×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 26 November 2019


Google Search ကို ထိထိရောက်ရောက် အထာကျကျ ဘယ်လိုသုံးကြမလဲ? pexels




 

1.Use The Tabs


 


 


2.Use Quotes


 


 


3.Use Plus


 


eg. Dog+Husky

 




 


 




 


eg. link:nytimes.com


 




 


eg. love*is*prize


 



 



 



 


eg. 8*5+5

 



 


 




 


eg. 41…43

 

11.Keep it Simple

 


 



 






 


 



 


 




 

ဥပမာ

 



 


 



 


 


18.Find a specific file

 

ဥပမာ…




 


 

20.Track Your Packages

 





 

 

Sources : Tech Corner

 

UNICODE

Google Search ကို ထိထိရောက်ရောက် အထာကျကျ ဘယ်လိုသုံးကြမလဲ?
ကျွန်တော်တို့အားလုံး Google search engine ကို ကိစ္စအမျိုးမျိုးအတွက် အမြဲလိုလို သုံးဖြစ်ကြတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်တော့ လူတော်တော်များများ မသုံးဖြစ်ကြပါဘူး။ ကိုယ်ရှာချင်တာနဲ့ ရှာလိုက်တဲ့ ရလဒ်တွေ ခဏခဏ လွဲနေတာမျိုး ဖြစ်ဖူးကြမှာပါ။

သိသူဖော်စား မသိသူကျော်သွားဆိုတဲ့အတိုင်း Google Search ဆိုတာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပီး အသုံးချလို့ရပါတယ်။ ဒီနေ့မှာတော့ Google Search မှာ ကိုယ်လိုချင်တာနဲ့ ကွက်တိ ရလဒ်တွေရအောင် ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

1.Use The Tabs

received_1718596304932186-576x1024.jpeg

 

ပထမဆုံးအနေနဲ့ကတော့ Tabs တွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ Google မှာ တစ်ခုခု ရှာလိုက်တိုင်း Web,Image,News, Maps စသည်ဖြင့် Tabs များစွာ တွေ့ရမှာပါ။ မိမိလိုအပ်တဲ့ Tabs ကို ရွေးချယ် အသုံးပြုခြင်းဖြင့် သင့်အချိန်ကို များစွာကုန်ဆုံးခြင်းမှ သက်သာစေမှာပါ။

 


2.Use Quotes

received_944188919282835-576x1024.jpeg

 

စကားစုလေးတွေ အသုံးပြုပီး Googleမှာ ရှာဖွေဖြင်းက ပိုမို ထိရောက်တဲ့ အချက်တစ်ချက်ပါ။ ဥပမာ Men Hairstyles ဆိုတဲ့ စကားစုနဲ့ ရှာဖွေလိုက် မယ်ဆိုရင် Google က men hairstyle ကိုသာပြပေးပါမယ်။
မိမိရှာဖွေချင်တဲ့ စကားစုကို အတိအကျ ရိုက်ရှာခြင်းဖြင့် လိုအပ်တဲ့ အရာကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မှာပါ။


3.Use Plus

received_2555177044598913-576x1024.jpeg

 

Google မှာ တစ်ချို့ စကားလုံးတွေ ရှာလိုက်ရင် မိမိမလိုအပ်တဲ့အရာတွေပါ ပြလာတတ်ပါတယ်။ ဥပမာ Dog လို့ရိုက်ရှာကြည့်လိုက်ရင် ခွေးနဲ့ ပတ်သတ်တာများစွာတက်လာပါလိမ့်မယ်။ ထိုအထဲက မိမိလိုအပ်တာကို ထိထိမိမိ ရှာဖို့အတွက် plus (+) ကို အသုံးပြုပါ

eg. Dog+Husky
လို့ရှာလိုက်ရင် husky နဲ့ပတ်သက်တာဘဲ တွေ့ရပါလိမ့်မယ်။

 


4.Use a Colon to search specific site

received_2513401662279917-576x1024.jpeg

 

