×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 24 December 2019

"မႏၲေလးမွာ စီးပြားေရးလုပ္ငန္းရွင္ ျဖစ္ခဲ့ဖူးတဲ့ အေမရိကန္သမၼတႀကီး"

"မႏၲေလးမွာ စီးပြားေရးလုပ္ငန္းရွင္ ျဖစ္ခဲ့ဖူးတဲ့ အေမရိကန္သမၼတႀကီး" google.com

ျမန္မာျပည္တြင္ ထင္ရွားေက်ာ္ၾကားၿပီး အေမရိကန္ျပည္ေထာင္စုတြင္ သမၼတႀကီး ျဖစ္လာသူမွာ အေမရိကန္ျပည္ေထာင္စု၏ (၃၁)ေယာက္ေျမာက္ သမၼတႀကီး Herbert C. Hoover ျဖစ္ပါသည္။


သမၼတႀကီး Herbert C. Hoover အား အိုင္အိုဝါျပည္နယ္၊ ဝတ္စ္ဘရန႔္ခ္်ၿမိဳ႕တြင္ ၁၈၇၄ ခုႏွစ္ ၾသဂုတ္လ ၁၀ ရက္ေန႔က ေမြးဖြားခဲ့သည္။ အစ္ကိုႀကီးတစ္ေယာက္ႏွင့္ ညီမငယ္တစ္ေယာက္ ရွိသည္။ ငယ္စဥ္ကပင္ မိဘမ်ား ကြယ္လြန္သြားေသာေၾကာင့္ ေဆြမ်ိဳးမ်ားႏွင့္ ႀကီးျပင္းခဲ့ရသူ ျဖစ္သည္။

2-35.jpg

 

ဆန္ဖရန္စစၥကို (San Francisco)ၿမိဳ႕ ေတာင္ဘက္မိုင္ ၃၀ ခန႔္အကြာရွိ Standford University စတင္ ဖြင့္လွစ္စဥ္ ပထမဆုံး ေက်ာင္းသားအျဖစ္ တက္ေရာက္ခဲ့သည္။ ဘူမိေဗဒႏွင့္ အင္ဂ်င္နီယာဘာသာရပ္ျဖင့္ ၁၈၉၅ ခုႏွစ္တြင္ ဘြဲ႕ရရွိခဲ့သည္။ သူႏွင့္ Standford University ေက်ာင္းေနဘက္ Lau Hemy ႏွင့္ ၁၈၉၉ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။ ထိုေနာက္ အေမရိကန္ ဘူမိေဗဒအသင္းတြင္ ခဏဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး ဩစေတ်းလ်၊အာရွႏွင့္ ဥေရာပတိုက္မ်ားတြင္ လွည့္လည္ၿပီး မိုင္းတြင္းအင္ဂ်င္နီယာအျဖစ္ အလုပ္လုပ္ကိုင္ခဲ့သည္။ ထိုသို႔ တာဝန္ထမ္းေဆာင္ရင္း တ႐ုတ္ရာဇဝင္တြင္ ေဖာ္ျပထားေသာ ယေန႔ ျမန္မာႏိုင္ငံ နမၼတူၿမိဳ႕အနီးရွိ ေဘာ္တြင္း (ေငြတြင္း) အေၾကာင္းကို သိရွိလာခဲ့သည္ဟု ဆိုပါသည္။
၁၉၀၈ ခုႏွစ္တြင္ အဂၤလိပ္တို႔ အုပ္ခ်ဳပ္ထားေသာ ျမန္မာႏိုင္ငံ ရန္ကုန္မွတစ္ဆင့္ မႏၲေလးသို႔လည္းေကာင္း၊ မႏၲေလးမွ နမၼတူၿမိဳ႕သို႔လည္းေကာင္း ျမင္းမ်ားျဖင့္ သြားေရာက္ခဲ့သည္။ မႏၲေလးတြင္ ႐ုံးဖြင့္ခဲ့သည္။ ေဘာ္တြင္းတြင္ ေရွးယခင္က တ႐ုတ္တို႔ စြန႔္ပစ္ထားခဲ့ေသာ ေဘာ္တြင္းေဟာင္းမ်ားကို ျမင္ေတြ႕ခဲ့ရသည္ ဆိုသည္။

