×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 14 June 2018

သင့်ဘဝဆိုပေမယ့် သူများကစားကွက်နဲ့ ရှင်သန်နေတာလား…

သင့်ဘဝဆိုပေမယ့် သူများကစားကွက်နဲ့ ရှင်သန်နေတာလား… google.com

လူတွေဟာ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင်မလုပ်ရင် ဒီလူဟာ သူရဲဘောကြောင်တယ်လို့ ထင်ကြပါလိမ့်မယ်။

ဒါပေမဲ့လည်း ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်အောက်မှာ ကိုယ်က လှုပ်ရှား၊ သူတို့က ကိုယ့်ကို ကစားနေရင်တော့ ကိုယ့်ဘဝကြီးကတော့ အဓိပ္ပာယ်ရှိပါမလား။ ထွက်သွားသင့်သောအချိန်မှာ ဟိုတွေးဒီတွေးလုပ်နေတာထက် ကိုယ်မလုပ်ချင်တဲ့ဆန္ဒဖြစ်နေပြီဆိုရင်တော့ ရဲရဲတင်းတင်းသာ လက်လျှော့လိုက်ပါ။
ဘယ်လိုအခြေအနေဆိုရင် ဒီလိုလုပ်သင့်သလဲ။

၀၁သူများရည်မှန်းချက်ပန်းတိုင်နဲ့ မရှင်သန်ပါနဲ့
သူများရဲ့အိမ်မက်တွေ၊ ရည်မှန်းချက်တွေအတွက် ကြိုးစားဖို့မလိုပါ။ သူများကဆွဲပေးထားသော ဇယားအတိုင်း မကပါနဲ့။ ဒီနေရာကနေထွက်ပြေးတာဟာလည်း ရှက်စရာမဟုတ်ပါ။ ကိုယ်လုပ်ချင်တဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ရှေ့တန်းတင် စဉ်းစားပြီး ကြိုးစားကြည့်လိုက်ပါ။

၀၂လူလားမမြောက်သေးသော သူငယ်ချင်း
လူတွေဟာ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့အတွက် နေ့စဉ်နဲ့အမျှကြိုးစားနေကြရပါတယ်။ ဒီအချိန်မှာ ကိုယ့်ဟာကိုယ်တောင်အနိုင်နိုင်ဖြစ်နေချိန်မှာ သူ့ကိစ္စကို ကူပါဦး။ ကယ်ပါဦးလို့ အမြဲတမ်း နားပူနေသော သူငယ်ချင်းကိုလည်း တာ့တာလုပ်လိုက်ပါ။

 

၀၃သူတစ်ပါးနဲ့ နှိုင်းယှဉ်တာကို ရပ်လိုက်ပါတော့
သူ့လိုဘာလို့မဖြစ်နိုင်တာလဲဆိုပြီး အမြဲတမ်း ပူဆွေးသောကရောက်နေရင်တော့ မဟုတ်သေးပါ။ သူ့ကိုကြည့်တာထက် ကိုယ်ဟာကို ပြန်လည်သုံးသပ်ကြည့်ပါ။ ကိုယ့်မှာ ဘာအားသာချက်ရှိသလဲဆိုတာကို သုံးသပ်ပြီး ဘယ်လိုအသုံးချရမလဲဆိုတာက အဓိက အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါလိမ့်မယ်။


၀၄မလိုအပ်သော အကြံပေးချက်များ

သူတို့ရဲ့အကြံပေးချက်တွေဟာ တခါတလေကြတော့ သူတို့ပြောချင်တာတွေကို ပြောသွားတယ်လို့ထင်ပါတယ်။ တကယ်တော့ ကိုယ့်ဘဝမှာလိုအပ်မယ်လို့ ထင်မထားတာတွေလည်း အများကြီးပါ။ ကိုယ့်ဟာကိုယ်နေနိုင်တယ်ဆိုတာဟာ ကိုယ့်ခံယူချက်ရှိလို့ဖြစ်ပါတယ်။ မလိုအပ်တဲ့ အကြံပေးချက်တွေကို နားထောင်တာတွေကို မေ့ပစ်လိုက်ပါ။


Recommended for you - ဆုံးဖြတ်ချက်ချပြီးတာနဲ့ ချက်ချင်းအကောင်အထည်ဖော်ပါ


၀၅အတိတ်ကအမှားတွေကို အတိတ်မှာထားခဲ့လိုက်ပါတော့
ဘဝမှာ အမှားတွေ၊ ဆုံးရှုံးမှုတွေနဲ့ အမြဲတွေ့ကြုံနေရတာဟာ ဓမ္မတာပါ။ ဒါကို လက်မခံရင်တော့ အောင်မြင်မှာ မဟုတ်ပါ။ သင့်ရဲ့အမှားတွေကို အတိတ်မှာထားခဲ့လိုက်ပါတော့။ လိုအပ်မဲ့အရာကို ပစ္စုပန်မှာ လေ့လာလိုက်စားပြီး အနာဂတ်အတွက် အောင်မြင်အောင် ကြိုးစားပါ။

၀၆ငြင်းလိုက်ပါ
၁ကြိမ်ပဲဖြစ်ဖြစ် မလုပ်ချင် မဖြစ်ချင်တဲ့ကိစ္စကို ငြင်းကြည့်၊အလွယ်ခေါင်းမညိမ့်ပါနဲ့။ ကိုယ်မလုပ်ချင်တဲ့ဟာကို အတင်းအကြပ်ခိုင်းနေရင် သူဟာ ကိုယ့်အတွက် တန်ဖိုးရှိမယ်လို့ မထင်ပါ။

၀၇အတိတ်က အကြောင်းတွေကို မေ့လိုက်ပါ
လူတွေဟာလည်း ကွန်ပျုတာ ဆော့လ်ဝဲတွေနဲ့အတူတူပါပဲ။ အချိန်တန်ရင် ဆော့လ်ဝဲတွေကို Update၊ Version Up လုပ်သွားရမှာပါ။ ကိုယ့်ဟာကိုယ် အချိန်နဲ့အညီ ပြောင်းလဲသွားမှသာလျှင် တိုးတက်မှာပါ။ အတိတ်မှာ ရခဲ့သော ဒဏ်ရာတွေ ဒုက္ခတွေကို မေ့ပစ်လိုက်ပါတော့။ နေ့သစ်မှာ စိတ်သစ်လူသစ်ဖြင့် ကြိုးစားလိုက်ပါ။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ...sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Credit:  Chelmo Team

Read times Last modified on Wednesday, 08 January 2020 15:02
Rate this articles
(2 votes)