×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 17 November 2017

ဆံုးျဖတ္ခ်က္ခ်ျပီးတာနဲ႕ ခ်က္ခ်င္းလုပ္ေဆာင္ပါ

ဆံုးျဖတ္ခ်က္ခ်ျပီးတာနဲ႕ ခ်က္ခ်င္းလုပ္ေဆာင္ပါ google.com

ကြ်န္ေတာ္တို႔ မၾကာခဏဖတ္ဖူး ၾကားဖူးျပီးေတာ့ လက္ေတြ႔လုပ္ေဆာင္ဖို႔အထိ ၾကိဳးစားၾကည့္မယ့္ ေဆာင္ပုဒ္ေလးေတြ တိုက္တြန္းခ်က္ေတြ ရွိပါတယ္။ ရည္မွန္းခ်က္ထားပါ၊ ရည္မွန္းခ်က္ေအာင္ျမင္ဖို႔ plan ေတြဆြဲပါ၊ long plan, short plan ေလးေတြဆြဲပါဆိုျပီး တိုက္တြန္းခ်က္ေလးေတြ ဖတ္ဖူး ၾကားဖူး လိုက္နာဖူးၾကမွာပါ။

 

လက္ေတြ႔မွာ အဲ့လိုလိုက္နာက်င့္သံုးျဖစ္သလား။ plan ဆြဲတဲ့ထိေတာ့ လုပ္ျဖစ္ၾကမွာပါ။plan တစ္ခုဆြဲျပီး ဆံုးျဖတ္ခ်က္ခ်လိုက္ျပီ ငါ မနက္ျဖန္ကစျပီး ငါဒီတိုင္းၾကိဳးစားေတာ့မယ္ေပါ့။ မနက္ျဖန္ေရာက္သြားတယ္ မအားတာနဲ႕ အျပင္ကျပန္လာတာ ေနာက္က်တာနဲ႕ အလုပ္က ပင္ပန္းလို႔နဲ႔ ဒီလို ဆင္ေျခေပါင္းမ်ားစြာနဲ႕ ကိုယ့္အစီအစဥ္ ကေနာက္ကို ရက္ေရႊ႕သြားပါတယ္။ မနက္ျဖန္မွ စေတာ့မယ္၊ ေနာက္ေန႔မွေပါ့ ခဏေနမွစမယ္ ဒီလိုနဲ႕ အခ်ိန္ေတြဆြဲလာလိုက္တာ ကိုယ့္ဆြဲထားတဲ့ plan ရဲ႕ ေနာက္ဆံုးေန႔သာ ေရာက္သြားမယ္ အျပင္လက္ေတြ႔မွာေတာ့ တိုးတက္သြားတာက အသက္ပဲျဖစ္ေနတာလား။ ဘာေၾကာင့္လဲ။ အခ်ိန္ဆြဲမိလို႔ပါ။

အလုပ္တစ္ခုကို အခ်ိန္ဆဲြရင္ မနက္ျဖန္ေပါင္းမ်ားစြာကို သင္အခ်ိန္ဆဲြမိပါလိမ့္မယ္။ စတင္လုပ္ေဆာင္ၿပီ ဆိုရင္ေတာ့ အဆံုးထိ လုပ္ေဆာင္ခ်င္စိတ္ေပၚလာပါလိမ့္မယ္။ ဒါေၾကာင့္ စလုပ္ေဆာင္ၿပီဆိုတာနဲ႔ ေအာင္ျမင္ဖို႔ သင္တစ္ပိုင္းေသခ်ာသြားပါၿပီ။ စစခ်င္း ေျခတစ္လွမ္းကို သင္စလွမ္းလိုက္ၿပီဆိုတာက ေနာက္က ေျခလွမ္းေတြက အလိုလိုလုိက္ပါလာပါတယ္။ သတိၱရွိတဲ့ပထမေျခလွမ္းကို သင္စလွမ္းရဲဖို႔ ပဲလိုပါတယ္။

Recommended for you - အရည္မရ အဖတ္မရစကား

ဆံုးျဖတ္ခ်က္ခ်ၿပီးတာနဲ႔ စတင္လုပ္ေဆာင္ဖို႔လိုပါတယ္။ အခ်ိန္ဆြဲေနမယ္ဆိုရင္ေတာ့ အပ်က္သေဘာ ေဆာင္တဲ့စိတ္ေတြျဖစ္တဲ့ ပ်င္းရိျခင္းေတြ၊ ေၾကာက္ရြံျခင္းေတြ၊ သိမ္ငယ္ျခင္းေတြ ကိုယ့္ကိုယ္ယံုၾကည္မွဳ ေလ်ာ့နည္းလာတဲ့ စိတ္ေတြ ဝင္ေရာက္လာနိုင္ပါတယ္။ ဒါေၾကာင့္လက္ေတြ႕လုပ္ေဆာင္ပါ။ ငါလုပ္ေဆာင္ နိုင္တယ္လို႔ ဆံုးျဖတ္ခ်က္ခ်ထားတဲ့အခ်ိန္က ကိုယ့္ကုိယ္ကို ယံုၾကည္မွဳ အရွိဆံုးအခ်ိန္၊ ၾကိဳးစားခ်င္စိတ္ ဇြဲ လံု႔လေတြ အျပည့္ရွိတဲ့အခ်ိန္ျဖစ္တဲ့အတြက္ ခ်က္ခ်င္းလုပ္ေဆာင္ပါ။

ဆံုးျဖတ္ခ်က္ခ်ျပီးရင္ လက္ေတြ႔လုပ္ေဆာင္ပါ။ ကိုယ္ခ်ထားတဲ့ ဆံုးျဖတ္ခ်က္ကို တာဝန္ယူပါ။ ရလာမယ့္ ေအာင္ျမင္မွဳ အသီးအပြင့္ကို မိန္ေရရွက္ေရ ခံစားပါ။

