×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 05 April 2019

နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘာကြောင့် အင်္ဂလိပ်စာသင်တန်းများ တက်သင့်သလဲ...?

နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘာကြောင့် အင်္ဂလိပ်စာသင်တန်းများ တက်သင့်သလဲ...? google

အင်္ဂလိပ်စာဆိုတာကျွန်တော်တို့ အတွက်သိသင့်၊ တတ်မြောက်ထားသင့်တဲ့ဘာသာစကားတစ်ခုပါ။

 

အခြေခံမူလတန်းကစလို့  ဟိုး..တက္ကသိုလ်ဘွဲ့ ရ၊ အလုပ်ခွင်ရောက်တဲ့အထိအသုံးဝင်တဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာတဲ့အခါ မိမိတို့ အခြေခံပညာကျောင်းများတွင် သင်ယုံ၊ လေ့လာယုံနဲ့ တင်မလုံလောက်ပါဘူး။ အချိန်ရရင်ရသလို၊ အားရင်အားသလို လေ့လာသင့်တဲ့ဘာသာတစ်ခုပါ။

 

အထူးသဖြင့်ကျောင်းသားများအနေနဲ့ နွေရာသီကျောင်းပိတ်ရက်များတွင်အင်္ဂလိပ်စာနှင့်ပက်သက်သော သင်တန်းများကို သေသေ ချာချာ တက်သင့်ပါတယ်။ ထိုသို့  တက်ခြင်းဟာ ကျောင်းသားများအတွက်ကျောင်းသင်ခန်းစာများတွင် များစွာအထောက်ကူပြုပါတယ်။

 

English vocabulary ကြွယ်ဝ လာမယ်။Grammar ပိုင်းတွေကိုပိုမိုနားလည်လာမယ်။ Translation တွေကောင်းလာမယ်။ Essay,Letter များရေးရာတွင်လည်း များစွာအထောက်ကူပြုနိုင်ပါတယ်။ မိမိကျောင်းတွင် အင်္ဂလိပ်ဘာသာသင်ယူရာတွင်းလည်း.တခြားအင်္ဂလိပ်သင်တန်းမတက်ထားသော ကျောင်းသားများထက်..သင်ယူရတွင်ပိုမိုလွယ်ကူနေပါလိမ့်မယ်။

 

ငယ်ငယ်တည်းက နွေရာသီကျောင်းပိတ်ရက်တွေမှာ အင်္ဂလိပ်စာသင်တန်းများတက်ထားမှသာ တက္ကသိုလ်ဘွဲ့ ရတဲ့အချိန်မှာ English 4 skills ကျွမ်းကျင်တဲ့အနေထားကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ နောက်ပိုင်း လုပ်ငန်းခွင်ဝင်ရာတွင်လည်း English 4 skills ကို ကျွမ်းကျင်စွာတက်မြောက်ထားခြင်းဖြင့် အများနှင့်ယှဉ်ရင် ကိုယ်ကသာနေမှာပါ။

 

ဒါ့အပြင် ပြည်ပတွင် အလုပ်သွားလုပ် သော်လည်းကောင်း၊ ကျောင်းသွားတက် ခဲ့သော်လည်းကောင်း အင်္ဂလိပ်စာကျွမ်းကျင်စွာတက်မြောက်ထားခြင်းသည် များစွာအထောက်အကူဖြစ်စေပါတယ်။

 

အဲ့လိုမှမဟုတ်ပဲ လုပ်ငန်းခွင်ဝင်ခါနီးမှ ၊ လိုအပ်မှ အချိန် ၃ လ လောက်ယူပြီး အင်္ဂလိပ်စာ သင်တန်းတခုခု လိုက်မယ်ဆိုရင် Certificate တွေသာရရင်ရသွားလိမ့်မယ် English 4 skills ကိုတော့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အနေထားတခုထိရောက်မှာမဟုတ်ပါဘူး။ Certificate ကြီးကိုင်ထားပီး တကယ့်တကယ့် မကျွမ်းကျင်ရင်တော့အလကားပါပဲ။

 

ဒါကြောင့် ကျောင်းသားများအနေနဲ့  နွေရာသီကျောင်းပိတ်ရက်တွေမှာ အင်္ဂလိပ်စာသင်တန်းများတက်ကိုတက်သင့်ပါတယ်။

Read times Last modified on Tuesday, 04 February 2020 15:18
Rate this articles
(1 Vote)