×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 04 April 2019

ရည်ရွယ်ချက် ပန်းတိုင်နှင့်အောင်မြင်မှု

ရည်ရွယ်ချက် ပန်းတိုင်နှင့်အောင်မြင်မှု google

လူတိုင်းလူတိုင်းမှာ ရည်ရွယ်ချက် ဆိုတာရှိပါတယ်။ ရည်ရွယ်ချက်ရှိမှလည်း အောင်မြင်မှာပါ။

ရည်ရွယ်ချက်မရှိတဲ့လူတစ်ယောက်ဟာ အစံမပါတဲ့ စပါးနှံနဲ့တူပါတယ်။ မိမိမှာရည်ရွယ်ချက်ရှိလာပြီဆိုရင် ကိုယ်လျှောက်လှမ်းမယ်လို့ရည်ရွယ်ထားတဲ့လမ်းကြောင်းပေါ်ကနေ မလွဲသွားအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ Facebook စတင်တည်ထောင်သူ Mark Zuckerberg က ပွဲတစ်ပွဲမှာ ရည်ရွယ်ချက်နဲ့အောင်မြင်မှုအကြောင်းကိုအောက်ပါအတိုင်းပြောသွားခဲ့ပါတယ်။

" ရည်ရွယ်ချက် ပန်းတိုင်ဆိုတာ သင်ဟာသင်ကိုယ်တိုင်ထက် ပိုကြီးမားသောအရာတစ်ခုခုရဲ့ အစိတ်အပိုင်းတစ်ခုပါဆိုတဲ့ ခံစားချက်ပါ။ သင့်ကိုလိုအပ်တယ်၊ အရှေ့မှာ ပိုကောင်းတဲ့အရာလုပ်ဆောင်ဖို့ သင့်မှာအခွင့်အရေးရှိတယ်။ရည်ရွယ်ချက်ဆိုတာက စစ်မှန်တဲ့ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့အရာပါ။ Jk Rowling ဟာ ဟယ်ရီပေါ်တာစာအုပ်ကို ရေးသားပုံနှိပ်ဖို့ ၁၂ကြိမ်ငြင်းပယ်ခံခဲ့ရတယ်။ Beyonce တောင် Halo သီချင်းကိုဖန်တီးဖို့ သီချင်းရာပေါင်းများစွာပြုလုပ်ခဲ့ရတယ်။ အကြီးမားဆုံးအောင်မြင်မှုတွေက လွပ်လပ်စွာကျရှုံးမှုကနေ ထွက်ပေါ်လာကြတယ်။ အကြံဥာဏ်တွေက ပြီးပြည်စုံပီး ပေါ်ထွက်လာကြတာမဟုတ်ပါဘူး။ လုပ်နေရင်းနဲ့မှ ပိုပီးရှင်းလင်းသိမြင်လာကြတာပါ။ သင့်အနေနဲ့ စလုပ်ဖို့ပဲ လိုအပ်ပါတယ် " ဆိုပီးပြောသွားခဲ့ပါတယ်။

အခုလုပ်လို့ မနက်ဖြန်အောင်မြင်တယ်ဆိုတာမဖြစ်နိုင်ပါဘူး၊ နောက်တစ်နှစ်နေလို့အောင်မြင်တယ်ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ နောက်၁၀ နှစ်အတွင်းအောင်မြင်ချင်ရင်တော့ သင့်မှာ အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ လူတစ်ယောက်ဟာ အောင်မြင်ချင်ရင် သူ့မှာရှိတဲ့ စိတ်ခံစားမှုနဲ့ တွေးခေါ်ကြံဆနိုင်မှုမြင့်မားဖို့လဲ လိုအပ်ပါသေးတယ်။ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်မှာ ကျရှုံးမှုဆိုတာကလည်းရှိနေပါသေးတယ်။ သေချာတာကတော့ မအောင်မြင်ရင် ကျရှုံးရမှာပါပဲ၊ တစ်ခါ လောက်ကျရှုံးတာနဲ့ လဲကျသွားဖို့မလိုပါဘူး။ တစ်ကြိမ်ကျရှုံးရင် နောက်ထပ်နှစ်ကြိမ်ကြိုးစားမယ်၊ နှစ်ကြိမ်ကျရှုံးရင် နောက်ထပ်သုံးကြိမ်ကြိုးစားဖို့လိုအပ်ပါတယ်။ လဲကျတိုင်းပြန်ထဖို့ပဲ လိုအပ်တာပါ။

အောင်မြင်ချင်တဲ့လူတစ်ယောက်ဟာ ဒီအချက်တွေလုပ်ဖို့လည်းလိုအပ်ပါသေးတယ်။

၁။ စာအုပ်တွေနေ့စဉ်ဖတ်ရမယ်။

၂။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဆုံတဲ့အခါ ဗဟုသုတတွေဖလှယ်ရမယ်။

၃။ ချီးကျူးတတ်ရမယ်။

၎။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရမယ်။

၅။ တာဝန်ကျေရမယ်။

၆။ ကျေးဇူးတင်တတ်ရမယ်။

၇။ life plan တွေကိုသေချာရွေးချယ်ပီး တိုးတက်အောင်လုပ်ရမယ်။

အဓိကအရေးကြီးတာကတော့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို မဆုတ်မနစ်တဲ့ဇွဲနဲ့ အရောက်သွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးသာမွေးမြူနိုင်မယ်ဆိုရင် တစ်နေ့မှာအောင်မြင်မှုတွေရရှိမှာအသေအချာပါပဲ။

Read times Last modified on Tuesday, 04 February 2020 15:16
Rate this articles
(1 Vote)