Sayar.com.mm တြင္ သင္ယူခ်င္ေသာ ဘာသာရပ္မ်ားကို ဝင္ေရာက္ေလ့လာျပီး ဆရာမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။ ကိုယ့္ဘဝကို အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားျပီး အျမင့္ဆံုးသို႔ ပ်ံသန္းလိုက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။

Scorpion (sayar.com.mm)

 [Unicode Version]


ကျွန်တော်တို့ မကြာခဏဖတ်ဖူး ကြားဖူးပြီးတော့ လက်တွေ့လုပ်ဆောင်ဖို့အထိ ကြိုးစားကြည့်မယ့် ဆောင်ပုဒ်လေးတွေ တိုက်တွန်းချက်တွေ ရှိပါတယ်။ ရည်မှန်းချက်ထားပါ၊ ရည်မှန်းချက်အောင်မြင်ဖို့ plan တွေဆွဲပါ၊ long plan, short plan လေးတွေဆွဲပါဆိုပြီး တိုက်တွန်းချက်လေးတွေ ဖတ်ဖူး ကြားဖူး လိုက်နာဖူးကြမှာပါ။
လက်တွေ့မှာ အဲ့လိုလိုက်နာကျင့်သုံးဖြစ်သလား။ plan ဆွဲတဲ့ထိတော့ လုပ်ဖြစ်ကြမှာပါ။plan တစ်ခုဆွဲပြီး ဆုံးဖြတ်ချက်ချလိုက်ပြီ ငါ မနက်ဖြန်ကစပြီး ငါဒီတိုင်းကြိုးစားတော့မယ်ပေါ့။ မနက်ဖြန်ရောက်သွားတယ် မအားတာနဲ့ အပြင်ကပြန်လာတာ နောက်ကျတာနဲ့ အလုပ်က ပင်ပန်းလို့နဲ့ ဒီလို ဆင်ခြေပေါင်းများစွာနဲ့ ကိုယ့်အစီအစဉ် ကနောက်ကို ရက်ရွှေ့သွားပါတယ်။ မနက်ဖြန်မှ စတော့မယ်၊ နောက်နေ့မှပေါ့ ခဏနေမှစမယ် ဒီလိုနဲ့ အချိန်တွေဆွဲလာလိုက်တာ ကိုယ့်ဆွဲထားတဲ့ plan ရဲ့ နောက်ဆုံးနေ့သာ ရောက်သွားမယ် အပြင်လက်တွေ့မှာတော့ တိုးတက်သွားတာက အသက်ပဲဖြစ်နေတာလား။ ဘာကြောင့်လဲ။ အချိန်ဆွဲမိလို့ပါ။
အလုပ်တစ်ခုကို အချိန်ဆွဲရင် မနက်ဖြန်ပေါင်းများစွာကို သင်အချိန်ဆွဲမိပါလိမ့်မယ်။ စတင်လုပ်ဆောင်ပြီ ဆိုရင်တော့ အဆုံးထိ လုပ်ဆောင်ချင်စိတ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် စလုပ်ဆောင်ပြီဆိုတာနဲ့ အောင်မြင်ဖို့ သင်တစ်ပိုင်းသေချာသွားပါပြီ။ စစချင်း ခြေတစ်လှမ်းကို သင်စလှမ်းလိုက်ပြီဆိုတာက နောက်က ခြေလှမ်းတွေက အလိုလိုလိုက်ပါလာပါတယ်။ သတ္တိရှိတဲ့ပထမခြေလှမ်းကို သင်စလှမ်းရဲဖို့ ပဲလိုပါတယ်။

Recommended for you - အရည်မရ အဖတ်မရစကား
ဆုံးဖြတ်ချက်ချပြီးတာနဲ့ စတင်လုပ်ဆောင်ဖို့လိုပါတယ်။ အချိန်ဆွဲနေမယ်ဆိုရင်တော့ အပျက်သဘော ဆောင်တဲ့စိတ်တွေဖြစ်တဲ့ ပျင်းရိခြင်းတွေ၊ ကြောက်ရွံခြင်းတွေ၊ သိမ်ငယ်ခြင်းတွေ ကိုယ့်ကိုယ်ယုံကြည်မှု လျော့နည်းလာတဲ့ စိတ်တွေ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့်လက်တွေ့လုပ်ဆောင်ပါ။ ငါလုပ်ဆောင် နိုင်တယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အချိန်က ကိုယ့်ကိုယ်ကို ယုံကြည်မှု အရှိဆုံးအချိန်၊ ကြိုးစားချင်စိတ် ဇွဲ လုံ့လတွေ အပြည့်ရှိတဲ့အချိန်ဖြစ်တဲ့အတွက် ချက်ချင်းလုပ်ဆောင်ပါ။
ဆုံးဖြတ်ချက်ချပြီးရင် လက်တွေ့လုပ်ဆောင်ပါ။ ကိုယ်ချထားတဲ့ ဆုံးဖြတ်ချက်ကို တာဝန်ယူပါ။ ရလာမယ့် အောင်မြင်မှု အသီးအပွင့်ကို မိန်ရေရှက်ရေ ခံစားပါ။
Sayar.com.mm တွင် သင်ယူချင်သော ဘာသာရပ်များကို ဝင်ရောက်လေ့လာပြီး ဆရာများနှင့် ဆက်သွယ်လိုက်ပါ။ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အမြင့်ဆုံးသို့ ပျံသန်းလိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Scorpion (sayar.com.mm)



Read times Last modified on Monday, 30 December 2019 15:41
Rate this articles
(1 Vote)