×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 06 December 2019

"ရန္ကုန္-ျမစ္ဆံု စက္ဘီးခရီးမွာ Yangon Green Biker တစ္ေယာက္အျဖစ္ ပါဝင္ခဲ့တဲ့ ၁၃ႏွစ္သားေလး ေဒးဗစ္"

"ရန္ကုန္-ျမစ္ဆံု စက္ဘီးခရီးမွာ Yangon Green Biker တစ္ေယာက္အျဖစ္ ပါဝင္ခဲ့တဲ့ ၁၃ႏွစ္သားေလး ေဒးဗစ္" facebook

ဆရာမေခၚန္လြမ္း မဂၤလာပါဗ်ာ။သားေတာ္ေမာင္ ေဒးဗစ္ ရန္ကုန္-ျမစ္ဆံုစက္ဘီးခရီးမွာ young green bikerတစ္ေယာက္အေနနဲ႔ပါဝင္ျဖစ္ခဲ့တဲ့အေပၚဘာေတြခံစားရပါသလဲ ?

က်မ က သားအေပၚမွာေတာ့ မစိုးရိမ္ဘူး။
စိုးရိမ္မိတာက စက္ဘီးအဖြဲ႕အတြက္ပါ။
သူက အသက္အငယ္ဆံုးေလ ၁၃ ႏွစ္ပဲရွိ
ေသးတာ။ ဒီေလာက္ခရီးအေဝးႀကီးလည္းသူ
မနင္းဖူးဘူး။ သူ႔ေၾကာင့္ တျခားစက္ဘီးအဖြဲ႕
ေတြခရီးမတြင္မွာဘဲ စိုးရိမ္တာပါ။ ဒါေပမယ့္
တျခားစက္ဘီးအဖြဲ႕ေတြက ထည့္လိုက္ပါ
ရတယ္ဆိုလို႔ထည့္ျဖစ္သြားတယ္။

ရန္ကုန္ ကေန မႏၲေလး ခရီးက ေန႔ခင္း
မွာေနပူတယ္၊ ခရီးမိုင္လည္းရွည္တယ္။
ငါ့သားနင္းႏုိင္ပါ့မလား ေပါ့။ ရင္ထဲမွာ ေမာ
ေနတာေတာ့ျဖစ္တယ္။ ညဘက္ သူ႔ကို
ဖုန္းဆက္ရင္လည္း သူ႔အသံက ေပ်ာ့ေနသလို
လိုျဖစ္တယ္။ အဲ မႏၲေလး ေရာက္သြားၿပီးတဲ့
ေနာက္ ေတာင္ေပၚခရီးအစ မွာ သူ႔အသံေျပာင္း
လာတယ္။ သားေရ အဆင္ေျပရဲ႕လားလို႔
ေမးမိရင္ေတာင္ အေမ က သားကိုမယံုဘူး
လားတဲ့။ သူ႔ကိုယ္သူ ယံုၾကည္မႈရွိလာတဲ့
အသံမ်ဳိးၾကားရတယ္။

78538153_10215025944513955_5084093822116298752_n.jpg

ေဒးဗစ္ ရဲ႕ စက္ဘီးခရီးအတြက္ ဆရာမ
တို႔ ဘာေတြျပင္ဆင္ေပးရတာရွိလဲ ?

အေထြအထူးမရွိပါဘူး။ စက္ဘီးခရီးနဲ႔ပတ္
သက္တဲ့ ပစၥည္းေတြက သူ႔မုန္႔ဖိုး နဲ႔သူဝယ္
တာ။ ခရီးစဥ္မွာ သယ္သြားမယ့္ အဝတ္အစား
အသံုးအေဆာင္ေတြလည္း သူ႔ဘာသာ
ထည့္တာ။ သူ႔ရဲ႕ စီစဥ္ ဆံုးျဖတ္မႈ အတိုင္း
ပါပဲ။ က်မတို႔က ျဖစ္သင့္တာေလးပဲ အႀကံ
ျပဳတာရွိတယ္။ ခရီးမစခင္ရက္ေတြမွာ မနက္
တိုင္း သူ႔ဘာသာစက္ဘီးနင္းေလ့က်င့္တယ္။

သူေတာင္းဆိုတာက တခုထဲပဲရွိတယ္။
အေမ သားကို မုန္႔ဖိုး နည္းနည္းပိုထည့္ေပး
ပါလားတဲ့။ သားက စက္ဘီးနင္းေတာ့
ဗိုက္ခဏခဏဆာတယ္။ ထမင္းလည္းမ်ားမ်ား
စားေနတယ္။ လမ္းမွာ ထမင္းေကြၽးေပမယ့္
ဆာရင္ ဝယ္စားလို႔ရေအာင္ပါတဲ့။

