×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 20 February 2020

"ရုပ္ရွင္ေတြ ကေန တစ္ဆင့္ အဂၤလိပ္စာ ေလ့လာမယ္ဆိုရင္ ၾကည့္သင့္တဲ့ ရုပ္ရွင္ကား (၆) ကား"

"ရုပ္ရွင္ေတြ ကေန တစ္ဆင့္ အဂၤလိပ္စာ ေလ့လာမယ္ဆိုရင္ ၾကည့္သင့္တဲ့ ရုပ္ရွင္ကား (၆) ကား" google

အဂၤလိပ္စာ ေလ့လာတဲ့ အခါ စာအုပ္ေတြ၊ သီအိုရီေတြကေနေလ့လာၾကတာမ်ားပါတယ္။ ဒါေပမဲ့ ၾကာလာတဲ့ အခါ ဒီစာအုပ္ေတြ ကေနေလ့လာ ရတာ ဟာ ျငီးေငြ႕ျပီး ပ်င္းစရာေကာင္း တယ္ဆိုတာ အားလံုးပဲ လက္ခံ ၾကမယ္လို႔ ထင္ပါတယ္။

ဒါေၾကာင့္ ရုပ္ရွင္ေတြ ကေန အဂၤလိပ္စာေလ့လာ ၾကည့္ပါ။ ဒါဆိုရင္ ပ်င္းစရာေကာင္း မေနပဲ စိတ္အပန္းလဲ ေျပေစပါတယ္။ ရုပ္ရွင္ေတြ ထဲ က ဇာတ္ေကာင္ေတြေျပာတဲ့ စကာလံုးေတြ ေနတစ္ဆင့္ ေလ့လာျခင္းဟာ လည္း ေန႕စဥ္သံုး အဂၤလိပ္စာ အတြက္ တိုးတက္ေစရံု သာမက Listeningစြမ္းရည္ အတြက္ လည္း အေထာက္အကူျဖစ္ေစပါတယ္။ ရုပ္ရွင္ၾကည့္ရတာ ဝါသနာ ပါတဲ့ သူေတြဆို ပိုလို႕ေတာင္ အဆင္ေျပ ပါေသးတယ္။ ဒါေၾကာင့္ အဂၤလိပ္ စာကို ရုပ္ရွင္ေတြကေန တစ္ဆင့္ ေလ့လာမယ္ဆိုရင္ ၾကည့္သင့္တဲ့ ရုပ္ရွင္ေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) The Lion, the Witch & the Wardrobe (2005)

Films-to-learn-English-Narnia.jpg


ဒီဇာတ္ကားကေတာ့ ကေလးဇာတ္ေကာင္ေတြကို အဓိက ထားျပီး ဇာတ္အိမ္ေဖာ္ထားတဲ့ အတြက္ စြန္႔စားခန္းေတြနဲ႕ စိတ္ဝင္စားစရာေကာင္းပါတယ္။ အဂၤလိပ္ စာေလ့လာ ဖို႔သင့္ေတာ္တဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။

 


(၂) Tinker Tailor Soldier Spy (2010)

Films-to-learn-English-Tinker-Tailor-Soldier-Spy.jpg


ဒီဇာတ္ကားကေတာ့ အျငိမ္းစားယူျပီးျပီျဖစ္တဲ့ MI 6 ေအးဂ်င့္ Smiley ဟာ ရႈပ္ေထြးတဲ့ ဆိုဗီယက္ အမႈကို ျပန္လိုက္ရန္ အျငိမ္းစား ယူရာကေန ျပန္လာတဲ့ အေၾကာင္း ကို သည္းထိတ္ရင္ဖိုျဖစ္ေအာင္ရိုက္ကူးထားတာျဖစ္ပါတယ္။ အဂၤလိပ္စာေလ့လာလို႔ေကာင္းတဲ့ ဇာတ္ကား တစ္ကားလည္း ျဖစ္ပါတယ္။

 


(၃) The Theory of Everything (2011)

Films-to-learn-English-The-Theory-of-Everything.jpg


ဒီဇာတ္ကားကေတာ့ Stephen Hawking ရဲ႕ အေၾကာင္းကို ရိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္ကား မွာ အဂၤလိပ္ စာေလ့လာ ရံုသာမက Stephen Hawking ရဲ႕ ငယ္ဘဝကိုလည္းေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

Sayar Guice banner design 2 2


(၄) The Imitation Game (2014)

Films-to-learn-English-The-Imitation-Game.jpg


ဒီဇာတ္ကားကေတာ့ ဒုတိယ ကမ႓ာစစ္အတြင္းမွာ ဂ်ာမန္ရဲ႕ Enigma လ်ိဳ႕ဝွက္ ကုဒ္ကို
ခ်ိဳးေဖာက္ရန္ၾကိဳးစားတဲ့ အေၾကာင္းကို Drama ဆန္ဆန္ရိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။

