×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 28 February 2020

"သင့္ဘဝအတြက္ သင့္ကိုယ္သင္သတိေပးသင့္ေသာအခ်က္ (၆) ခ်က္"

"သင့္ဘဝအတြက္ သင့္ကိုယ္သင္သတိေပးသင့္ေသာအခ်က္ (၆) ခ်က္" freepick

ကိုယ့်ဘဝကို အကောင်းဆုံးရှင်သန်နိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးသင့်တဲ့အချက်တွေရှိပါတယ်။ တခါတလေ ထိုအချက်တွေကို မေ့နေခြင်းက သင့်ကိုစိတ်ညစ်၊ စိတ်ဓာတ်ကျပြီး လမ်းပျောက်သလိုဖြစ်စေပါလိမ့်မယ်။ အဲဒါကြောင့် အောက်ကအချက်လေးတွေကို မေ့သလိုဖြစ်လာတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးဖို့ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သင့်ကိုယ်သင်သာ ယှဉ်ပြိုင်ပါ။
အခြားသူတွေကို ယှဉ်ပြိုင်ဖို့ထက် သင့်ကိုယ်သင်သာယှဉ်ပြိုင်ပါ။ ဒီနေ့ကသင်ထက် မနက်ဖြန်သင်က ပိုပြီး အရည်အချင်းရှိလာပါစေ။ အဲဒါကသာ သင့်အတွက်တိုးတက်ခြင်းပါ။ 

 

 

(၂) မဖြုန်းခင် ရှာဖွေပါ၊ စုပါ၊ ရင်းနှီးမြုပ်နှံဖို့မမေ့ပါနဲ့။
ဖြုန်းတီးခြင်းဟာ သင့်ဘဝကို သုညဘဝကတက်စေမှာမဟုတ်ပါဘူး။ မဖြုန်းခင် ဝင်ငွေရအောင်အရင်ကြိုးစားရှာပါ။ ရှာသမျှကို စုဆောင်းထားပါ၊ စုထားတဲ့ငွေကို ပြန်လည်ရင်းနှီးအသုံးချမြုပ်နှံပါ။ အဲဒါကသာ ငွေကို ငွေနဲ့ပြန်ခိုင်းလို့ရလာမှာဖြစ်ပါတယ်။ ပင်ပန်းတကြီးရှာသမျှကို ကောင်းကောင်းဖြုန်းလိုက်ခြင်းကတော့ သင့်ကို ရှာလိုက်ဖြုန်းလိုက်နဲ့သံသရာလည်နေစေပြီး သင့်အတွက် ဘာမှအကျိုးရှိမှာမဟုတ်တဲ့အပြင် သင့်နောင်ရေးအတွက်ပါ ပူပန်နေရပါလိမ့်မယ်။ 

 

 

(၃) မကောင်းမြင်စိတ်ရှိတဲ့သူတွေကိုရှောင်ပါ။ ဘဝက စိတ်ညစ်နေဖို့တိုတောင်းလွန်းတယ်ဆိုတာမမေ့ပါနဲ့။
“ဘဝက အိမ်သာသုံးစက္ကူလိပ်လိုပဲ၊ အသုံးဝင်ပြီး ကြာကြာသုံးနိုင်မယ်လို့ မျှော်လင့်ရပေမယ့် မထင်မှတ်ထားတဲ့အခိုက်အတန့်မှာပဲ ကုန်သွားတတ်တယ်။
ဆိုတဲ့ Rudyh ပြောထားတဲ့စာသားလိုပါပဲ။ မမျှော်လင့်ထားတဲ့အခိုက်မှာ ကုန်ဆုံးသွားနိုင်တာမို့ ဘဝက တိုတောင်းလွန်းတယ်လို့ပြောကြပါတယ်။ အဲဒါကို အမြဲစိတ်ညစ်ခြင်းနဲ့ ကုန်ဆုံးမလား။ စိတ်မညစ်ချင်ရင် ဘယ်နေရာမဆို အဆိုးချည်းထိုင်မြင်နေတဲ့သူတွေနဲ့ဝေးဝေးသာရှောင်နေလိုက်ပါ။ 

Sayar Guice banner design 2 3

 

(၄) သင်လိုချင်တာအတွက် သင်မကြိုးစားဘူးဆိုရင် ဘယ်တော့မှ လိုချင်တာရမှာမဟုတ်ဘူး။
သင်မေ့နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကိုယ်အလိုရှိရာအတွက် ဘယ်သူ့ကိုမှမျှော်ကိုးနေလို့မရပါဘူး။ ကိုယ်တိုင်ကြိုးစားယူတာ အသေချာဆုံးပါပဲ။ နောက်ဆုံး ကိုယ်ကြိုးစားမှုတစ်ခုခုတော့ ကိုယ့်အတွက် ရနိုင်တာချည်းပါပဲ။ မကြိုးစားရင်တော့ ပိုလို့တောင် မျှော့်လင့်စရာမရှိပါဘူး။ 

