×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 25 April 2019

လူတိုင်းအတွက် အသုံးဝင်သော စကားပြောနည်းများ

လူတိုင်းအတွက် အသုံးဝင်သော စကားပြောနည်းများ google

(၁) ရေကူးညာတင်စကားပြောနည်း


မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးမည်ဆိုလျှင် လိုရာဆိပ်ကမ်းရောက်ရန်အတွက် အရှိန်ကိုတွက်ပြီး မြစ်ညာမှ တင်ရင်ကူးလျှင် လိုရာသို့ ရောက်စေမည်ဖြစ်သည်။
ထိုနည်းအတူ မိမိ အလိုရှိသော စကားကို ရောက်အောင် အထက်ကနေ ပိုပိုသာသာ ပြောထားမှသာလျှင် နောက်ဆုံးအနေတော်အခြေအနေသို့ ရောက်ရှိမည်ဖြစ်သည်။


(၂) ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်လျှင် ကောက်ပင်များကို လက်တစ်ဖက်ဖြင့် သိမ်းကျုံး ဆုပ်ကိုင်ပြီး ကျန်တစ်ဖက်က တံစဉ်ဖြင့် ပိုင်ပိုင်နိုင်နိုင် အရင်းမှ ဖြတ်၍ ရိတ်ယူရသည်။
ထိုနည်းတူ စကားပြောဆိုရာတွင် တစ်ဖက်လူ၏ စကားများထဲမှ လိုအပ်သော စကားများကို အမိအရ ဖြတ်သကဲ့သို့  အပိုင်ချည်ပြီး ၊ တုတ်ပြီး ပြောဆိုခြင်းကို ကောက်ပင်ရိတ်လှီးစကားပြောနည်းဟုခေါ်သည်။


(၃)ရေစီးဖောင်ဆန် စကားပြောနည်း
ဖောင်ကြီးသည် အညာသို့ ဆန်တက်သောအခါ လိုရာပစ္စည်းများကို တင်ယူပြီး ဖြည်းညှင်းစွာ ဆန်တက်လျှင် လိုရာအရပ်သို့ ရောက်နိုင်၏။
ထိုနည်းအတူ စကားပြောဆို ရာတွင် လိုရာသို့ ရောက်အောင် စိတ်ရှည်စွာဖြင့်...
ဥပမာ. ဥပမေယျတို့ ကို သုံးပြီးဖြည်းညင်းသာယာစွာ ပြောဆို ခြင်းကို ရေစီးဖောင်ဆန် စကားပြောနည်းဟုခေါ်သည်။


(၄) အိုးတန်ဆန်ခပ် စကားပြောနည်း
ထမင်းအိုး တည်ရာတွင် ဆန်ကို အိုးနှင့် တန်အောင် ထည့်၍ ချက်မှသာလျှင် နူးနပ်စွာ သုံးဆောင်ရ၏။
ထိုနည်းအတူ စကားပြောဆိုရာတွင် လိုရင်းရောက်အောင် တစ်ဖက်လူ ကလည်း ကျေနပ်အောင် စကားကို တစ်ဖက်စွန်းမရောက်ပဲ မယုတ်မလွန်ပြောခြင်းကို အိုးတန်ဆန်ခပ် စကားပြောနည်းဟုခေါ်သည်။


(၅) ဆီပွတ်ကျည်ပွေ့ စကားပြောနည်း
ဆီရစေရန်အတွက် မြေပဲ ကို သော်လည်းကောင်း၊ နှမ်းကိုသော်လည်းကောင်း ကြိတ်ပွတ်ရာတွင် ကြိမ်ဖန်များစွာ အထပ်ထပ်ပွတ်မှသာလျှင် ဆီရ၏။
ထိုနည်းအတူ စကားပြောဆိုရာတွင် မိမိအလို ရှိသော စကားကို မိမိအလိုသို့ မရောက်မချင်း အထပ်ထပ် အခါခါ ပြောဆိုခြင်းကို ဆီပွတ်ကျည်ပွေ့ စကားပြောနည်းဟုခေါ်သည်။


