×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Friday, 10 November 2017

ထားစရာမရွိေအာင္ျဖစ္ေနတဲ့ ေငြေတြကို ဘယ္လိုသံုးရမလဲလို႔ စဥ္းစားေနတာလား???

ထားစရာမရွိေအာင္ျဖစ္ေနတဲ့ ေငြေတြကို ဘယ္လိုသံုးရမလဲလို႔ စဥ္းစားေနတာလား??? google.com

ခ်မ္းသာလာတယ္ဆိုတာကလည္း ကိုယ့္ပိုက္ဆံေတြကို စနစ္တက်သံုးစြဲျပီး ခ်ိဳးခ်ံေျခြတာ လို႔ပဲျဖစ္ပါတယ္။ ပစၥည္းဥစၥာဆိုတာကလည္း ကိုယ္ေသရင္ကိုယ့္ေနာက္ပါမွာမွ မဟုတ္ပဲ။ ပင္ပင္ပန္းပန္းရွာျပီး မသံုးလိုက္ရ ဘူးဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ ပိုက္ဆံေတြလည္း အမ်ားၾကီးရွိတယ္ ဘယ္မွာသံုးရင္ေကာင္းမလဲ စဥ္းစားေနတဲ့ ေဘာစိေတြအတြက္…။

၁. လွဴပါ။

ကုိယ္ရွာသေလာက္ စည္းစိမ္ေတြတိုင္းက ကိုယ္ေသသြားရင္ ယူသြားလို႔လည္း မရပါဘူး။ ယူသြားလို႔ ရတာက ကုသိုလ္ေတြပါ။ ဒါေၾကာင့္ အလွဴအတန္းမ်ားမ်ားလုပ္ပါ။ မရွိတဲ့သူေတြကို ေထာက္ပံ့ေပးပါ။ သင္ေထာက္ပံ့ေပးလိုက္ရတဲ့ေငြက သင့္အတြက္ ဘယ္ေလာက္မွမမ်ားဘူးဆိုေပမယ့္ မရွိတဲ့သူေတြအတြက္ ေတာ့ အမ်ားၾကီး အေထာက္အပံ့ျဖစ္ပါတယ္။ လြယ္လြယ္ကူကူမေရာက္နိုင္တဲ့ေနရာကို ေသခ်ာစံုစမ္းျပီး သြားေရာက္ေထာက္ပံေပးပါ။ သင္ၾကည္နူးျခင္းကို ခံစားရမွာပါ။

၂. အေတြ႔အႀကံဳအသစ္ေတြ ရွာေဖြပါ။ 

ကမၻာေပၚမွာ ရွိတဲ့သင္မေရာက္ဖူးတဲ့ေနရာေတြကို သြားေရာက္လည္ပတ္ပါ။ မစီးဖူးတဲ့ကားသစ္ေတြ ဝယ္စီးပါ။ လုပ္ငန္းသစ္ေတြမွာ ရင္းႏွီးျမွဳပ္ႏွံတာေတြ ဒီလိုမ်ိဳး သင့္အတြက္ အေတြ႔အၾကံဳသစ္ေတြ ခံစားမွဳအသစ္ေတြ ေပးနိုင္မယ့္ အရာေတြမွာ သင့္ပိုက္ဆံကို အသံုးျပဳပါ။ ျဖဳန္းတီးရာ မေရာက္သလို သင္လည္း အေတြ႔အၾကံဳသစ္ေတြ အမ်ားၾကီးကိုလည္း သင္ခံစားရပါတယ္။

Recommmended for you -  မျဖစ္ေသးတဲ့အရာေတြအတြက္ မျဖစ္နိုင္ေတာ့ပါဘူးလို႔ လက္ေလွ်ာ့လိုက္ျပီလား

