×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Thursday, 09 November 2017

မျဖစ္ေသးတဲ့အရာေတြအတြက္ မျဖစ္နိုင္ေတာ့ပါဘူးလို႔ လက္ေလွ်ာ့လိုက္ျပီလား

မျဖစ္ေသးတဲ့အရာေတြအတြက္ မျဖစ္နိုင္ေတာ့ပါဘူးလို႔ လက္ေလွ်ာ့လိုက္ျပီလား google.com

သင့္ရဲ႕ ျဖစ္တည္မွဳကို စိတ္ပ်က္ေနျပီလား။

သင့္ရဲ႕ ရပ္တည္မွဳအေပၚမွာ ယံုၾကည္ခ်က္မရွိေတာ့ဘူးလား။

သင့္ကိုယ္သင္ စြန္႔ပစ္လိုက္ခ်င္တဲ့အထိ ေတြးေနမိသလား။

ဒါေတြက ေအာင္ျမင္မွဳရဲ႕ လမ္းစပါ။ သင့္ကိုယ္သင္စိတ္ပ်က္ေလ သင့္ရဲ႕ ရပ္တည္မွဳကို အားမရေလ သင္တခုခုကို ေျပာင္းလဲသင့္ေနျပီဆိုတာ ကိုယ့္ကုိယ္ကို သတိထားမိေနလို႔ပါ။ တခါတေလမွာလည္း ကိုယ့္ကိုယ္ေတာ့ အားမရမွန္းသိတယ္ ဒါေပမယ့္ ဘာကို အားမရမွန္းမသိဘူး။ ဘယ္ကေနစျပီး ျပင္ရမွန္း မသိဘူး ျဖစ္ေနတတ္ပါတယ္။

ငါသာအခု ေသရေတာ့မယ္ဆုိရင္ အဆင္သင့္ျဖစ္ျပီလား။ ငါသာအခုေသသြားခဲ့မယ္ဆိုရင္ ငါေနထိုင္ခဲ့ရတဲ့ ဘဝကို ေက်နပ္လား။ အဲ့ဒီေမးခြန္းေလး ကိုယ့္ကုိယ္ကို ျပန္ေမးၾကည့္ပါ။ ဒီလိုေမးခြန္းေလးေမးၾကည့္ဖို႔ အၾကံျပဳခ်က္ေတြ ခဏခဏဖတ္ရေပမယ့္ တကယ္လက္ေတြ႔မလုပ္ေဆာင္ျဖစ္ခဲ့ဖူးမွတ္လား။ ကြ်န္ေတာ္လည္း တူတူပါပဲ။

ဒါေပမယ့္ တစ္ရက္ကြ်န္ေတာ္ ရံုးကေနအိမ္ကိုျပန္ေတာ့ ကြ်န္ေတာ္တို႔ဘက္ကို ျပန္တဲ့ကားက လမး္ေၾကာငး္ႏွစ္ေၾကာငး္ခြဲထားတာ အဲဒီေန႔မွ ကြ်န္ေတာ္ ကားမွားစီးမိတယ္။ ကြ်န္ေတာ္လည္း ေနာက္တစ္ဆင့္မစီးခ်င္ေတာ့တာနဲ႕ အိမ္ကိုပဲ လာၾကိဳခိုင္းလိုက္တယ္။

Recommended for you - ဝန္ထမ္းေတြ ဘာေၾကာင့္အလုပ္က ႏွဳတ္ထြက္ၾကသလဲ

ျဖစ္ခ်င္ေတာ့ ကြ်န္ေတာ္ကို လာၾကိဳမွာကို ရပ္ေစာင့္ေနတဲ့အခ်ိန္မွာ ကြ်န္ေတာ္ကိုေက်ာ္ျပီးကားတစ္စီး လာရပ္တယ္။ အဲဒီကားေပၚမွာပါတဲ့ ညီေလးေတြလည္း ကားေပၚကဆင္းေနတုန္း ကြ်န္ေတာ္အိမ္ကို ဖုန္းဆက္ဖို႔ ဖုန္းအထုတ္ ဘယ္လိုေတြျဖစ္သြားမွန္းမသိလိုက္ခင္ သတိထားမိေတာ့ ကြ်န္ေတာ္ေျမျပင္ေပၚမွာ လဲက်ေနျပီ။ ေတာ္ေသးတယ္ကြ်န္ေတာ္အမ်ားၾကီးမထိခိုက္သြားပဲနဲ႕ ေျခေေထာက္နည္းနည္းနာရံုေလာက္ပဲ ထိသြားတယ္။

