×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 19 October 2019

"ေငြေၾကးေၾကာင့္ လမ္းမွားမေရာက္ေစဖို႔ ကေလးေတြကို ငယ္စဥ္ကတည္းက သင္ေပးသင့္တဲ့ အခ်က္ (၄) ခ်က္"

"ေငြေၾကးေၾကာင့္ လမ္းမွားမေရာက္ေစဖို႔ ကေလးေတြကို ငယ္စဥ္ကတည္းက သင္ေပးသင့္တဲ့ အခ်က္ (၄) ခ်က္" google.com

ZAWGYI

ကေလးတစ္ေယာက္ကို ေတာ္ေအာင္၊ ထက္ျမက္ေအာင္ ေက်ာင္းသင္ခန္းစာေတြ၊ အားကစားေတြအျပင္ မိဘေတြကိုယ္တိုင္လည္း သူတို႕ေလးေတြအတြက္ လိုအပ္တာေလးေတြကို သင္ေပးရပါတယ္။

အထူးသျဖင့္ ကေလးေတြကို ဘယ္အရြယ္မွာ ပိုက္ဆံေပးသံုးမလဲ၊ ပိုက္ဆံကို မွန္မွန္ကန္ကန္ သံုးတတ္ေအာင္ ဘယ္လိုသင္ေပးမလဲဆိုတာပါ။

တခ်ိဳ႕မိဘေတြက ကေလးေတြကို ပိုက္ဆံေပးသံုးရင္ ပ်က္စီးမယ္ဆိုျပီး အရြယ္ေရာက္လာတဲ့အထိ ပိုက္ဆံေပးမသံုးဘဲ လိုအပ္သမွ်အေနာက္ကေနျဖည့္ဆည္းေပးတတ္ၾကပါတယ္။

ဒီလိုလုပ္တဲ့အခါ ကေလးက ကိုယ္တိုင္ပိုက္ဆံကိုင္ရတဲ့အခါ ပိုက္ဆံကို စီမံခန္႕ခြဲမႈမလုပ္တတ္ေတာ့ဘဲ အေလအလြင့္ေတြ ပိုမ်ားျပီး မေကာင္းတာေတြ ပိုလုပ္မိတတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ ကေလးေတြပိိုက္ဆံကို မွန္မွန္ကန္ကန္သံုးစြဲတတ္ေအာင္ ဒီလိုေလးသင္ေပးၾကရေအာင္။


(၁) အိမ္ရဲ႕ဝင္ေငြစီးဆင္္းမႈအေၾကာင္းသူတို႕ေရွ႕မွာေဆြးေႏြးပါ

ကေလးေတြကို အသက္ငယ္တယ္ဆိုျပီး လူၾကီးေတြေျပာတာ နားမလည္ဘူးလို႕မထင္ပါနဲ႕။ သူတို႕ေလးေတြ အထိုက္အေလ်ာက္ေတာ့ နားလည္ပါတယ္။

ျပီးေတာ့ လူၾကီးေတြက ပိုက္ဆံကိုကေလးေတြမျမင္ေအာင္ ထားတာမ်ိဳး၊ ကေလးေတြေရွ႕မွာ ပိုက္ဆံအေၾကာင္းမေျပာတာမ်ိဳးေတြလုပ္တတ္ၾကပါတယ္။

ဒီလိုမလုပ္ပါနဲ႕။ ပိုက္ဆံပမာဏအနည္းငယ္ေလာက္ကိုသူတို႕ကိုျမင္ပါေစ၊ ျပီးရင္ ဒီပိုက္ဆံေတြရလာတာ သံုးပစ္ဖို႕မဟုတ္ဘူး၊ ရင္းႏွီးျမွဳပ္ႏွံဖို႕၊ စုေဆာင္းထားဖို႕ဆိုတာေလးေတြကို သူတို႕ၾကားေအာင္ေျပာပါ။

 

 

(၂) ပိုက္ဆံရဖို႕အလုပ္လုပ္ရတယ္ဆိုတာ သိေအာင္သင္ေပးပါ


ကေလးေတြကို အိမ္အလုပ္ကူလုပ္ခိုင္းျပီး မုန္႕ဖိုးေပးတာမ်ိဳးက ေကာင္းတဲ့ နည္းလမ္းလို႕ေျပာလို႕ရေပမယ့္၊ ေရရွည္ဆိုရင္ေတာ့ မေကာင္းပါဘူး။

