×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 19 September 2017

အဂၤလိပ္စကားလံုး Morning နဲ႔ပက္သက္တဲ့ အသံုးျပဳပံု

အဂၤလိပ္စကားလံုး Morning နဲ႔ပက္သက္တဲ့ အသံုးျပဳပံု google.com

အခ်ိန္နဲ႔ပက္သက္တဲ့ အသံုးအႏွုန္းေတြက လြယ္ကူတယ္လို႔ ထင္ရေပမယ့္ တခါတေလ ေရာေထြးေနတတ္ ပါတယ္။ ဒီတခါမွာေတာ့ မနက္ပိုင္းနဲ႕ ပက္သက္တဲ့ အသံုးအနွုန္းကို ေဖာ္ျပေပးလိုက္ပါတယ္။

မနက္ (Morning)၊ မြန္းတည့္ (noon)၊ ေန႔လည္ (afternoon)၊ ညေန(evening) ဆိုျပီး ေန႔တစ္ေန႔ကို ပိုင္းၾကည့္လို႔ရပါတယ္။ noon ကမြန္းတည့္ခ်ိန္ တစ္ခ်ိန္(အခ်ိန္တိုကေလး) သာ ၾကာျမင့္ပါတယ္။ Morning ဆိုတဲ့ မနက္ခင္းကေတာ့ သင္အိပ္ယာမွ နိုးထတဲ့အခ်ိန္ ဒါမွမဟုတ္ ေကာင္းကင္မွာ အလင္းေရာင္စျမင္ရတဲ့ ေနထြက္တဲ့အခ်ိန္ကေန မြန္းတည့္ခ်ိန္ထိ ျဖစ္ပါတယ္။

Morning ကို စကားထဲမွာ လက္ရွိေျပာေနတဲ့ ေန႔ရဲ႕မနက္ကို ညႊန္ျပီး ေျပာမယ္ဆိုရင္ this morning လို႔ေျပာပါတယ္။ “in this morning” ထည့္ျပီး မေျပာရပါဘူး။

Examples: ♦ His plane left this morning.

  ♦ “When did it come?” _ “This morning”.

မေန႔က မနက္ကို ရည္ညႊန္းျပီးေျပာတာဆိုရင္ yesterday morning လို႔ ေျပာရမွာပါ။ မနက္ျဖန္မနက္ ဆိုရင္ေတာ့ tomorrow morning သို႔မဟုတ္ in the morning လို႔ ေျပာရမွာပါ။

Examples: ♦ Yesterday morning, we began our yoga lessons.

                ♦ Phone him in the morning.

Recommended for you - အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္

အတိတ္ကာလျဖစ္ခဲ့တဲ့ အေၾကာင္းအရာကို ေျပာခ်င္ရင္

Morning ကိုသံုးတဲ့အခါ တခါတေလမွာ ေရွ႔က preposition ‘in’ ထည့္ရမလား ‘on’ ထည့္ရမလား ေဝခြဲမရ တာမ်ိဳး ျဖစ္တတ္ပါတယ္။ အတိတ္ကာလက ေန႔ရက္တစ္ရက္ရဲ႕ မနက္ခင္းမွာ ျဖစ္ခဲ့တဲ့ကိစၥတစ္ခု အေၾကာင္း ေျပာရင္ ‘on’ ကုိ သံုးရပါတယ္။

Examples: ♦ She left Mandalay on Sunday morning.

               ♦ On the morning of our departure, an old man came up and spoke to him.

ေန႔တစ္ေန႔ရဲ႕ တစ္မနက္မွာ ျဖစ္ခဲ့တဲ့ အတိတ္ကာလက အေၾကာင္းအရာကို သရုပ္ေဖာ္(describe) ရင္ that morning သို႔မဟုတ္ in the morning လို႔ သံုးရပါတယ္။

Examples: ♦ That morning, I flew from Yangon to Mandalay.

                ♦ The tracks told me what happened in the morning.