 

 

(၅) ကျရှုံးခြင်းတွေကို အစလို့မှတ်ယူပါ။ ဘယ်တော့မှ အဆုံးသတ်လို့မထင်လိုက်ပါနဲ့။ 
ကျရှုံးတဲ့အခါ တိုက်ပွဲကပြီးသွားပြီလို့ သတ်မှတ်ကြတာပေါ့။ ဒါပေမယ့် အဲဒီကနေ ပြန်စမယ်ဆိုရင် ပိုပြီးတောင် အတွေ့အကြုံရင့်ကျက်လာပြီမဟုတ်လား။ ကျရှုံးမှု့ကို သင်ခန်းစာအဖြစ်ယူပြီးပြန်စဖို့ မမေ့ပါနဲ့။ 

 

 

(၆) သင့်ရဲ့အပြုအမူတွေဟာ သင့်ရဲ့အနာဂတ်ဆိုတာမမေ့ပါနဲ့။ 
သင်ကြိုးစားရင် သင်ကြိုးစားသမျှ ရလိမ့်မယ်။ သင်မကြိုးစားရင် သင်မကြိုးစားသလို ဘဝကဖြစ်နေမှာပါပဲ။ ဘယ်သူ့မှထိုင်အပြစ်တင်နေလို့မရပါဘူး။ သင်ကောင်းအောင်နေရင် ထိုကောင်းတာတွေရဲ့တန်ပြန်ကို သင်တခုခုတော့ရမှာပါ။ သင်မကောင်းအောင်နေလည်း ထိုမကောင်းတာနဲ့တန်ပြန်သင်ပိုင်ရမှာပါပဲ။ မကောင်းတာတွေလုပ်နေပြီး ကောင်းတာတွေဖြစ်လာမယ်လို့တော့ မတွေးလေနဲ့။

 

 

Zawgyi ျဖင့္ဖတ္ရန္
"သင့္ဘဝအတြက္ သင့္ကိုယ္သင္သတိေပးသင့္ေသာအခ်က္ (၆) ခ်က္"
ကိုယ့္ဘဝကို အေကာင္းဆုံးရွင္သန္ႏိုင္ဖို႔ အတြက္ ကိုယ့္ကိုယ္ကိုယ္အၿမဲသတိေပးသင့္တဲ့အခ်က္ေတြရွိပါတယ္။ တခါတေလ ထိုအခ်က္ေတြကို ေမ့ေနျခင္းက သင့္ကိုစိတ္ညစ္၊ စိတ္ဓာတ္က်ၿပီး လမ္းေပ်ာက္သလိုျဖစ္ေစပါလိမ့္မယ္။ အဲဒါေၾကာင့္ ေအာက္ကအခ်က္ေလးေတြကို ေမ့သလိုျဖစ္လာတိုင္း ကိုယ့္ကိုယ္ကိုယ္ျပန္သတိေပးဖို႔ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သင့္ကိုယ္သင္သာ ယွဥ္ၿပိဳင္ပါ။
အျခားသူေတြကို ယွဥ္ၿပိဳင္ဖို႔ထက္ သင့္ကိုယ္သင္သာယွဥ္ၿပိဳင္ပါ။ ဒီေန႔ကသင္ထက္ မနက္ျဖန္သင္က ပိုၿပီး အရည္အခ်င္းရွိလာပါေစ။ အဲဒါကသာ သင့္အတြက္တိုးတက္ျခင္းပါ။ 

 

 

(၂) မျဖဳန္းခင္ ရွာေဖြပါ၊ စုပါ၊ ရင္းႏွီးျမဳပ္ႏွံဖို႔မေမ့ပါနဲ႔။
ျဖဳန္းတီးျခင္းဟာ သင့္ဘဝကို သုညဘဝကတက္ေစမွာမဟုတ္ပါဘူး။ မျဖဳန္းခင္ ဝင္ေငြရေအာင္အရင္ႀကိဳးစားရွာပါ။ ရွာသမွ်ကို စုေဆာင္းထားပါ၊ စုထားတဲ့ေငြကို ျပန္လည္ရင္းႏွီးအသုံးခ်ျမဳပ္ႏွံပါ။ အဲဒါကသာ ေငြကို ေငြနဲ႔ျပန္ခိုင္းလို႔ရလာမွာျဖစ္ပါတယ္။ ပင္ပန္းတႀကီးရွာသမွ်ကို ေကာင္းေကာင္းျဖဳန္းလိုက္ျခင္းကေတာ့ သင့္ကို ရွာလိုက္ျဖဳန္းလိုက္နဲ႔သံသရာလည္ေနေစၿပီး သင့္အတြက္ ဘာမွအက်ိဳးရွိမွာမဟုတ္တဲ့အျပင္ သင့္ေနာင္ေရးအတြက္ပါ ပူပန္ေနရပါလိမ့္မယ္။ 