ဘာလို႕လဲဆိုေတာ့ ကေလးရဲ႕စိတ္ထဲမွာ အရာအားလံုးကို အေပးအယူနဲ႕ျမင္သြားပါလိမ့္မယ္။

ဒါေၾကာင့္ တစ္ကိုယ္ရည္အိပ္ရာသိမ္းတာ၊ အခန္းရွင္းတာ၊ ကစားစရာေတြ သိိမ္းဆည္းတာမ်ိဳးကိုေတာ့ ကိုယ္တိုင္တာဝန္ယူရမယ့္အလုပ္ေတြလို႕ ရွင္းျပျပီး ပန္းကန္ကူေဆးေပးတာမ်ိဳး၊

ကိုယ့္အားလပ္ခ်ိန္မွာ တျခားအလုပ္တစ္ခုခုလုပ္ေပးတာမ်ိဳးေလးေတြကိုေတာ့ ပိုက္ဆံရွင္းေပးလိုက္ပါ။

Recommended For You >>>> ယေန ့မ်က္ေမွာက္ေခတ္မွာ လူငယ္ေတြအေနနဲ ့ရွိသင့္ရွိထိုက္တဲ့ အရည္အခ်င္းေတြက ဘာေတြလဲ

 


(၃) ပိုက္ဆံေပးျပီးဘာလုပ္မလဲေစာင့္ၾကည့္ပါ


ကေလးေတြမွာ ေမြးကတည္းက ဗီဇကိုယ္စီရွိၾကပါတယ္။ ရလာတဲ့ ပိုက္ဆံကို သံုးပစ္လား၊ စုထားလား၊ ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုခုလုပ္သလားဆိုတာေလးေစာင့္ၾကည့္ပါ။

ကေလးကို မုန္႕ဖိုးေပးျပီး စုထားလို႕ အမိန္႕မေပးသင့္သလို၊ ဘာလုပ္ပါလို႕မေျပာပါနဲ႕။

သူတို႕လုပ္တတ္တာကို အရင္ၾကည့္ျပီး ပိုက္ဆံရတာနဲ႕ တန္းသံုးပစ္တတ္တဲ့ကေလးဆိုရင္ ဘယ္လိုအရာေတြအတြက္သံုးသင့္တယ္ဆုိတာ အၾကံေပးပါ။

စုထားတဲ့ ကေလးဆိုရင္ေတာ့ စုထားျပီး ဘာလုပ္ခ်င္လဲ၊ သူ႕စိတ္ကူးေလးကိုေမးျမန္းၾကည့္ပါ။

ရင္းႏွီးျမွဳပ္ႏွံမႈ တစ္ခုခုလုပ္တတ္တဲ့ကေလး (ဥပမာ – စာအုပ္ဝယ္ျပီး သူငယ္ခ်င္းေတြကိုျပန္ငွားတာမ်ိဳးလုပ္တတ္တဲ့သူေလးေတြ) ဆိုရင္ေတာ့ သူတို႕လုပ္ရပ္ကိုၾကည့္ျပီး လမ္းလႊဲမေရာက္ေအာင္ တည့္မတ္ေပးပါ။

 

(၄) ကိုယ့္ပိုက္ဆံနဲ႕တျခားသူေတြကိုကူညီလို႕ရေၾကာင္းရွင္းျပပါ


သူတို႕ကို ေပးတဲ့မုန္႕ဖို႕ပမာဏက ဘာေတြဝယ္လို႕ရလဲဆိုတာကို ရွင္းျပေပးပါ။ အရုပ္တစ္ရုပ္ ဝယ္တယ္ဆိုပါစို႕၊

သူတို႕မုန္္႕ဖို႕ကိုစုျပီး ဝယ္တယ္ဆိုရင္ေတာင္ ဒီအရုပ္ရဲ႕ တန္ဖိုးက ထမင္းစားရင္

ဘယ္ႏွစ္ေယာက္စားလို႕ရတယ္၊ အဝတ္အစားဝယ္ရင္ ဘယ္ေလာက္ရတယ္ စသျဖင့္ေျပာျပေပးပါ။ ဒီလိုေျပာျပီး မဝယ္ဖို႕ တားခိုင္းတာမဟုတ္ပါဘူးေနာ္။

ဒီပစၥည္းရဲ႕တန္ဖိုးကို သိေအာင္ေျပာျပေပးရံုပါပဲ။ ႏိႈင္းယွဥ္စဥ္းစားတာက သူတို႕ဘာသာလုပ္ပါေစ။ ျပီးရင္ ပိုက္ဆံဆိုတာ သံုးရံု၊စုရံု၊ ရင္းႏွီးျမွဳပ္ႏွံရံုတင္မကဘဲ တျခားလူေတြကို ကူညီဖို႕အတြက္လည္း အသံုးခ်လို႕ရေၾကာင္းသင္ေပးပါ။

