×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 04 February 2019

ရည်မှန်းချက်ပျောက်ဆုံးနေတဲ့သူတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာစုများ

လူငယ်တော်တော်များများ ကြိုးစားရင်းနဲ့ မထင်မှတ်ပဲ လမ်းပျောက်နေတတ်ပါတယ်။ ဘာလုပ်ရမယ် မသိဖြစ်နေသလို ရည်မှန်းချက်ကလည်း ဘာဆိုတာကို ရှာမရဖြစ်နေတတ်တဲ့ အချိန်တွေဆိုတာ လူငယ်တိုင်း ကြုံတွေ့ကြဖူးမှာပါ။

ဒါကြောင့် ဖိအားတွေများပြီး ကြိုးစားသမျှ အရာမထင်ပဲ ရည်မှန်းချက်ပျောက်ဆုံးနေပြီလို့ ခံစားမိရင် ဒီစာလေးကို ဖတ်ကြည့်ပေးပါနော် …

(၁) တိုးတက်စေမယ့် စာအုပ်တွေဖတ်ပါ။

ကိုယ့်ကိုယ်ကို ရည်မှန်းချက်ပျောက်နေသူတစ်ယောက် မဖြစ်အောင် တိုးတက်စေမယ့် စာအုပ်တွေ ဖတ်ပေးဖို့က အဓိကပါ။ စာအုပ်ဆိုင်သွား၊ ကိုယ့်ဘ၀ကို တိုးတက်စေမယ့်၊ စိတ်ခွန်အားပေးစေမယ့် စာအုပ်မျိုးတွေကို ရွေးဝယ် ၊ ဖတ်ပါ။ စာဖတ်တာက သင့်ကို အကျိုးမယုတ်စေပါဘူး။

(၂) ရည်မှန်းချက်ပန်းတိုင် ချမှတ်ပေးပါ။

ရည်မှန်းချက်ဆိုတာ ကိုယ်ဝါသနာပါတဲ့ အရာတွေကနေ စတင်တာပါ။ ဘယ်အရာမျိုးကို ၀ါသနာပါပြီး လုပ်ကြည့်ချင်တယ်ဆိုတာကို စာအုပ်ထဲ ချမှတ်ပေးပါ။ အဲ့ကနေ တစ်ခုချင်းစီကို လုပ်ကြည့်ပြီး ဒီထဲကမှ ကိုယ်ဘယ်အရာကို တကယ်ဝါသနာပါလဲဆိုတာကို သိလာမှာပါ။

(၃) သင့်အတွက် အချိန်ရင်းနှီးပေးပါ။

သင့်အတွက် အချိန်သီးသန့်ပေးပါ။ အဲ့အချိန်မှာ စာဖတ်ပါ ၊ စာတွေ ချမှတ်ပါ ၊ ဖုန်းကိုပိတ် ၊ လက်ဖက်ရည်သောက်၊ (ဒါမှမဟုတ်) သင့် စိတ်ပြေရာ တစ်ခုခုကို လုပ်နေပေးပါ။ ဒီလိုလုပ်ပေးတာက သင့်ကိုယ်သင်အတွက် သင့် ရည်မှန်းချက်ကို ပြန်ရှာတာပါ။ ရည်မှန်းချက် မဟုတ်တဲ့ အလုပ်တွေထဲ စိတ်နှစ်မ၀င်ဘဲ ကိုယ့်အတွက် ကိုယ်ရည်မှန်းချက်ကို ဖြစ်အောင်လုပ်ပေးပါ။

(၄) မကြောက်ပါနဲ့။

ဘယ်အရာကိုမှ လက်တွေ့လုပ်ကြည့်ဖို့ မကြောက်ပါနဲ့။ ကိုယ်ဝါသနာပါတဲ့ အရာကို တစ်စုံတစ်ခုကြောင့် လုပ်ကြည့်ဖို့ မတွန့်ဆုတ်သွားပါနဲ့။ ကိုယ်ဝါသနာ ပါတာကို ဖြစ်အောင် လုပ်ကြည့်ပေးပါ ၊ ဒါမှ သင့်ရည်မှန်းချက်က ဘာဆိုတာကို သိလာမှာပါ။

(၅) ၀ါသနာတစ်ခုကို လုပ်ကြည့်ပါ။

သင်ဝါသနာပါတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ပေးပါ။ လုပ်ကြည့်ရာကနေ ဘယ်အရာကို တကယ်စိတ်ဝင်စားလဲ စိတ်မ၀င်စားလဲဆိုတာကို သိလာမှာပါ။ ဒီလိုကနေ သင့်လုပ်ချင်တဲ့ ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ရှာတွေ့မှာပါ။

source: everytimestory

Read times Last modified on Wednesday, 29 January 2020 11:42
Rate this articles
(1 Vote)