 


(၅) Kingsman: The Secret Service (2015)

Films-to-learn-English-Kingsman.jpg


ဒီဇာတ္ကား ကေတာ့ အားလံုးသိၾကမယ္လို႕ထင္ပါတယ္။ ျဗိတိန္ စပိုင္ ေတြအေၾကာင္းကို အက္ရွင္၊ စြန္႕စားခန္းေတြကို ဟာသဆန္ဆန္ ရိုက္ကူး ထားတဲ့ စိတ္ဝင္စားစရာ ေကာင္းတဲ့ ဇာတ္ကားေကာင္းတစ္ကားလဲ ျဖစ္စလို အဂၤလိပ္စာေလ့လာ ဖို႕ေကာင္းတဲ့ ဇာတ္ကားေကာင္းတစ္ ကား လဲ ျဖစ္ပါတယ္။

 


(၆) The Foreigner (2015)

Films-to-learn-English-The-Foreigner.jpg


ဒီဇာတ္ကား ေတာ့ ကၽြန္ေတာ္တို႕ ရဲ႕ အခ်စ္ေတာ္ မင္း သားၾကီး ဂ်က္ကီခ်န္း ပါဝင္သရုုပ္ေဆာင္ထားတဲ့ ဇာတ္ကား တစ္ကားျဖစ္ပါတယ္။ ဂ်က္ကီခ်န္းရဲ႕ သမီး ဟာ အၾကမ္းဖက္ေတြရဲ႕ ဗံုးေဖာက္ခြဲမႈ မွာ ေသဆံုးသြား ခဲ့ တာေၾကာင့္ ဂ်က္ကီခ်န္း က ျပန္လည္ ကလဲ့စားေခ် တဲ့ အေၾကာင္း ကို အက္ရွင္ေတြနဲ႕ သည္းထိပ္ရင္ဖိုၾကည့္ရမွာပါ။ ဘာလို႕ အဂၤလိပ္ စာ ေလ့လာဖို႔အတြက္ ၾကည့္ ရမလဲ ဆိုေတာ့ ဂ်က္ ကီခ်န္းဟာ အဂၤလိပ္ Native speaker တစ္ေယာက္မဟုတ္လို႔ပါပဲ။ အာရွသားတစ္ေယာက္ျဖစ္တဲ ့အတြက္ ဒီဇာတ္ကားမွာ သူ႕ရဲ႕ အဂၤလိပ္ လိုေျပာပံု ဆိုပံု ေတြဟာ ကၽြန္ေတာ္ တို႕ အတြက္ အဂၤလိပ္ စာ ေလ့ လာ ဖို႕ ေတာ္ေတာ္ေလးကို အဆင္ေျပပါတယ္။
အခုေဖာ္ျပေပးခဲ့တာေတြက ေတာ့ ရုပ္ရွင္ေတြက ေန တဆင့္ အဂၤလိပ္ စာေလ့လာတဲ့ အခါ ၾကည့္သင့္တဲ့ ရုပ္ရွင္တြပဲ ျဖစ္ပါတယ္။ အဂၤလိပ္စာ ေလ့လာရာမွာ ျငီးေငြ႕မသြားဖို႕ အတြက္ ရည္ရြယ္ပါတယ္။

IELTS သင္ၾကားေသာ Guide ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-303.html

 

 

Unicode ဖြင့်ဖတ်ရန်
"ရုပ်ရှင်တွေ ကနေ တစ်ဆင့် အင်္ဂလိပ်စာလ့လာမယ်ဆိုရင် ကြည့်သင့်တဲ့ ရုပ်ရှင်ကား (၆) ကား"
အင်္ဂလိပ်စာ လေ့လာတဲ့ အခါ စာအုပ်တွေ၊ သီအိုရီတွေကနေလေ့လာကြတာများပါတယ်။ ဒါပေမဲ့ ကြာလာတဲ့ အခါ ဒီစာအုပ်တွေ ကနေလေ့လာ ရတာ ဟာ ငြီးငွေ့ပြီး ပျင်းစရာကောင်း တယ်ဆိုတာ အားလုံးပဲ လက်ခံ ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေ ကနေ အင်္ဂလိပ်စာလေ့လာ ကြည့်ပါ။ ဒါဆိုရင် ပျင်းစရာကောင်း မနေပဲ စိတ်အပန်းလဲ ပြေစေပါတယ်။ ရုပ်ရှင်တွေ ထဲ က ဇာတ်ကောင်တွေပြောတဲ့ စကာလုံးတွေ နေတစ်ဆင့် လေ့လာခြင်းဟာ လည်း နေ့စဉ်သုံး အင်္ဂလိပ်စာ အတွက် တိုးတက်စေရုံ သာမက Listeningစွမ်းရည် အတွက် လည်း အထောက်အကူဖြစ်စေပါတယ်။ ရုပ်ရှင်ကြည့်ရတာ ဝါသနာ ပါတဲ့ သူတွေဆို ပိုလို့တောင် အဆင်ပြေ ပါသေးတယ်။ ဒါကြောင့် အင်္ဂလိပ် စာကို ရုပ်ရှင်တွေကနေ တစ်ဆင့် လေ့လာမယ်ဆိုရင် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) The Lion, the Witch & the Wardrobe (2005)