ဒီနည္းေလးေတြအတိုင္းသာ လုပ္ေပးမယ္ဆိုရင္ ကေလးေတြ ပိုက္ဆံနဲ႕ပတ္သက္လို႕ လမ္းမွားေရာက္နိုင္ေခ် အရမ္းနည္းသြားမွာပါ။

Recommended For You >>> "Japan Anime ေတြၾကည့္ျခင္း အားျဖင့္ ဘယ္အက်ိဳးေက်းဇူး ၊ ဘယ္လိုသင္ခန္းစာေတြ ရႏိုင္မလဲ"

 

 

MAY THAZINHTOO (AM)

 

UNICODE

"ငွေကြေးကြောင့် လမ်းမှားမရောက်စေဖို့ ကလေးတွေကို ငယ်စဉ်ကတည်းက သင်ပေးသင့်တဲ့ အချက် (၄) ချက်"
ကလေးတစ်ယောက်ကို တော်အောင်၊ ထက်မြက်အောင် ကျောင်းသင်ခန်းစာတွေ၊ အားကစားတွေအပြင် မိဘတွေကိုယ်တိုင်လည်း သူတို့လေးတွေအတွက် လိုအပ်တာလေးတွေကို သင်ပေးရပါတယ်။

အထူးသဖြင့် ကလေးတွေကို ဘယ်အရွယ်မှာ ပိုက်ဆံပေးသုံးမလဲ၊ ပိုက်ဆံကို မှန်မှန်ကန်ကန် သုံးတတ်အောင် ဘယ်လိုသင်ပေးမလဲဆိုတာပါ။

တချို့မိဘတွေက ကလေးတွေကို ပိုက်ဆံပေးသုံးရင် ပျက်စီးမယ်ဆိုပြီး အရွယ်ရောက်လာတဲ့အထိ ပိုက်ဆံပေးမသုံးဘဲ လိုအပ်သမျှအနောက်ကနေဖြည့်ဆည်းပေးတတ်ကြပါတယ်။

ဒီလိုလုပ်တဲ့အခါ ကလေးက ကိုယ်တိုင်ပိုက်ဆံကိုင်ရတဲ့အခါ ပိုက်ဆံကို စီမံခန့်ခွဲမှုမလုပ်တတ်တော့ဘဲ အလေအလွင့်တွေ ပိုများပြီး မကောင်းတာတွေ ပိုလုပ်မိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးတွေပိုက်ဆံကို မှန်မှန်ကန်ကန်သုံးစွဲတတ်အောင် ဒီလိုလေးသင်ပေးကြရအောင်။

 


(၁) အိမ်ရဲ့ဝင်ငွေစီးဆင်းမှုအကြောင်းသူတို့ရှေ့မှာဆွေးနွေးပါ

ကလေးတွေကို အသက်ငယ်တယ်ဆိုပြီး လူကြီးတွေပြောတာ နားမလည်ဘူးလို့မထင်ပါနဲ့။ သူတို့လေးတွေ အထိုက်အလျောက်တော့ နားလည်ပါတယ်။

ပြီးတော့ လူကြီးတွေက ပိုက်ဆံကိုကလေးတွေမမြင်အောင် ထားတာမျိုး၊ ကလေးတွေရှေ့မှာ ပိုက်ဆံအကြောင်းမပြောတာမျိုးတွေလုပ်တတ်ကြပါတယ်။

ဒီလိုမလုပ်ပါနဲ့။ ပိုက်ဆံပမာဏအနည်းငယ်လောက်ကိုသူတို့ကိုမြင်ပါစေ၊ ပြီးရင် ဒီပိုက်ဆံတွေရလာတာ သုံးပစ်ဖို့မဟုတ်ဘူး၊ ရင်းနှီးမြှုပ်နှံဖို့၊ စုဆောင်းထားဖို့ဆိုတာလေးတွေကို သူတို့ကြားအောင်ပြောပါ။

 


(၂) ပိုက်ဆံရဖို့အလုပ်လုပ်ရတယ်ဆိုတာ သိအောင်သင်ပေးပါ


ကလေးတွေကို အိမ်အလုပ်ကူလုပ်ခိုင်းပြီး မုန့်ဖိုးပေးတာမျိုးက ကောင်းတဲ့ နည်းလမ်းလို့ပြောလို့ရပေမယ့်၊ ရေရှည်ဆိုရင်တော့ မကောင်းပါဘူး။

ဘာလို့လဲဆိုတော့ ကလေးရဲ့စိတ်ထဲမှာ အရာအားလုံးကို အပေးအယူနဲ့မြင်သွားပါလိမ့်မယ်။

ဒါကြောင့် တစ်ကိုယ်ရည်အိပ်ရာသိမ်းတာ၊ အခန်းရှင်းတာ၊ ကစားစရာတွေ သိမ်းဆည်းတာမျိုးကိုတော့ ကိုယ်တိုင်တာဝန်ယူရမယ့်အလုပ်တွေလို့ ရှင်းပြပြီး ပန်းကန်ကူဆေးပေးတာမျိုး၊

