×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 25 September 2018

အောင်မြင်သူတိုင်းတွင် တူညီစွာ တွေ့ရှိရသော အချက်များ

အောင်မြင်သူတိုင်းတွင် တူညီစွာ တွေ့ရှိရသော အချက်များ google.com

၁။ အိပ်မက်ကြီးကြီးမက်ပါ (Big Dream/ Think Big)

အိပ်မက်သည် အောင်မြင်ကျော်ကြားသူများကို မွေးဖွားပေးနိုင်စွမ်း၏။
A dream enables to give a birth an extraordinary person.


မျက်မှောက်ခေတ်၏ ကမ္ဘာ့စင်မြင့်ပေါ်မှ အောင်မြင်ကျော်ကြား လူသိများသော စတိပ်ဂျော့၊ ဘီးဂိတ်လ်၊ ဂျက်မ စသော ပုဂ္ဂိုလ်များသည် အိပ်မက်ကြီးကြီးမက်တတ်သူများ ဖြစ်သည်။ ထိုအိပ်မက်များကပင် တဖန် သူတို့ကို မွေးဖွားပေးလိုက်ခြင်းလည်း ဖြစ်သည်။ Have a big dream but initiate small part of that dream. အိပ်မက်ကြီးကြီးမက်ပါ။ သို့သော် သေးငယ်သော အစိတ်ပိုင်းက စတင်ပါ။ သို့ကြောင့် အောင်မြင်မှုကြီးကြီးမားမား ရရှိနေသူတိုင်းသည် ဖြစ်နိုင်ခြေလမ်းစမှ စတင်ခဲ့သူများသာ ဖြစ်သည်။ ရိုက်ညီနောင်တို့သည် ကောင်းကင်ပေါ်၌ ငှက်များပျံသန်းနေကြသည်ကို အားကျလျှက် လေယာဉ်ပျံများ တီထွင်ပျံသန်းသွားလာရန် အိပ်မက်မက်ခဲ့ကြသည်။ ထိုအိပ်မက်များသည် သူတို့ညီနောင်အား စံပြလူသားများအဖြစ် မွေးဖွားပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အိပ်မက်ကြီးကြီးမက်ပါ။ ဖြစ်နိုင်သော အစိတ်အပိုင်းက စလုပ်ပါ။ စနစ်တကျ အစီစဉ် Plan ရေးဆွဲပါ။ သတ်မှတ်အချိန် ထားပါ။


A dream without action plan is just only wish.
(လက်တွေ့မကျသော စီမံကိန်းမရှိသော အိပ်မက်သည် ဆန္ဒမျှသာ ဖြစ်သည်)


A target is a dream with a plan and deadline.
( ပန်းတိုင်ဆိုသည်မှာ စီမံကိန်း၊ သတ်မှတ်အချိန်တို့ဖြင့် ပေါင်းစပ်ထားသည့် အိပ်မက်တစ်ခု ဖြစ်သည်။)


၂။ လိုလိုလားလား သင်ယူပါ (Willing to learn)

သင်ယူလေ့လာမှု ရပ်တန့်သောနေ့သည် တိုးတက်မှု ရပ်တန့် ကုန်ဆုံးသွားသော နေ့ပင် ဖြစ်သည်။ တိုးတက်အောင်မြင်နေသူများသည် လေ့လာသင်ယူမှု အထူးအားကောင်းသူများလည်း ဖြစ်သည်။ သမရိုးကျ အစဉ်အလာအမြင်မှ ဖောက်ထွက်တွေးခေါ် လုပ်ပြနိုင်စွမ်း ရှိသူများလည်း ဖြစ်သည်။


မျက်မှောက်ခေတ်သည် IT (Information Technology) ခေတ်မှ DT (Data Technology) ခေတ်သို့ ဝင်ရောက်နေပြီဖြစ်ရာ ထို DT များကို အလေးထား သင်ယူစုဆောင်းထားရမည် ဖြစ်သည်။ အတိတ်က အချက်အလက်များဖြင့် ပစ္စက္ခကိစ္စများကို လုပ်ကြရသလို၊ အတိတ်၊ ပစ္စုပ္ပန် အချက်အလက်များဖြင့် အနာဂါတ်ကို ရှင်သန်အောင် Plan ဆွဲ အသက်သွင်းရခြင်းလည်း ဖြစ်၏။