Films-to-learn-English-Narnia.jpg


ဒီဇာတ်ကားကတော့ ကလေးဇာတ်ကောင်တွေကို အဓိက ထားပြီး ဇာတ်အိမ်ဖော်ထားတဲ့ အတွက် စွန့်စားခန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ အင်္ဂလိပ် စာလေ့လာ ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 


(၂) Tinker Tailor Soldier Spy (2010)

Films-to-learn-English-Tinker-Tailor-Soldier-Spy.jpg


ဒီဇာတ်ကားကတော့ အငြိမ်းစားယူပြီးပြီဖြစ်တဲ့ MI 6 အေးဂျင့် Smiley ဟာ ရှုပ်ထွေးတဲ့ ဆိုဗီယက် အမှုကို ပြန်လိုက်ရန် အငြိမ်းစား ယူရာကနေ ပြန်လာတဲ့ အကြောင်း ကို သည်းထိတ်ရင်ဖိုဖြစ်အောင်ရိုက်ကူးထားတာဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာလို့ကောင်းတဲ့ ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

 


(၃) The Theory of Everything (2011)

Films-to-learn-English-The-Theory-of-Everything.jpg


ဒီဇာတ်ကားကတော့ Stephen Hawking ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ အင်္ဂလိပ် စာလေ့လာ ရုံသာမက Stephen Hawking ရဲ့ ငယ်ဘဝကိုလည်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။

Sayar Guice banner design 2 2

 


(၄) The Imitation Game (2014)

Films-to-learn-English-The-Imitation-Game.jpg


ဒီဇာတ်ကားကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျာမန်ရဲ့ Enigma လျို့ဝှက် ကုဒ်ကို ချိုးဖောက်ရန်ကြိုးစားတဲ့ အကြောင်းကို Drama ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

 


(၅) Kingsman: The Secret Service (2015)

Films-to-learn-English-Kingsman.jpg


ဒီဇာတ်ကား ကတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်။ ဗြိတိန် စပိုင် တွေအကြောင်းကို အက်ရှင်၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန် ရိုက်ကူး ထားတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားလဲ ဖြစ်စလို အင်္ဂလိပ်စာလေ့လာ ဖို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ် ကား လဲ ဖြစ်ပါတယ်။

 


(၆) The Foreigner (2015)

Films-to-learn-English-The-Foreigner.jpg


ဒီဇာတ်ကား တော့ ကျွန်တော်တို့ ရဲ့ အချစ်တော် မင်း သားကြီး ဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဂျက်ကီချန်းရဲ့ သမီး ဟာ အကြမ်းဖက်တွေရဲ့ ဗုံးဖောက်ခွဲမှု မှာ သေဆုံးသွား ခဲ့ တာကြောင့် ဂျက်ကီချန်း က ပြန်လည် ကလဲ့စားချေ တဲ့ အကြောင်း ကို အက်ရှင်တွေနဲ့ သည်းထိပ်ရင်ဖိုကြည့်ရမှာပါ။ ဘာလို့ အင်္ဂလိပ် စာ လေ့လာဖို့အတွက် ကြည့် ရမလဲ ဆိုတော့ ဂျက် ကီချန်းဟာ အင်္ဂလိပ် Native speaker တစ်ယောက်မဟုတ်လို့ပါပဲ။ အာရှသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီဇာတ်ကားမှာ သူ့ရဲ့ အင်္ဂလိပ် လိုပြောပုံ ဆိုပုံ တွေဟာ ကျွန်တော် တို့ အတွက် အင်္ဂလိပ် စာ လေ့ လာ ဖို့ တော်တော်လေးကို အဆင်ပြေပါတယ်။
အခုဖော်ပြပေးခဲ့တာတွေက တော့ ရုပ်ရှင်တွေက နေ တဆင့် အင်္ဂလိပ် စာလေ့လာတဲ့ အခါ ကြည့်သင့်တဲ့ ရုပ်ရှင်တွပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာရာမှာ ငြီးငွေ့မသွားဖို့ အတွက် ရည်ရွယ်ပါတယ်။

IELTS သင်ကြားသော Guide ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-303.html

 

 

Sayar.com.mm

Read times Last modified on Thursday, 20 February 2020 11:14
Rate this articles
(2 votes)