သားရဲ႕သူငယ္ခ်င္းေတြက ေမးၾကတယ္။
ေဒးဗစ္ ေက်ာင္းမတက္ဖူးလား ! ဘယ္သြား
ေနလဲ ! တဲ့။ ေဒးဗစ္ က home school
(အိမ္တြင္းေက်ာင္း) ပဲေနျဖစ္တာ တႏွစ္နီးပါး
ရွိၿပီ။ စာသင္ေက်ာင္းက စာေတြက သူတကယ္
ေလ့လာရင္ ၂ နာရီပဲၾကာတယ္။ က်န္တဲ့အခ်ိန္
ေတြမွာ သူဝါသနာပါတာ စိတ္ဝင္စားတာေတြ
ေလ့လာဖို႔အခ်ိန္အမ်ားႀကီးရသြားတယ္။
ဒီလိုျဖစ္လာတာကလည္းသားရဲ႕ ေ႐ြးခ်ယ္
ဆံုးျဖတ္ခ်က္ပါပဲ။ က်မတို႔က နားလည္ပံ့ပိုး
ေပးယံုပါ။

78394126_10215025945553981_8062429418829643776_o.jpg

ေဒးဗစ္ရဲ႕ ဖခင္ကေကာ ခရီးစဥ္နဲ႔ပတ္သက္
လို႔ဘာေတြခံစားရေသးလဲ ?
ကိုေမာင္စိန္ ေျပာပါဦး ခင္ဗ်။

အစ ကေတာ့စိတ္ပူတယ္။ သားက နင္း
ႏုိင္ပါ့မလားေပါ့။ အခုေတာ့ ေအာင္ေအာင္
ျမင္ျမင္ ျမစ္ဆံု ေရာက္သြားတဲ့အတြက္
ဂုဏ္ယူမိပါတယ္။ သားေလး စက္ဘီးခရီးကို
ပါသြားတာ ပညာသင္ေနတဲ့ သေဘာပါပဲ။
ဘဝ မွာ အတက္ အဆင္း အခ်ဳိးအေကြ႕
ရွိသလို စက္ဘီးခရီးမွာလည္းရွိတယ္။ ဒါေတြ
သူသင္ယူရရွိလိုက္တာပဲ။

79158684_10215025945873989_6402937034423402496_n.jpg

ေဒးဗစ္ home school ေျပာင္းေနျဖစ္
တဲ့အေပၚမွာေရာ ဖခင္တေယာက္ အေနနဲ႔
ဘာေတြသံုးသပ္မိပါသလဲ ?

ပင္မစာသင္ေက်ာင္း ကေန တႏွစ္ေလာက္
နားလိုက္တာ သူ႔အတြက္ သိသာတာေတြ
ျမင္ရတယ္။ အရင္က မနက္ အေစာႀကီးထ
ေက်ာင္းကားစီး ည မိုးခ်ဳပ္ခါနီးမွ အိမ္ျပန္ေရာက္။
သူ အေတာ္ပင္ပန္းတယ္၊ အစာလည္း ေကာင္း
ေကာင္းမစားဘူး။ ဖုန္း ေဆာ့မယ္ TV ၾကည့္
မယ္ဒါပဲ။ အခု home school ျဖစ္သြားေတာ့
သူ႔အတြက္အခ်ိန္ေတြ အမ်ားႀကီးစီစဥ္လို႔ရ
သြားတယ္။

အားကစားလုပ္တယ္၊ ေရကူး စက္ဘီးစီး ေပါ့။
ပန္းခ်ီဆြဲသင္တယ္။ ကြန္ပ်ဴတာ ဆို အေျခခံ
ႏုိင္သြားၿပီ။ အိမ္ထမင္းဟင္း ေကာင္းေကာင္း
စားလာတယ္။ က်ေနာ္လည္းေျပာျပတယ္။
သား မင္းအစားအစာ ဂ်ီးမ်ားလို႔မရဘူး။
ကိုယ္က စက္ဘီးနင္းမယ္ ေနရာအႏွံ႔ခရီး
သြားမယ္ ဆိုရင္ ရွိတာနဲ႔စားႏုိင္ရမယ္
ေနႏုိင္ရမယ္လို႔။

