×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 16 January 2020

"စမတ္က်က်နဲ႔ အလုပ္တြင္ေစမယ့္နည္းလမ္း ၇ သြယ္"

"စမတ္က်က်နဲ႔ အလုပ္တြင္ေစမယ့္နည္းလမ္း ၇ သြယ္" freepick

လူအမ်ားစုေျပာၾကတာက အလုပ္အလြန္အမင္းႀကိဳးစား႐ုံနဲ႔ အားလုံးအဆင္ေျပၿပီဆိုတာပါပဲ။ ဒီစကားမ်ိဳး သင့္ကိုလာေျပာရင္ အလုံးစုံေတာ့အမွန္ႏိုင္ဘူးဆိုတာ သိထားသင့္ပါတယ္။

တခ်ိဳ႕လူေတြက အလုပ္ကိုက်ားကုတ္က်ားခဲႀကိဳးစား႐ုံနဲ႔ အရာရာၿပီးေျမာက္ေအာင္ျမင္ႏိုင္တယ္၊ ထင္ၾကတယ္။ စီးပြားေရးေအာင္ျမင္မယ္၊ ရာထူးတိုးမယ္၊ စြမ္းေဆာင္ရည္ေတြ ျမင့္လာမယ္စသျဖင့္ေပါ့။

အလုပ္ကို အင္တိုက္အားတိုက္ဖိလုပ္ေန႐ုံနဲ႔တင္ မလုံေလာက္ပါဘူး။ သက္ေသျပရမယ္ဆိုရင္ သင္ဘယ္ေလာက္ပဲႀကိဳးႀကိဳးစားစားနဲ႔ အပင္ပန္းခံႏိုင္ပါေစ၊ ကားဘီးကိုပါးစပ္နဲ႔ေလမႈတ္သြင္းဖို႔ေတာ့ အဆင္မေျပႏိုင္ပါဘူး။ ျမက္ခင္းျပင္က ျမက္ပင္ရွည္ေတြကို အိမ္သုံးကတ္ေၾကးေလးနဲ႔ မနားမေနလိုက္ညႇပ္ေနမယ္ဆိုလည္း ထိုနည္းတူပါပဲ။ ဒီအရာေတြကို သင့္ေတာ္တဲ့ပစၥည္း၊ အားထုတ္မႈ၊ လုပ္ေဆာင္မႈေတြနဲ႔သာ လုပ္ေဆာင္သင့္ပါတယ္။ ဆိုလိုတာက လုပ္ရမယ့္အလုပ္ၿပီးေျမာက္ဖို႔ ပ်ာယာခတ္ၿပီး တအားအပင္ပန္းခံေနဖို႔မလိုဘဲ အလုပ္တြင္ေအာင္လုပ္ရမွာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ သင့္တစ္ေန႔တာလုပ္ငန္းခြင္မွာ အဆင္ေျပေခ်ာေမြ႕ၿပီး အက်ိဳးရွိစြာအလုပ္တြင္ေစဖို႔ နည္းလမ္းေကာင္း ခုနစ္ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

 

