×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Saturday, 01 February 2020

လူငယ္ေတြအေနနဲ႕ မွန္ကန္တဲ့ career လမ္းေၾကာင္းကို ေရြးခ်ယ္ဖို႕ ဘာေတြသိထားရမလဲ?

လူငယ္ေတြအေနနဲ႕ မွန္ကန္တဲ့ career လမ္းေၾကာင္းကို ေရြးခ်ယ္ဖို႕ ဘာေတြသိထားရမလဲ? freepick

မိမိကိုယ္ကို အမွန္တကယ္ ဘာလုပ္ခ်င္မွန္း၊ ဘယ္အရာနဲ႔ ကိုက္ညီမွန္း မသိေသးတဲ့ လူငယ္ေတြအတြက္ အသက္ေမြး ၀မ္းေက်ာင္း ေရြးခ်ယ္ရျခင္းဟာ အခက္ေတြ႕ေစႏိုင္ပါတယ္။

ကၽြန္ေတာ္တို႕ငယ္ငယ္တုန္းက မသိေပမယ့္ အသက္ၾကိီးလာတဲ့ အခါ ကိုယ္ တစ္သက္လံုး လုပ္မယ္ အလုပ္ကို မွန္ကန္စြာေရြးခ်ယ္တတ္ဖို႕ အရမ္းအေရးၾကီးပါတယ္။ ဒါေၾကာင့္ အသက္ေမြး၀မ္းေက်ာင္းအတြက္ လမ္းေၾကာင္း ေရြးခ်ယ္ရာမွာ ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔ ကူညီေပးႏိုင္မယ့္ အခ်က္ကေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

 

(၁) အခ်ိန္ယူပါ
လူငယ္အမ်ားစုဟာ အထက္တန္းေက်ာင္းၿပီးတဲ့အခါ မိမိဘ၀အတြက္ တစ္သက္တာ ေလွ်ာက္လွမ္းရမယ့္ အသက္ေမြး၀မ္း ေက်ာင္းကို ေရြးခ်ယ္ဆုံးျဖတ္ၾကရပါတယ္။ သို႔မွသာ ထိုေရြးခ်ယ္မႈနဲ႔ သင့္ေတာ္တဲ့ တကၠသိုလ္ေတြ၊ သင္တန္းေတြကို တက္ေရာက္ပညာသင္ၾကားၾကၿပီး ေရွ႕ဆက္ဘ၀ခရီးကို ေလွ်ာက္လွမ္းႏိုင္ၾကမွာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း မိမိ ၀ါသနာပါတာ၊ ျဖစ္ခ်င္လုပ္ခ်င္တဲ့အရာကို ေသေသခ်ာခ်ာ မသိရိွေသးတဲ့အခါ ဆုံးျဖတ္ရခက္ေစႏိုင္သလို မိဘေတြရဲ႕ တြန္းအားေတြ ပါ၀င္သက္ေရာက္လာတဲ့အခါ အလြန္တရာမွ ျပင္းထန္တဲ့ စိတ္ဖိစီးမႈကို ခံစားၾကရပါတယ္။ ဒါ့အတြက္ လူငယ္ေတြ သိထားသင့္တာတစ္ခုကေတာ့ အခ်ိဳ႕ေသာသူေတြဟာ သူတို႔ရဲ႕ ၀ါသနာကို ေစာေစာစီးစီး သိႏွင့္ထားႏိုင္ၾက ေပမယ့္လည္း အခ်ိဳ႕ကေတာ့ သူတို႔နဲ႔ ဘယ္နယ္ပယ္က ပိုၿပီးကိုက္ညီမႈ ရိွသလည္းဆိုတာ သိရိွႏိုင္ဖို႔ အခ်ိန္တစ္ခုေပးၿပီး ရွာေဖြေစာင့္ၾကည့္ၾကရျခင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဖိအားေတြကို လ်စ္လွ်ဴရႈကာ စိတ္ေအးေအးထားၿပီး မိမိအတြက္ မွန္ကန္ကိုက္ညီမယ့္ အသက္ေမြး၀မ္းေက်ာင္း ရရိွႏိုင္ဖို႔ အခ်ိန္ယူ စဥ္းစားသင့္ပါတယ္။

