×

Warning

JUser: :_load: Unable to load user with ID: 723


Success

Tuesday, 05 September 2017

ထူးချွန်ထက်မြက်တဲ့ မိန်းကလေးဆိုတာ

ထူးချွန်ထက်မြက်တဲ့ မိန်းကလေးဆိုတာ google.com

အသိပညာ ဗဟုသုတတွေ အမြင်တွေကျယ်လာတဲ့အတွက် တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မိန်းကလေးတွေဆိုတာ အိမ်မှာပဲ နေနေရမယ့် အရုပ်တစ်ရုပ်မဟုတ်ပါဘူး။

ယောက်ျားလေးနဲ့ မိန်းကလေး ရင်ဘောင်တန်းကာ တန်းတူအခွင့်အရေးတွေနဲ့ အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။

အာကသယာဉ်မှူးတွေ၊ လေယာဉ်မောင်းသူတွေ ဒီလိုနေရာတော်တော်များများမှာလည်း ထက်မြက်တဲ့အမျိုးသမီးပေါင်းများစွာ ပေါ်ထွက်လာပါတယ်။

ဒီလိုမျိုးထက်မြက်တဲ့အမျိုးသမီးတွေ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေအတွက် အရေးမကြီးတဲ့အရာတွေ သူတို့အတွက် စိုးရိမ်ပူပန်စရာမလိုဘူးလို့ သတ်မှတ်ထားတဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Fashion

ဖက်ရှင်ဆိုတာတော့ အမျိုးသမီးအားလုံးစိတ်ဝင်စားတဲ့ အရာတစ်ခုပါ။ သို့သော်ထက်မြက်တဲ့ အမျိုးသမီးတွေကတော့ နောက်ဆုံးပေါ် ဒီဇိုင်းအသစ်အဆန်းများကိုမ၀တ်ရလို့လည်း စိုးရိမ်ပူပန်နေမယ့် သူတွေမဟုတ်ပါဘူး။

သူတို့ကို သက်သောင့်သက်သာဖြစ်စေပြီး၊ယုံကြည်မှုရှိစေသည့် အ၀တ်အစားတွေကို ၀တ်ဆင်ရတာကို ကြိုက်နှစ်သက်သူတွေပါ။

လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်မရှိခြင်း

ပြီးပြည့်စုံတဲ့ လှပမှုဆိုတာမရှိပါဘူး။ ထက်မြက်တဲ့အမျိုးသမီးတွေက ခန္ဓာကိုယ်အလှအပနဲ့ပက်သက်ပြီး စိုးရိမ်လေ့မရှိတဲ့သူတွေပါ။ ဒါတွေဟာ သူတို့ရဲ့အရည်အချင်းတွေ၊ ထက်မြက်မှုတွေကို မဖော်ပြနိုင်ဘူးလို့ ခံယူထားတာကြောင့်ပါ။

READ -နည်းလမ်းသစ်နဲ့ အင်္ဂလိပ်စာလေ့လာကြမယ်

Social Media

Social media ဆိုတာကတော့ လူတိုင်းအသုံးပြုကြပါတယ်။ ဒါပေမယ့် ထက်မြက်ပြီး ဆင်ခြင်ဥာဏ်ရှိတဲ့ အမျိုးသမီးတွေကတော့ social media ပေါ်က like တွေ comment တွေ share တွေ ဒါတွေနဲ့ပက်သက် ပြီး စိုးရိမ်လေ့မရှိပါဘူး။ social media ပေါ်မှာ ကြုံနေရတဲ့အရာတွေ ဝေဖန်မှုတွေက သူတို့ရဲ့ ဘဝမဟုတ်ဘူးလို့ ယူဆထားတဲ့အတွက်ပါ။

ရှေးရိုးစွဲအယူအဆတွေ

ထက်မြက်တဲ့ အမျိုးသမီးများစုဟာ ရှေးရိုးစွဲအယူအဆများထဲမှာပဲ ရှင်သန်ရတာကို ကြိုက်နှစ်သက်သူတွေ မဟုတ်ပါဘူး။

အသစ်သစ်သောစိန်ခေါ်မှုတွေကို လက်ကမ်းကြိုနေပြီး အမှန်တရားတစ်ခုအတွက် တစ်ယောက်တည်းဖြစ်နေရင်တောင် စိုးရိမ်မှုမရှိရင်ဆိုင်နိုင်သူတွေပါ။

READ -ဦးနှောက်အကြိတ်ဖြစ်နိုင်ခြေများသည့် သူများတွင် ပညာတတ်များပါဝင်နေ

အတိတ်ကအမှားတွေ

အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေက လက်ရှိအချိန်ကို အဆုံးအဖြတ်မပေးနိုင်ဘူးလို့ သူတို့လက်ကိုင်ထားပါတယ်။

ဖြစ်ပျက်ခဲ့တာတွေကို စိုးရိမ်မယ့်သူများမဟုတ်သလို ၀န်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ သိမ်းဆည်းထားမယ့် သူတွေမဟုတ်ပါဘူး။

Source; myanmaradvertisingdirectory

Read times Last modified on Monday, 30 December 2019 14:35
Rate this articles
(2 votes)