အကြံကောင်း ဥာဏ်ကောင်းဆိုတာ အချိန်တိုင်း မရရှိနိုင်ပါဘူး။ အခြေအနေ အချိန်အခါ ပေါ်မူတည်ပြီးတော့သာ ရရှိနိုင်ကြတာပါ။
ဒါဆို အကြံကောင်း ဥာဏ်ကောင်းတွေ ရလာနိုင်မယ့် အခြေအနေ အချိန်အခါတွေကို ဖန်တီးယူလို့ကောမရနိုင်ဘူးလား။
ရနိုင်ပါတယ်။
…..အောက်တွင်ဖော်ပြထားသော နည်းများကို လုပ်ခြင်းအားဖြင့် ရနိုင်ပါတယ်။
★လုပ်ဖို့ရန် ကြံစည်ထားသော၊ လုပ်ချင်သော အရာအားလုံးကို ချရေးထားတတ်ပါ။
★ ဘယ်ပဲသွားသွား ရေးမှတ်ရန် စာအုပ်ကို ယူသွားပါ။
★ စိတ်ထဲမှာ ပေါ်လာတာကို စာအုပ်ထဲမှာ ချရေးပါ။
★ ခဏ နားနေလိုက်ပါ။
★ ရေချိုးရင်း သီချင်းဆိုတာဟာလည်း အကြံဥာဏ်ကောင်းတွေ ရရှိစေတတ်ပါတယ်။
★ ကော်ဖီ၊ လက်ဖက်ရည်တွေကို လျှော့သောက်ပါ။ဒါကတော့ ကျန်းမာရေးရှုထောင့်ကပါ။
★ ကိုယ့်ကိုယ်ကို နားလည်အောင် အမြဲကြိုးစားပါ။
★ သီချင်းအသစ်တွေကို နားထောင်ပါ။
★ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမှုရှိပါစေ။
★ အကြံ ဥာဏ်ကောင်းသူတွေနဲ့ မကြာခဏ တွေ့ဆုံပါ။
★ အကြံပေးချက်တွေကိုလည်းလက်ခံတတ်သူ ဖြစ်အောင် ကြိုးစားရပါမယ်။
★ တော်တဲ့သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။
★ လွယ်လွယ်နဲ့ အလျှော့မပေးတတ်ပါစေနဲ့။
Recommended for you : သင်္ချာဘာသာရပ်မှာ ပိုတော်လာအောင် ဘယ်လို လေ့လာသင့်လဲ ???
★ လေ့ကျင့်ပါ။ အချိန်ရှိရင် ပြန်ပြီး လေ့လာ လေ့ကျင့်နေပါ။
★ ဆုံးရှုံးမှုတွေကို တွေးပြီး မကြောက်ပါနဲ့။
★ နေရာသစ်တွေကို ခရီးထွက်ပေးပါ။
★ ရုပ်ရှင်ကြည့်ပါ။
★ တာဝန်ကြီးတွေကို ယူတတ်ရပါမယ်။
★ ကိုယ့်အတွက် အချိန်ကို ရအောင်လုပ်ယူပါ။
★ မကြိုက်တဲ့အလုပ်ကို ဆက်မလုပ်ပါနဲ့။
★ စွယ်စုံကျမ်းရဲ့ တစ်မျက်နှာလောက် နေ့စဉ်ဖတ်ပေးနိုင်ပါတယ်။
★ ဘဝအတွက် အစီအစဉ်တွေဆွဲကြည့်ပါ။
★ အကြံဥာဏ်ကောင်းတွေကို ချက်ချင်း ချရေးပါ။
★ အလုပ်ခွင်က ကိုယ့်နေရာကို သန့်သန့်ရှင်းရှင်းထားပါ။
★ ခေါင်းထဲမှာ အမြဲတမ်း စဉ်းစားမနေပဲ ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။
★ မပြီးသေးတဲ့အလုပ်တွေကို အိမ်စာမထားပဲ ချက်ချင်းလုပ်ပစ်ပါ။...
အထက်ပါနည်းလမ်းများကို မိမိတနိုင်လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် အကြံကောင်း ဥာဏ်ကောင်းများကို ခေါ်ယူ ရရှိနိုင်ကြပါတယ်ခင်ဗျာ။
အားလုံး အောင်မြင်ကြပါစေ။
Recommended for you : ဘယ်လိုနည်းလမ်းတွေက ဘာသာစကားတစ်ခုကို အမြန်တတ်မြောက်စေမလဲ???
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။Source: Chelmo