×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 05 November 2019

"အလုပ္ခြင္မွာေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ေစမယ့္နည္လမ္း(၅) သြယ္"

"အလုပ္ခြင္မွာေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ေစမယ့္နည္လမ္း(၅) သြယ္" google.com

ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ျခင္းက ေအာင္ျမင္ျခင္းရဲ႕လမ္းစတစ္ခုလို႔ ဆိုႏိုင္ပါတယ္ ။ျပင္ပေလာကမွာပဲ ေပါင္းသင္းဆက္ဆံေရးေကာင္းေနလို႔ မရပါဘူး။

ကိုယ္က်င္လည္ရာနယ္ပတ္အလိုက္ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ဖို႔လည္း လိုအပ္ပါတယ္။ဒီတစ္ေခါက္မွာေတာ့ အလုပ္ခြင္မွာေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ေအာင္ ဘယ္လိုေနထိုင္သင့္လဲဆိုတဲ့နည္းလမ္းေကာင္းေလးေတြမွ်ေဝေပးခ်င္ပါတယ္။


(၁) စကားေျပာေကာင္းသူျဖစ္ပါေစ

စကားေျပာေကာင္းျခင္းက လူေတြရဲ႕ စိတ္ကိုဆြဲေဆာင္ႏိုင္တဲ့တစ္ခုတည္းေသာလမ္းနည္းတစ္ခုျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက စကားအေျပာအဆိုေကာင္းတဲ့သူေတြကို ပိုၿပီးသေဘာက်ႏွစ္သက္ၾကပါတယ္။ဒါေၾကာင့္လူေတြနဲ႔စကားေျပာတဲ့အခါ တစ္ဖက္လူကိုစိတ္ဝင္စားဖြယ္ျဖစ္ေအာင္ေျပာဆိုပါ။စကားသံၾကည္လင္ျပတ္သားမႈရွိစြာေျပာဆိုပါ။တစ္ခါတစ္ ေလ ဟာသေလးေတြနဲ႔လည္းအရႊန္းေဖာက္ေပးပါ။ဒါမွလည္းကိုယ့္နဲ႔စကားေျပာတဲ့သူကိုပိုၿပီးဆြဲေဆာင္ေစမွာျဖစ္ပါတယ္။

 

(၂) ေပ်ာ္ေပ်ာ္ေနပါ

အလုပ္ခြင္မွာေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြဟာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္ဆံေရးပိုၿပီး အဆင္ေျပတာေတြ႔ရပါတယ္။ ကိုယ္ရဲ႕အလုပ္ခြင္တစ္ေန႔တာကို လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေပ်ာ္ရႊင္စြာျဖတ္သန္းျခင္းက အလုပ္ခြင္မွာ ျငီးေငြ႔လာတာမ်ဳိး ပ်င္းလာတာမ်ဳိးေတြမရွိေတာ့ဘဲ အလုပ္နဲ႔ပတ္သက္တဲ့ ကိုယ္ရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ျမင့္တက္လာေစမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္အလုပ္မွာေပ်ာ္ေပ်ာ္ေနတက္သူတစ္ေယာက္အျဖစ္ေနထိုင္ပါ။

 

(၃) တစ္ဝိုင္းတည္းလက္စံုစားပါ

လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေနလည္စာအတူတူ ဝိုင္းဖြဲ႔စားျခင္းဟာလည္း သူတို႔နဲ႔ ကိုယ့္ၾကားကဆက္ဆံကို ပိုမိုေကာင္းမြန္လာေစမယ့္နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အလုပ္ေတြမ်ားေနရင္ေတာင္ ကိုယ္တစ္ေယာက္တည္း ပ်င္းရိစြာစားေနတာမ်ဳိးမျဖစ္သင့္ပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားစျမည္ေျပာရင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္စားေသာက္တာက ပိုၿပီးျပည့္စံုတဲ့ေန႔လည္စာျဖစ္ေစမွာပါ။

Recommended For You >>> "အလုပ္ခြင္မွာ အိပ္ငိုက္ေနတဲ့အခါ လုပ္သင့္တဲ့အခ်က္မ်ား"

 