Recommended for you - နညး္လမ္းသစ္နဲ႔ အဂၤလိပ္စာေလ့လာၾကမယ္

မေန႔က မတိုင္ခင္ ျပီးခဲ့တဲ့ေန႔ရဲ႕ မနက္တုန္းက (တစ္ေန႔မနက္က) ျဖစ္ပ်က္ခဲ့တာ ေျပာခ်င္ရင္ the previous morning လို႔ ေျပာရတယ္။

ဒီေန႔ မနက္က (this morning)၊ မေန႔ မနက္က(yesterday morning)၊ တစ္ေန႔ မနက္က(the previous morning) စသည္ျဖင့္ေပါ့။

Example: ♦My head felt clear, as it had been the previous morning.

ပံုျပင္တို႔ ဇာတ္လမ္းတို႔မွာ ဆိုရင္ မနက္ခင္းတစ္ခုမွာ ျဖစ္ပ်က္ခဲ့တယ္ ဒါေပမယ့္ ဘယ္မနက္လဲဆိုတာကို ေဖာ္ျပစရာ မလိုပါဘူး၊(ဥပမာ- တစ္ခုေသာ မနက္ခင္း၊ တစ္မနက္မွာ စသျဖင့္) အဲ့လို ဆိုရင္ one morning လို႔ ေရးပါတယ္။

Example: ♦ One morning there was a fire in the prison camp.

လတစ္လရဲ႕ တစ္ခုေသာ မနက္ခင္းမွာ ျဖစ္ပ်က္တာကို ေျပာခ်င္ရင္ (ဥပမာ- ဇန္နဝါရီလရဲ႕ တစ္မနက္မွာလို႔ ေျပာခ်င္ရင္) One January morning သို႔မဟုတ္ on a January morning လို႔ သံုးပါတယ္။

Examples: ♦ One fine May morning, I went out for a stroll.

                ♦ One morning in 1936, I accompanied Bertha to church.

အဂၤလိပ္စာကို ေသေသခ်ာခ်ာေလ့လာခ်င္တဲ့ ေက်ာင္းသားေက်ာင္းသူမ်ား ကြ်န္ေတာ္တို႔ sayar.com.mm မွာရွိတဲ့ အဂၤလိပ္စာဆရာဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း sayar.com.mm တြင္ အခမဲ့ register ျပဳလုပ္နိုင္ပါတယ္။

Credit; Myanmar-network.net

Unicode

အချိန်နဲ့ပက်သက်တဲ့ အသုံးအနှုန်းတွေက လွယ်ကူတယ်လို့ ထင်ရပေမယ့် တခါတလေ ရောထွေးနေတတ် ပါတယ်။ ဒီတခါမှာတော့ မနက်ပိုင်းနဲ့ ပက်သက်တဲ့ အသုံးအနှုန်းကို ဖော်ပြပေးလိုက်ပါတယ်။
မနက် (Morning)၊ မွန်းတည့် (noon)၊ နေ့လည် (afternoon)၊ ညနေ(evening) ဆိုပြီး နေ့တစ်နေ့ကို ပိုင်းကြည့်လို့ရပါတယ်။ noon ကမွန်းတည့်ချိန် တစ်ချိန်(အချိန်တိုကလေး) သာ ကြာမြင့်ပါတယ်။ Morning ဆိုတဲ့ မနက်ခင်းကတော့ သင်အိပ်ယာမှ နိုးထတဲ့အချိန် ဒါမှမဟုတ် ကောင်းကင်မှာ အလင်းရောင်စမြင်ရတဲ့ နေထွက်တဲ့အချိန်ကနေ မွန်းတည့်ချိန်ထိ ဖြစ်ပါတယ်။


Morning ကို စကားထဲမှာ လက်ရှိပြောနေတဲ့ နေ့ရဲ့မနက်ကို ညွှန်ပြီး ပြောမယ်ဆိုရင် this morning လို့ပြောပါတယ်။ “in this morning” ထည့်ပြီး မပြောရပါဘူး။
Examples: ♦ His plane left this morning.
     ♦ “When did it come?” _ “This morning”.


