×
Warning
JUser: :_load: Unable to load user with ID: 723
Student
Thursday, 09 November 2017
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း HCTA (Hospitality and Catering Training Academy) အကြောင်း တစေ့တစောင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း HCTA (Hospitality and Catering Training Academy) အကြောင်း တစေ့တစောင်း google.com
သင်တန်းတက်ရောက်သူများအနေနဲ့ နာရီ ၇၈ဝ စာတွေ့၊ လက်တွေ့သင်တန်းချိန်များကို ကျောင်းသား ဗဟိုပြုသင်ကြားနည်းစနစ်နဲ့ ကျောင်းသား ၂ဝ အတွက် ဆရာ ၁ ဦးနှုန်း စာတွေ့၊ လက်တွေ့သင်ခန်းစာများကို သင်ကြားပြသပေးသွားမှာဖြစ်တဲ့အပြင် အဖွဲ့လိုက်ပူးပေါင်း လုပ်ဆောင်ရမယ့် လက်တွေ့သင်ခန်းစာတွေနဲ့ ဆွေးနွေးတိုင်ပင်လုပ်ဆောင်ရမယ့်လုပ်ငန်း သင်ခန်းစာ တွေကိုလည်း သင်ကြားလုပ်ဆောင်ရမှာဖြစ်ပါတယ်။
Recommended for you - ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ
ဒီသင်တန်းကျောင်းကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ထောင်ဖွင့်လှစ်ပြီး ကွန်ပြူတာခန်း၊ ဘာသာစကားလက်တွေ့သင်တန်းခန်း၊ စာကြည့်တိုက်၊ ဆွေးနွေးပွဲခန်းမ၊ Culinary သင်တန်းသားများအတွက် Commercial Kitchen အတိုင်း လက်တွေ့ချက်ပြုတ်နိုင်အောင် အစစ ခေတ်မီစက်ကိရိယာများ နောက်ဆုံးပေါ်အသုံးပြုနိုင်မယ့် မီးဖိုတွေနဲ့ ဟိုတယ်တစ်လုံးရဲ့ Kitchen မှာ ရှိသင့်တဲ့ ပစ္စည်းများအားလုံးကို သင်ကြားရေးအတွက် ဖြည့်ဆည်းပေးထားတာဖြစ်ပါတယ်။
သင်တန်းသားအားလုံး လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ အခက်အခဲမရှိ မကိုင်တတ်၊ မသုံးတတ်မဖြစ်ရအောင် Combi Oven, Dish Washer တန်းဖိုးကြီးပြီး 5 Stars ဟိုတယ်ကြီးတွေမှာသာသုံးတဲ့ စက်ပစ္စည်းများကိုပါ ဖြည့်ဆည်းပေးထားပြီး ကိုင်တွယ်အသုံးပြုပုံများကိုပါ သင်ခန်းစာထည့်သွင်းသင်ကြားပေးထားတာ ဖြစ်ပါတယ်။
အိပ်ခန်းဆောင်ဝန်ဆောင်မှုလုပ်ငန်းများ လက်တွေ့သင်ကြားနိုင်အောင်လည်း ဟိုတယ်အိပ်ခန်း အပြင် အဆင်အတိုင်း အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာများကိုပါ စီစဉ်ထားရှိပေးထားပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း များကို လက်တွေ့လုပ်ဆောင်ရာမှာ လစ်လပ်မှုမရှိ၊ မတတ်တာမရှိရလေအောင် အဝတ်လျှော် မီးပူတိုက် တာဝန်များကအစ အသေးစိတ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။