(၄) TGIF လုပ္ပါ

ေသာၾကာေန႔လိုေန႔မ်ဳိးက ရံုးဝန္ထမ္းတိုင္းအတြက္ အေပ်ာ္ရႊင္ဆံုးေန႔တစ္ေန႔ ျဖစ္မယ္ထင္ပါတယ္။ဒီလိုေသာၾကာေန႔ညေနမွာ TGIF လုပ္ရင္း တစ္ပတ္တာအလုပ္ရဲ႕ ပင္ပန္းမႈေတြကို ေျဖေဖ်ာက္ၾကပါတယ္။ ဝန္ထမ္းေတြအေနနဲ႔လုပ္ငန္းခြင္မွာ ေန႔စဥ္ေတြ႔ရတယ္ဆိုေပမယ့္ အလုပ္ခြင္ျပင္ပမွာ ေတြ႔ဆံုတာကလည္း ပိုၿပီးရင္းႏွီးမႈရေစမွာျဖစ္တာေၾကာင့္ Friday Night လိုညမ်ဳိးမွာ TGIF လုပ္ပါ။ ေသာက္ေလ့ေသာက္ထမရွိဘူးဆိုရင္လည္းေကာ္ဖီဆိုင္ထိုင္ၿပီး စကားေျပာလို႔ရပါတယ္။

 

(၅) Online Group ဖြဲ႕ထားပါ

လူေတာ္ေတာ္မ်ားမ်ားကိုရင္ႏွီးမႈပိုတိုးေစတဲ့အရာကအင္တာနက္ေပၚကဆက္သြယ္ျခင္းျဖစ္ပါတယ္။အခ်ိန္တိုင္းေနရာတိုင္းမွ ာဖုန္းေလးဖြင့္လိုက္ရံုနဲ႔ ေကာင္းေကာင္း Communicate လုပ္ႏိုင္တာေၾကာင့္ ရင္းႏွီးမႈပိုတိုးေစၿပီး ေပါင္းသင္းဆက္ဆံေရးက႑မွာပိုၿပီး အေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္။ဒါေၾကာင့္တစ္ရံုးတည္းဝန္းထမ္းေတြအခ်င္းခ်င္း အြန္းလိုင္းမွာ Group ဖြဲ႕ထားပါ။ အလုပ္အေၾကာင္းပဲ ျဖစ္ေစ ေပါ့ေပါ့ပါးပါးျပင္ပေလာကအေၾကာင္းအရာေတြကိုလည္း ေျပာဆိုႏိုင္တာေၾကာင့္ သင့္နဲ႔ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြၾကား ရင္းႏွီးမႈတိုးတက္ေစမွာအမွန္ပါပဲ။

 

Sources : Kwee

- ဤဝက္ဆိုဒ္တြင္ သင္ယူလိုသည့္ သူမ်ားအေနျဖင့္ ဂီတ၊ ဘာသာစကား၊ ကြန္ျပဴတာ၊ ေကာ်င္းဘာသာရပ္မ်ား၊ ဒီဇိုင္းပညာရပ္မ်ား၊ အႏုပညာ စသည္ျဖင့္ ဘာသာရပ္အမ်ိဳးမ်ိဳးကို အနီးကပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ားကိုရွာေဖြ ႏိုင္ပါသည္။
- ဆရာ၊ ဆရာမမ်ား၏ ကိုယ္ေရးအခ်က္အလက္ အျပည့္ အစံုပါဝင္ေသာေၾကာင့္ အေသးစိတ္ၾကည့္ရွဳႏိုင္ပါသည္။
- ဝင္ေရာက္ၾကည့္ရႈ၊ ရွာေဖြ ပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html ေလးကိုသာႏွိပ္လိုက္ပါ။

 

 

 

UNICODE

"အလုပ်ခွင်မှာပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေမယ့်နည်လမ်း(၅) သွယ်"
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းက အောင်မြင်ခြင်းရဲ့လမ်းစတစ်ခုလို့ ဆိုနိုင်ပါတယ် ။ပြင်ပလောကမှာပဲ ပေါင်းသင်းဆက်ဆံရေးကောင်းနေလို့ မရပါဘူး။ကိုယ်ကျင်လည်ရာနယ်ပတ်အလိုက်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ဒီတစ်ခေါက်မှာတော့ အလုပ်ခွင်မှာပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် ဘယ်လိုနေထိုင်သင့်လဲဆိုတဲ့နည်းလမ်းကောင်းလေးတွေမျှဝေပေးချင်ပါတယ်။


(၁) စကားပြောကောင်းသူဖြစ်ပါစေ

စကားပြောကောင်းခြင်းက လူတွေရဲ့ စိတ်ကိုဆွဲဆောင်နိုင်တဲ့တစ်ခုတည်းသောလမ်းနည်းတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက စကားအပြောအဆိုကောင်းတဲ့သူတွေကို ပိုပြီးသဘောကျနှစ်သက်ကြပါတယ်။ဒါကြောင့်လူတွေနဲ့စကားပြောတဲ့အခါ တစ်ဖက်လူကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်ပြောဆိုပါ။စကားသံကြည်လင်ပြတ်သားမှုရှိစွာပြောဆိုပါ။တစ်ခါတစ် လေ ဟာသလေးတွေနဲ့လည်းအရွှန်းဖောက်ပေးပါ။ဒါမှလည်းကိုယ့်နဲ့စကားပြောတဲ့သူကိုပိုပြီးဆွဲဆောင်စေမှာဖြစ်ပါတယ်။


