တက္ကသိုလ်ဝင်တန်းနဲ့ IGCSE ဖြေဆိုအောင်မြင်ပြီးသူ လူငယ်တွေအပြင် ဘွဲ့ရပြီးသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက် Novotel Hotel မှာ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ YIUS မှ Counselor တွေအပြင် နိုင်ငံတကာတက္ကသိုလ်တွေက တာဝန်ရှိသူတွေနဲ့ အနာဂတ် ပညာရေးအခွင့်အလမ်းများ၊ ပညာသင်ဆုများနဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ YIUS မှာ တက်ရောက် သင်ကြားနိုင်တဲ့ Program တွေကတော့ Advanced Diploma in Business (Scottish Qualifications Authority, UK), University Foundation Program in Business, IT & Engineering (Navitas, Australia), General & Academic English, GED Preparation Course စတဲ့ Program တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။ US, UK, Switzerland, Canada, Australia, New Zealand, Singapore, Thailand, Malaysia နဲ့ Europe တို့မှာ ပညာသင်ယူလိုသူတွေအတွက် University နဲ့ Major ဘာသာရပ်များ ရွေးချယ်နိုင်ရန် အကြံပေးဆွေးနွေးခြင်း၊ ကျောင်းလျှောက်ထားပေးခြင်း၊ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ ကုန်ကျစရိတ်များ တွက်ချက်ပေးခြင်း၊ Visa နဲ့ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်းစတဲ့ ဝန်ဆောင်မှုများအပြင် ပညာသင်ယူနိုင်ရန် အခမဲ့ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျှက် ရှိတယ်လို့သိရပါတယ်။
Foundation Study မှစကာ Certificate, Diploma၊ Advanced Diploma, Bachelor၊ Graduate Certificate, Graduate Diploma, Master, Ph.D အစရှိတဲ့ Qualification Level အလိုက် သင်ကြားလိုတာတွေကိုလည်း ဆောင်ရွက်ပေးလျှက် ရှိပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉- ၂၆၂၂၂၅၁၅၁ နှင့် ၀၁- ၆၅၂၃၁၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Recommended for you - တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ နိုဝင်ဘာ ၁၅ ရက် ကြေညာမည်
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ယနေ့ခေတ်လူငယ်များအတွက် မြန်မာနှင့်စင်္ကာပူတို့၏ ပညာရေးနှင့်အလုပ်အကိုင် ဆွေးနွေးပွဲ
Recommended for you - ပညာရေးတွင် အလွတ်ကျက်ပြီးမှ အမှတ်ရသည့် စနစ်သည်ကို ပြောင်းရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား
Credit; Internet Journal