ထိုသို့ လေ့လာသင်ယူမှုအားဖြင့် မရှိသေးသည်များကို ရှိလာအောင်၊ အောင်မြင်လာအောင် လုပ်ကြရသည်။ ထိုရရှိလာသော အောင်မြင်မှုများကိုလည်း အနာဂတ်တွင် ဆက်လက်အသက်ရှင်သန်နိုင်ရန်နှင့် ပို၍ ပို၍ အားကောင်းလာစေရန်၊ ရပ်တန့် ကျရှုံးမသွားစေရန် Willing to learn သင်ယူလေ့လာမှု အားကောင်းနေရမည် ဖြစ်သည်။


၃။ အပြုသဘောတရား ရှိမှု (Positive attitude)

အပြုဆောင် သဘောတရား ( Positive attitude) သည် ရှင်သန်ကြီးထွားမှုကို များစွာ အထောက်အကူ ဖြစ်စေ၏။ တဖန် အဆိုးမြင် သဘောတရားသည် ဆုပ်ယုတ်ပျက်စီးမှု ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေနိုင်၏။ မှန်၏....သတိဖြင့် အပြုဆောင် သဘောတရားများသည် လူတစ်ဦး အဖွဲ့စည်းတစ်ခု နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့ဖြိုးတိုးတက်မှု ဖြစ်စဉ်များတွင် Counterpoint force ဖြစ်သလို အဓိက မောင်းနှင်အား (Driving force) တစ်ခုလည်း ဖြစ်သည်။


အကောင်းမြင်ဝါဒ အကောင်းမြင် သဘောတရားများသည် လူကောင်းတစ်ယောက်၊ တိုးတက်သော အဖွဲ့အစည်းတစ်ခု၊ ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံနှင့် တိုက်ရိုက် အချိုးကျသော နိယာမကြီးတစ်ခု ဖြစ်သည်။ မကောင်းမြင်ဝါဒ ဆန့်ကျင်ဘက်သဘောတရားများသည် မကောင်းသော လူ၊ ပျက်စီးနေသော အဖွဲ့အစည်း၊ ဘက်ပေါင်းစုံ ချွတ်ခြုံကျသော နိုင်ငံတစ်ခုနှင့် တိုက်ရိုက် အချိုးကျနေတတ်၏။


၎။ Network (မိတ် များများဖွဲ့ပါ)

ကမ္ဘာ့ရွာလေးမှာ စိတ်သဘောထား တူညီသောသူများနှင့် Network - ကိန်းဖွဲ့ဖို့ အရေးပါသလို၊ စိတ်သဘောထား မတူညီသူများနှင့်လည်း မိတ်ဖွဲ့နိုင်ဖို့ မပျက်ကွက်ပါစေနဲ့။ သဘောတရားတိုက်ဆိုင် တူညီသော မိတ်ဆွေများမှ တူညီသော အသိအမြင်များကို ရရှိတတ်သလို၊ စိတ်သဘောတရား မတူညီသော မိတ်ဆွေများထံမှ ကွဲပြားခြားနားသော အသိအမြင်သစ်များကို ရရှိတတ်ပေသည်။


တိုးတက်မှုကို တည်ဆောက်ယူရာတွင် တူညီသော သမရိုးကျ အသိအမြင်များသည် လိုအပ်၏။ ထိုထက် ကွဲပြားခြားနားသော မတူညီသော အမြင်သဘောတရားများသည်လည်း အသစ်တိုးတက်မှုများအတွက် များစွာ အထောက်အကူပေးတတ်သည်ကို သတိမူပါ။ မျက်မှောက်ခေတ် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး တိုးတက်ဖြစ်စဉ်များတွင် Network ကောင်းခြင်း၊ မကောင်းခြင်း။ နည်းခြင်း၊ များခြင်းသည် အောင်မြင်ရေးတွင် အခရာ ကျ၏။ လူတစ်ယောက်၏ တိုးတက်အောင်မြင်မှုများကို တည်ဆောက်ရာတွင် အသားအရောင်၊ ဘာသာ၊ လူမျိုး၊ နိုင်ငံ၊ တိုက် .... ကွဲပြားခြားနားမှုများကို အင်အားအဖြစ် တည်ဆောက်တတ်ရမည်။ မိတ်ဖွဲ့ လုပ်ဆောင်တတ်ရမည် ဖြစ်သည်။ ထို့အတူ အဖွဲ့အစည်း၊ လူမျိုး နိုင်ငံများကို တည်ဆောက်ရာတွင်လည်း အရေးကြီးသော အချက်ဖြစ်သည်။ ကိုယ်က မိတ်ဖွဲ့၍ အင်အားအဖြစ် မစွမ်းဆောင်နိုင်ပါက ကိုယ့်ပြိုင်ဘက်က ကျော်စား အနိုင်ယူခြင်းကို ခံရမည် ဧကန်မလွဲပေ။