(၆) ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်း
ဆင်က ရန်မူရန်အတွက် ဝှေ့ ဖို့ လိုက်ပြီဆိုလျှင် လွတ်မြောက်အောင် တိမ်းရှောင်နိုင်ပါမှ အသက်ချမ်းသာရာရနိုင်မည်ဖြစ်သည်။
ထိုနည်းအတူ စကားပြောဆိုရာတွင် မိမိအတွက် ဘောရန်ရောက် စေမည့် စကားများကို ရှောင်လွှဲပြောဆိုခြင်းကို ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်းဟုခေးသည်။


(၇) တောင်သူယာခုတ် စကားပြောနည်း
တောင်သူဦးကြီး တို့ ၏ထုံးစံမှာ ယာခုတ်ပြီဆိုလျှင် ချုံငယ်၊ သစ်ပင်ငယ်များကို ဦးစွာအရင် ခုတ်ထွင်ပြီးမှ သစ်ပင်ကြီးကို ခုတ်လှဲလေ့ရှိကြသည်။
ထိုနည်းအတူ စကားပြောဆိုရာတွင် ရှေးဦးစွာ စကားငယ်များကို သုံးနှုန်းပြောဆိုပြီးနောက်မှ စကားကြီးများကို ဖိပြော၍ အနိုင်ယူပြောဆိုသည်ကို တောင်သူယာခုတ် စကားပြောနည်းဟုခေါ်သည်။


(၈) ကြက်ဆုတ်ခွက်ပစ်စကားပြောနည်း
ကြက်တို့ သည် ခွပ်မည်ပြောသောအခါ နောက်သို့ ဆုတ်ဟန်ပြ၍ ခွပ်သာသောအခြေအနေ ရောက်မှသာ စီး၍ခွပ်သည်။
ထိုနည်းအတူ စကားပြောဆိုရာတွင် တစ်ဖက်လူ၏ အလိုသို့ လိုက်၍ အပေါ်စီးရနိုင်သည့်အခြေအနေရောက်မှ အပေါ်မှ စီး၍ပြောဆိုခြင်းကို ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်းဟုခေါ်သည်။


(၉) ရေစစ်ကရား ရေသွားသာသွင် စကားပြောနည်း
ရဟန်းတော်များသည် ရေစစ်ကရား( ဓမ္မကရိုက်) ကို ရေတွင်နှစ်၍ ရေပြည့်သောအခါ အပေါက်ကို လက်ဖြင့်ပိတ်၍ ရေရအောင်ယူသည်။
ထိုနည်းအတူ စကားပြောဆိုရာတွင် တစ်ဖက်လူ၏ စကားကိုပိတ်မိအောင် မရုန်းနိုင်အောင် ၊ မထွက်နိုင်အောင် အပိုင်ပြောခြင်းကို ရေစစ်ကရားရေသွားသောသွင် စကားပြောနည်းဟုခေါ်သည်။


(၁၀) ခက်တင်မောင်းနင်း စကားပြောနည်း

မောင်းထောင်းရာတွင် မောင်းနင်းသောသူသည် တစ်ဖက်စောင်း၍ နင်းလွန်းလျှင် မောင်းခွက်ထဲရှိ ဆန်၊ မုန့် ညက် စသည်တို့ ကို နှိုက်ထုတ်တင်ယူရန် ခက်သဖြင့် မောင်းကို မတိမ်းမစောင်း နင်းရသည်။

ထိုနည်းအတူ စကားပြောဆိုရာတွင် သူ့ စကားကို ဟုတ်၏ ဟုလည်းမဆို၊ မဟုတ်ဟုလည်း မပြောပဲ မတင်မကျ ပြောဆိုခြင်းကို ခက်တင်မောင်းနင်းပြော စကားပြောနည်းဟုခေါ်သည်။

Read times Last modified on Tuesday, 18 February 2020 14:05
Rate this articles
(2 votes)