၁။ လမ္းထြက္ေလ်ာက္ပါ

စိတ္ရႈပ္ေထြးစရာအလုပ္ခြင္ကို ေခတၱထားခဲ့ၿပီး စိတ္ေျပလက္ေပ်ာက္လမ္းေလ်ာက္ထြက္လိုက္တာဟာ အလုပ္ကိုေလးစားမႈမရွိဘူးလို႔ ထင္ရေကာင္းထင္ရတတ္ပါတယ္။ ဒါေပမဲ့ ဒီလိုခဏတာအနားယူမႈက သင့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္ကို အမ်ားႀကီးအက်ိဳးျပဳပါတယ္။ ခ်က္ခ်င္းဆိုသလို စိတ္ဖိစီးမႈေတြေလ်ာ့က်ေစႏိုင္သလို ဦးေႏွာက္ကိုလည္း အနားေပးၿပီးသားျဖစ္ပါတယ္။ ေျဖရွင္းဖို႔ ခက္ခဲတဲ့ျပႆနာတစ္ခုကို ကိုင္တြယ္ေနရတဲ့အခါ သိစိတ္ကအနားယူဖို႔ ႀကိဳးစားေနေပမယ့္ မသိစိတ္မွာေတာ့ ျပႆနာကိုေျဖရွင္းဖို႔ဆက္ၿပီးစဥ္းစားေနတတ္ပါတယ္။ ဒါေၾကာင့္လည္း တစ္ခါတေလမွာျပႆနာကို ေမ့ထားေပမဲ့ အံ့ၾသစရာေကာင္းေအာင္ အလိုလိုအေျဖ ေပၚလာတတ္တာျဖစ္ပါတယ္။ ဒီနည္းလမ္းကိုသုံးၿပီး ၾကည္လင္႐ႊင္ပ်တဲ့စိတ္နဲ႔ အလုပ္ခြင္ျပန္ဝင္မယ္ဆိုရင္ အလုပ္ကိုပိုၿပီး စိတ္ႏွစ္လုပ္ေဆာင္ႏိုင္ၿပီး အလုပ္တြင္ေစမွာပါ။

 

 

၂။ အေႏွာင့္အယွက္ေတြကို သတိျပဳၿပီးရွင္းလင္းဖယ္ရွားပါ

အေႏွာင့္အယွက္ဆိုတာ သိသာထင္ရွားပါတယ္။ ဒါေပမဲ့ သင္ကိုယ္တိုင္သတိမထားမိတဲ့ အေႏွာင့္အယွက္ကေတာ့ အႏၲရာယ္အမ်ားဆုံးပဲျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ကြန္ပ်ဴတာမွာ အသစ္ဆြဲထားတဲ့ ေဈးကြက္အစီအစဥ္တစ္ခုနဲ႔ အလုပ္လုပ္ေနရင္း ေဈးကြက္သုေတသနလုပ္ဖို႔ စာမ်က္ႏွာေတြ ထပ္ဖြင့္ထားရတယ္။ ဒီလိုအလုပ္မ်ားၿပီး ကြန္ပ်ဴတာမွာဖြင့္ထားတဲ့စာမ်က္ႏွာေတြမ်ား ေနတာေတာင္ Facebook ပါဖြင့္ထားမိမယ္။ သင့္သူငယ္ခ်င္းေတြ Facebook မွာ သင္နဲ႔တြဲတင္ထားတာေတြကျဖစ္ေစ၊ Facebook မွာ သင္တင္ထားတာေတြကျဖစ္ေစ သတိေပးခ်က္ (Noti) ေတြလာမယ္။ ဒီ Notiေတြကိုလည္း စကၠန႔္ ၂၀ ေလာက္ၾကည့္မိတယ္။ ၾကာခ်ိန္ စကၠန႔္ ၂၀ ေလာက္ဆိုတာမေျပာပေလာက္ေပမဲ့ အလုပ္အေပၚအာ႐ုံစိုက္မႈနဲ႔ အလုပ္အေၾကာင္းေတြးထားတဲ့အေတြးေတြကို ျပန္ဆက္ဖို႔ရာမွာ ေႏွာင့္ေႏွးေစပါတယ္။ ဒီအေႏွာင့္အယွက္က ခဏတာပဲျဖစ္ႏိုင္သလို ၾကာရွည္လည္းျဖစ္ႏိုင္ပါတယ္။ အခ်ိန္မ်ားစြာထိကို ေႏွာင့္ယွက္လာၿပီဆိုရင္ေတာ့ သင့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္က်ဆင္းလာ ေစႏိုင္ပါတယ္။

 

 