၅။ ကိုယ့်ကို ဆန်းစစ်ပါ (Self-assessment)

မိမိကိုယ်ကို နိုင်နင်းစွာ ဆန်းစစ်ထိန်းကျောင်း ခေါင်းဆောင်မှုပေးနိုင်သူသည် အောင်မြင်ဖို့ ရာခိုင်နှုန်း ပို၍များ၏။ သူများအကြောင်းကို သိဖို့။ ပြောဖို့ထက် မိမိ၏ အားနည်းချက်၊ အားသာချက် သိဖို့က ပို၍အရေးကြီးသည်။ သူများအပေါ် ခေါင်းဆောင်ကောင်းဖြစ်လိုလျှင် မိမိကိုယ်ကို နိုင်နင်းစွာ ဦးစွာ ခေါင်းဆောင်နိုင်ရမည် ဖြစ်သည်။


အောင်မြင်သူတိုင်းသည် ဆီမီးတိုင်လို လူစားမျိုမဟုတ်ပေ။ ဆီမီးတိုင်သည် ပတ်ဝန်းကျင်ကို အလင်းပေးနိုင်၏။ သို့သော် မိမိအရိပ်ကို မပယ်ဖျောက်နိုင်ပေ။ မိမိအားနည်းချက်- အမှောင်ရိပ်ကို ဦးစွာ ပယ်ဖျောက်နိုင်ရမည် ဖြစ်သည်။ အောင်မြင်သူတိုင်းသည် ဆင်လိုလူစားမျိုးလည်း မဟုတ်ပေ။ ဆင်ပြောင်ကြီးသည် သက်ရှိများစွာကို အနိုင်ယူနိုင်၏။ သို့သော် မိမိကိုယ်ခန္ဓာမှ သန်းကောင်လေးကိုမူ အမြဲ အရှုံးပေးရ၏။ အောင်မြင်သူများသည် ဆီမီးတိုင်ကဲ့ ဆင်ပြောင်ကြီးကဲ့သို့ ကိုယ့်အားနည်းချက်ကို မသိနိုင်သူ။ မပြင်နိုင်သူများ မဟုတ်ကြပေ။


ကိုယ့်အားနည်းချက်များသိ၍ အားသာချက်သို့ ပြောင်းလဲပစ်ဖို့။ ကိုယ့်အားသာချက်ကို သိ၍ ဆက်လက် ထိန်းထားနိုင်ဖို့။ အခွင့်အလမ်း အသစ်များကို ဖန်တီးယူနိုင်ဖို့။ ခြိမ်းခြောက်မှုများကို ဖြေရှင်း ကျော်ဖြတ်နိုင်ဖို့ အရေးတကြီး လုပ်ရမည်မှာ မိမိကိုယ်ကို ဆန်းစစ်ခြင်း (Self-assessment) လုပ်ရမည်။ ပြင်ဆင်ပေးရမည် ဖြစ်သည်။ အောင်မြင်သူများသည် အမြဲဆန်းစစ်နေသူ ပြုပြင်လွယ်သူများပင် ဖြစ်သည်။ မိမိကိုယ်ကို ဆန်းစစ်ပြင်ဆင်ရန် မေ့လျော့ ပျက်ကွက်နေသူများသည် တိုးတက်အောင်မြင်မှုများနှင့် ဆက်လက် ဝေးကွာနေဦးမည်သာ ဖြစ်သည်။


၆။ ကျန်းမာရေး (Health care)

ကိုယ်ကျန်းမာနေဖို့။ စိတ်သန်စွမ်းနေဖို့။ တွေးခေါ်လုပ်ဆောင်ချက်များ ကောင်းနေဖို့ ကျန်းမာရေးသည် အလေးထား ဂရုစိုက်ရမည့် အချက်တစ်ခု ဖြစ်သည်။ ကျန်မာရေးတွင် အရာများစွာ တည်မှီနေသည်။ ထို့ကြောင့် အောင်မြင်သူများသည် ကျန်းမာရေးလေ့ကျင့်ခန်းကိုလည်း အလေးထားတတ်သူများပင် ဖြစ်သည်။

 

Recommended for you - သင့်ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမဲ့အချက်များ

 

Recommended for you - မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် Logisticsဘွဲ့လွန်ဒီပလိုမာညနေပိုင်းသင်တန်းသားများခေါ်ယူခြင်း

 

Credit; Ashin Panna

Read times Last modified on Wednesday, 29 January 2020 10:33
Rate this articles
(1 Vote)