၃. က်န္းမာေရးကိုလည္း ဂရုစိုက္ပါ။

ပုိက္ဆံ ဘယ္ေလာက္ခ်မ္းသာခ်မ္းသာ က်န္းမာေရးသာ မေကာင္းဘူးဆိုရင္ ရွာထားသမွ်အကုန္လံုးက ေဆးဖိုးနဲ႕ပဲ ကုန္ေတာ့မွာေပ့ါ။ ဒါေၾကာင့္ က်န္းမာေရးကို ဂရုစိုက္ပါ။ အခုဆိုရင္ ျမန္မာနိုင္ငံမွာလည္း ေဆးရံု ေကာင္းေတြအမ်ားၾကီးရွိတဲ့အတြက္ Medical Check Up လုပ္ဖို႔အတြက္ ပိုျပီးအဆင္ေျပျပီး ယံုၾကည္စိတ္ခ် လာရပါတယ္။ ၆ လ တစ္ၾကိမ္ေလာက္ေတာ့ လုပ္ေပးသင့္ပါတယ္။

၄. စိတ္ထဲကအတိုင္း ေဆာင္ရြက္ပါ။

ေနာက္ဆံုးတစ္ခ်က္အေနနဲ႕ေတာ့ ဘာလုပ္ပါလို႔ မညႊန္းေတာ့ပါဘူး။ လူတိုင္း လူတိုင္း ငယ္ငယ္တည္းက လုပ္ခ်င္တဲ့အရာ ျဖစ္ခ်င္တဲ့ဆႏၵတစ္ခုေတာ့ ရွိမွာပါ။ အေျခအေနမေပးလို႔ပဲ ျဖစ္ျဖစ္ အခ်ိန္မေပးနိုင္လို႔ပဲ ျဖစ္ျဖစ္ စိတ္ထဲမွာပဲ သိမ္းထားခဲ့ရတာမ်ိဳး ရွိခဲ့မယ္ဆိုရင္ အခုခ်ိန္က အေကာင္အထည္ေဖာ္ဖို႔ အေကာင္းဆံုး ပါပဲ။ တခ်ိဳ႕က အိမ္အလွဆင္ရတာကုိ ၾကိဳက္တယ္ ခမ္းနားတဲ့အိမ္ၾကီးေတြကို သေဘာက်တယ္ဆိုရင္ အခုသင့္အိမ္ကို စိတ္တိုင္းက် အလွဆင္လိုက္ပါ။ တခ်ိဳ႕က တကယ့္ကို ဖက္ရွင္က်တဲ့ အဝတ္အစားေတြကို နွစ္သက္တတ္တယ္ ဒါဆိုရင္ ခုပဲ shopping ထြက္လိုက္ပါေတာ့။ ေငြေၾကးအတြက္လည္း စိတ္ပူစရာမလိုေတာ့တဲ့အတြက္ သင္စိတ္ကူးအတိုင္းလုိက္ပါ ခံစားၾကည့္ပါ။

သင္တန္းေတြကို အခ်ိန္ကုန္မခံပဲ အိမ္မွာပဲ ေအးေအးေဆးေဆးတစ္ေယာက္တည္း သင္ခ်င္တယ္ဆိုရင္ ကြ်န္ေတာ္တို႔ sayar.com.mm မွာ စံုစမ္းလိုက္ပါ။

#Scorpion

[Unicode Version]

ချမ်းသာလာတယ်ဆိုတာကလည်း ကိုယ့်ပိုက်ဆံတွေကို စနစ်တကျသုံးစွဲပြီး ချိုးချံခြွေတာ လို့ပဲဖြစ်ပါတယ်။ ပစ္စည်းဥစ္စာဆိုတာကလည်း ကိုယ်သေရင်ကိုယ့်နောက်ပါမှာမှ မဟုတ်ပဲ။ ပင်ပင်ပန်းပန်းရှာပြီး မသုံးလိုက်ရ ဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ ပိုက်ဆံတွေလည်း အများကြီးရှိတယ် ဘယ်မှာသုံးရင်ကောင်းမလဲ စဉ်းစားနေတဲ့ ဘောစိတွေအတွက်…။
၁. လှူပါ။
ကိုယ်ရှာသလောက် စည်းစိမ်တွေတိုင်းက ကိုယ်သေသွားရင် ယူသွားလို့လည်း မရပါဘူး။ ယူသွားလို့ ရတာက ကုသိုလ်တွေပါ။ ဒါကြောင့် အလှူအတန်းများများလုပ်ပါ။ မရှိတဲ့သူတွေကို ထောက်ပံ့ပေးပါ။ သင်ထောက်ပံ့ပေးလိုက်ရတဲ့ငွေက သင့်အတွက် ဘယ်လောက်မှမများဘူးဆိုပေမယ့် မရှိတဲ့သူတွေအတွက် တော့ အများကြီး အထောက်အပံ့ဖြစ်ပါတယ်။ လွယ်လွယ်ကူကူမရောက်နိုင်တဲ့နေရာကို သေချာစုံစမ်းပြီး သွားရောက်ထောက်ပံပေးပါ။ သင်ကြည်နူးခြင်းကို ခံစားရမှာပါ။

