×
Warning
JUser: :_load: Unable to load user with ID: 723
Knowledge
Wednesday, 28 February 2018
“Every child is Special” Free Seminar ကျင်းပပြုလုပ်မည်
“Every child is Special” Free Seminar ကျင်းပပြုလုပ်မည် MEI
ကဲ .... ဘယ်လိုလဲ ?
ဥပမာ :
ဒီလိုမျိုး ထူးချွန်သူလေးတွေ ဖြစ်လာအောင် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ၏ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝတွင် အောင်မြင်မှုတွေ ပိုမိုရရှိစေရန်၊ အစရှိသည့် ရည်ရွယ်ချက်များ ဖြင့် ECS (Every Child is Special) Seminar ကို ကျင်းပပြုလုပ်ပေးလျက် ရှိပါသည်။
Source: PyayKhaing
[Unicode Version]
“သားက အရမ်းဆိုးတာဘဲ.... စာကို တစိုက်မတ်မတ် ရအောင် ကျက်တယ်ဆိုတာကို မရှိဘူး အဲ ကစားမယ်ဆို ထိပ်ဆုံးက !!
ဆရာ ကျွန်မ သမီးက အိမ်မှာ စာကျက် အရမ်းပျင်းတာပဲ ... ကိုရီးယား ကားဆိုတော့ မျက်တောင်မခတ်ကို ကြည့်တာ !!
ကဲ .... ဘယ်လိုလဲ ?
စာဖတ်သူ(မိဘတွေ) ဆိုရင် အထက်ပါ အကြောင်းအရာ နဲ့ ရင်းနှီးမယ် ထင်ပါတယ်။
အဲဒီ အကြောင်း အရာတွေဟာ ကျွန်တော် ဆရာလုပ်ခဲ့စဉ်က ( ၂၀၀၈ ခုနှစ် စင်ကာပူ မသွားခင်က ၂၀၀၃ မှ ၂၀၀၇ ခုနှစ်အထိ အထက်တန်းကျောင်းသား/သူ များကို စာသင်ကြားပေးခဲ့ဖူးပါတယ်) ကျောင်းသား မိဘတွေ ဆီကနေ မကြာ ခဏ ကြားကြားနေရတဲ့ အရာ (Complain) တွေပါ။
Recommended for you - သင်တကယ်လျှောက်ရမယ့် လမ်းက
ထိုစဉ်က မိဘနှင့်သားသမီးကြားမှာရှိတဲ့ အဲ့ဒီပြသနာကို ထိထိရောက်ရောက် ဘယ်လိုဖြေရှင်းရမှန်း ကျွန်တော် မသိခဲ့ပါဘူး။ စင်ကာပူမှာနေထိုင်ခဲ့တဲ့ (၈) နှစ်တာကာလတွင်းမှာ ကျွန်တော် စင်ကာပူရဲ့ ပညာ ရေးကိုလည်း အသေးစိတ် လေ့လာခဲ့ပါတယ်။ သူတို့နိုင်ငံမှာလည်း အထက်ပါပြဿနာမျိုး ရှိကြတာပါပဲ။
ဒါပေမယ့် သူတို့မှာက အဲဒီလိုပြသနာမျိုးကို ဖြေရှင်းနိုင်မည့် အဖြေတစ်ခုမက ရှိပါတယ်။ အစိုးရကျောင်း တွေမှာဘဲ ဖြစ်ဖြစ် အပြင်သင်တန်းတွေမှာဘဲ ဖြစ်ဖြစ် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အားသာချက်/ အားနည်းချက် ကဘာလဲ ဆိုတာကို သိိအောင်လုပ်ပေးတယ်။ အားနည်းတဲ့ ဘာသာရပ်တွေကို ပံ့ပိုး သင်ကြားပေးတယ်။
ဥပမာ :
၁. Neuroscience ကို သုံးပြီး ပိုမိုလွယ်ကူပြီး မှတ်မိ လွယ်စေမယ့် စာကျက်နည်းတွေ
၂. ဦးနှောက်ရဲ့ Left Brain & Right Brain ကို အချိုးညီအောင် အသုံးချ နည်းတွေ
၃. Teamwork activity & learning တွေ
အစရှိတဲ့ ဘက်စုံပညာရေး ကို သုံးပြီး ကျောင်းသားတွေ ကျောင်းနေပျော်၍ စာတော်လာအောင် ပြုလုပ်ပေး တယ်။ မိဘတွေကလည်း သားသမီးတွေ နဲ့ ပိုပြီး ရင်းနှီးမှုရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လေ့လာ သင်ယူကြတယ်။
တကယ်တော့ ကလေးတိုင်းဟာ ထူးချွန်ကြသူတွေပါ "Every child is Special" ။ သူတို့ကို ကျွန်တော်တို့ အားပေး၊ မြေတောင်မြှောက်ပေးသင့်တယ်။ သူတို့တွေက မှ တချိန်ချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြမှာ မဟုတ်ပါလား…
Recommended for you - ပိုက်ဆံစုနည်း ဗျူဟာ
ဒီလိုမျိုး ထူးချွန်သူလေးတွေ ဖြစ်လာအောင် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝတွင် အောင်မြင်မှုတွေ ပိုမိုရရှိစေရန်၊ အစရှိသည့် ရည်ရွယ်ချက်များ ဖြင့် ECS (Every Child is Special) Seminar ကို ကျင်းပပြုလုပ်ပေးလျက် ရှိပါသည်။
( ကျောင်းသား၊ သူများနှင့် မိဘများ အတွက်သာ ရည်ရွယ်ပါသည်)
၂၀၁၈ မတ်လ ၂ ရက်နေ့ နံနက် (8:30) မှနေ့လည် (12:00) ထိ Mercure Hotel (ယခင် Micasa Hotel) ၁၇ ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုင်ခုံနေရာ အကန့်အသတ်ရှိ သည့်အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
09 4517 50051, 09 763619300 , 09 401 866 838 ကို ဖုန်းဆက်ပြီးတော့ဖြစ်စေ SMS ဖြင့်ဖြစ်စေ စာရင်းသွင်းနိုင်ပါတယ်။
ဟောပြောပွဲခေါင်းစဉ်၊ မိဘအမည် ၊ သားသမီးအမည်၊ သားသမီးအသက်၊ ဖုုန်းနံပါတ် ၊ အီးမေးလ်၊ အလုုပ်အကိုုင် တို့ကိုုပြည့်စုံစွာ SMS ပေးပိုု့ပါရန်။ ( SMS ပို့ပြီးပါက MEI Team မှ ပြန်လည်ဖုန်းဆက်ပေးမှာ ဖြစ်ပါတယ်။)
မှတ်ချက် ။ ။ မိဘ နှင့် သားသမီးများ အတူတကွ တက်ရောက်ရန် ဖြစ်ပါသည်။
အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါ သလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။
Source: PyayKhaing
Read times Last modified on Monday, 30 December 2019 16:54
Rate this articles
(0 votes)