×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 20 August 2019

"အမှန်တရားကိုပြောတတ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာကောင်းကျိုး (၁၀)မျိုး"

"အမှန်တရားကိုပြောတတ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာကောင်းကျိုး (၁၀)မျိုး" free pick

လူတိုင်း အမှန်တရားကို ချစ်မြတ်နိုးကြပါလိ့မ်မယ်။ အခြေအနေအကြောင်းအရာ တစ်ခုခုကြောင့်သာ အမှန်တရားကို ဖုံးကွယ်ပြီး လိမ်ညာရတာ။


လူတို့စိတ်ထဲမှာ ကြောက်ရွံ့ခြင်းဆိုတဲ့စိတ်က စိုးမိုးနေတဲ့အခါ ပိုပြီးမုသားစကား ပြောလေ့ရှိပါတယ်။ ဒါကြောင့် အမှန်တရားကို မြတ်နိုးကြသူတိုင်းအတွက် အမှန်တရားကို ပြောတဲ့အခါ ဖြစ်လာမယ့် စိတ်ပိုင်းဆိုင်ရာကောင်းကျိုး (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ မှန်ကန်ခြင်းဟာ နှလုံးသားကိုဖွင့်ပေးတဲ့သော့တစ်ချောင်း
လိမ်ညာခြင်းနဲ့ နှလုံးသားကို ဖွင့်လို့မရပါ။ နှလုံးသားက အလုံပိတ်စနစ်ဖြင့် ထုံပေနေလိမ့်မည်။

လိမ်ညာခြင်းဖြင့် ပွင့်သယောင်ဖြစ်လာခဲ့သော နှလုံးသားသည်လည်း အစစ်အမှန်ပွင့်တဲ့ နှလုံးသားမဖြစ်နိုင်။

အတုအယောင်တစ်ခုအဖြင့် နောက်ပိုင်းမှာ အမှန်တရား၏ ဖုံးကွယ်ခြင်းကို ခံရမည်ဖြစ်သည်။

ဒါကြောင့် ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင် ပွင့်ပွင့်လင်းလင်းမြင်ချင်ပါတယ်ဆိုရင် အမှန်တရားတစ်ခုသာ အားကိုးရမည်ဖြစ်သည်။

 

၂။ ကြောက်ရွံ့မှုကို မေ့သွားမယ်
လိမ်ညာခြင်း/ မုသား/ မမှန်ကန်ခြင်း စတဲ့သဘောတရားတွေဟာ စိတ်ကနေ လက်ခံထားတဲ့ အကြောက်တရားတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့အရာပါ။

ဒါပေမယ့် အမှန်တရားကို သင်ရဲရဲရင်ဆိုင်လိုက်တဲ့အခါမှာတော့ စိတ်ထဲမှာရှိတဲ့ အကြောက်တရားဟာ ဘယ်ရောက်လို့ရောက်သွားမှန်းတောင် သင် သိလိုက်မှာမဟုတ်ပါဘူး။

 

၃။ ပတ်ဝန်းကျင်မှာ ပိုပြီး မှန်ကန်ခြင်းကို အသိအမှတ်ပြုခံရမယ်
ကိုယ်ကသာ မှန်မှန်ကန်ကန်နေရင် အခြားတန်ပြန်သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။

သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဟာ သင့်ရဲ့ မှန်ကန်မှုကို တဖြည်းဖြည်း အသိအမှတ်ပြုလာတဲ့အခါမှာ သူတို့ရဲ့ အမူအကျင့်တွေမှာလည်း

အမှန်တရားရဲ့ သြဇာတိက္ကမကြီးမားမှုကို တန်ဖိုးထားလာတတ်မှာပါ။

"ကိုယ်ကျင့်တရားကိုတန်ဖိုးထားပါ"

 

၎။ အမှန်တရားဟာ ဒုက္ခတရားများစွာမှ ကယ်တင်ပေးတယ်
ဒုက္ခကို ဖန်တီးပေးနိုင်တာက မမှန်ကန်ခြင်းတွေကပဲ ဖန်တီးပေးနိုင်တာပါ။ တစ်ချို့တွေက ပြောကြပါတယ် အမှန်တရားက တစ်ခါတလေ ခါးတတ်တယ်တဲ့။

အမှန်တရားသာ စစ်မှန်ပါစေ ဘယ်သောအခါမှ ခါးသောအရသာကို မပေးပါ။ တစ်ခုရှိတာက အမှန်တရားကို အမှန်တရားပါဟု လက်ခံနိုင်တဲ့ ဖြောင့်မက်တဲ့ စိတ်ထားတော့ ရှိရမည်ပေါ့။

ထို့ကြောင့် အမှန်တရားသည် မည်သည့်အခါမျှ ခါးသီးလေ့မရှိပါ။

 

၅။ ကိုယ့်ကျင့်တရားရဲ့ ထင်ဟပ်မှုပုံစံ
နောက်ပြီး အမှန်တရားကို လက်ခံသူ၊ ပြောဆိုသူတိုင်းဟာ ကိုယ့်ကျင့်တရားပါ ကောင်းသွားပါတယ်။