3-35.jpg

 

တ႐ုတ္တို႔သည္ အဆိုပါ ေဘာ္တြင္းမ်ားအား စြန႔္ပစ္သြားရျခင္း အေၾကာင္းမွာ ပန္းေသး တ႐ုတ္တို႔ ဆူပူပုန္ကန္ျခင္း၊ တ႐ုတ္တို႔၏ သတၱဳတူးေဖာ္ေရးႏွင့္ သန႔္စင္မႈနည္းပညာ ခ်ိဳ႕တဲ့ျခင္းတို႔ေၾကာင့္ ျဖစ္သည္။ သို႔ရာတြင္ Standford University ျဖင့္ ေက်ာင္းဆင္းလာေသာ Herbert C. Hoover အတြက္မွာကား စီးပြားျဖစ္ လုပ္ကိုင္ ေဆာင္႐ြက္ရန္အတြက္ အခြင့္ေကာင္း၊ အေျခအေနေကာင္းမ်ားပင္ ျဖစ္သည္။
သူပထမဆုံး ရင္ဆိုင္ရေသာ ျပႆနာမွာ သတၱဳတြင္းေဟာင္းမ်ားထဲတြင္ သားေပါက္ေနေသာ က်ားမိသားစုမ်ားကို ရွင္းလင္းေရး ျဖစ္သည္။ သူသည္ သတၱဳတြင္းေဟာင္း အဦး သစ္ပင္ေပၚတြင္ လင့္စင္ထိုးၿပီး ရက္အနည္းငယ္ၾကာ ေစာင့္ေနခဲ့ရသည္။ တစ္ေန႔ က်ားထြက္လာေသာအခါ ႐ိုင္ဖယ္ေသနတ္ျဖင့္ ပစ္သတ္ခဲ့ၿပီး သတၱဳတြင္းေဟာင္းမ်ားအား ေခတ္မီေစရန္ စနစ္တက် ျပဳျပင္ခဲ့ရာ အရႈံးေပၚေနေသာ လုပ္ငန္းမွသည္ ကမာၻ႔အႀကီးဆုံး ေငြတြင္းႀကီး ျဖစ္လာခဲ့သည္။ Hoover သည္လည္း သန္းႂကြယ္သူေဌး ျဖစ္လာခဲ့သည္။ ျမန္မာျပည္တြင္းသာမက ကမာၻေက်ာ္ၾကားသူတစ္ဦး ျဖစ္လာသည္။ မႏၲေလးတြင္ ေနထိုင္စဥ္ Herbert C. Hoover အား ေဒသေန ျမန္မာမ်ားက “ဦးေက်ာ္ႀကီး” ဟု ေခၚခဲ့သည္ဟု သိရသည္။

 

 

တ႐ုတ္ႏိုင္ငံတြင္ မိုင္းတြင္းအင္ဂ်င္နီယာခ်ဳပ္အျဖစ္ ေရာက္ရွိစဥ္ကလည္း လက္သီးသူပုန္ထမႈႀကီးျဖင့္လည္း ဆုံေတြ႕ရဖူးသည္။ ထိုအေရးအခင္းတြင္ ဒုကၡသည္မ်ားအတြက္ ရိကၡာႏွင့္ေဆးဝါးအသုံးအေဆာင္မ်ားကို သယ္ယူေရးတြင္ပါဝင္ကူညီေပးခဲ့ဖူးသည္။
ထိုသို႔ျဖင့္ ထူးခြၽန္သည့္ အင္ဂ်င္နီယာအျဖစ္သာမက တက္ႂကြေသာ လူသားခ်င္းစာနာေသာ လူမႈဝန္ထမ္းတစ္ဦးအျဖစ္ လူသိမ်ားလာၿပီးေနာက္ အေမရိကန္ကယ္ဆယ္ေရးေကာ္မတီ၏ လန္ဒန္အႀကီးအကဲအျဖစ္ (၁၉၁၄-၁၉၁၅)အတြင္းလည္းေကာင္း၊ ဘယ္လ္ဂ်ီယမ္ရွိ အေမရိကန္ကယ္ဆယ္ေရးေကာ္မရွင္၏ အႀကီးအကဲ (၁၉၁၅-၁၉၁၉)အျဖစ္လည္းေကာင္း၊ အေမရိကန္စားနပ္ရိကၡာအဖြဲ႕အုပ္ခ်ဳပ္ေရးမႉး(၁၉၁၇-၁၉၁၉)အျဖစ္လည္းေကာင္း၊ အေမရိကန္ကယ္ဆယ္ေရးဌာန အုပ္ခ်ဳပ္ေရးမႉး(၁၉၁၈-၁၉၂၃)အျဖစ္လည္းေကာင္း တာဝန္မ်ားေပးအပ္ ျခင္းခံရသည္။