 


(၂) တတ္သိနားလည္သူေတြနဲ႔ ေဆြးေႏြးတိုင္ပင္ပါ
ႏိုင္ငံရပ္ျခားေတြမွာေတာ့ အထက္တန္းေက်ာင္းေတြနဲ႔ တကၠသုိလ္ေတြမွာ အသက္ေမြး၀မ္းေက်ာင္း ေရြးခ်ယ္ဖို႔အတြက္ တိုင္ပင္ေဆြးေႏြးေပးတဲ့ ပညာရွင္ေတြ ရိွပါတယ္။ လက္ရိွမွာ အဆိုပါ ၀န္ေဆာင္မႈမ်ိဳးေတြ မိမိတို႔တိုင္းျပည္မွာ မရရိွႏိုင္ေသး တဲ့အတြက္ မိမိထက္အေတြ႕အႀကံဳရိွၿပီး တတ္သိနားလည္တဲ့ လူႀကီးသူမေတြ၊ အစ္ကိုအစ္မေတြနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး အႀကံဥာဏ္ ရယူႏိုင္ပါတယ္။ ထိုသို႔ ေဆြးေႏြးလိုက္ျခင္းအားျဖင့္ သင္လိုခ်င္ေနတဲ့ အေျဖအတိအက် မရရိွႏိုင္ေသာ္ျငား လည္း သင္ေျပာျပတာေတြကို နားေထာင္ၿပီး သူတို႔ျပန္ေျပာေပးတဲ့ ေရြးခ်ယ္မႈေတြထဲက သင့္အတြက္ အေထာက္အကူ ျပဳေစမယ့္ အႀကံေကာင္းဥာဏ္ေကာင္းေတြ ရရိွႏိုင္ပါလိမ့္မယ္။

 

 

(၃) ကိုယ္တိုင္ေလ့လာပါ
သင္စိတ္၀င္စားတဲ့ နယ္ပယ္အစုံက အလုပ္ေတြကို လိုက္ၿပီး ေလ့လာၾကည့္ပါ။ ဥပမာ engineering ကို စိတ္၀င္စားပါက ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြကို သြားေရာက္ေလ့လာျခင္းအားျဖင့္ ထိုလမ္းေၾကာင္းကိုသြားဖို႔ သင့္အတြက္ ဘာေတြ လိုအပ္မယ္၊ ဘယ္လိုအရည္အခ်င္းေတြ သင္ယူဖို႔ လိုအပ္မယ္ဆိုတာေတြကို သိရိွႏိုင္လို႔ သင္လိုခ်င္ေနတဲ့ အသက္ေမြးမႈ ဟုတ္မဟုတ္ ေပၚေပၚလြင္လြင္ သိရိွႏိုင္ပါလိမ့္မယ္။ ဒါမွမဟုတ္ သင့္ထက္ႀကီးတဲ့ လက္ရိွတကၠသိုလ္ေပါင္းစုံမွာ တက္ေရာက္ေနတဲ့ အစ္ကိုေတြ၊ အစ္မေတြဆီကေန ထိုတကၠသိုလ္ေတြအေၾကာင္းနဲ႔ ဘယ္လုိေရွ႕ဆက္ရမယ္ဆိုတဲ့ လမ္းေၾကာင္းေတြကို ေမးျမန္းႏိုင္ပါေသးတယ္။

 

 