ကြ်န္ေတာ္ထၾကည့္လိုက္ေတာ့ taxi တစ္စီးက အရွိန္လြန္ျပီး လမ္းေျပာင္းျပန္အေနအထားနဲ႔ ကြ်န္ေတာ့္ ေရွ႕မွာ ရပ္ထားတဲ့ကားကုိ တိုက္ျပီး အဲ့ကားက အရွိန္နဲ႕ ေနာက္ျပန္ဆုတ္လာျပီး ကြ်န္ေတာ့္ကို တိုက္မိသြား တာ။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္သိလိုက္တာ လူဘဝဆိုတာ တကယ္ခဏေလးပါ။

လူေတြကေျပာၾကတယ္ ငါေသဖို႔မေၾကာက္ပါဘူး။ ေသျခင္းတရားဆိုတာ လူတိုင္းၾကံဳရမွာပဲ လူဆိုတာ ေသတစ္ေန႔ ေမြးတစ္ေန႔ပဲလို႔ ေတာ္ေတာ္မ်ားမ်ားေျပာတာၾကားဖူးလိမ့္မယ္။ ကြ်န္ေတာ္ကိုယ္တိုင္လည္း ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ လက္ေတြ႔ ေသမင္းတံခါးကို ျမင္ရတဲ့အခ်ိန္မွာ တကယ္ကို ေၾကာက္ပါတယ္။

Recommended for you -  အခ်ိန္နည္းနည္းေလးနဲ႕ အဂၤလိပ္စာကို ဘယ္လိုသင္ယူၾကမလဲ

ကြ်န္ေတာ္သာ အဲ့ခ်ိန္က အခန္႔မသင့္ပဲ ေသသြားခဲ့မယ္ဆိုရင္ ကြ်န္ေတာ္မိဘေတြကိုလည္း ေကာင္းေကာင္း မြန္မြန္ မလုပ္ေကြ်းရေသးဘူး။ ကြ်န္ေတာ္ကိုယ္တိုင္လည္း ျဖစ္ခ်င္တဲ့ ဆႏၵေတြ  မျပည့္ဝေသးတဲ့ ေမ်ွာ္လင့္ ခ်က္ေတြ အမ်ားၾကီး ရွိေသးတယ္။ ကြ်န္ေတာ္မေသခ်င္ေသးဘူး … မဟုတ္ဘူး…ကြ်န္ေတာ္ မေသရဲေသး တာ။ ေသျခင္းကို ရင္မဆိုင္ရဲေသးတာ။

အိမ္ျပန္ေရာက္ရင္လည္း တေနကုန္အလုပ္လုပ္ျပီး ပင္ပန္းေနတာေၾကာင့္ မိဘကိုလည္း ေသခ်ာဂရုမစိုက္ ျဖစ္ဘူး။ ေနာက္ေန႔ေတြ ရွိေသးတာပဲဆိုျပီး ေပါ့ေပါ့ေလးေတြးမိတယ္။ ကြ်န္ေတာ္ျဖစ္ခ်င္တဲ့ ဆႏၵေတြကို လည္းေနာက္ေန႔ေတြရွိေသးတာပဲ ဆိုျပီး ဒီတိုင္းပဲ တစ္ရက္ျပီးတစ္ရက္ ျဖတ္ေက်ာ္လာမိခဲ့တာ။

အဲ့လို accident ျဖစ္ျပီးတဲ့ေနာက္ပိုင္း ဘဝဆိုတာ အရွည္ၾကီးေနရခ်င္မွ ေနရတာ ဘယ္အခ်ိန္မွာ နွုတ္ဆက္စကား ေျပာရမယ္ဆိုတာ မသိနိုင္တဲ့အတြက္ ပူေဆြးေနဖို႔အခ်ိန္မရွိဘူး။ ပ်င္းရိေနဖို႔ အခ်ိန္မရွိဘူး။ ျငီးေငြ႔ျခင္းေတြကို မိတ္ေဆြဖြဲ႕ဖို႔ အခ်ိန္မရွိဘူး။ စိတ္ပ်က္ျခင္းေတြကို အေဖာ္ျပဳေပးရေလာက္ေအာင္ အခ်ိန္မရွိေတာ့ဘူး။

ကြ်န္ေတာ္ ကမၻာပတ္ျပီးလည္း ခရီးေတြသြားခ်င္ေသးတယ္။ ေအာင္ျမင္တဲ့ Network Engineer တစ္ေယာက္ဘဝကိုလည္း ပိုင္ဆိုင္ခ်င္ေသးတယ္။ အရင္ကေတာ့ အသက္ငယ္ငယ္ေလးနဲ႕ေသသြားနိုင္ တယ္ဆိုတာမ်ိဳး စိတ္ကူးထဲေတာင္မေတြးမိဘူး။ ခုေတာ့ ေသခ်ာေနတဲ့လက္ရွိကြ်န္ေတာ္ပိုင္ဆိုင္ထားတဲ့ အခ်ိန္  ပိုင္ဆိုင္ထားတဲ့ ဘဝကအရမ္းကို တန္ဖိုးရွိတယ္ဆိုတာ သိသြားပါျပီ။