4-32_1.jpg

 

Herbert C. Hoover သည္ ေနရာမ်ိဳးစုံ၊ ဘဝမ်ိဳးစုံ ႀကဳံေတြ႕ခဲ့ရၿပီး Standford University မွ သင္ယူခဲ့ေသာ ပညာ၊ ျမန္မာျပည္တြင္ ရွာေဖြခဲ့ေသာ ဥစၥာႏွင့္ လုပ္ငန္း အသီးသီးမွ ရခဲ့ေသာ အေတြ႕အႀကဳံတို႔ကို အေျခခံၿပီး ႏိုင္ငံေရးနယ္ပယ္ထဲ ေျခစုံပစ္ဝင္ခဲ့ရာ ၁၉၂၉-၁၉၃၃ တြင္ အေမရိကန္ျပည္ေထာင္စု၏ ၃၁ ေယာက္ေျမာက္ သမၼတ ျဖစ္လာခဲ့သည္။
သမၼတႀကီး Hoover အုပ္ခ်ဳပ္စဥ္ အေမရိကန္ျပည္ေထာင္စုသည္ ႀကီးစြာေသာ အခက္အခဲ ႀကဳံခဲ့ရသည္။ ယင္းအခက္အခဲမွ လြန္ေျမာက္ရန္ Hoover သည္ စီမံကိန္းမ်ားစြာ ခ်မွတ္လုပ္ေဆာင္ခဲ့သည္။ ကမာၻ႔အႀကီးဆုံး ေရကာတာႀကီးလည္း ပါဝင္ခဲ့သည္။ အဆိုပါ ေရကာတာႀကီးလည္း ပါဝင္ခဲ့သည္။ အဆိုပါ ေရကာတာႀကီးကို သမၼတႀကီး Hoover အား ဂုဏ္ျပဳေသာအားျဖင့္ Hoover Dam ဟု ယေန႔တိုင္ ေခၚဆိုေနၾကဆဲျဖစ္သည္။

6-26.jpg

 

ေနစၾကာဝဠာထဲရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊား (Asteroid) တစ္ခုကိုလည္း သမၼတႀကီးအား ဂုဏ္ျပဳေသာအားျဖင့္ Hoover အမည္ကို ေပးခဲ့သည္။ သမၼတႀကီး Hoover သည္ စီးပြားေရး အခက္အခဲမွ လြတ္ေျမာက္ေစရန္ႏွင့္ အစားအစာ မျပတ္လပ္ေစရန္ အစားအစာမ်ားကို သိုမွီးထိန္းခ်ဳပ္ ျဖန႔္ခ်ိေပးခဲ့ရသည္။ ေနာင္အခါတြင္ အစားအေသာက္မ်ားအား ထိန္းခ်ဳပ္သိုမွီးသည္ ဟူေသာ စကားကို Hoover လုပ္သည္ဟု ဗန္းစကားအျဖစ္ ေျပာလာၾကသည္။
သမၼတရာထူးမွ ႏုတ္ထြက္သည့္ေနာက္ပိုင္းတြင္လည္း ဟူးဗားအေနျဖင့္ ႏိုင္ငံေရးေလာကတြင္ တက္ႂကြစြာဆက္လက္ လႈပ္ရွားခဲ့သည္။ ၁၉၄၆ခုႏွစ္ သမ္မတထ႐ူးမင္းလက္ထက္တြင္လည္း ဥေရာပစားနပ္ရိကၡာအစီအစဥ္အတြက္ ညႇိႏႈိင္းေရးမႉးအျဖစ္ ေဆာင္႐ြက္ခဲ့သည္။ ထို႔ျပင္ ၁၉၄၇-၁၉၄၉တြင္ တစ္ႀကိမ္၊ ၁၉၅၃-၁၉၅၅ခုႏွစ္တြင္ တစ္ႀကိမ္ Organization of the Executive Branch ေကာ္မရွင္၏ ဥကၠ႒ျဖစ္ခဲ့ေသးသည္။ သမၼတႀကီး Hoover သည္ တကၠသိုလ္ေပါင္းမ်ားစြာမွ ဂုဏ္ထူးေဆာင္ဘြဲ႕ေပါင္း ၇၅ ခုကို ရရွိခဲ့ၿပီး ၁၉၆၄ ခုႏွစ္ ေအာက္တိုဘာလ ၂၀ ရက္ေန႔တြင္ နယူးေယာက္ၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။

 

5-31.jpg

ဦးျမင့္ေဝ (ႀကိဳ႕ပင္ေကာက္)၏ ေဆာင္းပါးကို Ko Kyel Sin (ဗဟုသုတၾကယ္စင္ဂ႐ု)မွ စာ႐ိုက္တင္ပါသည္။

 

Sources/ photo : Thutazone

 

UNICODE

"မန္တလေးမှာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတကြီး"
ဦးမြင့်ဝေ (ကြို့ပင်ကောက်)၏ ဆောင်းပါးကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။
မြန်မာပြည်တွင် ထင်ရှားကျော်ကြားပြီး အမေရိကန်ပြည်ထောင်စုတွင် သမ္မတကြီး ဖြစ်လာသူမှာ အမေရိကန်ပြည်ထောင်စု၏ (၃၁)ယောက်မြောက် သမ္မတကြီး Herbert C. Hoover ဖြစ်ပါသည်။
သမ္မတကြီး Herbert C. Hoover အား အိုင်အိုဝါပြည်နယ်၊ ဝတ်စ်ဘရန့်ခ်ျမြို့တွင် ၁၈၇၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ အစ်ကိုကြီးတစ်ယောက်နှင့် ညီမငယ်တစ်ယောက် ရှိသည်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်သွားသောကြောင့် ဆွေမျိုးများနှင့် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။

2-35.jpg

 

ဆန်ဖရန်စစ္စကို (San Francisco)မြို့ တောင်ဘက်မိုင် ၃၀ ခန့်အကွာရှိ Standford University စတင် ဖွင့်လှစ်စဉ် ပထမဆုံး ကျောင်းသားအဖြစ် တက်ရောက်ခဲ့သည်။ ဘူမိဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်ဖြင့် ၁၈၉၅ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ သူနှင့် Standford University ကျောင်းနေဘက် Lau Hemy နှင့် ၁၈၉၉ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ထိုနောက် အမေရိကန် ဘူမိဗေဒအသင်းတွင် ခဏဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဩစတျေးလျ၊အာရှနှင့် ဥရောပတိုက်များတွင် လှည့်လည်ပြီး မိုင်းတွင်းအင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်ရင်း တရုတ်ရာဇဝင်တွင် ဖော်ပြထားသော ယနေ့ မြန်မာနိုင်ငံ နမ္မတူမြို့အနီးရှိ ဘော်တွင်း (ငွေတွင်း) အကြောင်းကို သိရှိလာခဲ့သည်ဟု ဆိုပါသည်။
၁၉၀၈ ခုနှစ်တွင် အင်္ဂလိပ်တို့ အုပ်ချုပ်ထားသော မြန်မာနိုင်ငံ ရန်ကုန်မှတစ်ဆင့် မန္တလေးသို့လည်းကောင်း၊ မန္တလေးမှ နမ္မတူမြို့သို့လည်းကောင်း မြင်းများဖြင့် သွားရောက်ခဲ့သည်။ မန္တလေးတွင် ရုံးဖွင့်ခဲ့သည်။ ဘော်တွင်းတွင် ရှေးယခင်က တရုတ်တို့ စွန့်ပစ်ထားခဲ့သော ဘော်တွင်းဟောင်းများကို မြင်တွေ့ခဲ့ရသည် ဆိုသည်။