(၄) ၀ါသနာနဲ႔ စိတ္ပါ၀င္စားရာေတြကို စဥ္းစားပါ
ကၽြႏု္ပ္တို႔ရဲ႕ ခြန္အားဟာ ကၽြႏု္ပ္တို႔စိတ္ပါ၀င္စားတဲ့ အရာေတြနဲ႔ ၀ါသနာေတြမွာ နစ္ျမဳပ္တည္ရွိေနတယ္ဆိုတာ သိရိွထားပါ။ သင္၀ါသနာပါၿပီး ျပဳလုပ္ရတာ ေပ်ာ္ရႊင္တဲ့ အရာေတြကိုလည္း အသက္ေမြး၀မ္းေက်ာင္းအျဖစ္ ေျပာင္းလဲႏိုင္ပါ တယ္။ သင္ေက်ာင္းမွာ သင္ယူခဲ့တဲ့ ဘာသာရပ္ေတြထဲက သင္စိတ္၀င္စားၿပီး ကၽြမ္းက်င္တယ္လို႔ ယူဆတဲ့ ဘာသာရပ္ ေတြကို ခ်ေရးၿပီး ဘာလို႔ႀကိဳက္ရသလည္း၊ ဘယ္ေလာက္ထိ စိတ္၀င္စားသလည္းဆိုတာ ခ်ေရးထားပါ။ သို႔တည္းမဟုတ္ လည္း သင္၀ါသနာပါတဲ့ အျခားေသာ အရာေတြ (ဥပမာ – ပန္းခ်ီဆြဲတာ၊ ဓာတ္ပုံရိုက္တာ) စတာေတြကိုလည္း ခ်ေရးၿပီး ဘယ္ေလာက္ထိ ၀ါသနာပါသလည္းဆိုတာနဲ႔ ဘယ္ေလာက္ထိ ထို၀ါသနာထဲမွာ ႏွစ္ျမဳပ္ထားႏိုင္သလည္းဆိုတာ ေရးထားပါ။ ထိုအရာေတြထဲမွာ သင့္အနာဂတ္အတြက္ အသက္ေမြး၀မ္းေက်ာင္း မပါႏိုင္ဘူးဆိုတာ ဘယ္သူမွ အတပ္မေျပာႏိုင္ပါဘူး။

 

 

(၅) အနားကလူေတြနဲ႔ အသိေပးတိုင္ပင္ပါ
အသက္ေမြး၀မ္းေက်ာင္း ေရြးခ်ယ္ျခင္းဟာ လမ္းဆုံလမ္းခြတစ္ခုမွာ ရပ္ေနရသလိုမ်ိဳး စိတ္ဖိစီးမႈ မ်ားလြန္းတဲ့အတြက္ သင့္ရဲ႕ စိုးရိမ္ပူပန္မႈေတြကို သင့္အနီးအနားက မိသားစုနဲ႔ သူငယ္ခ်င္းေတြကို ေျပာျပတိုင္ပင္သင့္ပါတယ္။ သူတို႔ေတြရဲ႕ အႀကံေပးစကားေတြဟာလည္း သင့္အတြက္ လမ္းေၾကာင္းေတြ ေပၚေပါက္လာႏိုင္ပါတယ္။ အထူးသျဖင့္ မိဘေတြနဲ႔ တိုင္တိုင္ပင္ပင္ ျပဳလုပ္ျခင္းအားျဖင့္ အမွားနည္းမယ့္ ေရြးခ်ယ္မႈေတြ ျပဳလုပ္ႏိုင္ပါလိမ့္မယ္။

 

 