ကျွန်တော်တို့အနေနဲ့ Website တစ်ခုမှာရှိတဲ့ articles or content တစ်ခုခုရှာဖို့လိုအပ်လာရင် Colon(:) ကို အသုံးပြုပီး ထိထိရောက်ရောက် ရှာဖွေနိုင်ပါတယ်။
eg. apple:techcornermm.com လို့သာရိုက်ရှာလိုက်ပါက Tech Corner Myanmar website က apple နဲ့ပတ်သက်တဲ့ artciles တွေကိုသာ တွေ့ရမှာပါ။


5.Find a page that links to another page

received_2468992233347335-576x1024.jpeg

 

ယခုပြောပြမဲ့ tipsကတော့ လူသိနည်းတဲ့ tips တစ်ခုပါ။ page တစ်ခုကို တိုက်ရိုက်ရှာမဲ့အစား ထို page ကိုချိတ်ဆက် ကိုးကားထားတဲ့ page တွေကို ရှာချင်ရင် ယခုနည်းကို အသုံးပြုနိုင်ပါတယ်

eg. link:nytimes.com

ထိုသို့ရိုက်ရှာလိုက်မယ်ဆိုရင် New York Time Offical Website နဲ့ချိတ်ဆက်ထားတဲ့ page တွေကို တွေ့ရပါမယ်။

 


6.Use the asterisk wildcard

received_2456966274581136-576x1024.jpeg

 

ဒီ Tip လေးကတော့ အသုံးဝင်ဆုံး tips တစ်ခုပါ။ သီချင်းတွေရှာဖွေရာမှာ သုံးနိုင်ပါတယ်။ ကိုယ်က သီချင်းစာသားလေး တစ်ခုကို နားစွန်နားဖျား ကြားလိုက်မိတယ် အကုန်လုံးကိုလဲ မမှတ်မိလိုက်ဘူး သီချင်းနာမည်ကို သိချင်တယ်ဆိုရင် ဒီ Tip လေးက အရမ်းအသုံးဝင်ပါတယ်။
မိမိမှတ်မိတဲ့ lyrics တွေကို asterisk (*) ခံရေးရုံနဲ့ google က သီချင်းကိုရှာဖွေပေးမှာပါ။

eg. love*is*prize

ထို့သို့ရိုက်ရှာလိုက် မယ်ဆိုရင် lyrics က မတိကျပေမဲ့ သက်ဆိုင်တဲ့ သီချင်းကို ရှာပေးပါလိမ့်မယ်။

 


7.Find sites that are similar to other sites

 

မိမိရှာချင်တဲ့ website တစ်ခုနဲ့ အလားတူ website မျိုးကိုရှာဖွေပေးနိုင်မဲ့ tips တစ်ခုပါ။

eg. related:amazon.com လို့ရှာလိုက်ပါက amazon နဲ့ အလားတူ shopping website တွေတွေ့ရပါလိမ့်မယ်။

 


8.Use Google search to do math

 

Google search ရဲ့ အလန်းစား tips တစ်ခုပါ။ ယခု tips ဖြင့် google ကို သင်္ချာ တွက်ခိုင်းလို့ရပါမယ်။

eg. 8*5+5
ကိုရှင်းခိုင်းလိုက်ရင် အဖြေ 45 ဆိုပီးထုတ်ပေးတာမျိုးပေါ့။

 


9.Search for multiple words at once

 

စကားလုံးအနည်းငယ်ရိုက်ရှာမဲ့အစား သင့်ရှာချင်တဲ့ စကားစုကို ပြည့်ပြည့်စုံစုံ ရိုက်ရှာခြင်းဖြင့် လိုအပ်သော အဖြေ ကို မြန်ဆန်စွာတွေ့နိုင်ပါတယ်
ဥပမာ How to prepare for a job interview
လို့ရှာလိုက်ပါက job interview နဲ့ ပတ်သက်တာကိုဘဲ တွေ့ရပါလိမ့်မယ်။

 


10.Search a range of numbers

received_577134199758117.jpeg

 

ခုနစ်တွေနဲ့ ပတ်သက်တာ ကိန်းဂဏန်းတွေနဲ့ ပတ်သက်တာတွေရှာချင်ရင် အသုံးဝင်တဲ့ tips တစ်ခုပါ။

eg. England Premier League Champion…2004
eg. 41…43
အပေါ်က ဥပမာအတိုင်း ရှာကြည့်လိုက်ပါက ခုနစ်တွေ ကိန်းဂဏန်းတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ အဖြေကို Googleက ရှာပေးပါလိမ့်မယ်။