3-35.jpg

 

တရုတ်တို့သည် အဆိုပါ ဘော်တွင်းများအား စွန့်ပစ်သွားရခြင်း အကြောင်းမှာ ပန်းသေး တရုတ်တို့ ဆူပူပုန်ကန်ခြင်း၊ တရုတ်တို့၏ သတ္တုတူးဖော်ရေးနှင့် သန့်စင်မှုနည်းပညာ ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ သို့ရာတွင် Standford University ဖြင့် ကျောင်းဆင်းလာသော Herbert C. Hoover အတွက်မှာကား စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်ရန်အတွက် အခွင့်ကောင်း၊ အခြေအနေကောင်းများပင် ဖြစ်သည်။
သူပထမဆုံး ရင်ဆိုင်ရသော ပြဿနာမှာ သတ္တုတွင်းဟောင်းများထဲတွင် သားပေါက်နေသော ကျားမိသားစုများကို ရှင်းလင်းရေး ဖြစ်သည်။ သူသည် သတ္တုတွင်းဟောင်း အဦး သစ်ပင်ပေါ်တွင် လင့်စင်ထိုးပြီး ရက်အနည်းငယ်ကြာ စောင့်နေခဲ့ရသည်။ တစ်နေ့ ကျားထွက်လာသောအခါ ရိုင်ဖယ်သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး သတ္တုတွင်းဟောင်းများအား ခေတ်မီစေရန် စနစ်တကျ ပြုပြင်ခဲ့ရာ အရှုံးပေါ်နေသော လုပ်ငန်းမှသည် ကမ္ဘာ့အကြီးဆုံး ငွေတွင်းကြီး ဖြစ်လာခဲ့သည်။ Hoover သည်လည်း သန်းကြွယ်သူဌေး ဖြစ်လာခဲ့သည်။ မြန်မာပြည်တွင်းသာမက ကမ္ဘာကျော်ကြားသူတစ်ဦး ဖြစ်လာသည်။ မန္တလေးတွင် နေထိုင်စဉ် Herbert C. Hoover အား ဒေသနေ မြန်မာများက “ဦးကျော်ကြီး” ဟု ခေါ်ခဲ့သည်ဟု သိရသည်။

7-21.jpg

 

တရုတ်နိုင်ငံတွင် မိုင်းတွင်းအင်ဂျင်နီယာချုပ်အဖြစ် ရောက်ရှိစဉ်ကလည်း လက်သီးသူပုန်ထမှုကြီးဖြင့်လည်း ဆုံတွေ့ရဖူးသည်။ ထိုအရေးအခင်းတွင် ဒုက္ခသည်များအတွက် ရိက္ခာနှင့်ဆေးဝါးအသုံးအဆောင်များကို သယ်ယူရေးတွင်ပါဝင်ကူညီပေးခဲ့ဖူးသည်။
ထိုသို့ဖြင့် ထူးချွန်သည့် အင်ဂျင်နီယာအဖြစ်သာမက တက်ကြွသော လူသားချင်းစာနာသော လူမှုဝန်ထမ်းတစ်ဦးအဖြစ် လူသိများလာပြီးနောက် အမေရိကန်ကယ်ဆယ်ရေးကော်မတီ၏ လန်ဒန်အကြီးအကဲအဖြစ် (၁၉၁၄-၁၉၁၅)အတွင်းလည်းကောင်း၊ ဘယ်လ်ဂျီယမ်ရှိ အမေရိကန်ကယ်ဆယ်ရေးကော်မရှင်၏ အကြီးအကဲ (၁၉၁၅-၁၉၁၉)အဖြစ်လည်းကောင်း၊ အမေရိကန်စားနပ်ရိက္ခာအဖွဲ့အုပ်ချုပ်ရေးမှူး(၁၉၁၇-၁၉၁၉)အဖြစ်လည်းကောင်း၊ အမေရိကန်ကယ်ဆယ်ရေးဌာန အုပ်ချုပ်ရေးမှူး(၁၉၁၈-၁၉၂၃)အဖြစ်လည်းကောင်း တာဝန်များပေးအပ် ခြင်းခံရသည်။