79140132_10215025944073944_957876370996723712_n.jpg


(ဖခင္ မိခင္ တို႔၏ ခံစားခ်က္မ်ား)

ကိုေမာင္စိန္ ဆရာမေခၚန္လြမ္း တို႔ကို
ေက်းဇူးတင္ပါတယ္။ ေမာင္ေဒးဗစ္ စက္ဘီး
နင္းၿပီး ဧရာဝတီကို ေစာင့္ေရွာက္ေနျခင္း ဟာ
သူ႔အတြက္ေကာ သူ႔ရဲ႕သူငယ္ခ်င္းမ်ား
အားလံုးနဲ႔ ျမန္မာျပည္ရွိ ကေလးတိုင္းအတြက္
ျဖစ္ပါေၾကာင္း က်ေနာ္နားလည္ခံယူမိပါတယ္။

Credit : ကိုပီတိ

UNICODE

"ရန်ကုန်-မြစ်ဆုံ စက်ဘီးခရီးမှာ Yangon Green Biker တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ၁၃နှစ်သားလေး ဒေးဗစ်"
ဆရာမခေါ်န်လွမ်း မင်္ဂလာပါဗျာ။
သားတော်မောင် ဒေးဗစ် ရန်ကုန်-မြစ်ဆုံ
စက်ဘီးခရီးမှာ young green biker
တစ်ယောက်အနေနဲ့ပါဝင်ဖြစ်ခဲ့တဲ့အပေါ်
ဘာတွေခံစားရပါသလဲ ?

ကျမ က သားအပေါ်မှာတော့ မစိုးရိမ်ဘူး။
စိုးရိမ်မိတာက စက်ဘီးအဖွဲ့အတွက်ပါ။
သူက အသက်အငယ်ဆုံးလေ ၁၃ နှစ်ပဲရှိ
သေးတာ။ ဒီလောက်ခရီးအဝေးကြီးလည်းသူ
မနင်းဖူးဘူး။ သူ့ကြောင့် တခြားစက်ဘီးအဖွဲ့
တွေခရီးမတွင်မှာဘဲ စိုးရိမ်တာပါ။ ဒါပေမယ့်
တခြားစက်ဘီးအဖွဲ့တွေက ထည့်လိုက်ပါ
ရတယ်ဆိုလို့ထည့်ဖြစ်သွားတယ်။

ရန်ကုန် ကနေ မန္တလေး ခရီးက နေ့ခင်း
မှာနေပူတယ်၊ ခရီးမိုင်လည်းရှည်တယ်။
ငါ့သားနင်းနိုင်ပါ့မလား ပေါ့။ ရင်ထဲမှာ မော
နေတာတော့ဖြစ်တယ်။ ညဘက် သူ့ကို
ဖုန်းဆက်ရင်လည်း သူ့အသံက ပျော့နေသလို
လိုဖြစ်တယ်။ အဲ မန္တလေး ရောက်သွားပြီးတဲ့
နောက် တောင်ပေါ်ခရီးအစ မှာ သူ့အသံပြောင်း
လာတယ်။ သားရေ အဆင်ပြေရဲ့လားလို့
မေးမိရင်တောင် အမေ က သားကိုမယုံဘူး
လားတဲ့။ သူ့ကိုယ်သူ ယုံကြည်မှုရှိလာတဲ့
အသံမျိုးကြားရတယ်။

78538153_10215025944513955_5084093822116298752_n.jpg

ဒေးဗစ် ရဲ့ စက်ဘီးခရီးအတွက် ဆရာမ
တို့ ဘာတွေပြင်ဆင်ပေးရတာရှိလဲ ?

အထွေအထူးမရှိပါဘူး။ စက်ဘီးခရီးနဲ့ပတ်
သက်တဲ့ ပစ္စည်းတွေက သူ့မုန့်ဖိုး နဲ့သူဝယ်
တာ။ ခရီးစဉ်မှာ သယ်သွားမယ့် အဝတ်အစား
အသုံးအဆောင်တွေလည်း သူ့ဘာသာ
ထည့်တာ။ သူ့ရဲ့ စီစဉ် ဆုံးဖြတ်မှု အတိုင်း
ပါပဲ။ ကျမတို့က ဖြစ်သင့်တာလေးပဲ အကြံ
ပြုတာရှိတယ်။ ခရီးမစခင်ရက်တွေမှာ မနက်
တိုင်း သူ့ဘာသာစက်ဘီးနင်းလေ့ကျင့်တယ်။

