×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 15 February 2019

အလုပ်မှာ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ??

ဘော်ဘော်တို့ရေ အလုပ်ထဲမှာ စိတ်ညစ်တာတွေ မပျော်တာတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ပျော်ရွှင်လာအောင် လုပ်ရမယ့် နည်းလမ်း လေးတွေ ကို မျှဝေပေးလိုက်ပါတယ်နော်။

အလုပ်ကို စိတ်ပါလက်ပါလုပ်ကြည့်

ဘာလုပ်လုပ် စိတ်ပါလက်ပါ လုပ်ပါ။ ကိုယ့်ကို ထမင်းကျွေးတဲ့ အလုပ်ဆိုရင် စိတ်ပါပါ မပါပါ တာဝန်ကျေအောင်လုပ်ပါ။ အလုပ်မှာ ကိုယ်ပိုင် အလုပ်လို စေတနာထားပြီး လုပ်ကြည့်ရင် တကယ် စိတ်ချမ်းသာစရာကောင်းပါတယ်။

ရွှင်ရွှင်လန်းလန်းနေ

မျက်နာကို ကြည်ကြည်လင်လင်ထားပါ။ စကားပြောလည်း တတ်နိုင်သမျှ ပြုံးပြုံးရွှင်ရွှင်ပြောပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စရင်း၊နောက်ရင်း အလုပ်လုပ်ပါ။ စိတ်ကြည်၊ ရုပ်ကြည်ရင် လူချစ်လူခင်ပေါလိမ့်မယ်။ အလုပ်မှာလည်း တဖြည်းဖြည်းပျော်လာလိမ့်မယ်။

အပျက်စကားမပြောနဲ့

စကားပြောလည်း တတ်နိုင်သမျှ အကောင်းဖက်က လှည့်ပြောပါ။ အလုပ်မှာ ဘာအခက်အခဲ ရှိရှိ အကောင်းဆုံးကြိုးစားပါ။ လုပ်ဖော် ကိုင်ဖက်တွေ ပြဿနာတစ်ခုခုကြုံရင် အားပေးစကားပြောပါ။ အကြံဥာဏ်ပေးပါ။ အလုပ်ကလူတွေက ကိုယ့်စကားဆို ကြားချင်လာ လိမ့်မယ်။ လေးစားလာ လိမ့်မယ်။

သူများကို ကူညီပါ

ဘေးက ဝန်ထမ်း အလုပ်တွေပိနေလား။ကူလုပ်ပေးလိုက်ပါ။ အလုပ်ဝင်ခါစ ဝန်ထမ်းအသစ်ကို အားပေးစကားပြောလိုက်ပါ။ တကယ်လိုအပ်နေ တဲ့ သူတွေ အဆင်ပြေအောင် ကူညီရတာ စိတ်ထဲနေလို့ ကောင်းပါတယ်။ ကိုယ်လည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်အားကိုးမှုရလို့ သူများကို ကူညီရင်း ကိုယ့်ကိုကိုယ် ကူညီရာရောက်ပါတယ်။

လူတိုင်းနဲ့ အဆင်ပြေအောင်နေကြည့်

အလုပ်လာလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က စားဝတ်နေရေးနဲ့ ဘဝတိုးတက်ဖို့လေ။ ဘယ်သူ့မှ ကြည့်မရတာတွေ၊ထောင့်မကျိုးတာတွေ မြင်မနေနဲ့။ အဓိက,က ကိုယ့်ဖက်ကလည်း မှန်,အောင်နေ။ရှေ့လျှောက် ဘဝမှာ ကြိုးစားဖို့ အများကြီးလိုသေးတယ်။ လူတိုင်းနဲ့ ပြေပြေ လည်လည် ပြောဆိုဆက်ဆံတတ်မှ လူရာဝင်ပြီး အလုပ်လုပ်လို့ရမှာ။

အလုပ်မှာ သူငယ်ချင်းထားပါ

အလုပ်က ရွယ်တူ၊အလုပ်တူ ဝန်ထမ်းချင်း အပြင်မှာ ပေါင်းကြည့်ပါ။ စိတ်တူကိုယ်တူ အပေါင်းအသင်းရတော့ အလုပ်မှာလည်း အားကိုးရတယ်။ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်ရတယ်။

ခဏတဖြုတ် နား

အလုပ်ထဲ စိတ်ဖိစီးလာရင် Coffee Break ဖြစ်ဖြစ်၊ Bathroom Break ဖြစ်ဖြစ်ယူပြီး အပြင်ထွက် လေရှုလိုက်၊ လမ်းထွက်လျှောက်လိုက်။ နားကြပ်လေးတပ်ပြီး သီချင်းလေး ငါးမိနစ်လောက် နားထောင်လိုက်။ စိတ်ပြေလက်ပျောက်ပေါ့။

အလုပ်မှာ အလုပ်ပဲအာရုံစိုက်

အိမ်ကကိစ္စ၊သမီးရည်းစားနဲ့ လူမှုရေးကိစ္စတွေ အပြင်မှာ ထားခဲ့ပါ။ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ အလုပ်ကို ယူမလာပါနဲ့။ အလုပ်မှာ အလုပ်ကောင်းကောင်းပြီးဖို့ပဲ အာရုံစိုက်လုပ်ပါ။ ကိုယ့်ပါစင်နယ် ကိစ္စတွေကြောင့် ပရော်ဖက်ရှင်နယ်အလုပ်မှာ စိတ်မပါလက်မပါနဲ့ လုပ်နေရ တာမျိုး မဖြစ်ပါစေနဲ့။

ပရော်ဖက်ရှင်နယ် ကျကျနေ

ကိုယ့်ဖက်က ဘယ်လောက်ပဲ စိတ်ချမ်းသာအောင်နေလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်ရင် ဘယ်လိုမှ မပျော်နိုင်ပါဘူး။ ဒီတော့ ကိုယ့်ဖက် က အလုပ်မှာ သိစရာရှိတာသိအောင်လုပ်၊ အပြောအဆို အနေအထိုင်ဆင်ခြင်၊ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်၊ ကိုယ့်ဘဝ တိုးတက်အောင် လုပ်နေဖို့လည်း လိုပါတယ်။

source: YaeHtet

Read times Last modified on Thursday, 30 January 2020 15:18
Rate this articles
(1 Vote)