×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 27 July 2019

"ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ ကလေးတွေဟာ အနာဂတ်မှာ အောင်မြင်နိုင်ချေ ပိုများ"

"ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ ကလေးတွေဟာ အနာဂတ်မှာ အောင်မြင်နိုင်ချေ ပိုများ" google.com

ခေါင်းမာတဲ့ ကလေးတွေရှိရင် မိဘတွေအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်နိုင်ပါတယ်နော်။

တခါတရံမှာ သူတို့ဟာ ဆိုးသွမ်းစွာ ပြုမူပြီး လူကြီးစကားကို ဘာ့ကြောင့် မနာခံဘဲနေတယ်ဆို ကျွန်တော်တို့ နားမလည်ကြပါဘူး။ သူတို့ရဲ့ တချို့လုပ်ရပ်တွေက ကျွန်တော်တို့ကို မကောင်းတဲ့ မိဘတွေဖြစ်စေပြီး ကျွန်တော်တို့ရဲ့ အမိန့်ကို စိန်ခေါ်ဖို့ သူတို့ကို အားပေးနေတဲ့ အကြောင်းရင်းတွေကို ကျွန်တော်တို့ မသိကြပါဘူး။ ဒါပေမယ့် အများကြီးမစိုးရိမ်ပါနဲ့။

ဒီကိစ္စတွေမှာ ကောင်းတဲ့အရာ တစ်ခုရှိပါတယ်။ ResearchGate ကကောက်ယူထားတဲ့ သုတေသနအရ ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ ကလေးတွေဟာ အနာဂတ်မှာ အောင်မြင်တဲ့ လူကြီးတွေ ဖြစ်လာနိုင်ချေ ပိုများကြောင်း ဖော်ပြထားပါတယ်။
ကလေးတွေရဲ့ ပုန်ကန်သော အပြုအမူ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာကို နားလည်နိုင်စေဖို့ လေ့လာမှုရလဒ်များကို မျှဝေပေးလိုက်ပါတယ်။

ပုန်ကန်တတ်တဲ့ ကလေးတွေနှင့်ပတ်သတ်ပြီး သိပ္ပံပညာက ဘာပြောသလဲ?
ကလေးတွေကို စတင်လေ့လာတဲ့အခါ သူတို့မှာ အနာဂတ်ကောင်းရဖို့အတွက် အဆင့်ကောင်းခြင်း၊ အပြုအမူကောင်းရှိခြင်း၊ ပြောစကားနားထောင်ခြင်း၊ လေးစားမှုနှင့် အေးဆေးတည်ငြိမ်ခြင်းဆိုတဲ့ တချို့သော မျော်လင့်ချက်တွေနဲ့ တိုင်းတာတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။

၁၉၆၈ ကတည်းက သတင်းအချက်အလက် စုဆောင်းခဲ့တဲ့ ဒီလေ့လာမှုဟာ ၈နှစ် နဲ့ ၁၂နှစ်ကြား ကလေး (၃၀၀၀)ခန့်ရဲ့ အပြုအမှုတွေကို ဆန်းစစ်မှုအပေါ် အခြေခံထားပါတယ်။ ၎င်းမှာ ဉာဏ်ကောင်းခြင်း၊ ပညာရေး ဆောင်ရွက်မှုများ၊ ရည်မှန်းချက်များ၊ လူမှုစီးပွားရေး အခြေအနများ၊ မိသားစုနောက်ခံ၊ ကျောင်းနှင့်ပတ်သတ်တဲ့ မေးခွန်းလွှာတွေ၊ နေ့စဉ်လှုပ်ရှားမှုများ၊ ခံစားချက်များ၊ အတွေးများနှင့် ကျောင်းသားများရဲ့ အလေ့အထများ ပါဝင်ပါတယ်။

နောက်ဆက်တွဲအဖြစ် နှစ် ၄၀ကျော်ကြာပြီးနောက်မှာ လေ့လာမှုများက ပြသခဲ့ပါတယ်။

အမိန့်မနာခံတတ်တဲ့ ကလေးတွေဟာ သူတို့အတွက် ချမှတ်ထားတဲ့ အကန့်အသတ်ကို ကျော်လွန်ပြီး တွေးဖို့နှင့် သူတို့ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မေးခွန်းထုတ်တတ်တဲ့ သဘောထားတစ်ခု ရှိကြောင်း ပြသခဲ့ပါတယ်။ ဒါက သူတို့ကို အိုင်ဒီယာအသစ်တွေနဲ့ ပတ်သတ်လာတဲ့အခါ သို့ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့အခါ ဖန်တီးမှု အားသာချက်တချို့ ပေးပါတယ်။