ရတဲ့အခ်ိန္ခဏေလးအတြင္းမွာ မျဖစ္နိုင္ေလာက္ပါဘူးဆိုျပီး ေတြးေနမယ့္အစား ဘာေၾကာင့္မျဖစ္နိုင္ တာလဲ၊ ဘယ္လိုလုပ္ရင္ ျဖစ္နိုင္မလဲဆိုတဲ့ နည္းလမ္းကို ရွာျပီး ခ်က္ခ်င္းအေကာင္အထည္ေဖာ္လိုက္ပါ။

သင့္ဆီမွာရွိေနတဲ့ အရည္အခ်င္းေတြကို ထပ္ျပီးအဆင့္ျမွင့္ခ်င္တယ္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ sayar.com.mm မွာ ရွိတဲ့ ဆရာ ဆရာမေတြနဲ႕ ဆက္သြယ္ျပီး ကိုယ္သင္ခ်င္တဲ့ဘာသာရပ္ကို သင္ယူလိုက္ပါ။

#Scorpion

[Unicode Version]

သင့်ရဲ့ ဖြစ်တည်မှုကို စိတ်ပျက်နေပြီလား။
သင့်ရဲ့ ရပ်တည်မှုအပေါ်မှာ ယုံကြည်ချက်မရှိတော့ဘူးလား။
သင့်ကိုယ်သင် စွန့်ပစ်လိုက်ချင်တဲ့အထိ တွေးနေမိသလား။
ဒါတွေက အောင်မြင်မှုရဲ့ လမ်းစပါ။ သင့်ကိုယ်သင်စိတ်ပျက်လေ သင့်ရဲ့ ရပ်တည်မှုကို အားမရလေ သင်တခုခုကို ပြောင်းလဲသင့်နေပြီဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိနေလို့ပါ။ တခါတလေမှာလည်း ကိုယ့်ကိုယ်တော့ အားမရမှန်းသိတယ် ဒါပေမယ့် ဘာကို အားမရမှန်းမသိဘူး။ ဘယ်ကနေစပြီး ပြင်ရမှန်း မသိဘူး ဖြစ်နေတတ်ပါတယ်။
ငါသာအခု သေရတော့မယ်ဆိုရင် အဆင်သင့်ဖြစ်ပြီလား။ ငါသာအခုသေသွားခဲ့မယ်ဆိုရင် ငါနေထိုင်ခဲ့ရတဲ့ ဘဝကို ကျေနပ်လား။ အဲ့ဒီမေးခွန်းလေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ဒီလိုမေးခွန်းလေးမေးကြည့်ဖို့ အကြံပြုချက်တွေ ခဏခဏဖတ်ရပေမယ့် တကယ်လက်တွေ့မလုပ်ဆောင်ဖြစ်ခဲ့ဖူးမှတ်လား။ ကျွန်တော်လည်း တူတူပါပဲ။
ဒါပေမယ့် တစ်ရက်ကျွန်တော် ရုံးကနေအိမ်ကိုပြန်တော့ ကျွန်တော်တို့ဘက်ကို ပြန်တဲ့ကားက လမး်ကြောငး်နှစ်ကြောငး်ခွဲထားတာ အဲဒီနေ့မှ ကျွန်တော် ကားမှားစီးမိတယ်။ ကျွန်တော်လည်း နောက်တစ်ဆင့်မစီးချင်တော့တာနဲ့ အိမ်ကိုပဲ လာကြိုခိုင်းလိုက်တယ်။

Recommended for you - ဝန်ထမ်းတွေ ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ
ဖြစ်ချင်တော့ ကျွန်တော်ကို လာကြိုမှာကို ရပ်စောင့်နေတဲ့အချိန်မှာ ကျွန်တော်ကိုကျော်ပြီးကားတစ်စီး လာရပ်တယ်။ အဲဒီကားပေါ်မှာပါတဲ့ ညီလေးတွေလည်း ကားပေါ်ကဆင်းနေတုန်း ကျွန်တော်အိမ်ကို ဖုန်းဆက်ဖို့ ဖုန်းအထုတ် ဘယ်လိုတွေဖြစ်သွားမှန်းမသိလိုက်ခင် သတိထားမိတော့ ကျွန်တော်မြေပြင်ပေါ်မှာ လဲကျနေပြီ။ တော်သေးတယ်ကျွန်တော်အများကြီးမထိခိုက်သွားပဲနဲ့ ခြေေထောက်နည်းနည်းနာရုံလောက်ပဲ ထိသွားတယ်။
ကျွန်တော်ထကြည့်လိုက်တော့ taxi တစ်စီးက အရှိန်လွန်ပြီး လမ်းပြောင်းပြန်အနေအထားနဲ့ ကျွန်တော့် ရှေ့မှာ ရပ်ထားတဲ့ကားကို တိုက်ပြီး အဲ့ကားက အရှိန်နဲ့ နောက်ပြန်ဆုတ်လာပြီး ကျွန်တော့်ကို တိုက်မိသွား တာ။ အဲဒီအချိန်မှာ ကျွန်တော်သိလိုက်တာ လူဘဝဆိုတာ တကယ်ခဏလေးပါ။
လူတွေကပြောကြတယ် ငါသေဖို့မကြောက်ပါဘူး။ သေခြင်းတရားဆိုတာ လူတိုင်းကြုံရမှာပဲ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပဲလို့ တော်တော်များများပြောတာကြားဖူးလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်တွေ့ သေမင်းတံခါးကို မြင်ရတဲ့အချိန်မှာ တကယ်ကို ကြောက်ပါတယ်။

