×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 17 September 2019

"မွန္ကန္တဲ့ career လမ္းေၾကာင္းတစ္ခုကို ပိုင္ဆိုင္နိုင္ဖို႔အတြက္ ဒီေမးခြန္းေတြကို ေျဖၾကည့္ပါ"

"မွန္ကန္တဲ့ career လမ္းေၾကာင္းတစ္ခုကို ပိုင္ဆိုင္နိုင္ဖို႔အတြက္ ဒီေမးခြန္းေတြကို ေျဖၾကည့္ပါ" google

<<< Zawgyi Version >>>

တကၠသိုလ္စာေမးပဲြေတြလည္းေျဖေနရျပီ။ ေနာက္ဆံုးႏွစ္သမားေတြကလည္း ေက်ာင္းျပီးေတာ့မယ္ ဆိုေတာ့ လုပ္ငန္းခြင္ဆိုတဲ့ နယ္ပယ္အသစ္ကို ဝင္ေရာက္ေလွ်ာက္လွမ္းရေတာ့မွာပါ။

ဒီအခါမွာ ကိုယ္ငယ္ငယ္ထဲက စိတ္ကူးပံုေဖာ္ခဲ့တဲ့ ကိုယ့္ရဲ႕ career လမ္းေၾကာင္းကို လက္ေတြ႔အေကာင္အထည္ေဖာ္ တည္ေဆာက္ရေတာ့မွာပါ။

ကေလးဘဝငယ္စဥ္အခ်ိန္ထဲက လူၾကီးမိဘေတြက ေမးေလ့ရွိပါတယ္ ၾကီးလာရင္ဘာလုပ္မလဲ ဘာျဖစ္ခ်င္တာလဲေပါ့ အဲဒီအခ်ိန္ကတည္းက ကိုယ့္ၾကီးလာရင္ေတာ့ ဘာလုပ္မယ္ ဘာျဖစ္ခ်င္တယ္ ဆိုျပီးေတာ့ သတ္မွတ္ထားတဲ့ ရည္မွန္းခ်က္ေတြရွိပါတယ္။

ကေလးဘဝတုန္းကေတာ့ လူၾကီးေတြကို ၾကည့္ျပီး အားက်တဲ့စိတ္နဲ႕ ၾကီးလာရင္ငါလည္း ဒီလိုမ်ိဳးျဖစ္ရမယ္ ဆိုျပီးေတာ့ ကုိယ့္ရဲ႕အနာဂတ္ကိုပံုေဖာ္ျပီး ေရြးခ်ယ္ထားတာလည္း ျဖစ္နိုင္ပါတယ္။ အရြယ္ေရာက္လာတဲ့ အခါမွာ သင္ယူရတဲ့ဘာသာရပ္ အေတြ႔အၾကံဳေလးေတြနဲ႕ နွိဳင္းယွဥ္မိျပီး ျဖစ္ခ်င္တဲ့ဆႏၵေတြ ကိုယ္စိတ္ဝင္စားတဲ့ အရာေတြက ေျပာင္းလဲသြားတာမ်ိဳး ကိုယ္တကယ္ေလွ်ာက္လွမ္းခ်င္တဲ့ လမ္းေၾကာင္း ကို ရွာေတြ႔သြားတာလည္းရွိပါတယ္။

အခုခ်ိန္ထိ ငါဘာလုပ္ရမလဲ ငါဘာျဖစ္ခ်င္တာလဲ ငါဘယ္လမ္းေၾကာင္းကိုေလွ်ာက္လွမ္းခ်င္တာလည္း ကိုယ့္ရဲ႕ career ကိုေသခ်ာမသိေသးတဲ့သူေတြလည္း ရွိနိုင္ပါတယ္။ career လမ္းေၾကာင္းတစ္ခု ေမွ်ာ္မွန္းထားတဲ့ အလုပ္ကို တည္ေဆာက္ေတာ့မယ္ဆိုရင္ ကိုယ့္ကုိယ္ကို ျပန္ေမးသင့္တဲ့ ေမးခြန္းေလးေတြပါ။

 

၁. သင္ဘာလိုခ်င္တယ္ ဘာျဖစ္ခ်င္တယ္ဆိုတာကို ကိုယ့္ကုိယ္ကို ေန႔တိုင္းေမးပါ?

၂. ဘယ္လို အလုပ္အမ်ိဳးအစားကုိ လုပ္ခ်င္တာလဲ?

၃. ငါတာဝန္ယူလုပ္ေဆာင္နိုင္တဲ့အရာေတြက ဘာလဲ?

၄. ဘယ္လို အလုပ္ရွင္မ်ိဳး၊ လုပ္ေဖာ္ကိုင္ဖက္၊ အဖြဲ႔အစည္း ေတြနဲ႔ လုပ္ခ်င္တာလဲ?

၅. ဘယ္လို company မ်ိဳးမွာလုပ္ခ်င္တာလဲ?

၆. ဘယ္လို စည္းမ်ဥ္းစည္းကမ္းနဲ႔ ဓေလ့ေတြရွိတဲ့ company မ်ိဳးမွာ လုပ္ခ်င္တာလဲ?

၇. ေမွ်ာ္မွန္းထားတဲ့လစာက ဘယ္ေလာက္လဲ?

၈. အလုပ္မွာၾကံဳနိုင္တဲ့ စိတ္ဖိစီးမွဳ၊ ဖိအားေတြကုိ ဘယ္လိုေက်ာ္ျဖတ္မွာလဲ?

၉. ငါဒီလမ္းေၾကာင္းကို ေရြးခ်ယ္လိုက္တဲ့အတြက္ ေနာင္တမရဘူးလို႔ ကိုယ့္ကိုယ္ကို အာမခံနိုင္တဲ့ လမ္းေၾကာင္းလား?

