×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 16 October 2018

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) တွင် ကာလတိုသင်တန်းများဖွင့်မည်

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) တွင် ကာလတိုသင်တန်းများဖွင့်မည် facebook

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) တွင် ကာလတိုသင်တန်းတွေအတွက် လျှောက်လွှာခေါ်ယူ နေတယ်လို့ သိရပါတယ်။


ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ Sea lion ကုမ္ပဏီနဲ့ မိတ်ဖက်ဂျာမန်၊ သြစတြီးယားကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပါတယ်။ Certificate in Industrial Technologies, Certificate in Woodworking, Advanced Certificate in Industrial Automation, Advanced Certificated in CNC Production Technology, Advanced Certificate in Water and Wastewater Management တို့ဖြစ်ပါတယ်။


သင်တန်းအားလုံးအတွက် လျှောက်ထားသူတွေအနေနဲ့ နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနဲ့ လိုက်လျောညီထွေဖြစ်ရမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ရန် ပဏာမရွေးချယ်ခံရပြီး သူတွေဟာ အင်တာဗျူးဖြေဆိုရမှာ ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ ၄ လကြာမြင့်မှာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ် (Certificate) နဲ့ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပါရရှိမှာဖြစ်ပါတယ်။ သင်တန်းကို ဒီဇင်ဘာလ ၃ ရက်တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထားလျှောက်ထား ရမှာဖြစ်ပါတယ်။

 

အသေးစိတ်သိရှိလိုပါက စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) ဖုန်း ၀၁- ၅၅၆၆၂၅၊ ၀၉- ၂၅၅၅၆၁၁၉၁ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - Chindwin-PSB Institute တွင် One Year Top-Up Degree Programme တက်ရောက်နိုင်

 

Recommended for you - GTI ကျောင်း ၂၂ ကျောင်းနှင့် GTC ကျောင်း သုံးကျောင်းတို့၌ ဝင်ခွင့်လျှောက်ထားနိုင်ပြီ

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 11:50
Rate this articles
(1 Vote)