(၆) အျခားသူေတြေပၚ မူတည္ၿပီး ဆုံးျဖတ္ခ်က္မခ်ပါနဲ႔
မိဘေတြ သူငယ္ခ်င္းေတြစတဲ့ အနီးအနားကလူေတြကို ေျပာျပတိုင္ပင္ႏိုင္ေပမယ့္ အျခားသူတစ္ေယာက္က သင့္အတြက္ “ဒါ ျဖစ္သင့္တယ္။ ဒါ လုုပ္ရမယ္”ဆိုတဲ့ အႀကံေပးစကားေတြ၊ အမိန္႔ေတြေပၚ မူတည္ၿပီး သင့္အနာဂတ္ကို မဆုံးျဖတ္ လိုက္ပါနဲ႔။ သင္ေလွ်ာက္လွမ္းရမယ့္ ဘ၀လမ္းဟာ သင့္ကိုယ္ပိုင္သာျဖစ္ၿပီး အျခားတစ္ေယာက္က ၀င္ေရာက္ဆုံးျဖတ္ ေရြးခ်ယ္ေပးလို႔ မရပါဘူး။ ထိုသို႔ ေရြးခ်ယ္ေပးတာကို ျပဳလုပ္ရုံနဲ႔ ဘ၀ဟာ အဆင္ေျပသြားမွာ မဟုတ္ပါဘူး။ မိမိ ေလွ်ာက္လွမ္းရမယ့္လမ္းကို မိမိဘာသာ ေရြးခ်ယ္ပါ။ သို႔မွသာ သင့္ဘ၀ဟာ သင့္အတြက္ အဓိပၸာယ္ရိွၿပီး ေနေပ်ာ္စရာ ေကာင္းမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းက တက္ရုံနဲ႔ ထိုတကၠသိုလ္ကို လိုက္မတက္ပါနဲ႕။ မိဘက ေရြးခ်ယ္ေပးရုံနဲ႔ ထိုအရာကို မဆုံးျဖတ္ပါနဲ႔။ အဓိက အခ်က္ကေတာ့ တိုင္ပင္ပါ။ ေဆြးေႏြးပါ။ ကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်ပါ။ မွန္ကန္တဲ့ အသက္ေမြး၀မ္းေက်ာင္းနဲ႔ လွပတဲ့ ဘ၀လမ္းခရီးကို ေလွ်ာက္လွမ္းႏိုင္ပါေစလို႔ ဆုမြန္ေျခြလိုက္ရပါတယ္။

 

Shwemom

 

Unicode ဖြင့်ဖတ်ရန်
လူငယ်တွေအနေနဲ့ မှန်ကန်တဲ့ career လမ်းကြောင်းကို ရွေးချယ်ဖို့ ဘာတွေသိထားရမလဲ?
မိမိကိုယ်ကို အမှန်တကယ် ဘာလုပ်ချင်မှန်း၊ ဘယ်အရာနဲ့ ကိုက်ညီမှန်း မသိသေးတဲ့ လူငယ်တွေအတွက် အသက်မွေး ဝမ်းကျောင်း ရွေးချယ်ရခြင်းဟာ အခက်တွေ့စေနိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက မသိပေမယ့် အသက်ကြီးလာတဲ့ အခါ ကိုယ် တစ်သက်လုံး လုပ်မယ် အလုပ်ကို မှန်ကန်စွာရွေးချယ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အသက်မွေးဝမ်းကျောင်းအတွက် လမ်းကြောင်း ရွေးချယ်ရာမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကူညီပေးနိုင်မယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) အချိန်ယူပါ
လူငယ်အများစုဟာ အထက်တန်းကျောင်းပြီးတဲ့အခါ မိမိဘဝအတွက် တစ်သက်တာ လျှောက်လှမ်းရမယ့် အသက်မွေးဝမ်း ကျောင်းကို ရွေးချယ်ဆုံးဖြတ်ကြရပါတယ်။ သို့မှသာ ထိုရွေးချယ်မှုနဲ့ သင့်တော်တဲ့ တက္ကသိုလ်တွေ၊ သင်တန်းတွေကို တက်ရောက်ပညာသင်ကြားကြပြီး ရှေ့ဆက်ဘဝခရီးကို လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မိမိ ဝါသနာပါတာ၊ ဖြစ်ချင်လုပ်ချင်တဲ့အရာကို သေသေချာချာ မသိရှိသေးတဲ့အခါ ဆုံးဖြတ်ရခက်စေနိုင်သလို မိဘတွေရဲ့ တွန်းအားတွေ ပါဝင်သက်ရောက်လာတဲ့အခါ အလွန်တရာမှ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားကြရပါတယ်။ ဒါ့အတွက် လူငယ်တွေ သိထားသင့်တာတစ်ခုကတော့ အချို့သောသူတွေဟာ သူတို့ရဲ့ ဝါသနာကို စောစောစီးစီး သိနှင့်ထားနိုင်ကြ ပေမယ့်လည်း အချို့ကတော့ သူတို့နဲ့ ဘယ်နယ်ပယ်က ပိုပြီးကိုက်ညီမှု ရှိသလည်းဆိုတာ သိရှိနိုင်ဖို့ အချိန်တစ်ခုပေးပြီး ရှာဖွေစောင့်ကြည့်ကြရခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖိအားတွေကို လျစ်လျှူရှုကာ စိတ်အေးအေးထားပြီး မိမိအတွက် မှန်ကန်ကိုက်ညီမယ့် အသက်မွေးဝမ်းကျောင်း ရရှိနိုင်ဖို့ အချိန်ယူ စဉ်းစားသင့်ပါတယ်။