၃။ အေသးအဖြဲကိစၥေတြကို လ်စ္လ်ဴရႈပါ

အေသးအဖြဲကိစၥေလးေတြကို ဦးစားေပးေနမယ္ဆိုရင္ လုပ္ေဆာင္ရန္ဆိုတဲ့စာရင္း တိုးလာတာပဲ အဖတ္တင္သလို အေရးႀကီးတဲ့လုပ္ငန္းတာဝန္ေတြကိုလည္း အဟန႔္အတားျဖစ္ေစပါတယ္။ ဥပမာ- သင္ကအလုပ္တာဝန္ႀကီးႀကီးမားမားယူထားၿပီး လုပ္ေနရတယ္။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ကုမၸဏီရဲ႕ Website မွာ တစ္စုံတစ္ခုျပင္သင့္တယ္ဆိုတာမ်ိဳး ေမးလ္ပို႔လာမယ္။ အဲဒါကိုလုပ္ဖို႔ အခ်ိန္အမ်ားႀကီးမကုန္ေပမဲ့ သင့္ရဲ႕အလုပ္မွာအေႏွာင့္အယွက္ျဖစ္ႏိုင္သလို အဲဒါကို လုပ္လို႔မၿပီးမခ်င္းလည္း သင့္ကိုစိတ္ဖိစီးေစပါတယ္။ ဒီလိုအေသးအဖြဲကိစၥေလးေတြေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္ခ်င္ရင္ အေရးမႀကီးတာေတြကို လ်စ္လ်ဴရႈထားရပါမယ္။ ျဖစ္ႏိုင္ရင္ အင္တာနက္လိုင္းပိတ္ၿပီး အလုပ္လုပ္ပါ။ အေရးတႀကီးလုပ္စရာ မလိုေသးတဲ့အရာေတြကို လုပ္ေဆာင္ရန္စာရင္းထဲမွာ ခ်မေရးထားမိေစဖို႔လိုပါတယ္။ (အေရးႀကီးကိစၥေတြကိုေတာ့ အထက္ပါနည္းအတိုင္းမလုပ္မိဖို႔ သတိထားသင့္ပါတယ္)။

 

 

၄။ အေလ့အထေကာင္းေမြးျမဴပါ

အက်င့္၊ အေလ့အထဆိုတာ တျဖည္းျဖည္းျဖစ္ေပၚလာတတ္ပါတယ္။ အေလ့အထျဖစ္လာၿပီဆိုရင္ လုပ္မယ္ဆိုၿပီး ေတြးေနစရာမလိုဘဲ အလိုလိုလုပ္မိတတ္ပါတယ္။ ဥပမာေျပာရရင္ အလုပ္တစ္ခုကို ေန႔စဥ္လုပ္ရမယ့္ တာဝန္ရွိတယ္ဆိုရင္ အဲဒီအလုပ္ကို သင့္မသိစိတ္ထဲအထိ စြဲထင္ေနေအာင္လုပ္ရပါမယ္။ အေလ့အထတစ္ခုျဖစ္လာဖို႔ အစပိုင္းမွာခက္ခဲတတ္ပါတယ္။ နည္းလမ္းေကာင္းတစ္ခုကေတာ့ အေလ့အထတစ္ခုအသားက်တဲ့အခ်ိန္အထိ သင့္ကိုယ္သင္ မပ်က္မကြက္ တြန္းအားေပးဖို႔ပဲျဖစ္ပါတယ္။ (တခ်ိဳ႕လူေတြ ေျပာၾကတာက အေလ့အထတစ္ခု အသားက်ေအာင္ မိမိကိုယ္မိမိတြန္းအားေပးဖို႔ ရက္ ၃၀ ပဲလိုပါတယ္တဲ့)။

 

 