သူတောင်းဆိုတာက တခုထဲပဲရှိတယ်။
အမေ သားကို မုန့်ဖိုး နည်းနည်းပိုထည့်ပေး
ပါလားတဲ့။ သားက စက်ဘီးနင်းတော့
ဗိုက်ခဏခဏဆာတယ်။ ထမင်းလည်းများများ
စားနေတယ်။ လမ်းမှာ ထမင်းကျွေးပေမယ့်
ဆာရင် ဝယ်စားလို့ရအောင်ပါတဲ့။

သားရဲ့သူငယ်ချင်းတွေက မေးကြတယ်။
ဒေးဗစ် ကျောင်းမတက်ဖူးလား ! ဘယ်သွား
နေလဲ ! တဲ့။ ဒေးဗစ် က home school
(အိမ်တွင်းကျောင်း) ပဲနေဖြစ်တာ တနှစ်နီးပါး
ရှိပြီ။ စာသင်ကျောင်းက စာတွေက သူတကယ်
လေ့လာရင် ၂ နာရီပဲကြာတယ်။ ကျန်တဲ့အချိန်
တွေမှာ သူဝါသနာပါတာ စိတ်ဝင်စားတာတွေ
လေ့လာဖို့အချိန်အများကြီးရသွားတယ်။
ဒီလိုဖြစ်လာတာကလည်းသားရဲ့ ရွေးချယ်
ဆုံးဖြတ်ချက်ပါပဲ။ ကျမတို့က နားလည်ပံ့ပိုး
ပေးယုံပါ။

78394126_10215025945553981_8062429418829643776_o.jpg

ဒေးဗစ်ရဲ့ ဖခင်ကကော ခရီးစဉ်နဲ့ပတ်သက်
လို့ဘာတွေခံစားရသေးလဲ ?
ကိုမောင်စိန် ပြောပါဦး ခင်ဗျ။

အစ ကတော့စိတ်ပူတယ်။ သားက နင်း
နိုင်ပါ့မလားပေါ့။ အခုတော့ အောင်အောင်
မြင်မြင် မြစ်ဆုံ ရောက်သွားတဲ့အတွက်
ဂုဏ်ယူမိပါတယ်။ သားလေး စက်ဘီးခရီးကို
ပါသွားတာ ပညာသင်နေတဲ့ သဘောပါပဲ။
ဘဝ မှာ အတက် အဆင်း အချိုးအကွေ့
ရှိသလို စက်ဘီးခရီးမှာလည်းရှိတယ်။ ဒါတွေ
သူသင်ယူရရှိလိုက်တာပဲ။

79158684_10215025945873989_6402937034423402496_n.jpg

ဒေးဗစ် home school ပြောင်းနေဖြစ်
တဲ့အပေါ်မှာရော ဖခင်တယောက် အနေနဲ့
ဘာတွေသုံးသပ်မိပါသလဲ ?

ပင်မစာသင်ကျောင်း ကနေ တနှစ်လောက်
နားလိုက်တာ သူ့အတွက် သိသာတာတွေ
မြင်ရတယ်။ အရင်က မနက် အစောကြီးထ
ကျောင်းကားစီး ည မိုးချုပ်ခါနီးမှ အိမ်ပြန်ရောက်။
သူ အတော်ပင်ပန်းတယ်၊ အစာလည်း ကောင်း
ကောင်းမစားဘူး။ ဖုန်း ဆော့မယ် TV ကြည့်
မယ်ဒါပဲ။ အခု home school ဖြစ်သွားတော့
သူ့အတွက်အချိန်တွေ အများကြီးစီစဉ်လို့ရ
သွားတယ်။

အားကစားလုပ်တယ်၊ ရေကူး စက်ဘီးစီး ပေါ့။
ပန်းချီဆွဲသင်တယ်။ ကွန်ပျူတာ ဆို အခြေခံ
နိုင်သွားပြီ။ အိမ်ထမင်းဟင်း ကောင်းကောင်း
စားလာတယ်။ ကျနော်လည်းပြောပြတယ်။
သား မင်းအစားအစာ ဂျီးများလို့မရဘူး။
ကိုယ်က စက်ဘီးနင်းမယ် နေရာအနှံ့ခရီး
သွားမယ် ဆိုရင် ရှိတာနဲ့စားနိုင်ရမယ်
နေနိုင်ရမယ်လို့။

79140132_10215025944073944_957876370996723712_n.jpg


(ဖခင် မိခင် တို့၏ ခံစားချက်များ)