တစ်ခါ အမှန်ပြောတိုင်း ကိုယ်ကျင့်တရားက ရာထူးတစ်ခါတက်ပါတယ်။ တစ်ခါ လိမ်ညာပြောတိုင်း ကိုယ်ကျင့်တရားက အောက်တန်းတစ်ထစ် ကျသွားတယ်။

အမှန်တရားဟာ ကိုယ်ကျင့်တရားကို တိုင်းတဲ့ စံပါဘဲ။

 

၆။ အမှန်တရားချစ်စိတ်ဟာ အရာရာကို ကျော်လွှားနိုင်တယ်
မှန်နေရင် ဘာမှ ကြောက်စရာ မလိုပါဘူး။ ဥပမာ ရဲ စသည်တို့ စစ်ဆေးခံရတဲ့အခါ ကိုယ်ကမှန်နေပါရဲ့နဲ့ ဘာလို့ကြောက်တာလဲလို့ မေးစရာရှိပါတယ်။

ဒီအချိန်မှာ သင့်စိတ်ထဲမှာ အမှန်တရားကို အမှန်တကယ်အားကိုးလိုစိတ် မရှိသေးလို့ဆိုတဲ့ အဖြေသာ ရပါတယ်။ မှန်နေရင် အရာရာကို အလွယ်တကူ ကျော်လွှားနိုင်ပါလိမ့်မယ်။

 

၇။ အားကိုးခြင်း ခံရမယ်
အမှန်တရားဟာ အနီးအနားပတ်ဝန်းကျင်ကို သြဇာသက်ရောက်မှုတွေ အများကြီးပေးပါတယ်။

သင်ဟာ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တဲ့အတွက် သင် သူတို့ကိုပေးတဲ့ ရိုးစင်းတဲ့အကြံဉာဏ်တွေကို သူတို့သဘောကျပါလိ့မ်မယ်။

အဲဒီကနေတစ်ဆင့် သင်ဟာ အရေးပါ အရာရောက်သူတစ်ယောက် ဖြစ်သွားပါပြီ။

"ဥာဏ်ရည်မြင့်မားတဲ့ သူတွေမှာ တွေ့ရလေ့ရှိတဲ့ အခက်အခဲများ"

 

၈။ သင့်စကားကို နားထောင်ကြမယ်
အမှန်တရားကို ပြောကြားသူရဲ့ စကားကို လူတွေ လေးစားမြတ်နိုးစွာ နားထောင်ကြမှာပါ။

မြတ်စွာဘုရားရှင်ရဲ့ စကားတွေဟာ သစ္စာလေးပါးကိုသာ အခြေခံတဲ့အတွက် လူ၊ နတ်၊ ဗြဟ္မာတို့တွေဟာ တလေးတစားလာရောက်နာယူရတယ်၊ ဆုံးမတဲ့အတိုင်း ကျင့်ကြံကြတယ်။

ဒိဋ္ဌိတို့စကားကို လူအနည်းစုသာ လက်ခံပြီး မုသားတို့သာ ရောပြွမ်းနေတဲ့အတွက် လူပညာရှိတို့ ကဲ့ရဲ့ခြင်းကိုခံရတယ်။

 

၉။ ရိုးသားမှုဟာ ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို ဖန်တီးပေးတယ်
ဘယ်အလုပ်ရှင်ပဲဖြစ်ဖြစ် လက်အောက်ဝန်ထမ်းဖြစ်စေ၊ ဘဏ္ဍာစိုးအရာရှိဖြစ်စေ၊ ရိုးသားကြိုးစားတဲ့သူကိုသာ ခန့်ထားချင်ပါတယ်။

လူကဲခတ်မှားလို့ သိန်းထောင်သောင်းနဲ့ချီ လိမ်လည်ခံရမှုတွေလည်း မနည်းဘူးမဟုတ်လား။ ဆိုတော့ စိတ်က အမှန်တကယ်သာ ရိုးသားပါစေ။

သင့်ကို မရိုးသားသူတွေထက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးပါလိ့မ်မယ်။

 

၁၀။ ဘဝတစ်လျှောက်လုံး လိပ်ပြာသန့်စေနိုင်တာ အမှန်တရားသာ
မမှန်တာ၊ မတရားတာ၊ မဟုတ်တာ၊ မူမမှန်တာ လုပ်ထားတဲ့သူတွေလို အချိန်ရှိတိုင်း တစ်စုံတစ်ခုကို ကြောက်လန့်ပြီး ကျီးလန့်စာ စားမနေရပါဘူး။

သင့်လိပ်ပြာ သင် သန့်ပါတယ်။ သင့်ကို ပတ်ဝန်းကျင်က ယုံတယ်။ သင်ဟာ အမှန်တရားမဟုတ်တဲ့ ကြောက်ရွံ့ခြင်းတွေ ကင်းတယ်။

သင့်ဘဝတစ်လျှောက်လုံး သင် သိက္ခာရှိရှိ သမာဓိရှိရှိ အမှန်တရားရဲ့ ဘက်တော်သားအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သင် ကျေနပ်နေပါလိ့မ်မယ်။

"လူငယ်ခေါင်းဆောင်တစ်ဦးမှာရှိသင့်တဲ့ အရည်အချင်း (၅)ချက်"

 

 

Credit; Chan Maye Aung

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 14:31
Rate this articles
(0 votes)