ပုန်ကန်တဲ့သူတွေ၊ စကားနားမထောင်သူတွေ၊ ရန်လိုပြီး ခေါင်းမာတဲ့သူတွေဟာ ကလေးဘဝတည်းက စည်းကမ်းပိုရှိပြီး အဆင့်ပိုကောင်းတဲ့ သူတွေထက် အလုပ်ခွင်အတွင်း အရေးပါတဲ့ ရာထူးနေရာတွေမှာ နေရာရနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

ဉာဏ်ရည်၊ တာဝန်ယူမှုနျင့် ကတိကဝတ်က အရေးကြီးလှပါတယ်

ကျောင်းသားတွေရဲ့ အပြုအမှုနှင့် ထူးခြားတဲ့ စရိုက်တွေက အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ပါဝင်ပါတယ်။ အောင်မြင်မှုက အထက်တန်းစားမိသားစု ၊ ချမ်းသာကြွယ်ဝမှုရှိခြင်း နှင့် မှတ်ဉာဏ်ကောင်းရှိခြင်းထက် ကျော်လွန်ပါတယ်။

ကလေးတွေဟာ သူတို့ ဘဝတစ်လျှောက်လုံး ဖွံ့ဖြိုးတဲ့ တာဝန်ယူမှုနှင့် စိတ်ဝင်စားမှုတွေအပြင် ပရော်ဖက်ရှင်နယ်နှင့် ပညာရေးဆိုင်ရာ သင်တန်းများရဲ့ အရည်အသွေးက စီးပွားရေးအောင်မြင်မှု၊ အသက်မွေးဝမ်းကျောင်းအောင်မြင်ဖို့အတွက် သူတို့သုံးတဲ့ အဆုံးအဖြတ် အချက်အလက်တွေပဲ ဖြစ်ကြပါတယ်။

ဆန်းစစ်ခဲ့ကြတဲ့ variables တွေအရ ကလေးဘဝမှာ ပုန်ကန်တတ်တဲ့ ကလေးတွေရဲ့ အောင်မြင်မှုက သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေး ပြုလုပ်နိုင်စွမ်းကို အဆုံးအဖြတ်ပေးခဲ့ကြပါတယ်။ သူတို့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာတာကြောင့် သူတို့လိုချင်တဲ့ လစာကို ညှိနှိုင်းရတဲ့အခါမှာ ကျွမ်းကျင်သူတွေ ဖြစ်လာကြပါတယ်။ သူတို့ရဲ့ လမ်းရိုးမလိုက်ခြင်းက ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။

နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ လူနေမူပုံစံက ကျွန်တော်တို့ရဲ့ လက်ရှိ ဘဝလမ်းကြောင်းနဲ့ အများကြီး မဆင်တူပါဘူး။ တခြားတစ်ဖက်ကကြည့်ရင် ပုန်ကန်တတ်တဲ့ ကလေးဟာ ကျောင်းပြီးတဲ့အထိ မတတ်တာ (သို့ )သူတို့ရဲ့ လေ့လာမှုတွေကို လက်တွေ့မကျင့်သုံးတာ ဖြစ်နိုင်သလို လူ့ကျင့်ဝတ်ဆိုင်ရာမှာလည်း အောင်မြင်မှု မရောက်နိုင်ကြပါဘူး။

သူတို့ကျောင်းမှာ အချိန်ပိုဖြုန်းခဲ့ရင် သူတို့အနာဂတ်အတွက် လိုချင်တဲ့အရာတွေကို ပိုပြီးသတိထားမိနိုင်မှာ မဟုတ်ပါဘူး။ သင့်ကလေးဟာ ပုန်ကန်လိုသူ၊ ခေါင်းမာတတ်သူဆိုရင် သင့်ကလေးဟာ အရမ်းအောင်မြင်တဲ့ လူကြီးတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာကြောင့် အရမ်းကြီး စိုးရိမ်စိတ် မထားသင့်ပါဘူး။

 

sayar.com.mm

Credit : Life Style Myanmar

Read times
Rate this articles
(1 Vote)