ကိုမောင်စိန် ဆရာမခေါ်န်လွမ်း တို့ကို
ကျေးဇူးတင်ပါတယ်။ မောင်ဒေးဗစ် စက်ဘီး
နင်းပြီး ဧရာဝတီကို စောင့်ရှောက်နေခြင်း ဟာ
သူ့အတွက်ကော သူ့ရဲ့သူငယ်ချင်းများ
အားလုံးနဲ့ မြန်မာပြည်ရှိ ကလေးတိုင်းအတွက်
ဖြစ်ပါကြောင်း ကျနော်နားလည်ခံယူမိပါတယ်။

sayar.com.mm

Credit : ကိုပီတိ

"ရန်ကုန်-မြစ်ဆုံ စက်ဘီးခရီးမှာ Yangon Green Biker တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ၁၃နှစ်သားလေး ဒေးဗစ်" ဆရာမခေါ်န်လွမ်း မင်္ဂလာပါဗျာ။ သားတော်မောင် ဒေးဗစ် ရန်ကုန်-မြစ်ဆုံ စက်ဘီးခရီးမှာ young green biker တစ်ယောက်အနေနဲ့ပါဝင်ဖြစ်ခဲ့တဲ့အပေါ် ဘာတွေခံစားရပါသလဲ ?   ကျမ က သားအပေါ်မှာတော့ မစိုးရိမ်ဘူး။ စိုးရိမ်မိတာက စက်ဘီးအဖွဲ့အတွက်ပါ။ သူက အသက်အငယ်ဆုံးလေ ၁၃ နှစ်ပဲရှိ သေးတာ။ ဒီလောက်ခရီးအဝေးကြီးလည်းသူ  မနင်းဖူးဘူး။ သူ့ကြောင့် တခြားစက်ဘီးအဖွဲ့ တွေခရီးမတွင်မှာဘဲ စိုးရိမ်တာပါ။ ဒါပေမယ့်  တခြားစက်ဘီးအဖွဲ့တွေက ထည့်လိုက်ပါ ရတယ်ဆိုလို့ထည့်ဖြစ်သွားတယ်။   ရန်ကုန် ကနေ မန္တလေး ခရီးက နေ့ခင်း မှာနေပူတယ်၊ ခရီးမိုင်လည်းရှည်တယ်။ ငါ့သားနင်းနိုင်ပါ့မလား ပေါ့။ ရင်ထဲမှာ မော နေတာတော့ဖြစ်တယ်။ ညဘက် သူ့ကို ဖုန်းဆက်ရင်လည်း သူ့အသံက ပျော့နေသလို လိုဖြစ်တယ်။ အဲ မန္တလေး ရောက်သွားပြီးတဲ့ နောက် တောင်ပေါ်ခရီးအစ မှာ သူ့အသံပြောင်း လာတယ်။ သားရေ အဆင်ပြေရဲ့လားလို့ မေးမိရင်တောင် အမေ က သားကိုမယုံဘူး လားတဲ့။ သူ့ကိုယ်သူ ယုံကြည်မှုရှိလာတဲ့ အသံမျိုးကြားရတယ်။   ဒေးဗစ် ရဲ့ စက်ဘီးခရီးအတွက် ဆရာမ တို့ ဘာတွေပြင်ဆင်ပေးရတာရှိလဲ ?   အထွေအထူးမရှိပါဘူး။ စက်ဘီးခရီးနဲ့ပတ် သက်တဲ့ ပစ္စည်းတွေက သူ့မုန့်ဖိုး နဲ့သူဝယ် တာ။ ခရီးစဉ်မှာ သယ်သွားမယ့် အဝတ်အစား အသုံးအဆောင်တွေလည်း သူ့ဘာသာ ထည့်တာ။ သူ့ရဲ့ စီစဉ် ဆုံးဖြတ်မှု အတိုင်း ပါပဲ။ ကျမတို့က ဖြစ်သင့်တာလေးပဲ အကြံ ပြုတာရှိတယ်။ ခရီးမစခင်ရက်တွေမှာ မနက် တိုင်း သူ့ဘာသာစက်ဘီးနင်းလေ့ကျင့်တယ်။   သူတောင်းဆိုတာက တခုထဲပဲရှိတယ်။  အမေ သားကို မုန့်ဖိုး နည်းနည်းပိုထည့်ပေး ပါလားတဲ့။ သားက စက်ဘီးနင်းတော့ ဗိုက်ခဏခဏဆာတယ်။ ထမင်းလည်းများများ စားနေတယ်။ လမ်းမှာ ထမင်းကျွေးပေမယ့် ဆာရင် ဝယ်စားလို့ရအောင်ပါတဲ့။   