×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 14 March 2018

စာမေးပွဲပြီး အထိမ်းအမှတ်နဲ့ ဘယ်ဆိုင်မှာ ဘာသွားစားရမလဲ

စာမေးပွဲပြီး အထိမ်းအမှတ်နဲ့ ဘယ်ဆိုင်မှာ ဘာသွားစားရမလဲ google.com

ကဲ စာမေးပွဲပြီးပြီဆိုတော့ ရင်ထဲမှာ ဟာတာတာတော့ဖြစ်သွားတယ်ဟုတ် ….

ဟာတာတာဖြစ်နေတဲ့စိတ်ကို အစားအသောက်ကောင်းကောင်းလေးတွေနဲ့ အာရုံပြောင်းသင့်တယ်။ တစ်နှစ်လုံးစာတွေကြိုစားလာခဲ့ရတာဆိုတော့ ဖေဖေ မေမေတို့ကို ညနေပိုင်း မုန့်လိုက်ဝယ်ကျွေးဖို့ ပူဆာလိုက်တော့။

Tokyo Tomato café

စာမေးပွဲပြီးတဲ့နေ့က ဗုဒ္ဓဟူးနေ့လည်း ဖြစ်တယ် ဗုဒ္ဓဟူးနေ့တိုင်း အဝစား ၅၀၀၀ နဲ့ စားသုံးသူတွေအတွက် special buffet plan လုပ်ပေးထားတဲ့ စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ဖွင့်ထားတဲ့ Tokyo Tomato Café ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၅ နာရီကနေ ည ၈:၃၀ ချိန်ထိ ဈေးနှုန်းက ၅၀၀၀ tax က ၂၅၀ ဆိုတော့ တစ်ယောက်ကို ၅၂၅၀ နဲ့အဝစားလို့ ရမှာနော်။ ၅ နာရီခွဲကနေ ၇ နာရီထိကတော့ လူ နည်းနည်းကျပ်ပါတယ်။ ဒါကတော့ ဆိုင်ရဲ့ facebook page ဖြစ်ပြီး menu တွေကိုလည်း ဝင်ရောက်ကြည့် ရှုလို့ရပါတယ်။ လိပ်စာက လှည်းတန်းစံရိပ်ငြိမ်ဂမုန်းပွင့် လေးလွှာမှာပါ။

Eat & Drink

နောက်တစ်ဆိုင်ကတော့ သန်လျင်မှာနေတဲ့ ညီငယ် ညီမငယ်လေးတွေအတွက် ဈေးသက်သာပြီး စားကောင်းတဲ့ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်ဗျာ။ ဈေးသက်သာပြီး စားကောင်းတယ်ဆိုတော့ ဖေဖေ မေမေတို့ကို လိုက်ဝယ်ကျွေးဖို့ ပူဆာရတာလည်း အဆင်ပြေတာပေါ့နော့်…။ စာမေးပွဲပြီး အထိမ်းအမှတ်နဲ့ ရေလည်ကျောက်တန်းတို့လိုက်ပို့ခိုင်းရင်လည်း ဝင်ဆွဲလို့ရတာပေါ့.

Asian food/ Thai food အစစ်တွေကို အများဆုံး ၃၀၀၀ သာပေးပြီး စားရမှာနော်။ အရသာရှိသော စားသောက်ဆိုင်များလမ်းညွှန်ဆိုတဲ့ fb page လေးကညွှန်ထားတဲ့ဆိုင်ဆိုတော့ စားကောင်းမှာသေချာ ပါတယ်။ မီနူးတချို့ကို ဖော်ပြပေးလိုက်ပါမယ်ခင်ဗျာ.. တုံယမ်းချစ်သူတွေအတွက် ပင်လယ်စာနဲ့မှ ၂၀၀၀ပါ သဘောင်္သီးထောင်းကလည်း မြို့ထောင်းနဲ့တောထောင်းပါရပါတယ် ၁၀၀၀ ပဲနော်။ Spagetti ထိုင်းစတိုင် ခေါက်ဆွဲကြော်က ၁၅၀၀ ပါ။ ကွတ်တီယို၊ ထိုင်းစတိုင်ကြာဇံကျော်၊ ပုစွန်တန်ပူရာ တခြားမီနူးတွေလည်း ရသေးတယ်နော်။ fb link လေးထည့်ပေးလိုက်တယ်နော်။ ဆိုင်နာမည်က Eat & Drink ဖြစ်ပြီး လိပ်စာက သန်လျင်ပန်းခြံနာရီစင်မှတ်တိုင် မီးပွိုင့်နားလေးမှာပါ။ Booking အတွက် 09-965145892 ကို ဆက်သွယ် လိုက်ပါ။

La La Lah Grill & Pot

နောက်တစ်ဆိုင်က သင်္ဃန်းကျွန်းမြို့နယ်က hop pot အသဲစွဲညီလေးတွေ ညီမလေးတွေအတွက်ပါဗျာ တစ်ဆိုင်လုံးအဝစား ၁၃၅၀၀ ပဲနော်။ ရိုးရာသင်္ကြန်နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ 3+1 Promotion လေးလည်း လုပ်ပေးထားတယ်ဆိုတော့ ရှယ်ပဲနော်။

Buffet ကိုအဓိကရောင်းပြီး တစ်ယောက်စာအတွက် ပုံစံနှစ်မျိုးရှိပါ တယ်။

  1. Standard Buffet (Hotpot Only) – 11000ks
  2. Premium Buffet (Grill & Pot) – 13500ks ဆိုပြီး ရွေးလို့ရပါတယ်။

အချိန်လည်းမကန့်သတ်ထားဘူးနော် service ကလည်း အရမ်းကောင်းပါတယ်။ menu တွေက များလွန်း တော့ ရေးရင်မကုန်မှာစိုးလို့ link ထည့်ပေးလိုက်တယ်နော်။ ဆိုင်နာမည်လေးက La La Lah Grill & Pot ဖြစ်ပြီး ရတနာဆေးခန်းအကျော် ရတနာလမ်းမပေါ် ကုလားဘုရားကျောင်းမှတ်တိုင်နားမှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီမှ ၁၀ နာရီထိပဲနော်။ ဖုန်းနံပါတ်က ၀၉ ၉၇၆၄၄၁၈၈၄ နော်။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Read times Last modified on Tuesday, 07 January 2020 17:16
Rate this articles
(1 Vote)