 

 

(၃) မေကာင္းျမင္စိတ္ရွိတဲ့သူေတြကိုေရွာင္ပါ။ ဘဝက စိတ္ညစ္ေနဖို႔တိုေတာင္းလြန္းတယ္ဆိုတာမေမ့ပါနဲ႔။
“ဘဝက အိမ္သာသုံးစကၠဴလိပ္လိုပဲ၊ အသုံးဝင္ၿပီး ၾကာၾကာသုံးႏိုင္မယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ မထင္မွတ္ထားတဲ့အခိုက္အတန႔္မွာပဲ ကုန္သြားတတ္တယ္။
ဆိုတဲ့ Rudyh ေျပာထားတဲ့စာသားလိုပါပဲ။ မေမွ်ာ္လင့္ထားတဲ့အခိုက္မွာ ကုန္ဆုံးသြားႏိုင္တာမို႔ ဘဝက တိုေတာင္းလြန္းတယ္လို႔ေျပာၾကပါတယ္။ အဲဒါကို အၿမဲစိတ္ညစ္ျခင္းနဲ႔ ကုန္ဆုံးမလား။ စိတ္မညစ္ခ်င္ရင္ ဘယ္ေနရာမဆို အဆိုးခ်ည္းထိုင္ျမင္ေနတဲ့သူေတြနဲ႔ေဝးေဝးသာေရွာင္ေနလိုက္ပါ။ 

Sayar Guice banner design 2 3

 

(၄) သင္လိုခ်င္တာအတြက္ သင္မႀကိဳးစားဘူးဆိုရင္ ဘယ္ေတာ့မွ လိုခ်င္တာရမွာမဟုတ္ဘူး။
သင္ေမ့ေနတဲ့အခါ ကိုယ့္ကိုယ္ကိုယ္သတိေပးပါ။ ကိုယ္အလိုရွိရာအတြက္ ဘယ္သူ႔ကိုမွေမွ်ာ္ကိုးေနလို႔မရပါဘူး။ ကိုယ္တိုင္ႀကိဳးစားယူတာ အေသခ်ာဆုံးပါပဲ။ ေနာက္ဆုံး ကိုယ္ႀကိဳးစားမႈတစ္ခုခုေတာ့ ကိုယ့္အတြက္ ရႏိုင္တာခ်ည္းပါပဲ။ မႀကိဳးစားရင္ေတာ့ ပိုလို႔ေတာင္ ေမွ်ာ့္လင့္စရာမရွိပါဘူး။ 

 

 

(၅) က်ရႈံးျခင္းေတြကို အစလို႔မွတ္ယူပါ။ ဘယ္ေတာ့မွ အဆုံးသတ္လို႔မထင္လိုက္ပါနဲ႔။ 
က်ရႈံးတဲ့အခါ တိုက္ပြဲကၿပီးသြားၿပီလို႔ သတ္မွတ္ၾကတာေပါ့။ ဒါေပမယ့္ အဲဒီကေန ျပန္စမယ္ဆိုရင္ ပိုၿပီးေတာင္ အေတြ႕အႀကဳံရင့္က်က္လာၿပီမဟုတ္လား။ က်ရႈံးမႈ႕ကို သင္ခန္းစာအျဖစ္ယူၿပီးျပန္စဖို႔ မေမ့ပါနဲ႔။ 

 

 

(၆) သင့္ရဲ႕အျပဳအမူေတြဟာ သင့္ရဲ႕အနာဂတ္ဆိုတာမေမ့ပါနဲ႔။ 
သင္ႀကိဳးစားရင္ သင္ႀကိဳးစားသမွ် ရလိမ့္မယ္။ သင္မႀကိဳးစားရင္ သင္မႀကိဳးစားသလို ဘဝကျဖစ္ေနမွာပါပဲ။ ဘယ္သူ႔မွထိုင္အျပစ္တင္ေနလို႔မရပါဘူး။ သင္ေကာင္းေအာင္ေနရင္ ထိုေကာင္းတာေတြရဲ႕တန္ျပန္ကို သင္တခုခုေတာ့ရမွာပါ။ သင္မေကာင္းေအာင္ေနလည္း ထိုမေကာင္းတာနဲ႔တန္ျပန္သင္ပိုင္ရမွာပါပဲ။ မေကာင္းတာေတြလုပ္ေနၿပီး ေကာင္းတာေတြျဖစ္လာမယ္လို႔ေတာ့ မေတြးေလနဲ႔။

 

Credit : Bawa 101

Read times
Rate this articles
(0 votes)