(၂) ပျော်ပျော်နေပါ

အလုပ်ခွင်မှာပျော်ပျော်နေတတ်တဲ့သူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပိုပြီး အဆင်ပြေတာတွေ့ရပါတယ်။ ကိုယ်ရဲ့အလုပ်ခွင်တစ်နေ့တာကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခြင်းက အလုပ်ခွင်မှာ ငြီးငွေ့လာတာမျိုး ပျင်းလာတာမျိုးတွေမရှိတော့ဘဲ အလုပ်နဲ့ပတ်သက်တဲ့ ကိုယ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာစေမှာဖြစ်ပါတယ်။ဒါ့ကြောင့်အလုပ်မှာပျော်ပျော်နေတက်သူတစ်ယောက်အဖြစ်နေထိုင်ပါ။


(၃) တစ်ဝိုင်းတည်းလက်စုံစားပါ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေလည်စာအတူတူ ဝိုင်းဖွဲ့စားခြင်းဟာလည်း သူတို့နဲ့ ကိုယ့်ကြားကဆက်ဆံကို ပိုမိုကောင်းမွန်လာစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အလုပ်တွေများနေရင်တောင် ကိုယ်တစ်ယောက်တည်း ပျင်းရိစွာစားနေတာမျိုးမဖြစ်သင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောရင်း ပျော်ပျော်ရွှင်ရွှင်စားသောက်တာက ပိုပြီးပြည့်စုံတဲ့နေ့လည်စာဖြစ်စေမှာပါ။

Recommended For You >>> "အလုပ်ခွင်မှာ အိပ်ငိုက်နေတဲ့အခါ လုပ်သင့်တဲ့အချက်များ


(၄) TGIF လုပ်ပါ

သောကြာနေ့လိုနေ့မျိုးက ရုံးဝန်ထမ်းတိုင်းအတွက် အပျော်ရွှင်ဆုံးနေ့တစ်နေ့ ဖြစ်မယ်ထင်ပါတယ်။ဒီလိုသောကြာနေ့ညနေမှာ TGIF လုပ်ရင်း တစ်ပတ်တာအလုပ်ရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ကြပါတယ်။ ဝန်ထမ်းတွေအနေနဲ့လုပ်ငန်းခွင်မှာ နေ့စဉ်တွေ့ရတယ်ဆိုပေမယ့် အလုပ်ခွင်ပြင်ပမှာ တွေ့ဆုံတာကလည်း ပိုပြီးရင်းနှီးမှုရစေမှာဖြစ်တာကြောင့် Friday Night လိုညမျိုးမှာ TGIF လုပ်ပါ။ သောက်လေ့သောက်ထမရှိဘူးဆိုရင်လည်းကော်ဖီဆိုင်ထိုင်ပြီး စကားပြောလို့ရပါတယ်။

 

(၅) Online Group ဖွဲ့ထားပါ

လူတော်တော်များများကိုရင်နှီးမှုပိုတိုးစေတဲ့အရာကအင်တာနက်ပေါ်ကဆက်သွယ်ခြင်းဖြစ်ပါတယ်။အချိန်တိုင်းနေရာတိုင်းမှ ာဖုန်းလေးဖွင့်လိုက်ရုံနဲ့ ကောင်းကောင်း Communicate လုပ်နိုင်တာကြောင့် ရင်းနှီးမှုပိုတိုးစေပြီး ပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာပိုပြီး အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်တစ်ရုံးတည်းဝန်းထမ်းတွေအချင်းချင်း အွန်းလိုင်းမှာ Group ဖွဲ့ထားပါ။ အလုပ်အကြောင်းပဲ ဖြစ်စေ ပေါ့ပေါ့ပါးပါးပြင်ပလောကအကြောင်းအရာတွေကိုလည်း ပြောဆိုနိုင်တာကြောင့် သင့်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေကြား ရင်းနှီးမှုတိုးတက်စေမှာအမှန်ပါပဲ။

 

Sources : Kwee

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် https://www.sayar.com.mm/subjects.htmlလေးကိုသာနှိပ်လိုက်ပါ။

 

Read times Last modified on Wednesday, 08 January 2020 17:27
Rate this articles
(0 votes)