Source: Startupgrind
[Unicode Version]
အသက် ၁၁ နှစ်သားအရွယ်ကတည်းက လုပ်ငန်းရှင်တစ်ဦးအဖြစ် အောင်မြင်မှုများရရှိထားသူမှာ INC.UBATOR ရဲ့ founder Aaron Easaw ပဲ ဖြစ်ပါတယ်။
Aaron သည် INC.UBATOR ကိုအသက် ၁၅ နှစ်အရွယ်တွင် ကျောင်းပရောဂျက်တစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူ့ကိုယ်ပိုင်ပရောဂျက်တစ်ခုအဖြစ် အကောင်အထည်ပေါ်လာနိုင်ဖို့အတွက် တစ်နှစ်ပတ်လုံးကြိုးစား ခဲ့တယ်။ ၂၀၁၄ မတ်လ မှတော့ INC.UBATOR ကို တရားဝင်ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။
Recommended for you - ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာများအား ဖိတ်ခေါ်
INC.UBATOR သည် အသက် ၃၀ အောက်လူငယ် လုပ်ငန်းရှင်များနှင့် ဖွဲ့စည်ထားသည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူငယ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာရေးကို ဆောင်ရွက်နေကြသည်။ သင့်ထံတွင် ဂိမ်းစိတ်ကူးများရှိပြီး ကြီးပွား အောင်မြင်ချင်သူများဖြစ်လျှင် INC.UBATOR နှင့် ဆက်သွယ်ပါဟု အမြဲလမ်းဖွင့်ပေးထားသည်။
သူသည် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည့်အပြင် အသက် ၁၁ နှစ်အရွယ် ကတည်းက Easaw Development ဆိုသည့် ကုမ္ပဏီကို ထူထောင်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာ ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရှိဖောက်သည်များနှင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကန်ထရိုက်တာ ၈၀ ကျော်ကို ဝန်ဆောင်မှုများပေးနေရသည်။
အသက်ငယ်ငယ်နှင့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာသည့် Aaron ၏ ဦးလေးနှင့် အဒေါ်ဖြစ်သူတို့သည် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေသော စီးပွါးရေး လုပ်ငန်းရှင်များဖြစ်သည့်အတွက် သူ၏ အဒေါ်နှင့်ဦးလေးဆီမှ စွန့်ဦးတီထွင်မှု နှင့်ပက်သက်သော စဉ်းစားတွေးတောခေါ်နိုင်မှုစွမ်းရည်နှင့် လိုအပ်တဲ့အရည်အချင်းတွေ အတွေ့အကြုံတွေကို အမွေရခဲ့ခြင်း ဖြစ်ပါတယ်။
Recommended for you - စာမေးပွဲအတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ ???
သူ့ယုံကြည်ချက်က ရှင်းရှင်းလေးဖြစ်သည်။ “အရွယ်နှင့် မဆုံးဖြတ်ပါနှင့်” ဆိုသည့်စကားလေးကို သူသုံးတတ်သည်။
သူ့ယုံကြည်ချက်က ရှင်းပါတယ်... “Age doesn’t define your ability” ဖြစ်ပါတယ်။ သင်ယူခြင်း၊ တီထွင်ခြင်း၊ အောင်မြင်ခြင်းတို့သည် အရွယ်နှင့်မဆိုင်။ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လိုလျှင် အထက်တန်း တက္ကသိုလ် ဘွဲ့ရ ပညာနှင့် လည်းမဆိုင်။ လုပ်ချင်ကိုင်ချင်စိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ စွန့်စား ဆောင်ရွက်လိုစိတ်တွေလည်း ရှိရန်လိုကြောင်းကို သက်သေပြနိုင်ခဲ့ ကြသည်။
သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြံုရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။
သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source: Startupgrind