ဒီသင်ခန်းစာအားလုံးကို ပြည်ပဟိုတယ်တွေမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာဆရာမများက ဦးဆောင်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ခုဆိုရင် HCTA သင်တန်း ကျောင်းရဲ့ ပထမအကြိမ် သင်တန်းအပတ်စဉ်တက်ရောက်ခဲ့တဲ့ သင်တန်းသားများလည်း ထိပ်တန်းဟိုတယ် ကြီးတွေမှာ လက်တွေ့လုပ်ငန်းခွင် စတင်နေကြပြီ ဖြစ်ပါတယ်။
[Unicode Version]
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လိုအပ်ချက်မြင့်မားလာတာနဲ့ အမျှ ကျွမ်းကျင်လုပ်သားရှားပါးလာမှုက ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ကျွမ်းကျင်သင်တန်းသားတွေကို မွေးထုတ်ပေးတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဖြစ်တဲ့ HCTA (HOSPITALITY AND CATERING TRAINING ACADEMY) ကို မိတ်ဆက်ပေးလိုက်ပါတယ်။
ထိုသင်တန်းကျောင်းကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ဖွင့်လှစ်ပေးထားပါတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့ကြီးကြပ်မှုအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့အတူ တည်ထောင်ဖွင့်လှစ်ထားတဲ့ HCTA ကျောင်းက ဖောင်ဒေးရှင်းရဲ့ ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ သတ်မှတ် ထားတဲ့ အရည်အချင်းများပြည့်မှီသူ ကော့မှူးဒေသခံ ကျောင်းသား ၅၀ % နဲ့ ကျန် ၅၀ % အဖြစ် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ ကျန်ဒေသတွေက ကျောင်းသားတွေကို စီစစ်ရွေးချယ်ခေါ်ယူပြီး သင်တန်းကြေး အခမဲ့ အဖြစ် တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းတက်ရောက်လိုသူ ကျောင်းသားများအနေနဲ့ကတော့ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ဖို့လိုပါတယ်။ သင်တန်းတက်ရောက်ဖို့အတွက် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲနဲ့ အထွေထွေဗဟုုသုုတစာမေးပွဲတွေကို ဖြေဆိုအောင်မြင်ပြီး လူတွေ့ စစ်ဆေးမှုကိုုလည်း အောင်မြင်ဖို့လိုပါတယ်။
စာမေးပွဲအဆင့်ဆင့် အောင်မြင်ပြီးပြီဆိုရင်တော့ Certificate in Hotel Operation နဲ့ Certificate in Culinary ဘာသာရပ်များထဲက မိမိရွေးချယ်ထားရာ သင်တန်းကို ၆ လတက်ပြီး လက်တွေ့လုပ်ငန်း ခွင်ကာလ ၂ လ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
Recommended for you - ဝန်ထမ်းတွေ ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ
Certificate in Hotel Operation သင်တန်းမှ အောင်မြင်သွားသူများဟာ Front Office Stafff, Waiter, Receptionist, Room Attendant စတဲ့ လုပ်ငန်းတာဝန်များကို တာဝန်ယူလုပ်ကိုင် နိုင်သူများ ဖြစ်လာမှာ ဖြစ်ပြီး Certificate in Culinary Art ဘာသာရပ်နဲ့ သင်တန်းအောင်မြင်သွားသူများကတော့ Chef, Sous Chefများအဖြစ် တာဝန်ယူ လုပ်ကိုင်နိုင်သူများ ဖြစ်လာမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်သူများအနေနဲ့ နာရီ ရ၈ဝ စာတွေ့၊ လက်တွေ့သင်တန်းချိန်များကို ကျောင်းသား ဗဟိုပြုသင်ကြားနည်းစနစ်နဲ့ ကျောင်းသား ၂ဝ အတွက် ဆရာ ၁ ဦးနှုန်း စာတွေ့၊ လက်တွေ့သင်ခန်းစာများကို သင်ကြားပြသပေးသွားမှာဖြစ်တဲ့အပြင် အဖွဲ့လိုက်ပူးပေါင်း လုပ်ဆောင်ရမယ့် လက်တွေ့သင်ခန်းစာတွေနဲ့ ဆွေးနွေးတိုင်ပင်လုပ်ဆောင်ရမယ့်လုပ်ငန်း သင်ခန်းစာ တွေကိုလည်း သင်ကြားလုပ်ဆောင်ရမှာဖြစ်ပါတယ်။
HCTA သင်တန်းကျောင်းမှ သင်ရိုးတွေက ASEAN Common Competency Standards for Tourism Professionals (ACCSTP) ရဲ့ သင်ရိုးများအတိုင်း သင်ကြားပေးနေတာ ဖြစ်တာကြောင့် သင်တန်းပြီးဆုံး အောင်မြင်သွားရင်တော့ ASEAN အဆင့်အောင်လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ HCTA က သင်တန်းအစီ အစဉ် တွေမှာ ပြင်ပမှအတွေ့အကြုံရှိ သင်တန်းနည်းပြများနဲ့ နိုင်ငံတကာ မှ သင်တန်းဆရာများကလည်း လာရောက်ပြီး ပြင်ပဟိုတယ်လုပ်ငန်းတွေနဲ့ ပက်သက်တဲ့ ဗဟုသုတနဲ့ အတွေ့အကြံုတွေကိုလည်း သင်ကြားဟောပြောပေးမှာ ဖြစ်ပါတယ်။
Recommended for you - ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုုက်များ
ဒီသင်တန်းကျောင်းကို ၂ဝ၁၄ ခုနှစ် အောက်တိုုဘာလမှာ စတင်တည်ထောင်ဖွင့်လှစ်ပြီး ကွန်ပြူတာခန်း၊ ဘာသာစကားလက်တွေ့သင်တန်းခန်း၊ စာကြည့်တိုက်၊ ဆွေးနွေးပွဲခန်းမ၊ Culinary သင်တန်းသားများအတွက် Commercial Kitchen အတိုင်း လက်တွေ့ချက်ပြုတ်နိုင်အောင် အစစ ခေတ်မီစက်ကိရိယာများ နောက်ဆုံုးပေါ်အသုံုးပြုနုုိင်မယ့် မီးဖိုတွေနဲ့ ဟိုတယ်တစ်လုံးရဲ့ Kitchen မှာ ရှိသင့်တဲ့ ပစ္စည်းများအားလုံးကို သင်ကြားရေးအတွက် ဖြည့်ဆည်းပေးထားတာဖြစ်ပါတယ်။
သင်တန်းသားအားလုံး လုုပ်ငန်းခွင်ဝင်တဲ့နေရာမှာ အခက်အခဲမရှိ မကိုင်တတ်၊ မသုံးတတ်မဖြစ်ရအောင် Combi Oven, Dish Washer တန်းဖိုးကြီးပြီး 5 Stars ဟိုတယ်ကြီးတွေမှာသာသုံးတဲ့ စက်ပစ္စည်းများကိုပါ ဖြည့်ဆည်းပေးထားပြီး ကိုင်တွယ်အသုံးပြုပုံများကိုပါ သင်ခန်းစာထည့်သွင်းသင်ကြားပေးထားတာ ဖြစ်ပါတယ်။
Culinary Art သင်တန်းသားတွေ သင်ကြားရမယ့် ဘာသာရပ်ဖြစ်တဲ့ Pastry ဘာသာရပ်သင်ကြားရေး အတွက်လည်း စက်ပစ္စည်းအစုံအလင်နဲ့ သင်ကြားပြသပေးနေတာဖြစ်ပါတယ်။ ကိတ်မုန့်၊ ပေါင်မုန့်များကို နောက်ဆုံုးပေါ်ဂျံုမွှေစက်၊ အပွခံစက်၊ သုံးထပ်မီးဖို၊ ဂျံုလှိမ့်စက် စတဲ့ မုုန့်လုပ်ငန်းသုံးစက်ကိရိယာများ အသုံုးပြုပုံကို စနစ်တကျသင်ကြားပြသပြီး ကမ္ဘာ့အဆင့်မှီ မုန့်ဖုတ်ကျွမ်းကျင်သူများ ဖြစ်သည်အထိ ဆက်လက်လေ့လာနိုင်အောင် အခြေခံကောင်းတွေ သင်ကြားပေးလိုက်မှာဖြစ်ပါတယ်။
