×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 18 September 2019

"အိပ္ေရးမဝျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ဆုိးက်ိဳး (၇) ခု"

"အိပ္ေရးမဝျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ဆုိးက်ိဳး (၇) ခု" google.com

<<< Zawgyi Version>>>

ယေန႔ေခတ္ လူငယ္ေတြေတာ္ေတာ္မ်ားမ်ားဟာ သန္းေခါင္ညဥ့္နက္တုိင္ေအာင္ Game မ်ိဳးစံုေဆာ့ျခင္း၊ internet အသံုးျပဴျခင္း အစရွိသျဖင့္ အိပ္စက္ျခင္းကုိ အေရးမေပးေၾကာင္း သိရွိရပါတယ္။

ထုိ႔ေၾကာင့္ အိပ္ေရးမဝျခင္းေၾကာင့္ ျဖစ္ေပၚလာႏုိင္တဲ့ က်န္းမာေရးဆိုးက်ိဳး (၁၀) မ်ိဳးကို ေဖာ္ျပေပးလုိက္ပါတယ္။

 

၁. မေတာ္တဆမႈမ်ားကုိ ျဖစ္ေစပါတယ္

အိပ္ေရးမဝျခင္းဟာ ယာဥ္မေတာ္တဆမႈေတြ ျဖစ္ရတဲ့ အဓိကအေၾကာင္းရင္း ျဖစ္ပါတယ္။ အိပ္ေရးမဝမႈျပႆနာဟာ အသက္ ၂၅ႏွစ္ေအာက္ လူငယ္ေတြ အဓိကရင္ဆုိင္ေနတဲ့ ျပႆနာတစ္ခုပါ။ အိပ္ေရးမဝျခင္းဟာ လုပ္ငန္းခြင္မွာလည္း မေတာ္တဆမႈမ်ားစြာကုိ ျဖစ္ေပၚေစ ပါတယ္။

 

၂. ဆုံးျဖတ္ခ်က္ မွားယြင္းႏုိင္ပါတယ္

အိပ္စက္ျခင္းသည္ ေတြးေခၚျခင္း၊ သင္ယူျခင္းကိစၥေတြမွာ အေရးႀကီးတဲ့ က႑မွာ ပါ၀င္တာေၾကာင့္ ေလးလံထုိင္းမႈိင္းေစပါတယ္။

အိပ္ေရးမဝတဲ့အတြက္ ေတြးေခၚျခင္း၊ အာရုံစုိက္ျခင္း၊ ျပႆနာေျဖရွင္းႏုိင္စြမ္းရည္ေတြကုိ က်ဆင္းေစပါတယ္။ အိပ္ေရးမဝတာေၾကာင့္ လုပ္ငန္းကိစၥရပ္မ်ားေဆာင္ရြက္ရာတြင္ ဆုံးျဖတ္ခ်က္မွားယြင္းျပီး အလြဲမ်ားစြာ ျဖစ္ေစပါတယ္။

 

၃. ေရာဂါေပါင္းစုံျဖစ္ပြားေစပါတယ္

အိပ္ေရးမဝျခင္းဟာ ႏွလုံးေရာဂါ၊ ႏွလုံးေသြးေၾကာပိတ္ေရာဂါ၊ ႏွလုံးခုန္ရပ္ျခင္း၊ ႏွလုံးခုန္မမွန္ျခင္း၊ ေသြးဖိအားျမင့္ျခင္း၊ ဆီးခ်ိဳေရာဂါ စတ့ဲ ေရာဂါေပါင္းစုံကုိ ျဖစ္ပြားေစပါတယ္။

 

၄. စိတ္က်ေ၀ဒနာ ခံစားရႏုိင္ပါတယ္

စိတ္ဓာတ္က်ဆင္းေနတဲ့လူေတြ၊ စိတ္ႏွလုံးပူပန္ေနတဲ့လူေတြဟာ တစ္ေန႔ကုိ အိပ္စက္ခ်ိန္ ၆နာရီေအာက္ပင္ ရွိၾကပါတယ္။ အိပ္မေပ်ာ္ေရာဂါရွိသူေတြဟာ စိတ္က်ေ၀ဒနာျဖစ္ႏိုင္မႈကို သာမန္လူေတြထက္ ၅ဆပုိတယ္ ဆိုတာ လူ ၁၀,၀၀၀ ကုိ စမ္းသပ္္ၿပီး သုေတသနအရ သိရပါတယ္။

 

၅. မွတ္ဥာဏ္ကုိ အားနည္းေစတယ္

ဦးေႏွာက္လိႈင္းေတြဟာ ဦးေႏွာက္ေဘးဘက္ၾကမ္းျပင္ရဲ႕ အလယ္ပုိင္းအဖု (Hippocampus) ဆီမွ မွတ္ဥာဏ္သုိေလွာင္ရုံ (Neocortex) ဆီသုိ႔ မွတ္ဥာဏ္ကူေျပာင္းျခင္းဟာ ႏွစ္ခ်ိဳက္စြာ အိပ္ေမာက်ေနတဲ့ ညအခါမွာ အမ်ားဆုံးျဖစ္တာေၾကာင့္ အိပ္ေရးမ၀သူေတြဟာ မွတ္ဥာဏ္မေကာင္းေတာ့ဘဲ ေမ့ေလ်ာ့တတ္ပါတယ္။

 