 


(၂) တတ်သိနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ
နိုင်ငံရပ်ခြားတွေမှာတော့ အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ အသက်မွေးဝမ်းကျောင်း ရွေးချယ်ဖို့အတွက် တိုင်ပင်ဆွေးနွေးပေးတဲ့ ပညာရှင်တွေ ရှိပါတယ်။ လက်ရှိမှာ အဆိုပါ ဝန်ဆောင်မှုမျိုးတွေ မိမိတို့တိုင်းပြည်မှာ မရရှိနိုင်သေး တဲ့အတွက် မိမိထက်အတွေ့အကြုံရှိပြီး တတ်သိနားလည်တဲ့ လူကြီးသူမတွေ၊ အစ်ကိုအစ်မတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ် ရယူနိုင်ပါတယ်။ ထိုသို့ ဆွေးနွေးလိုက်ခြင်းအားဖြင့် သင်လိုချင်နေတဲ့ အဖြေအတိအကျ မရရှိနိုင်သော်ငြား လည်း သင်ပြောပြတာတွေကို နားထောင်ပြီး သူတို့ပြန်ပြောပေးတဲ့ ရွေးချယ်မှုတွေထဲက သင့်အတွက် အထောက်အကူ ပြုစေမယ့် အကြံကောင်းဉာဏ်ကောင်းတွေ ရရှိနိုင်ပါလိမ့်မယ်။

 

 

(၃) ကိုယ်တိုင်လေ့လာပါ
သင်စိတ်ဝင်စားတဲ့ နယ်ပယ်အစုံက အလုပ်တွေကို လိုက်ပြီး လေ့လာကြည့်ပါ။ ဥပမာ engineering ကို စိတ်ဝင်စားပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို သွားရောက်လေ့လာခြင်းအားဖြင့် ထိုလမ်းကြောင်းကိုသွားဖို့ သင့်အတွက် ဘာတွေ လိုအပ်မယ်၊ ဘယ်လိုအရည်အချင်းတွေ သင်ယူဖို့ လိုအပ်မယ်ဆိုတာတွေကို သိရှိနိုင်လို့ သင်လိုချင်နေတဲ့ အသက်မွေးမှု ဟုတ်မဟုတ် ပေါ်ပေါ်လွင်လွင် သိရှိနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် သင့်ထက်ကြီးတဲ့ လက်ရှိတက္ကသိုလ်ပေါင်းစုံမှာ တက်ရောက်နေတဲ့ အစ်ကိုတွေ၊ အစ်မတွေဆီကနေ ထိုတက္ကသိုလ်တွေအကြောင်းနဲ့ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတဲ့ လမ်းကြောင်းတွေကို မေးမြန်းနိုင်ပါသေးတယ်။

 

 