Recommended for you -  နှစ်သက်သူတစ်ယောက်မှ မရှိပေမယ့် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ပညတ်တစ်ခု
Certificat in Hotel Operation သင်တန်းသားများအတွက် စားပွဲဝိုုင်းဝန်ဆောင်မှုသင်ခန်းစာများ လက်တွေ့လုပ်ဆောင်နိုင်ရန် စားဆောက်ခန်းမနဲ့ ဘားကောင်တာများကို ပစ္စည်းအပြည့်အစုံနဲ့ ပြင်ဆင်ပေးထားပါတယ်။ Receptionist သင်ခန်းစာကိုလည်းလက်တွေ့ကျကျသင်ကြားနိုင်အောင် Reception ကောင်တာနဲ့ ကမ္ဘာ့အချိန်များကိုပါ လေ့ကျင့်သင်ကြားနိုင်အောင် ဟိုတယ်ဧည့်ကြို ကောင်တာနဲ့မခြား ပြင်ဆင်ထားရှိပေးပါတယ်။
အိပ်ခန်းဆောင်ဝန်ဆောင်မှုလုပ်ငန်းများ လက်တွေ့သင်ကြားနိုင်အောင်လည်း ဟိုုတယ်အိပ်ခန်း အပြင် အဆင်အတိုင်း အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာများကိုပါ စီစဉ်ထားရှိပေးထားပါတယ်။ ဝန်ဆောင်မှုလုုပ်ငန်း များကို လက်တွေ့လုပ်ဆောင်ရာမှာ လစ်လပ်မှုမရှိ၊ မတတ်တာမရှိရလေအောင် အဝတ်လျှော် မီးပူတိုက် တာဝန်များကအစ အသေးစိတ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။
ဒီသင်ခန်းစာအားလုံးကိုု ပြည်ပဟိုတယ်တွေမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြံု ရင့်ကျက်တဲ့ ဆရာဆရာမများက ဦးဆောင်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ခုဆိုုရင် HCTA သင်တန်း ကျောင်းရဲ့ ပထမအကြိမ် သင်တန်းအပတ်စဉ်တက်ရောက်ခဲ့တဲ့ သင်တန်းသားများလည်း ထိပ်တန်းဟိုုတယ် ကြီးတွေမှာ လက်တွေ့လုပ်ငန်းခွင် စတင်နေကြပြီ ဖြစ်ပါတယ်။
အခုဆိုရင် Certificate in Hotel Operation နဲ့ Certificate in Culinary Arts သင်တန်းအမှတ်စဉ် ၆ အတွက်သင်တန်းသားများကို ခေါ်ယူလျက်ရှိပါတယ်။ လျှောက်လွှာတွေကို လျှောက်ထားသူကိုယ်တိုင် လက်ရေးနဲ့ ရေးသားရမှာဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။
သင်တန်းလျှောက်လွှာတွေကို နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ Hospitality and Catering Training Academy , N51၊ မကျီးကန်ကျေးရွာ၊ ကော့မှူးမြို့ ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၉၂၅၀၈၀၇၀၅၅၊ ၀၉၂၅၁၀၃၄၅၆၆ နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အခန်းအမှတ် (၀၀၄၊၀၀၆) Inya Lake Hotel ရန်ကုန်မြို့။ ဖုန်း-၀၉၂၅၄၃၈၉၉၅၉ မှာ ရယူလျှောက်ထားနိုင်ပါတယ်။
Source; foodmagazinemyanmar
Read times Last modified on Monday, 30 December 2019 15:31
Rate this articles
(2 votes)