ကိုယ့်အားလပ်ချိန်မှာ တခြားအလုပ်တစ်ခုခုလုပ်ပေးတာမျိုးလေးတွေကိုတော့ ပိုက်ဆံရှင်းပေးလိုက်ပါ။

Recommended For You >>> ယနေ့မျက်မှောက်ခေတ်မှာ လူငယ်တွေအနေနဲ့ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေက ဘာတွေလဲ

 


(၃) ပိုက်ဆံပေးပြီးဘာလုပ်မလဲစောင့်ကြည့်ပါ


ကလေးတွေမှာ မွေးကတည်းက ဗီဇကိုယ်စီရှိကြပါတယ်။ ရလာတဲ့ ပိုက်ဆံကို သုံးပစ်လား၊ စုထားလား၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလုပ်သလားဆိုတာလေးစောင့်ကြည့်ပါ။

ကလေးကို မုန့်ဖိုးပေးပြီး စုထားလို့ အမိန့်မပေးသင့်သလို၊ ဘာလုပ်ပါလို့မပြောပါနဲ့။

သူတို့လုပ်တတ်တာကို အရင်ကြည့်ပြီး ပိုက်ဆံရတာနဲ့ တန်းသုံးပစ်တတ်တဲ့ကလေးဆိုရင် ဘယ်လိုအရာတွေအတွက်သုံးသင့်တယ်ဆိုတာ အကြံပေးပါ။

စုထားတဲ့ ကလေးဆိုရင်တော့ စုထားပြီး ဘာလုပ်ချင်လဲ၊ သူ့စိတ်ကူးလေးကိုမေးမြန်းကြည့်ပါ။

ရင်းနှီးမြှုပ်နှံမှု တစ်ခုခုလုပ်တတ်တဲ့ကလေး (ဥပမာ – စာအုပ်ဝယ်ပြီး သူငယ်ချင်းတွေကိုပြန်ငှားတာမျိုးလုပ်တတ်တဲ့သူလေးတွေ) ဆိုရင်တော့ သူတို့လုပ်ရပ်ကိုကြည့်ပြီး လမ်းလွှဲမရောက်အောင် တည့်မတ်ပေးပါ။

 

 

(၄) ကိုယ့်ပိုက်ဆံနဲ့တခြားသူတွေကိုကူညီလို့ရကြောင်းရှင်းပြပါ


သူတို့ကို ပေးတဲ့မုန့်ဖို့ပမာဏက ဘာတွေဝယ်လို့ရလဲဆိုတာကို ရှင်းပြပေးပါ။ အရုပ်တစ်ရုပ် ဝယ်တယ်ဆိုပါစို့၊

သူတို့မုန့််ဖို့ကိုစုပြီး ဝယ်တယ်ဆိုရင်တောင် ဒီအရုပ်ရဲ့ တန်ဖိုးက ထမင်းစားရင်

ဘယ်နှစ်ယောက်စားလို့ရတယ်၊ အဝတ်အစားဝယ်ရင် ဘယ်လောက်ရတယ် စသဖြင့်ပြောပြပေးပါ။ ဒီလိုပြောပြီး မဝယ်ဖို့ တားခိုင်းတာမဟုတ်ပါဘူးနော်။

ဒီပစ္စည်းရဲ့တန်ဖိုးကို သိအောင်ပြောပြပေးရုံပါပဲ။ နှိုင်းယှဉ်စဉ်းစားတာက သူတို့ဘာသာလုပ်ပါစေ။ ပြီးရင် ပိုက်ဆံဆိုတာ သုံးရုံ၊စုရုံ၊ ရင်းနှီးမြှုပ်နှံရုံတင်မကဘဲ တခြားလူတွေကို ကူညီဖို့အတွက်လည်း အသုံးချလို့ရကြောင်းသင်ပေးပါ။

ဒီနည်းလေးတွေအတိုင်းသာ လုပ်ပေးမယ်ဆိုရင် ကလေးတွေ ပိုက်ဆံနဲ့ပတ်သက်လို့ လမ်းမှားရောက်နိုင်ချေ အရမ်းနည်းသွားမှာပါ။

Recommended For You >>>> "Japan Anime တွေကြည့်ခြင်း အားဖြင့် ဘယ်အကျိုးကျေးဇူး ၊ ဘယ်လိုသင်ခန်းစာတွေ ရနိုင်မလဲ"

 

 

CREDIT : MAY THAZINHTOO (AM)

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 16:43
Rate this articles
(0 votes)