၅။ အခန္းက႑ခြဲၿပီးလုပ္ေဆာင္ပါ

အလုပ္တစ္ခုလုံးၿပီးေျမာက္ဖို႔ တစ္ထိုင္တည္းမနားမေန လုပ္တာထက္အပိုင္းခြဲၿပီး တစ္ဆင့္ခ်င္းစီ အခ်ိန္သတ္မွတ္လုပ္ေဆာင္သင့္ပါတယ္။ အလုပ္တစ္ခုလုံး၊ ဒါမွမဟုတ္ ရႈပ္ေထြးတဲ့အလုပ္တာဝန္ေတြၿပီးေျမာက္ဖို႔ သင့္ကိုယ္သင္ တြန္းအားေပးလုပ္ေဆာင္ေစတာက စိတ္ဖိစီးမႈမ်ားေစသလို အလုပ္ၿပီးေျမာက္မႈမွာလည္း ေႏွာင့္ေႏွးေစပါတယ္။ အဲဒီနည္းလမ္းအစား အလုပ္တစ္ခုလုံးရဲ႕ အပိုင္းက႑တစ္ခုခ်င္းစီခြဲၿပီး စိတ္လက္တက္ႂကြစြာ၊ စိုးရိမ္ပူပန္မႈေလ်ာ့နည္းစြာ လုပ္ေဆာင္သင့္ပါတယ္။ ဒီနည္းလမ္းက သင့္စြမ္းေဆာင္ရည္ကို အေကာင္းဆုံးပုံေဖာ္ၿပီး အလုပ္ၿပီးေျမာက္ေစမွာပဲျဖစ္ပါတယ္။

 

 

၆။ တြဲဖက္လုပ္ေဆာင္ပါ

သင္ဘယ္ေလာက္ပဲ အလုပ္ရႈပ္ေနပါေစ၊ သင့္တစ္ေန႔တာမွာ အက်ိဳးမျဖစ္ထြန္းလိုက္တဲ့အခ်ိန္ခဏမ်ားစြာ ရွိေနတတ္ပါတယ္။ ဒီလိုအပ္ခ်က္ေတြက သင့္မွာတြဲဖက္လုပ္ေဆာင္တတ္တဲ့အက်င့္လိုေနၿပီဆိုတာ ျပသေနပါတယ္။ အဲဒီအခ်ိန္ေလးေတြကို အက်ိဳးရွိတဲ့လုပ္ေဆာင္မႈေတြနဲ႔ ျဖည့္ဖို႔ႀကိဳးစားၾကည့္ပါ။ ထမင္းစားနားခ်ိန္မွာ အီးေမးလ္စစ္တာမ်ိဳး၊ အြန္လိုင္းကေန ပို႔ခ်မႈဗီဒီယိုၾကည့္ ၿပီး သင္ယူတာမ်ိဳးလုပ္ေဆာင္ၾကည့္ပါ။ အလုပ္သြားရင္း သင္ၾကားမႈအသံဖိုင္နားေထာင္တာမ်ိဳးလည္း လုပ္လို႔ရပါတယ္။ အလုပ္အားခ်ိန္မွာ TED Talk လို အစီအစဥ္မ်ိဳးၾကည့္ၿပီး အတုယူလုပ္ေဆာင္တာမ်ိဳးလည္း လုပ္သင့္ပါတယ္။ ဒီလိုအခ်ိန္ေလးေတြမွာ သင္ယူႏိုင္စြမ္း၊ လုပ္ေဆာင္ႏိုင္စြမ္းေကာင္းလာတာနဲ႔အမ် အလုပ္ၿပီးေျမာက္မႈစြမ္းရည္လည္း ျမင့္မားလာမွာျဖစ္ပါတယ္။

 

 