မနေ့က မနက်ကို ရည်ညွှန်းပြီးပြောတာဆိုရင် yesterday morning လို့ ပြောရမှာပါ။ မနက်ဖြန်မနက် ဆိုရင်တော့ tomorrow morning သို့မဟုတ် in the morning လို့ ပြောရမှာပါ။
Examples: ♦ Yesterday morning, we began our yoga lessons.
         ♦ Phone him in the morning.

Recommended for you - အချိန်တွေကို ဖြုန်းတီးနေတာ သင်
အတိတ်ကာလဖြစ်ခဲ့တဲ့ အကြောင်းအရာကို ပြောချင်ရင်
Morning ကိုသုံးတဲ့အခါ တခါတလေမှာ ရှေ့က preposition ‘in’ ထည့်ရမလား ‘on’ ထည့်ရမလား ဝေခွဲမရ တာမျိုး ဖြစ်တတ်ပါတယ်။ အတိတ်ကာလက နေ့ရက်တစ်ရက်ရဲ့ မနက်ခင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတစ်ခု အကြောင်း ပြောရင် ‘on’ ကို သုံးရပါတယ်။
Examples: ♦ She left Mandalay on Sunday morning.
         ♦ On the morning of our departure, an old man came up and spoke to him.


နေ့တစ်နေ့ရဲ့ တစ်မနက်မှာ ဖြစ်ခဲ့တဲ့ အတိတ်ကာလက အကြောင်းအရာကို သရုပ်ဖော်(describe) ရင် that morning သို့မဟုတ် in the morning လို့ သုံးရပါတယ်။
Examples: ♦ That morning, I flew from Yangon to Mandalay.
         ♦ The tracks told me what happened in the morning.

Recommended for you - နညး်လမ်းသစ်နဲ့ အင်္ဂလိပ်စာလေ့လာကြမယ်
မနေ့က မတိုင်ခင် ပြီးခဲ့တဲ့နေ့ရဲ့ မနက်တုန်းက (တစ်နေ့မနက်က) ဖြစ်ပျက်ခဲ့တာ ပြောချင်ရင် the previous morning လို့ ပြောရတယ်။
ဒီနေ့ မနက်က (this morning)၊ မနေ့ မနက်က(yesterday morning)၊ တစ်နေ့ မနက်က(the previous morning) စသည်ဖြင့်ပေါ့။
Example: ♦My head felt clear, as it had been the previous morning.


ပုံပြင်တို့ ဇာတ်လမ်းတို့မှာ ဆိုရင် မနက်ခင်းတစ်ခုမှာ ဖြစ်ပျက်ခဲ့တယ် ဒါပေမယ့် ဘယ်မနက်လဲဆိုတာကို ဖော်ပြစရာ မလိုပါဘူး၊(ဥပမာ- တစ်ခုသော မနက်ခင်း၊ တစ်မနက်မှာ စသဖြင့်) အဲ့လို ဆိုရင် one morning လို့ ရေးပါတယ်။
Example: ♦ One morning there was a fire in the prison camp.


လတစ်လရဲ့ တစ်ခုသော မနက်ခင်းမှာ ဖြစ်ပျက်တာကို ပြောချင်ရင် (ဥပမာ- ဇန်နဝါရီလရဲ့ တစ်မနက်မှာလို့ ပြောချင်ရင်) One January morning သို့မဟုတ် on a January morning လို့ သုံးပါတယ်။
Examples: ♦ One fine May morning, I went out for a stroll.
         ♦ One morning in 1936, I accompanied Bertha to church.


အင်္ဂလိပ်စာကို သေသေချာချာလေ့လာချင်တဲ့ ကျောင်းသားကျောင်းသူများ ကျွန်တော်တို့ sayar.com.mm မှာရှိတဲ့ အင်္ဂလိပ်စာဆရာဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

 

Read times Last modified on Friday, 27 December 2019 16:00
Rate this articles
(3 votes)