 

11.Keep it Simple

 

သင့်အနေနဲ့ တစ်ခုခုရှာချင်တယ်ဆိုရင် စကားလုံးတွေ စကားစုတွေ အပြင် ရိုးရှင်းစွာရှာဖွေခြင်းက ပိုမိုထိရောက်တဲ့ နည်းတစ်ခုပါ။
သင့်အနေနဲ့ အနီးနားမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကိုရှာချင်ရင် restaurants near me
လို့ရိုက်လိုက်တာနဲ့ သင့်အနီးမှာရှိတဲ့ စားသောက်ဆိုင်တွေကို Google ကရှာဖွေပေးပါလိမ့်မယ်။

 


12.Gradually add search terms

 

သင့်အနေနဲ့ ရှာချင်တာတစ်ခုကို တစ်ကြိမ်ထဲ ရှာဖွေခြင်းထက် စကားလုံးတွေထက်ပေါင်းပီး ၃ခါလောက် ရှာဖွေခြင်းက ပိုမိုကောင်းမွန်တဲ့ အဖြေကိုရနိုင်မှာပါ။

* First try: job interviews
* Second try: prepare for job interviews
* Third try: how to prepare for a job interview

အထက်ပါဥပမာကဲ့သို့ စကားထပ်ပေါင်းပီး ၃ခါလောက် ရှာဖွေလိုက်ပါက မိမိလိုချင်တဲ့ အဖြေအတွက် ပိုမိုကောင်းမွန်တဲ့ အဖြေကို google ကရှာပေးပါလိမ့်မယ်။

 


13.Use words that website use

 

ယခုtips ကတော့ အရေးကြီးဆုံး tip တစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ Website တစ်ခုရှာဖွေချင်တဲ့အခါ ကျွန်တော်တို့ အသုံးပြုနေတဲ့ စကားလုံးတွေသုံးပီး ရှာဖွေလေ့ရှိပါတယ်။ ဒါပေမဲ့ website တွေက ကျွန်တော်တို့ စကားပြောသလို စကားလုံးတွေသုံးလေ့မရှိပါ။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ အဖြေကိုရဖို့ website တွေက သုံးတဲ့ စကားလုံးတွေနဲ့ ရှာဖွေသင့်ပါတယ်။
ဥပမာ My Head Hurts လို့ရှာမဲ့အစား Headache relief လို့ရှာရပါမယ်။

 


14.Use Important words only

 

သင့်အနေနဲ့ တစ်ခုခုရှာဖွေမယ်ဆိုရင် စာလုံးတွေ များစွာသုံးမဲ့ အစား အရေးကြီးတဲ့ စာလုံးကိုဘဲ သုံးခြင်းဖြင့် ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို google ကရှာဖွေပေးပါလိမ့်မယ်။
ဥပမာ အနီးအနားမှာရှိတဲ့ Chinese Restaurant တစ်ခုကိုရှာမယ်ဆိုရင်
Chinese restaurants near me လို့ ရိုက်ရှာရပါမယ်။

 


15.Google search has shortcuts

Screenshot from 2019 11 26 14 09 03

 

နောက်တစ်နည်းကတော့ Google search မှာပါတဲ့ shortcuts ကို အသုံးချပီးရှာဖွေခြင်းပါ။
ဥပမာ
* Weather *zip code* – Zip code နေရာမှာ မိမိရှာဖွေချင်တဲ့ နေရာတစ်ခုရဲ့ zip code ရိုက်ထည့်ခြင်းဖြင့် ထိုနေရာရဲ့ weather ကို google ကရှာဖွေပေးပါလိမ့်မယ်။
* Time *place* – Place နေရာမှာ မိမိရှာချင်တဲ့ place ရိုက်ထည့်ခြင်းဖြင့် ထိုနေရာရဲ့ အချိန်ကို google က ရှာဖွေပေးပါလိမ့်မယ်။
* Define: *word* – Word နေရာမှာ မိမိရှာချင်တဲ့ စကားလုံးရိုက်ထည့်ခြင်းဖြင့် ထိုစကားလုံး၏ အဓိပ္ပာယ်ကို google ကရှာဖွေ ပေးပါလိမ့်မယ်။