၇။ အားသာခ်က္၊ အားနည္းခ်က္ေတြကို ထိန္းညႇိလုပ္ေဆာင္ပါ

သင့္အေၾကာင္းကို သင္ကိုယ္တိုင္က အျခားသူေတြထက္ ပိုသိပါတယ္။ သင့္မွာေမြးရာပါအားသာခ်က္၊ အားနည္းခ်က္ေတြရွိပါတယ္။ အဲဒါေတြက သင့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္မွာ အက်ိဳးသက္ေရာက္ေစပါတယ္။ ဒီေတာ့ သင့္ဘဝအတြက္ အက်ိဳးရွိေစတဲ့အခ်က္ေတြကိုေသ ခ်ာစိစစ္ၿပီး သင့္မွာဆက္လက္ရွိေနေစဖို႔ လုပ္ေဆာင္ရမွာျဖစ္သလို သင့္အတြက္ အက်ိဳးယုတ္ေစမယ့္ အခ်က္ေတြကို ခ်န္ထားခဲ့ေစႏိုင္ဖို႔ ႀကိဳးစားလုပ္ေဆာင္သင့္ပါတယ္။ သင္တစ္ဦးတည္း လုပ္တာထက္ တျခားလုပ္ေဖာ္ကိုင္ဖက္ေတြဆီက သင့္ရဲ႕အားနည္းတဲ့ လုပ္ေဆာင္ခ်က္ေတြ၊ ကြၽမ္းက်င္မႈေတြနဲ႔ပတ္သက္ၿပီး ျပင္ဆင္တဲ့ေနရာမွာ အကူအညီယူသင့္ပါတယ္။ ၿပီးေတာ့ အခ်ိန္အမ်ားစုကို သင္လုပ္ႏိုင္သမ် အေကာင္းဆုံးလုပ္ၿပီး ျဖတ္သန္းသင့္ပါတယ္။

 


Credit : CEO Myanmar

 

Unicode Version 

စမတ်ကျကျနဲ့ အလုပ်တွင်စေမယ့်နည်းလမ်း ၇ သွယ်

လူအများစုပြောကြတာက အလုပ်အလွန်အမင်းကြိုးစားရုံနဲ့ အားလုံးအဆင်ပြေပြီဆိုတာပါပဲ။ ဒီစကားမျိုး သင့်ကိုလာပြောရင် အလုံးစုံတော့အမှန်နိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ တချို့လူတွေက အလုပ်ကိုကျားကုတ်ကျားခဲကြိုးစားရုံနဲ့ အရာရာပြီးမြောက်အောင်မြင်နိုင်တယ်၊ ထင်ကြတယ်။ စီးပွားရေးအောင်မြင်မယ်၊ ရာထူးတိုးမယ်၊ စွမ်းဆောင်ရည်တွေ မြင့်လာမယ်စသဖြင့်ပေါ့။

အလုပ်ကို အင်တိုက်အားတိုက်ဖိလုပ်နေရုံနဲ့တင် မလုံလောက်ပါဘူး။ သက်သေပြရမယ်ဆိုရင် သင်ဘယ်လောက်ပဲကြိုးကြိုးစားစားနဲ့ အပင်ပန်းခံနိုင်ပါစေ၊ ကားဘီးကိုပါးစပ်နဲ့လေမှုတ်သွင်းဖို့တော့ အဆင်မပြေနိုင်ပါဘူး။ မြက်ခင်းပြင်က မြက်ပင်ရှည်တွေကို အိမ်သုံးကတ်ကြေးလေးနဲ့ မနားမနေလိုက်ညှပ်နေမယ်ဆိုလည်း ထိုနည်းတူပါပဲ။ ဒီအရာတွေကို သင့်တော်တဲ့ပစ္စည်း၊ အားထုတ်မှု၊ လုပ်ဆောင်မှုတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။ ဆိုလိုတာက လုပ်ရမယ့်အလုပ်ပြီးမြောက်ဖို့ ပျာယာခတ်ပြီး တအားအပင်ပန်းခံနေဖို့မလိုဘဲ အလုပ်တွင်အောင်လုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင့်တစ်နေ့တာလုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့ပြီး အကျိုးရှိစွာအလုပ်တွင်စေဖို့ နည်းလမ်းကောင်း ခုနစ်ချက်ကို ဖော်ပြလိုက်ပါတယ်။

 

