×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 05 November 2018

အင်္ဂလိပ်စာတိုးတက်ဖို့ အဓိကလုပ်ဆောင်ရမယ့်အချက်များ

ဘာသာစကားတစ်ခုကို ကျွမ်းကျင်ပြီး တိုးတက်ချင်တယ်ဆိုရင်တော့ အချိန်ယူရပါတယ်။ အခုချက်ချင်းလေ့လာ အခုချက်ချင်း တိုးတက်မှု မရရှိနိုင်ပါဘူးနော်...။ အချိန်ကာလတစ်ခုတော့ စောင့်ရပါ့မယ်။

၁. Confidence ရှိပါ။

ဘယ်အရာပဲ လုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ အောင်မြင်မှာပါ။ ယုံကြည်မှုမရှိပဲ ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမှန်တကယ် အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင်ဖြင့် Confidence ရှိမှ ဖြစ်မှာပါ။

၂. အလေးထားပါ။

ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် အောင်မြင်ချင်ရင် အာရုံစူးစိုက်ရပါတယ်။ အာရုံစူးစိုက်မှု မရှိရင်တော့ သင့် English စာ တိုးတက်လာဖို့ဆိုတာ မလွယ်ပါဘူး။ သင်တန်းတစ်ခုသာ တက်နေတာ အာရုံစူးစိုက်မှုမရှိရင် ဘာမှ အကျိုးမရှိပါဘူး။

၃. ရည်မှန်းချက်ရှိပါ။

ရည်မှန်းချက်မရှိတဲ့သူတိုင်းဟာ ဘယ်တော့မှ အောင်မြင်မှုဆိုတဲ့ ပန်းတိုင်သို့ ရောက်မှ မဟုတ်ပါဘူးနော်...။ English စာ သင်တန်းကို အပျော်သမျိုး တက်ခြင်း၊ သူငယ်ချင်းတွေ တက်လို့ လိုက်တက်တာလို့၊ အိမ်က မိဘတွေ  စိတ်ချမ်းသာအောင် စသဖြင့် ရည်ရွယ်ချက်တွေနဲ့ တက်နေလို့ကတော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။ ကိုယ်က လိုချင်တဲ့စိတ်မျိုး ရှိမှသာ တက်ဖို့ တိုက်တွန်းချင်ပါတယ်နော်...။

၎. Time-table တစ်ခုထားပါ။

သင့်မှာ အရင်က time-table မရှိဘူးဆိုရင် အခုစပြီး ဆွဲပါ။ တစ်နေ့တစ်နာရီပဲ လေ့လာအုံး၊ သင့် English စာ တိုးတက်နိုင်ပါတယ်။ သင့်တစ်နေ့ကို တစ်နာရီလောက် အချိန်မပေးပဲနဲ့ သင့် English စာ အမြန်ဆုံး တိုးတက်ချင်တာကတော့ ရူးသွပ်လွန်းတယ်ပဲပြောပါရစေ။ ကဲ...ဒီတော့ ဒီနေ့ကစပြီး အချိန်ဇယားလေးနဲ့ သွားဖို့ မမေ့နဲ့နော်...။

၅. လေ့လာတတ်ပါစေ။

အချိန်အကြာကြီး လေ့လာပေမယ့် မတိုးတက်ဖူးဆိုရင်တော့  သင် နည်းလမ်းမှားနေတာဖြစ်ပါတယ်။ ဘာသာစကားလေ့လာရင် ဘယ်ဟာက အရေးအကြီးဆုံးလဲ သိရပါတယ်။ သင် ဘာလို့ အဲဒီဘာသာစကားကို သင်တာလဲ ပြန်သုံးသပ်ပါ။ များသောအားဖြင့် communicate လုပ်ဖို့ သင်ယူကြတာပါ။ ထို့ကြောင့် speaking skill က အရေးကြီးဆုံးပါ။

၆. အင်တာနက်ကို အကျိုးရှိစွာ သုံးတတ်ပါစေ။

အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုတတ်ရင်တော့ သင့် English စာ တိုးတက်တာ မြန်လာပါလိမ့်မယ်။ အသံဖိုင်တွေ အများကြီး download လုပ်လို့ ရပါတယ်။ ဗီဒီယိုတွေ ကြည့်လို့ရပါတယ်။ သင် မသိသေးတဲ့ အသုံးအနှုန်းလေးတွေကို အင်တာနက်သုံးပြီး Google မှာ တိုက်ရိုက်ရှာဖွေပြီး လေ့လာလို့လည်း ရပါသေးတယ်။

၇. စိတ်အားထက်သန်မှုရှိပါ။

စိတ်အားထက်သန်မှုမရှိတာကလည်း တော်တော်များများ ဖြစ်လေ့ရှိတဲ့ ပြဿနာပါပဲ။ လူငယ်တော်တော်များများက လေ့လာတာ နည်းနည်းကြာလို့ မတိုးတက်ရင် စိတ်ဓာတ်ကျလွယ်တတ်ကြပါတယ်။  ပြီးတော့ စိတ်အားထက်သန်မှုက သင့်အတွက် တွန်းအားဖြစ်စေပြီး အခက်အခဲတွေကြုံလာတိုင်း အကောင်းဆုံးဖြစ်အောင် သင်ဖြစ်ကျော်နိုင်မှာပါ။

၈. ပျော်စရာများနဲ့ လေ့လာပါ။

သင်တန်းတွေတက်မှ အင်္ဂလိပ်စာလေ့လာတာမျိုးမဟုတ်ပါဘူးနော်...။ ဥပမာ English သတင်းစာတွေ ဖတ်ပါ။ Movies တွေ ကြည့်ပါ။ English Songs တွေ နားထောင်ပါ။ Jokes တွေ ဖတ်ပါ။ အများကြီး လုပ်စရာတွေရှိပါတယ်။

သူငယ်ချင်းတို့ရေ...အင်္ဂလိပ်စာ အမြန်ဆုံး တိုးတက်ချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးတဲ့အတိုင်းသာ လုပ်ကြည့်ပါနော်...။

Read times Last modified on Wednesday, 29 January 2020 15:00
Rate this articles
(1 Vote)