယ်ကိုတော့ တကယ်ဆန့်ထုတ်သွားနိုင်မှာ ဖြစ်တယ်။

ကလေးရေ...
ဘ၀ဆိုတာ မာရသွန်ပြေးပွဲ တစ်ခုနဲ့ တူပါတယ်။ 
တာထွက်ကောင်းတိုင်းလဲ ပန်းတိုင်မရောက်ပါ။
အပြေးမြန်တိုင်းလည်း အောင်ပွဲမခံပါ။ 
နောက်ဆုံးပန်းတိုင်အထိ အပင်ပမ်း အဆင်းရဲခံပြီး
တောင့်ခံနိုင်တဲ့လူသာလျင် အောင်ပွဲခံပါတယ်။
ဒါကြောင့်မို့လို့ သားရေ...
ကားကောင်းစီးပြီး၊ ကျောင်းကောင်းတက်ခွင့်ရှိတဲ့
တာထွက်ကောင်းတဲ့ လူတွေကို အားကျစရာမလိုသလို..
ဥာဏ်ရည်ကောင်းပြီး၊ စာဘက်မှာ အပြေးမြန်တဲ့ လူတွေကြောင့်လည်း
သား စိတ်ဓါတ်ကျစရာ မရှိပါ။ 
ဇွဲလုံ့လနဲ့၊ သားကြံကြံခံနိုင်တဲ့ စိတ်ကိုသာ မွေးမြူထားဖို့ လိုပါတယ်။ 
သားကြီးကြီးကျယ်ကျယ်အောင်မြင်ဖို့ ဖေဖေမေမေတို့ မမျှော်ကိုးပါဘူး
သား ကျန်းမာပျော်ရွှင်တဲ့ ဘ၀ ပိုင်ဆိုင်နိုင်ဖို့ ပဲ ဆုတောင်းပါတယ်။

Ref: WeChat

Credit; SayarAungKoLatt

Recommended for you - Engineer လောင်းလေးတွေ ဂျပန်မှာ အလုပ်သွားလုပ်မယ်ဆိုရင်

Read times Last modified on Wednesday, 08 January 2020 13:20
Rate this articles
(10 votes)