၆. အ၀လြန္ျခင္းကုိ ျဖစ္ေပၚေစတယ္

အိပ္ေရးမ၀ျခင္းဟာ ဆာေလာင္မႈကုိ လြန္စြာျဖစ္ေစျပီး အဝလြန္ျခင္းကုိ ျဖစ္ေစပါတယ္။ အိပ္ခ်ိိန္ ၆နာရီေအာက္ေလ်ာ့နည္းတဲ့သူေတြက အိပ္ခ်ိန္ ၇နာရီမွ ၉နာရီ အတြင္း အိပ္စက္တဲ့ သာမန္လူေတြထက္ အ၀လြန္ေရာဂါျဖစ္ႏိုင္ပါတယ္။

 

၇. စီမံခန္႔ခြဲမႈ မွားယြင္းႏုိင္ပါတယ္

အိပ္ေရးမ၀ျခင္းဟာ လုပ္ငန္းခြင္မွာ ဆုံးျဖတ္ခ်က္ခ်ရမယ့္ ကိစၥေတြမွာ အဓိပၸာယ္ေကာက္လြဲမွားႏုိင္ပါတယ္။ အိပ္ေရးမ၀ျခင္းေၾကာင့္ စိတ္တိုမႈ၊ ေခါင္းရွဴပ္မႈ မ်ားစြာတုိ႔ေၾကာင့္ လုပ္ငန္းခြင္မွာ မ်ားစြာထိခုိက္ႏုိင္ပါတယ္။

 

<<< Unicode Version >>>

ယနေ့ခေတ် လူငယ်တွေတော်တော်များများဟာ သန်းခေါင်ညဉ့်နက်တိုင်အောင် Game မျိုးစုံဆော့ခြင်း၊ internet အသုံးပြူခြင်း အစရှိသဖြင့် အိပ်စက်ခြင်းကို အရေးမပေးကြောင်း သိရှိရပါတယ်။
ထို့ကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုး (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. မတော်တဆမှုများကို ဖြစ်စေပါတယ်

အိပ်ရေးမဝခြင်းဟာ ယာဉ်မတော်တဆမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အိပ်ရေးမဝမှုပြဿနာဟာ အသက် ၂၅နှစ်အောက် လူငယ်တွေ အဓိကရင်ဆိုင်နေတဲ့ ပြဿနာတစ်ခုပါ။ အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာလည်း မတော်တဆမှုများစွာကို ဖြစ်ပေါ်စေ ပါတယ်။

 

၂. ဆုံးဖြတ်ချက် မှားယွင်းနိုင်ပါတယ်

အိပ်စက်ခြင်းသည် တွေးခေါ်ခြင်း၊ သင်ယူခြင်းကိစ္စတွေမှာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တာကြောင့် လေးလံထိုင်းမှိုင်းစေပါတယ်။

အိပ်ရေးမဝတဲ့အတွက် တွေးခေါ်ခြင်း၊ အာရုံစိုက်ခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ အိပ်ရေးမဝတာကြောင့် လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်မှားယွင်းပြီး အလွဲများစွာ ဖြစ်စေပါတယ်။

 

၃. ရောဂါပေါင်းစုံဖြစ်ပွားစေပါတယ်

အိပ်ရေးမဝခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးခုန်ရပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးဖိအားမြင့်ခြင်း၊ ဆီးချိုရောဂါ စတဲ့ ရောဂါပေါင်းစုံကို ဖြစ်ပွားစေပါတယ်။

 

၄. စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်

စိတ်ဓာတ်ကျဆင်းနေတဲ့လူတွေ၊ စိတ်နှလုံးပူပန်နေတဲ့လူတွေဟာ တစ်နေ့ကို အိပ်စက်ချိန် ၆နာရီအောက်ပင် ရှိကြပါတယ်။ အိပ်မပျော်ရောဂါရှိသူတွေဟာ စိတ်ကျဝေဒနာဖြစ်နိုင်မှုကို သာမန်လူတွေထက် ၅ဆပိုတယ် ဆိုတာ လူ ၁၀,၀၀၀ ကို စမ်းသပ်ပြီး သုတေသနအရ သိရပါတယ်။

 

၅. မှတ်ဉာဏ်ကို အားနည်းစေတယ်

ဦးနှောက်လှိုင်းတွေဟာ ဦးနှောက်ဘေးဘက်ကြမ်းပြင်ရဲ့ အလယ်ပိုင်းအဖု (Hippocampus) ဆီမှ မှတ်ဉာဏ်သိုလှောင်ရုံ (Neocortex) ဆီသို့ မှတ်ဉာဏ်ကူပြောင်းခြင်းဟာ နှစ်ချိုက်စွာ အိပ်မောကျနေတဲ့ ညအခါမှာ အများဆုံးဖြစ်တာကြောင့် အိပ်ရေးမဝသူတွေဟာ မှတ်ဉာဏ်မကောင်းတော့ဘဲ မေ့လျော့တတ်ပါတယ်။

 

၆. အဝလွန်ခြင်းကို ဖြစ်ပေါ်စေတယ်

အိပ်ရေးမဝခြင်းဟာ ဆာလောင်မှုကို လွန်စွာဖြစ်စေပြီး အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ချိန် ၆နာရီအောက်လျော့နည်းတဲ့သူတွေက အိပ်ချိန် ၇နာရီမှ ၉နာရီ အတွင်း အိပ်စက်တဲ့ သာမန်လူတွေထက် အဝလွန်ရောဂါဖြစ်နိုင်ပါတယ်။

 

၇. စီမံခန့်ခွဲမှု မှားယွင်းနိုင်ပါတယ်

အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေမှာ အဓိပ္ပာယ်ကောက်လွဲမှားနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် စိတ်တိုမှု၊ ခေါင်းရှူပ်မှု များစွာတို့ကြောင့် လုပ်ငန်းခွင်မှာ များစွာထိခိုက်နိုင်ပါတယ်။

 

Source: akhayar

sayar.com.mm

Read times
Rate this articles
(0 votes)