၂. အတွေ့အကြုံအသစ်တွေ ရှာဖွေပါ။
ကမ္ဘာပေါ်မှာ ရှိတဲ့သင်မရောက်ဖူးတဲ့နေရာတွေကို သွားရောက်လည်ပတ်ပါ။ မစီးဖူးတဲ့ကားသစ်တွေ ဝယ်စီးပါ။ လုပ်ငန်းသစ်တွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ဒီလိုမျိုး သင့်အတွက် အတွေ့အကြံုသစ်တွေ ခံစားမှုအသစ်တွေ ပေးနိုင်မယ့် အရာတွေမှာ သင့်ပိုက်ဆံကို အသုံးပြုပါ။ ဖြုန်းတီးရာ မရောက်သလို သင်လည်း အတွေ့အကြံုသစ်တွေ အများကြီးကိုလည်း သင်ခံစားရပါတယ်။

Recommmended for you -  မဖြစ်သေးတဲ့အရာတွေအတွက် မဖြစ်နိုင်တော့ပါဘူးလို့ လက်လျှော့လိုက်ပြီလား
၃. ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။
ပိုက်ဆံ ဘယ်လောက်ချမ်းသာချမ်းသာ ကျန်းမာရေးသာ မကောင်းဘူးဆိုရင် ရှာထားသမျှအကုန်လုံးက ဆေးဖိုးနဲ့ပဲ ကုန်တော့မှာပေ့ါ။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ဆေးရုံ ကောင်းတွေအများကြီးရှိတဲ့အတွက် Medical Check Up လုပ်ဖို့အတွက် ပိုပြီးအဆင်ပြေပြီး ယုံကြည်စိတ်ချ လာရပါတယ်။ ၆ လ တစ်ကြိမ်လောက်တော့ လုပ်ပေးသင့်ပါတယ်။
၄. စိတ်ထဲကအတိုင်း ဆောင်ရွက်ပါ။
နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဘာလုပ်ပါလို့ မညွှန်းတော့ပါဘူး။ လူတိုင်း လူတိုင်း ငယ်ငယ်တည်းက လုပ်ချင်တဲ့အရာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုတော့ ရှိမှာပါ။ အခြေအနေမပေးလို့ပဲ ဖြစ်ဖြစ် အချိန်မပေးနိုင်လို့ပဲ ဖြစ်ဖြစ် စိတ်ထဲမှာပဲ သိမ်းထားခဲ့ရတာမျိုး ရှိခဲ့မယ်ဆိုရင် အခုချိန်က အကောင်အထည်ဖော်ဖို့ အကောင်းဆုံး ပါပဲ။ တချို့က အိမ်အလှဆင်ရတာကို ကြိုက်တယ် ခမ်းနားတဲ့အိမ်ကြီးတွေကို သဘောကျတယ်ဆိုရင် အခုသင့်အိမ်ကို စိတ်တိုင်းကျ အလှဆင်လိုက်ပါ။ တချို့က တကယ့်ကို ဖက်ရှင်ကျတဲ့ အဝတ်အစားတွေကို နှစ်သက်တတ်တယ် ဒါဆိုရင် ခုပဲ shopping ထွက်လိုက်ပါတော့။ ငွေကြေးအတွက်လည်း စိတ်ပူစရာမလိုတော့တဲ့အတွက် သင်စိတ်ကူးအတိုင်းလိုက်ပါ ခံစားကြည့်ပါ။

သင်တန်းတွေကို အချိန်ကုန်မခံပဲ အိမ်မှာပဲ အေးအေးဆေးဆေးတစ်ယောက်တည်း သင်ချင်တယ်ဆိုရင် ကျွန်တော်တို့ sayar.com.mm မှာ စုံစမ်းလိုက်ပါ။
#Scorpion

Read times Last modified on Monday, 30 December 2019 15:35
Rate this articles
(0 votes)