×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 31 July 2018

SMVTI သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားအသစ်ခေါ်ယူ

SMVTI သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားအသစ်ခေါ်ယူ google.com

SMVTI Vocational Training Institute မှ Engineering & Technology နဲ့ Hospitality & Tourism ဘာသာရပ်တွေအတွက် သင်တန်းသားသစ်များခေါ်ယူနေပါတယ်။

သင်တန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မှစတင်ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်နဲ့အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။


သင်တန်းကာလ ၆ လ တက်ရောက်ရမှာဖြစ်ပြီး သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Hospitality & Tourism မှာ Front Office Operations, Housekeeping Operations, Restaurant Operations, Retail Operations ဖြစ်ပြီး Engineering & Technology တွင် Electrical Technology, Electronic (Computer Networking), Residential Air-Conditioning, Building Fixtures & Equipment, Mechatronices (Basic Servicing), General Welding တွေကို သင်ကြားရမှာဖြစ်ပါတယ်။


လျှောက်ထားသူတွေဟာ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသားရဲ့မှတ်ပုံတင်မိတ္တူတို့နဲ့ ပူးတွဲ လျှောက်ထားရပါမယ်။

 

Recommended for you - တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ စဉ်းစားဖို့ မေ့လျော့နေတဲ့အချက်တွေ


လျှောက်ထားချိန်မှာ စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသားရဲ့ မှတ်ပုံတင်မူရင်းတို့ကို တစ်ပါတည်းတင်ပြရမှာဖြစ်ပြီး မှတ်ပုံတင်မရှိပါက (၃) လအတွင်းပြုလုပ်ထားတဲ့ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမူရင်းနဲ့တကွ ပူးတွဲလျှောက်ထားနိုင်ပါတယ်။


လျှောက်ထားလိုသူတွေဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက် မှ ၁၇ ရက် အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း လျှောက်ထား ရမှာပါ။ အသေးစိတ်ကို SMVTI သက်မွေးပညာသင်တန်းကျောင်းအမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဖုန်း – ၀၉-၇၈၁၀၀၂၅၇၂ (General Office) ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ပြည်တွင်း GCE’O’ Level ပြီးထားသူတွေ ရွေးချယ်လျှောက်ထားနိုင်တဲ့ ယူကေပညာရေး

 

Recommended for you - မူကြိုကျောင်းထားတဲ့ကလေးတိုင်း ဘာကြောင့် ထူးချွန်ထက်မြက်နေတာလဲ

 

Credit; Internet Journal

Read times Last modified on Friday, 10 January 2020 11:16
Rate this articles
(1 Vote)