၁။ လမ်းထွက်လျောက်ပါ

စိတ်ရှုပ်ထွေးစရာအလုပ်ခွင်ကို ခေတ္တထားခဲ့ပြီး စိတ်ပြေလက်ပျောက်လမ်းလျောက်ထွက်လိုက်တာဟာ အလုပ်ကိုလေးစားမှုမရှိဘူးလို့ ထင်ရကောင်းထင်ရတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုခဏတာအနားယူမှုက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို အများကြီးအကျိုးပြုပါတယ်။ ချက်ချင်းဆိုသလို စိတ်ဖိစီးမှုတွေလျော့ကျစေနိုင်သလို ဦးနှောက်ကိုလည်း အနားပေးပြီးသားဖြစ်ပါတယ်။ ဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာတစ်ခုကို ကိုင်တွယ်နေရတဲ့အခါ သိစိတ်ကအနားယူဖို့ ကြိုးစားနေပေမယ့် မသိစိတ်မှာတော့ ပြဿနာကိုဖြေရှင်းဖို့ဆက်ပြီးစဉ်းစားနေတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေမှာပြဿနာကို မေ့ထားပေမဲ့ အံ့သြစရာကောင်းအောင် အလိုလိုအဖြေ ပေါ်လာတတ်တာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုသုံးပြီး ကြည်လင်ရွှင်ပျတဲ့စိတ်နဲ့ အလုပ်ခွင်ပြန်ဝင်မယ်ဆိုရင် အလုပ်ကိုပိုပြီး စိတ်နှစ်လုပ်ဆောင်နိုင်ပြီး အလုပ်တွင်စေမှာပါ။

 

 

၂။ အနှောင့်အယှက်တွေကို သတိပြုပြီးရှင်းလင်းဖယ်ရှားပါ

အနှောင့်အယှက်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်သတိမထားမိတဲ့ အနှောင့်အယှက်ကတော့ အန္တရာယ်အများဆုံးပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကွန်ပျူတာမှာ အသစ်ဆွဲထားတဲ့ ဈေးကွက်အစီအစဉ်တစ်ခုနဲ့ အလုပ်လုပ်နေရင်း ဈေးကွက်သုတေသနလုပ်ဖို့ စာမျက်နှာတွေ ထပ်ဖွင့်ထားရတယ်။ ဒီလိုအလုပ်များပြီး ကွန်ပျူတာမှာဖွင့်ထားတဲ့စာမျက်နှာတွေများ နေတာတောင် Facebook ပါဖွင့်ထားမိမယ်။ သင့်သူငယ်ချင်းတွေ Facebook မှာ သင်နဲ့တွဲတင်ထားတာတွေကဖြစ်စေ၊ Facebook မှာ သင်တင်ထားတာတွေကဖြစ်စေ သတိပေးချက် (Noti) တွေလာမယ်။ ဒီ Notiတွေကိုလည်း စက္ကန့် ၂၀ လောက်ကြည့်မိတယ်။ ကြာချိန် စက္ကန့် ၂၀ လောက်ဆိုတာမပြောပလောက်ပေမဲ့ အလုပ်အပေါ်အာရုံစိုက်မှုနဲ့ အလုပ်အကြောင်းတွေးထားတဲ့အတွေးတွေကို ပြန်ဆက်ဖို့ရာမှာ နှောင့်နှေးစေပါတယ်။ ဒီအနှောင့်အယှက်က ခဏတာပဲဖြစ်နိုင်သလို ကြာရှည်လည်းဖြစ်နိုင်ပါတယ်။ အချိန်များစွာထိကို နှောင့်ယှက်လာပြီဆိုရင်တော့ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းလာ စေနိုင်ပါတယ်။

 

 

