အောင်မြင်နေကြသူများဟာ သူတို့ အောင်မြင်ရတဲ့ အဓိက အကြောင်းအရင်းက အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချလို့ ဖြစ်ပါတယ်။
၁. အားလပ်ချိန်တိုင်း စာဖတ်တယ်။
စာပုံမှန်ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ စားများများဖတ်တဲ့သူဟာ မှတ်ဥာဏ်
အားကောင်းလာမယ်၊ ဝေါဟာရတွေကြွယ်ဝ လာမယ်၊ အမြင်တွေ ကျယ်လာမယ်၊ ကိုယ့်စီးပွားရေးအတွက် အကြံဥာဏ်ကောင်းတွေ ထွက်လာမယ်။
စာအုပ်တစ်အုပ်ထိုင်ဖတ်ဖို့ အချိန်မရဘူးဆိုရင်တောင် အသံဖိုင်တွေ နားထောင်နိုင်အောင် ကြိုးစားပါ။
၂. လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်တာက စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး စွမ်းအင်တွေ တိုးစေတော့ အလုပ်တွေပိုပြီး ပြီးမြှောက်စေတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၃. ပျော်ပျော်နေတယ်။
လူအများစုဟာ အောင်မြင်ချင်ရင် ပျော်ရွှင်မှုတွေ စွန့်လွှတ်ရမယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ အလုပ်ကနေနားပြီး အပျော်ခရီးထွက်တာက စိတ်ကျန်းမာရေး အခြေအနေ၊ အလုပ်ပြီးမြှောက်နိုင်စွမ်းတွေကို တိုးစေပါတယ်။
၎. စူးစမ်း လေ့လာမှုအား ကောင်းတယ်။
ကိုယ်ဘယ်လောက်ပဲ သိနေနေ လေ့လာစရာ အသစ်အသစ်တွေ ကျန်သေးတယ်ဆိုတာကို အောင်မြင်သူတွေ ကောင်းကောင်းနားလည်ထား ကြပါတယ်။
ထို့ကြောင့် လူသစ်တွေနဲ့ တွေ့ပြီးပဲဖြစ်ဖြစ်၊ သင်တန်းတွေ၊ ဟောပြောပွဲတွေ တက်ပြီးဘဲဖြစ်ဖြစ် အမြဲအသစ်အသစ်တွေကို လေ့လာဖို့ အချိန်ပေးပါ။
၅. အောင်မြင်သူတွေ Volunteer လုပ်တယ်။
Volunteer လုပ်တဲ့ပွဲတွေက လူမျိုးစုံကို တွေ့ဖို့ အခွင့်အရေးမို့ အောင်မြင်သူတွေက မိတ်ဆွေတိုးဖို့အတွက် Volunteer အလုပ်တွေဆို လက်လွတ်မခံကြဘူး။
၆. အောင်မြင်သူတိုင်းက ချစ်ရသူတွေကို အချိန်ပေးတယ်။
တစ်ချို့လူတွေက ကိုယ်အောင်မြင်ဖို့အတွက် ရုံးကန်ရင်းနဲ့ မိသားစု၊ သူငယ်ချင်းတွေကို ပစ်ထားလိုက်တာ အောင်မြင်မှုလည်း ရရော ကိုယ်လုပ်ခဲ့သမျှ အလကားတွေလို့ စပြီး ခံစားလာရတယ်။
တကယ်အောင်မြင်တဲ့သူတွေက အောင်မြင်မှု အတွက် ရုန်းကန်ကြသလို ချစ်ရသူတွေကို အချိန်ပေးဖို့လည်း ကြိုးစားကြပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
Source: techkhit