Recommended for you -  အချိန်နည်းနည်းလေးနဲ့ အင်္ဂလိပ်စာကို ဘယ်လိုသင်ယူကြမလဲ
ကျွန်တော်သာ အဲ့ချိန်က အခန့်မသင့်ပဲ သေသွားခဲ့မယ်ဆိုရင် ကျွန်တော်မိဘတွေကိုလည်း ကောင်းကောင်း မွန်မွန် မလုပ်ကျွေးရသေးဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ချင်တဲ့ ဆန္ဒတွေ မပြည့်ဝသေးတဲ့ မျှော်လင့် ချက်တွေ အများကြီး ရှိသေးတယ်။ ကျွန်တော်မသေချင်သေးဘူး … မဟုတ်ဘူး…ကျွန်တော် မသေရဲသေး တာ။ သေခြင်းကို ရင်မဆိုင်ရဲသေးတာ။
အိမ်ပြန်ရောက်ရင်လည်း တနေကုန်အလုပ်လုပ်ပြီး ပင်ပန်းနေတာကြောင့် မိဘကိုလည်း သေချာဂရုမစိုက် ဖြစ်ဘူး။ နောက်နေ့တွေ ရှိသေးတာပဲဆိုပြီး ပေါ့ပေါ့လေးတွေးမိတယ်။ ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လည်းနောက်နေ့တွေရှိသေးတာပဲ ဆိုပြီး ဒီတိုင်းပဲ တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်လာမိခဲ့တာ။
အဲ့လို accident ဖြစ်ပြီးတဲ့နောက်ပိုင်း ဘဝဆိုတာ အရှည်ကြီးနေရချင်မှ နေရတာ ဘယ်အချိန်မှာ နှုတ်ဆက်စကား ပြောရမယ်ဆိုတာ မသိနိုင်တဲ့အတွက် ပူဆွေးနေဖို့အချိန်မရှိဘူး။ ပျင်းရိနေဖို့ အချိန်မရှိဘူး။ ငြီးငွေ့ခြင်းတွေကို မိတ်ဆွေဖွဲ့ဖို့ အချိန်မရှိဘူး။ စိတ်ပျက်ခြင်းတွေကို အဖော်ပြုပေးရလောက်အောင် အချိန်မရှိတော့ဘူး။
ကျွန်တော် ကမ္ဘာပတ်ပြီးလည်း ခရီးတွေသွားချင်သေးတယ်။ အောင်မြင်တဲ့ Network Engineer တစ်ယောက်ဘဝကိုလည်း ပိုင်ဆိုင်ချင်သေးတယ်။ အရင်ကတော့ အသက်ငယ်ငယ်လေးနဲ့သေသွားနိုင် တယ်ဆိုတာမျိုး စိတ်ကူးထဲတောင်မတွေးမိဘူး။ ခုတော့ သေချာနေတဲ့လက်ရှိကျွန်တော်ပိုင်ဆိုင်ထားတဲ့ အချိန် ပိုင်ဆိုင်ထားတဲ့ ဘဝကအရမ်းကို တန်ဖိုးရှိတယ်ဆိုတာ သိသွားပါပြီ။
ရတဲ့အချိန်ခဏလေးအတွင်းမှာ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး တွေးနေမယ့်အစား ဘာကြောင့်မဖြစ်နိုင် တာလဲ၊ ဘယ်လိုလုပ်ရင် ဖြစ်နိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာပြီး ချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။
သင့်ဆီမှာရှိနေတဲ့ အရည်အချင်းတွေကို ထပ်ပြီးအဆင့်မြှင့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမတွေနဲ့ ဆက်သွယ်ပြီး ကိုယ်သင်ချင်တဲ့ဘာသာရပ်ကို သင်ယူလိုက်ပါ။
#Scorpion

Read times Last modified on Monday, 30 December 2019 15:37
Rate this articles
(4 votes)