၃။ အသေးအဖွဲကိစ္စတွေကို လျစ်လျူရှုပါ

အသေးအဖွဲကိစ္စလေးတွေကို ဦးစားပေးနေမယ်ဆိုရင် လုပ်ဆောင်ရန်ဆိုတဲ့စာရင်း တိုးလာတာပဲ အဖတ်တင်သလို အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ- သင်ကအလုပ်တာဝန်ကြီးကြီးမားမားယူထားပြီး လုပ်နေရတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကုမ္ပဏီရဲ့ Website မှာ တစ်စုံတစ်ခုပြင်သင့်တယ်ဆိုတာမျိုး မေးလ်ပို့လာမယ်။ အဲဒါကိုလုပ်ဖို့ အချိန်အများကြီးမကုန်ပေမဲ့ သင့်ရဲ့အလုပ်မှာအနှောင့်အယှက်ဖြစ်နိုင်သလို အဲဒါကို လုပ်လို့မပြီးမချင်းလည်း သင့်ကိုစိတ်ဖိစီးစေပါတယ်။ ဒီလိုအသေးအဖွဲကိစ္စလေးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချင်ရင် အရေးမကြီးတာတွေကို လျစ်လျူရှုထားရပါမယ်။ ဖြစ်နိုင်ရင် အင်တာနက်လိုင်းပိတ်ပြီး အလုပ်လုပ်ပါ။ အရေးတကြီးလုပ်စရာ မလိုသေးတဲ့အရာတွေကို လုပ်ဆောင်ရန်စာရင်းထဲမှာ ချမရေးထားမိစေဖို့လိုပါတယ်။ (အရေးကြီးကိစ္စတွေကိုတော့ အထက်ပါနည်းအတိုင်းမလုပ်မိဖို့ သတိထားသင့်ပါတယ်)။

 

 

၄။ အလေ့အထကောင်းမွေးမြူပါ

အကျင့်၊ အလေ့အထဆိုတာ တဖြည်းဖြည်းဖြစ်ပေါ်လာတတ်ပါတယ်။ အလေ့အထဖြစ်လာပြီဆိုရင် လုပ်မယ်ဆိုပြီး တွေးနေစရာမလိုဘဲ အလိုလိုလုပ်မိတတ်ပါတယ်။ ဥပမာပြောရရင် အလုပ်တစ်ခုကို နေ့စဉ်လုပ်ရမယ့် တာဝန်ရှိတယ်ဆိုရင် အဲဒီအလုပ်ကို သင့်မသိစိတ်ထဲအထိ စွဲထင်နေအောင်လုပ်ရပါမယ်။ အလေ့အထတစ်ခုဖြစ်လာဖို့ အစပိုင်းမှာခက်ခဲတတ်ပါတယ်။ နည်းလမ်းကောင်းတစ်ခုကတော့ အလေ့အထတစ်ခုအသားကျတဲ့အချိန်အထိ သင့်ကိုယ်သင် မပျက်မကွက် တွန်းအားပေးဖို့ပဲဖြစ်ပါတယ်။ (တချို့လူတွေ ပြောကြတာက အလေ့အထတစ်ခု အသားကျအောင် မိမိကိုယ်မိမိတွန်းအားပေးဖို့ ရက် ၃၀ ပဲလိုပါတယ်တဲ့)။

 

 