သားရဲ့သူငယ်ချင်းတွေက မေးကြတယ်။ ဒေးဗစ် ကျောင်းမတက်ဖူးလား ! ဘယ်သွား နေလဲ ! တဲ့။ ဒေးဗစ် က home school (အိမ်တွင်းကျောင်း) ပဲနေဖြစ်တာ တနှစ်နီးပါး ရှိပြီ။ စာသင်ကျောင်းက စာတွေက သူတကယ် လေ့လာရင် ၂ နာရီပဲကြာတယ်။ ကျန်တဲ့အချိန် တွေမှာ သူဝါသနာပါတာ စိတ်ဝင်စားတာတွေ လေ့လာဖို့အချိန်အများကြီးရသွားတယ်။ ဒီလိုဖြစ်လာတာကလည်းသားရဲ့ ရွေးချယ် ဆုံးဖြတ်ချက်ပါပဲ။ ကျမတို့က နားလည်ပံ့ပိုး ပေးယုံပါ။   ဒေးဗစ်ရဲ့ ဖခင်ကကော ခရီးစဉ်နဲ့ပတ်သက် လို့ဘာတွေခံစားရသေးလဲ ? ကိုမောင်စိန် ပြောပါဦး ခင်ဗျ။   အစ ကတော့စိတ်ပူတယ်။ သားက နင်း နိုင်ပါ့မလားပေါ့။ အခုတော့ အောင်အောင် မြင်မြင် မြစ်ဆုံ ရောက်သွားတဲ့အတွက် ဂုဏ်ယူမိပါတယ်။ သားလေး စက်ဘီးခရီးကို ပါသွားတာ ပညာသင်နေတဲ့ သဘောပါပဲ။ ဘဝ မှာ အတက် အဆင်း အချိုးအကွေ့ ရှိသလို စက်ဘီးခရီးမှာလည်းရှိတယ်။ ဒါတွေ သူသင်ယူရရှိလိုက်တာပဲ။   ဒေးဗစ် home school ပြောင်းနေဖြစ် တဲ့အပေါ်မှာရော ဖခင်တယောက် အနေနဲ့ ဘာတွေသုံးသပ်မိပါသလဲ ?   ပင်မစာသင်ကျောင်း ကနေ တနှစ်လောက် နားလိုက်တာ သူ့အတွက် သိသာတာတွေ မြင်ရတယ်။ အရင်က မနက် အစောကြီးထ ကျောင်းကားစီး ည မိုးချုပ်ခါနီးမှ အိမ်ပြန်ရောက်။ သူ အတော်ပင်ပန်းတယ်၊ အစာလည်း ကောင်း ကောင်းမစားဘူး။ ဖုန်း ဆော့မယ် TV ကြည့် မယ်ဒါပဲ။ အခု home school ဖြစ်သွားတော့  သူ့အတွက်အချိန်တွေ အများကြီးစီစဉ်လို့ရ သွားတယ်။   အားကစားလုပ်တယ်၊ ရေကူး စက်ဘီးစီး ပေါ့။ ပန်းချီဆွဲသင်တယ်။ ကွန်ပျူတာ ဆို အခြေခံ နိုင်သွားပြီ။ အိမ်ထမင်းဟင်း ကောင်းကောင်း စားလာတယ်။ ကျနော်လည်းပြောပြတယ်။ သား မင်းအစားအစာ ဂျီးများလို့မရဘူး။ ကိုယ်က စက်ဘီးနင်းမယ် နေရာအနှံ့ခရီး သွားမယ် ဆိုရင် ရှိတာနဲ့စားနိုင်ရမယ် နေနိုင်ရမယ်လို့။     (ဖခင် မိခင် တို့၏ ခံစားချက်များ)   ကိုမောင်စိန် ဆရာမခေါ်န်လွမ်း တို့ကို ကျေးဇူးတင်ပါတယ်။ မောင်ဒေးဗစ် စက်ဘီး နင်းပြီး ဧရာဝတီကို စောင့်ရှောက်နေခြင်း ဟာ သူ့အတွက်ကော သူ့ရဲ့သူငယ်ချင်းများ အားလုံးနဲ့ မြန်မာပြည်ရှိ ကလေးတိုင်းအတွက် ဖြစ်ပါကြောင်း ကျနော်နားလည်ခံယူမိပါတယ်။           Credit : ကိုပီတိ

Read times Last modified on Friday, 27 December 2019 15:40
Rate this articles
(0 votes)