 


16.Spelling doesn’t necessarily matter

 

Google search မှာ ရှာဖွေမယ်ဆိုရင် စကားလုံးပေါင်း အမှန် အမှားကို သိပ်သတိထားစရာမလိုပါ။ စာလုံးပေါင်းမှားနေသော်လည်း Google အနေနဲ့ သင်ဘာရှာဖွေချင်လဲဆိုတာကို သိပီးရှာဖွေပေးနိုင်ပါတယ်။

 


17.Use Descriptive Word

 

သင့်အနေနဲ့ တစ်ခုခုရှာဖွေမယ်ဆိုရင် လက်တွေ့ကျကျ ဖော်ပြနိုင်သော စကားလုံးတွေနဲ့ ရှာဖွေခြင်းကလည်း ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို ရနိုင်ပါတယ်။
ဥပမာ How to install drivers in Window OS? လို့ရှာမဲ့အစား Troubleshoot driver problems Window OS လို့ရှာလိုက်ရင် ပိုမိုတိကျတဲ့ အဖြေတစ်ခုကို ရှာတွေ့နိုင်မှာပါ။

 


18.Find a specific file

 

Google Search ရဲ့ လူသိပ်မသိတဲ့ feature တစ်ခုပါ။ သင့်အနေနဲ့ ယခင်က ရှာထားခဲ့တဲ့ file တစ်ခုကို ပြန်ရှာချင်ရင် ယခု tips ကို အသုံးပြုနိုင်ပါတယ်။
ဥပမာ…
eg. *Search term here* filetype:pdf
Search term here ဆိုတဲ့နေရာမှာ မိမိရှာချင်တဲ့ file name ကိုရိုက်ထည့်ပီး ရှာမယ်ဆိုရင် သင် ယခင်က ရှာထားဖူးတဲ့ file ကို google က ပြန်ရှာပေးပါလိမ့်မယ်။

 


19.Money and Unit conversions

Screenshot from 2019 11 26 14 12 32

 

Google search ရဲ့ နောက်ထပ် အသုံးဝင်ဆုံး tips တစ်ခုပါ။ သင့်အနေနဲ့ currency တွေ unit တွေတစ်ခုကနေ တစ်ခု ပြောင်းလဲချင်ရင် အသုံးပြုနိုင်ပါတယ်။
ဥပမာ miles to km လို့ရှာလိုက် မယ်ဆိုရင် miles ကနေ km ပြောင်းလဲပေးမဲ့ convector တစ်ခုကို google က ရှာဖွေပေးပါလိမ့်မယ်။
USD To MMK လို့ ရိုက်ရှာလိုက် မယ်ဆိုရင် USD ကနေ MMK ပြောင်းလဲပေးမဲ့ convector တစ်ခုကို google က ရှာဖွေပေးပါလိမ့်မယ်။

 

20.Track Your Packages

 

နောက်ဆုံး tips တစ်ခု အနေနဲ့ Google Search ကနေပီး သင့်ပါဆယ်ထုပ် ဘယ်မှာရှိလဲဆိုတာ ရှာဖွေနိုင်မဲ့ tips ပါ။
မည့်သည့် UPS, USPS, FedEx ရဲ့ tracking number တွေဖြစ်ဖြစ် Google search မှာ ရိုက်ထည့်ပီး သင့် ပါဆယ်ထုပ် ဘယ်ရောက်ပြီလဲ ဆိုတာ သိနိုင်ပါတယ်။


ယခုဖော်ပြပေးခဲ့တဲ့ Google Search Tips တွေ အပြင် အခြား အသုံးဝင်တဲ့ Tips တွေ ရှိသေးရင်လဲ Comment မှာ ဝင်ရောက် ဖြည့်စွက်သွားနိုင်ပါတယ်။

အားလုံးပဲ Google Search မှာ Pro ကျကျ ရှာဖွေနိုင်ကြပါစေဗျာ။

 

 

sayar.com.mm

Sources : Tech Corner

Read times Last modified on Monday, 30 December 2019 17:31
Rate this articles
(0 votes)