၅။ အခန်းကဏ္ဍခွဲပြီးလုပ်ဆောင်ပါ

အလုပ်တစ်ခုလုံးပြီးမြောက်ဖို့ တစ်ထိုင်တည်းမနားမနေ လုပ်တာထက်အပိုင်းခွဲပြီး တစ်ဆင့်ချင်းစီ အချိန်သတ်မှတ်လုပ်ဆောင်သင့်ပါတယ်။ အလုပ်တစ်ခုလုံး၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့အလုပ်တာဝန်တွေပြီးမြောက်ဖို့ သင့်ကိုယ်သင် တွန်းအားပေးလုပ်ဆောင်စေတာက စိတ်ဖိစီးမှုများစေသလို အလုပ်ပြီးမြောက်မှုမှာလည်း နှောင့်နှေးစေပါတယ်။ အဲဒီနည်းလမ်းအစား အလုပ်တစ်ခုလုံးရဲ့ အပိုင်းကဏ္ဍတစ်ခုချင်းစီခွဲပြီး စိတ်လက်တက်ကြွစွာ၊ စိုးရိမ်ပူပန်မှုလျော့နည်းစွာ လုပ်ဆောင်သင့်ပါတယ်။ ဒီနည်းလမ်းက သင့်စွမ်းဆောင်ရည်ကို အကောင်းဆုံးပုံဖော်ပြီး အလုပ်ပြီးမြောက်စေမှာပဲဖြစ်ပါတယ်။

 

 

၆။ တွဲဖက်လုပ်ဆောင်ပါ

သင်ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ သင့်တစ်နေ့တာမှာ အကျိုးမဖြစ်ထွန်းလိုက်တဲ့အချိန်ခဏများစွာ ရှိနေတတ်ပါတယ်။ ဒီလိုအပ်ချက်တွေက သင့်မှာတွဲဖက်လုပ်ဆောင်တတ်တဲ့အကျင့်လိုနေပြီဆိုတာ ပြသနေပါတယ်။ အဲဒီအချိန်လေးတွေကို အကျိုးရှိတဲ့လုပ်ဆောင်မှုတွေနဲ့ ဖြည့်ဖို့ကြိုးစားကြည့်ပါ။ ထမင်းစားနားချိန်မှာ အီးမေးလ်စစ်တာမျိုး၊ အွန်လိုင်းကနေ ပို့ချမှုဗီဒီယိုကြည့် ပြီး သင်ယူတာမျိုးလုပ်ဆောင်ကြည့်ပါ။ အလုပ်သွားရင်း သင်ကြားမှုအသံဖိုင်နားထောင်တာမျိုးလည်း လုပ်လို့ရပါတယ်။ အလုပ်အားချိန်မှာ TED Talk လို အစီအစဉ်မျိုးကြည့်ပြီး အတုယူလုပ်ဆောင်တာမျိုးလည်း လုပ်သင့်ပါတယ်။ ဒီလိုအချိန်လေးတွေမှာ သင်ယူနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းကောင်းလာတာနဲ့အမျ အလုပ်ပြီးမြောက်မှုစွမ်းရည်လည်း မြင့်မားလာမှာဖြစ်ပါတယ်။

 

 

၇။ အားသာချက်၊ အားနည်းချက်တွေကို ထိန်းညှိလုပ်ဆောင်ပါ

သင့်အကြောင်းကို သင်ကိုယ်တိုင်က အခြားသူတွေထက် ပိုသိပါတယ်။ သင့်မှာမွေးရာပါအားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ အဲဒါတွေက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်မှာ အကျိုးသက်ရောက်စေပါတယ်။ ဒီတော့ သင့်ဘဝအတွက် အကျိုးရှိစေတဲ့အချက်တွေကိုသေ ချာစိစစ်ပြီး သင့်မှာဆက်လက်ရှိနေစေဖို့ လုပ်ဆောင်ရမှာဖြစ်သလို သင့်အတွက် အကျိုးယုတ်စေမယ့် အချက်တွေကို ချန်ထားခဲ့စေနိုင်ဖို့ ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ သင်တစ်ဦးတည်း လုပ်တာထက် တခြားလုပ်ဖော်ကိုင်ဖက်တွေဆီက သင့်ရဲ့အားနည်းတဲ့ လုပ်ဆောင်ချက်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့နေရာမှာ အကူအညီယူသင့်ပါတယ်။ ပြီးတော့ အချိန်အများစုကို သင်လုပ်နိုင်သမျ အကောင်းဆုံးလုပ်ပြီး ဖြတ်သန်းသင့်ပါတယ်။

 

 

Credit : CEO Myanmar

 

Read times
Rate this articles
(0 votes)