(၄) ဝါသနာနဲ့ စိတ်ပါဝင်စားရာတွေကို စဉ်းစားပါ
ကျွနု်ပ်တို့ရဲ့ ခွန်အားဟာ ကျွနု်ပ်တို့စိတ်ပါဝင်စားတဲ့ အရာတွေနဲ့ ဝါသနာတွေမှာ နစ်မြုပ်တည်ရှိနေတယ်ဆိုတာ သိရှိထားပါ။ သင်ဝါသနာပါပြီး ပြုလုပ်ရတာ ပျော်ရွှင်တဲ့ အရာတွေကိုလည်း အသက်မွေးဝမ်းကျောင်းအဖြစ် ပြောင်းလဲနိုင်ပါ တယ်။ သင်ကျောင်းမှာ သင်ယူခဲ့တဲ့ ဘာသာရပ်တွေထဲက သင်စိတ်ဝင်စားပြီး ကျွမ်းကျင်တယ်လို့ ယူဆတဲ့ ဘာသာရပ် တွေကို ချရေးပြီး ဘာလို့ကြိုက်ရသလည်း၊ ဘယ်လောက်ထိ စိတ်ဝင်စားသလည်းဆိုတာ ချရေးထားပါ။ သို့တည်းမဟုတ် လည်း သင်ဝါသနာပါတဲ့ အခြားသော အရာတွေ (ဥပမာ – ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ) စတာတွေကိုလည်း ချရေးပြီး ဘယ်လောက်ထိ ဝါသနာပါသလည်းဆိုတာနဲ့ ဘယ်လောက်ထိ ထိုဝါသနာထဲမှာ နှစ်မြုပ်ထားနိုင်သလည်းဆိုတာ ရေးထားပါ။ ထိုအရာတွေထဲမှာ သင့်အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်း မပါနိုင်ဘူးဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။

 

 

(၅) အနားကလူတွေနဲ့ အသိပေးတိုင်ပင်ပါ
အသက်မွေးဝမ်းကျောင်း ရွေးချယ်ခြင်းဟာ လမ်းဆုံလမ်းခွတစ်ခုမှာ ရပ်နေရသလိုမျိုး စိတ်ဖိစီးမှု များလွန်းတဲ့အတွက် သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို သင့်အနီးအနားက မိသားစုနဲ့ သူငယ်ချင်းတွေကို ပြောပြတိုင်ပင်သင့်ပါတယ်။ သူတို့တွေရဲ့ အကြံပေးစကားတွေဟာလည်း သင့်အတွက် လမ်းကြောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် မိဘတွေနဲ့ တိုင်တိုင်ပင်ပင် ပြုလုပ်ခြင်းအားဖြင့် အမှားနည်းမယ့် ရွေးချယ်မှုတွေ ပြုလုပ်နိုင်ပါလိမ့်မယ်။

 

 

(၆) အခြားသူတွေပေါ် မူတည်ပြီး ဆုံးဖြတ်ချက်မချပါနဲ့
မိဘတွေ သူငယ်ချင်းတွေစတဲ့ အနီးအနားကလူတွေကို ပြောပြတိုင်ပင်နိုင်ပေမယ့် အခြားသူတစ်ယောက်က သင့်အတွက် “ဒါ ဖြစ်သင့်တယ်။ ဒါ လုပ်ရမယ်”ဆိုတဲ့ အကြံပေးစကားတွေ၊ အမိန့်တွေပေါ် မူတည်ပြီး သင့်အနာဂတ်ကို မဆုံးဖြတ် လိုက်ပါနဲ့။ သင်လျှောက်လှမ်းရမယ့် ဘဝလမ်းဟာ သင့်ကိုယ်ပိုင်သာဖြစ်ပြီး အခြားတစ်ယောက်က ဝင်ရောက်ဆုံးဖြတ် ရွေးချယ်ပေးလို့ မရပါဘူး။ ထိုသို့ ရွေးချယ်ပေးတာကို ပြုလုပ်ရုံနဲ့ ဘဝဟာ အဆင်ပြေသွားမှာ မဟုတ်ပါဘူး။ မိမိ လျှောက်လှမ်းရမယ့်လမ်းကို မိမိဘာသာ ရွေးချယ်ပါ။ သို့မှသာ သင့်ဘဝဟာ သင့်အတွက် အဓိပ္ပာယ်ရှိပြီး နေပျော်စရာ ကောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းက တက်ရုံနဲ့ ထိုတက္ကသိုလ်ကို လိုက်မတက်ပါနဲ့။ မိဘက ရွေးချယ်ပေးရုံနဲ့ ထိုအရာကို မဆုံးဖြတ်ပါနဲ့။ အဓိက အချက်ကတော့ တိုင်ပင်ပါ။ ဆွေးနွေးပါ။ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပါ။ မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ လှပတဲ့ ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။

 

 

Shwemom

sayar.com.mm

Read times
Rate this articles
(0 votes)