ကိုယ့္ရဲ႕ အနာဂတ္ကို ပံုေဖာ္စိတ္ကူးျပီးဖန္တီးတယ္ဆိုတာလြယ္ကူျပီး ရိုးရွင္းပါတယ္။

ဒါေပမယ့္ လူေတြကဘာလို႔ မလုပ္ျဖစ္တာလဲ။ ကိုယ္လိုခ်င္တဲ့အရာေတြကုိ အမွန္တကယ္မပိုင္ဆိုင္နိုင္မွာ မရရွိမွာကို ေၾကာက္တဲ့အတြက္ ျဖစ္ပါတယ္။

ဒီအေၾကာက္တရားကို တြန္းလွန္ျပီး ေကာင္းမြန္တဲ့ဘဝလမ္းေၾကာင္းကို အနာဂတ္ကို ဖန္တီးနိုင္ပါေစ။

 

<<< Unicode Version >>>

တက္ကသိုလ်စာမေးပွဲတွေလည်းဖြေနေရပြီ။ နောက်ဆုံးနှစ်သမားတွေကလည်း ကျောင်းပြီးတော့မယ် ဆိုတော့ လုပ်ငန်းခွင်ဆိုတဲ့ နယ်ပယ်အသစ်ကို ဝင်ရောက်လျှောက်လှမ်းရတော့မှာပါ။

ဒီအခါမှာ ကိုယ်ငယ်ငယ်ထဲက စိတ်ကူးပုံဖော်ခဲ့တဲ့ ကိုယ့်ရဲ့ career လမ်းကြောင်းကို လက်တွေ့အကောင်အထည်ဖော် တည်ဆောက်ရတော့မှာပါ။

ကလေးဘဝငယ်စဉ်အချိန်ထဲက လူကြီးမိဘတွေက မေးလေ့ရှိပါတယ် ကြီးလာရင်ဘာလုပ်မလဲ ဘာဖြစ်ချင်တာလဲပေါ့ အဲဒီအချိန်ကတည်းက ကိုယ့်ကြီးလာရင်တော့ ဘာလုပ်မယ် ဘာဖြစ်ချင်တယ် ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။

ကလေးဘဝတုန်းကတော့ လူကြီးတွေကို ကြည့်ပြီး အားကျတဲ့စိတ်နဲ့ ကြီးလာရင်ငါလည်း ဒီလိုမျိုးဖြစ်ရမယ် ဆိုပြီးတော့ ကိုယ့်ရဲ့အနာဂတ်ကိုပုံဖော်ပြီး ရွေးချယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာ သင်ယူရတဲ့ဘာသာရပ် အတွေ့အကြုံလေးတွေနဲ့ နှိုင်းယှဉ်မိပြီး ဖြစ်ချင်တဲ့ဆန္ဒတွေ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေက ပြောင်းလဲသွားတာမျိုး ကိုယ်တကယ်လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း ကို ရှာတွေ့သွားတာလည်းရှိပါတယ်။

အခုချိန်ထိ ငါဘာလုပ်ရမလဲ ငါဘာဖြစ်ချင်တာလဲ ငါဘယ်လမ်းကြောင်းကိုလျှောက်လှမ်းချင်တာလည်း ကိုယ့်ရဲ့ career ကိုသေချာမသိသေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ career လမ်းကြောင်းတစ်ခု မျှော်မှန်းထားတဲ့ အလုပ်ကို တည်ဆောက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေပါ။

၁. သင်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို နေ့တိုင်းမေးပါ?

၂. ဘယ်လို အလုပ်အမျိုးအစားကို လုပ်ချင်တာလဲ?

၃. ငါတာဝန်ယူလုပ်ဆောင်နိုင်တဲ့အရာတွေက ဘာလဲ?

၄. ဘယ်လို အလုပ်ရှင်မျိုး၊ လုပ်ဖော်ကိုင်ဖက်၊ အဖွဲ့အစည်း တွေနဲ့ လုပ်ချင်တာလဲ?

၅. ဘယ်လို company မျိုးမှာလုပ်ချင်တာလဲ?

၆. ဘယ်လို စည်းမျဉ်းစည်းကမ်းနဲ့ ဓလေ့တွေရှိတဲ့ company မျိုးမှာ လုပ်ချင်တာလဲ?

၇. မျှော်မှန်းထားတဲ့လစာက ဘယ်လောက်လဲ?

၈. အလုပ်မှာကြုံနိုင်တဲ့ စိတ်ဖိစီးမှု၊ ဖိအားတွေကို ဘယ်လိုကျော်ဖြတ်မှာလဲ?

၉. ငါဒီလမ်းကြောင်းကို ရွေးချယ်လိုက်တဲ့အတွက် နောင်တမရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံနိုင်တဲ့ လမ်းကြောင်းလား?

ကိုယ့်ရဲ့ အနာဂတ်ကို ပုံဖော်စိတ်ကူးပြီးဖန်တီးတယ်ဆိုတာလွယ်ကူပြီး ရိုးရှင်းပါတယ်။

ဒါပေမယ့် လူတွေကဘာလို့ မလုပ်ဖြစ်တာလဲ။ ကိုယ်လိုချင်တဲ့အရာတွေကို အမှန်တကယ်မပိုင်ဆိုင်နိုင်မှာ မရရှိမှာကို ကြောက်တဲ့အတွက် ဖြစ်ပါတယ်။

ဒီအကြောက်တရားကို တွန်းလှန်ပြီး ကောင်းမွန်တဲ့ဘဝလမ်းကြောင်းကို အနာဂတ်ကို ဖန်တီးနိုင်ပါစေ။

 

Ref To Original

sayar.com.mm

 

Read times
Rate this articles
(0 votes)