4-32_1.jpg

 

Herbert C. Hoover သည် နေရာမျိုးစုံ၊ ဘဝမျိုးစုံ ကြုံတွေ့ခဲ့ရပြီး Standford University မှ သင်ယူခဲ့သော ပညာ၊ မြန်မာပြည်တွင် ရှာဖွေခဲ့သော ဥစ္စာနှင့် လုပ်ငန်း အသီးသီးမှ ရခဲ့သော အတွေ့အကြုံတို့ကို အခြေခံပြီး နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်ခဲ့ရာ ၁၉၂၉-၁၉၃၃ တွင် အမေရိကန်ပြည်ထောင်စု၏ ၃၁ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့သည်။
သမ္မတကြီး Hoover အုပ်ချုပ်စဉ် အမေရိကန်ပြည်ထောင်စုသည် ကြီးစွာသော အခက်အခဲ ကြုံခဲ့ရသည်။ ယင်းအခက်အခဲမှ လွန်မြောက်ရန် Hoover သည် စီမံကိန်းများစွာ ချမှတ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ရေကာတာကြီးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ရေကာတာကြီးကို သမ္မတကြီး Hoover အား ဂုဏ်ပြုသောအားဖြင့် Hoover Dam ဟု ယနေ့တိုင် ခေါ်ဆိုနေကြဆဲဖြစ်သည်။

6-26.jpg

 

နေစကြာဝဠာထဲရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား (Asteroid) တစ်ခုကိုလည်း သမ္မတကြီးအား ဂုဏ်ပြုသောအားဖြင့် Hoover အမည်ကို ပေးခဲ့သည်။ သမ္မတကြီး Hoover သည် စီးပွားရေး အခက်အခဲမှ လွတ်မြောက်စေရန်နှင့် အစားအစာ မပြတ်လပ်စေရန် အစားအစာများကို သိုမှီးထိန်းချုပ် ဖြန့်ချိပေးခဲ့ရသည်။ နောင်အခါတွင် အစားအသောက်များအား ထိန်းချုပ်သိုမှီးသည် ဟူသော စကားကို Hoover လုပ်သည်ဟု ဗန်းစကားအဖြစ် ပြောလာကြသည်။
သမ္မတရာထူးမှ နုတ်ထွက်သည့်နောက်ပိုင်းတွင်လည်း ဟူးဗားအနေဖြင့် နိုင်ငံရေးလောကတွင် တက်ကြွစွာဆက်လက် လှုပ်ရှားခဲ့သည်။ ၁၉၄၆ခုနှစ် သမ်မတထရူးမင်းလက်ထက်တွင်လည်း ဥရောပစားနပ်ရိက္ခာအစီအစဉ်အတွက် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၄၇-၁၉၄၉တွင် တစ်ကြိမ်၊ ၁၉၅၃-၁၉၅၅ခုနှစ်တွင် တစ်ကြိမ် Organization of the Executive Branch ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်ခဲ့သေးသည်။ သမ္မတကြီး Hoover သည် တက္ကသိုလ်ပေါင်းများစွာမှ ဂုဏ်ထူးဆောင်ဘွဲ့ပေါင်း ၇၅ ခုကို ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။

5-31.jpg

 

ဦးမြင့်ဝေ (ကြို့ပင်ကောက်)၏ ဆောင်းပါးကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

 

Sources/ photo : Thutazone

Read times
Rate this articles
(0 votes)